.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, September 2, 2010

Closure of Indo Buddha Bar

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က Buddha Bar ကို တရားရုံးက စက်တင်ဘာ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပိတ်ဖို့ အမိန့်ချလိုက်ပါပြီ ဆိုတာသတင်းဟာ ကျွန်တော့်အတွက်တော့ မင်္ဂလာရှိတဲ့ သတင်းကောင်းတစ်ခုပါပဲ။ ဂျာကာတာမြို့ ခရီးသွားလုပ်ငန်း အာဏာပိုင်နဲ့ ဂျာကာတာမြို့ဝန်တို့က ဆိုင်ပိုင်ရှင်ကို အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း လျှော်ကြေးပေးဖို့လည်း အမိန့်ထုတ်လိုက်တယ် ဆိုပဲ။ ဆိုင်မန်နေဂျာကတော့ တရားရုံးမှာ အယူခံ တင်ထားပြီး ဆိုင်ကိုတော့ အခုချိန်ထိ ဆက်ဖွင့်ထားပါတယ်။ ပြင်သစ်က ဆိုင်ပိုင်ရှင်ရဲ့ အဖြေကို စောင့်နေရလို့ပါတဲ့။

အဲဒီအရက်ဆိုင်ဟာ ပြင်သစ်နိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဂျာကာတာမှာတော့ အာရှပထမဦးဆုံး ဆိုင်ခွဲအဖြစ် ၂၀၀၈ နှောင်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ အာရှတိုက်မှာ ဂျာကာတာအပြင် ရှန်ဟိုင်း၊ လက်ဘနွန်က ဘေရွတ်နဲ့ ဒူဘိုင်းမှာလည်း ဆိုင်ခွဲတွေ ရှိနေပါပြီ။ အင်္ဂလန်မှာ လန်ဒန်၊ အမေရိကားမှာ ဝါရှင်တန်၊ အီဂျစ်မှာ ကိုင်ရို၊ ဘရားဇီးမှာ ဆာပါလို၊ မိုနာကိုမှာ မွန်တီကာလိုမြို့တွေမှာလည်း အဲဒီအရက်ဆိုင်တွေ ဖွင့်ထားပါတယ်။

အရှေ့တိုင်းရဲ့ အငွေ့အသက်ကို ခံစားလိုစေတဲ့ ရည်ရွယ်ချက်ပါဆိုပြီး ထိုင်တော်မူ မြတ်ဗုဒ္ဓဆင်းတုတော် အကြီးကြီးကို အရက်ဆိုင်ရဲ့ မြင်သာထင်သာရှိတဲ့နေရာမှာ ခင်းကျင်းထားပါတယ်။ အဲဒီအခင်းအကျင်းကြောင့်ပဲ မူစလင်ဘာသာဝင် အများစုရှိတဲ့ တိုင်းပြည်ဖြစ်ပေမယ့်လည်း အနည်းစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆန့်ကျင် ကန့်ကွက်မှုကို ခံရပါတော့တယ်။ တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ပြီး ဆန့်ကျင်ရှုံ့ချ ဆန္ဒပြမှုတွေကို စီစဉ်ခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်က "Buddhabar" ဆိုပြီး မလိမ့်တပတ်နည်းနဲ့ အမည်ပြောင်းပြီး နှစ်သိမ့်ပေမယ့် အကျိုးမထူးပါဘူး။ ဗုဒ္ဓဘာသာဝင်တွေက တရားရုံးမှာ တရားဥပဒေနည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အထိ ကြိုးပမ်းခဲ့ကြပါတယ်။ အခုတော့ တရားရုံးက ပိတ်စေလို့ အမိန့်ချလိုက်ပါပြီ။

ဘာသာရေးကို မစော်ကားတာ ကောင်းပါတယ်။ ဘယ်ဘာသာ ဖြစ်ဖြစ်ပေါ့။ အခုဆိုင်ကတော့ စော်ကားလိုတဲ့ ရည်ရွယ်ချက် မပါပေမယ့် ဘာသာရေးပုံရိပ်တွေကို အလွဲသုံးစား လုပ်သလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။ အနည်းစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားသော တောင်းဆိုချက်ကို အခြေခံပြီး အမိန့်ချပေးတဲ့ အင်ဒိုနီးရှား တရားရုံးကိုလည်း လေးစားမိပါတယ်လေ။

6 comments:

မြတ်နိုး said...

glad to hear!

နေ့အိပ်မက် said...

တော်သေးတာပေါ့၊ သူတို့တွေ ဘာလို့ ဒီဗုဒ္ဓဘုရားပုံကို အလှပြဖို့ ဘာလို့ ဒီလောက်သုံးချင်ကြတာလဲ နားမလည်ဘူး။ ကိုးကွယ်ရာအနေနဲ့ လက်မခံရင်တောင် တစ်ခေတ်က အတွေးအခေါ် ခေါင်းဆောင် လူသားတစ်ဦးအနေလောက်တော့ လေးစားပေးသင့်တယ်။ ကွန်ဖြူးရှပ်တောင် ဒီလိုသုံးခံရတယ်လို့ သိပ်မကြားမိပါဘူး။ ;(

Younggun said...

အဟောသုခံ..
အဟောသုခံ..
အဟောသုခံ..

Nge Naing said...

မင်္ဂလာ သတင်းပါပဲ။ ဆန္ဒပြတောင်းဆိုသူတွေကို လေးစားပါတယ်။

Unknown said...

အဲဒါ ပြင်သစ်တွေလုပ်တာ။ ကမ္ဘောဒီးယားမှာလဲ လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်တုံးက Buddha Bar ရှိခဲ့ဖူးတယ်။ အခုနောက်ပိုင်းမှ ပိုင်ရှင် ပြောင်းသွားလို့ တခြားနာမည်တစ်ခုနဲ့ ဆိုင်ဖြစ်သွားတာ။ ပြင်သစ် တော်တော်များများက ဘာသာမဲ့တွေ။ သူတို့စီးပွားဖြစ်ဖို့ အကုန်လုပ်တယ်။ အဲဒီဘားရှိတုံးကဆို အဲဒီ တစ်ဆိုင်လုံး နိုင်ငံခြားသား အဖြူတွေချည့်ဘဲ။ Buddha ဆင်းတုတော်ကြီးမှ တစ်ကယ့်ကို အကြီးကြီး ထိုင်တော်မူ ဆင်းတုဘဲ။ လူနှစ်ရပ်လောက်တောင်ရှိတယ်။ ဆိုင်အ၀မှာကို အကျအန ရွှေထီးအကြီးကြီးဆောင်း သင်္ကန်းတောင်ရုံပေးထားလိုက်သေးတယ်။ အန်ကောဝပ်ရှိတဲ့ မြို့မှာ နာမည်ကြီး Bar Street ဆိုတာရှိတယ်။ တစ်လမ်းလုံး ဘားတွေချည်းဘဲ။ Foreigner Area ပေါ့။ အဲဒီမှာရှိခဲ့တဲ့ဆိုင်ပေါ့။ အဲဒီလမ်းထဲကဘားတွေအားလုံး ဟာ ပြင်သစ်တွေပိုင်တာများတယ်။ ကမ္ဘောဒီးယားက အရင်က ပြင်သစ်ကိုလိုနီနိုင်ငံလေ။ အခုချိန်ထိတောင် သူတို့ ရုံးသုံးစာကို ပြင်သစ်စာသုံးနေသေးတဲ့ ရုံးတွေရှိနေသေးတယ်။ ဥပမာ- လျှပ်စစ်ရုံးလိုမျိုးပေါ့။

Unknown said...

Can i share my experience? I have been to Dubai Buddha Bar. I know the name of the french guide who's establish buddha bar in paris and extend many buddha bar in many country. His name is Ramon Visan. His son name is David Visan. Both of they r try to open many Buddha bar in around the world. They even trying to open in China, Abudhabi and many Europe countries. David is profession in Dj music. They are coppying the Buddhist song , Ta Yer Haw music, Pa Yeit Kyi 11 , and many many more from Buddhist country and make the CD, DVD. And they r selling at every Buddha bar as a sauvenior. The lady T-shirt with Buddha Logo, Hat, many many... are can find at their shop.
At every dinner time they are playing the Buddha music, Europe peopless and muselim peoples are enjoying the dinner with Wine , Beer with unrespectfull dance. Inside buddha bar, everywhere u can find the head of buddha, many difference style of buddha. I think they got the kind of statues from our country only with illeagle way. We need to put our hand together to stop that very painfull case. Please ........................................................................i feel so pain when i met that kind of atmosphere by my self. I can even tell u exactly how i feel sad. ....................................................):