.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, October 1, 2008

New husband?

ကံမကောင်းသော တွတ်ပီ
(ဆာသော်ဒိုး)
The Voice Journal 27-9-08

တစ်နေ့တစ်၌ ကျွန်ုပ်သည် တနင်္ဂနွေမနက်ခင်းတစ်ခုဖြစ်သည်နှင့်အညီ ဘယ်ဆီကိုမှ မထွက်ဖြစ်ဘဲ အိမ်မြဲကာ စာရေးစာဖတ်အလုပ်ကို လုပ်ရန် အရှိန်ယူ တာစူလို့နေပါ၏။ ကျွန်ုပ်၏ ချစ်ဇနီးဖျော်ပေးသည့် ကော်ဖီစိမ့်ခါးကို တစ်ငုံငုံလိုက်၊ ပေါင်မုန့်ထောပတ်သုတ်ကို တစ်ဖဲ့ဝါးလိုက်နှင့်ရှိကာ စားပွဲပေါ်တွင် အသင့်တင်ထားပါသော ယနေ့ထုတ် ဂျာနယ်များထဲမှ တစ်စောင်ကို လှန်လှောဖတ်ရှုနေဖြစ်ပါ၏။

ဂျာနယ်၏ စာမျက်နှာတစ်ခု အရောက်တွင်ကား သတင်းတစ်ပုဒ်ကို ကျွန်ုပ် စိတ်ဝင်စားသွားမိပါတော့၏။ သတင်းကား အခြားမဟုတ်။ ကျွန်ုပ်တို့၏ ကာတွန်းရေးဖော်ကြီး သွားလေသူ ဆရာဆွေမင်း(ဓနုဖြူ)၏ ဇာတ်တစ်ပုဒ်ကို ဒီဗွီဒီအဖြစ် အသက်သွင်းမည့် အကြောင်းအရာသာ ဖြစ်ပါလေ၏။ ကိုဆွေမင်းကား လူသာသေသော်လည်း နာမည်မသေသည့် အနုပညာရှင်တစ်ဦး ဖြစ်ပေရာ ယခုမှာလည်း သူ၏ ဇာတ်လမ်းတွဲများထဲမှ ဇာတ်လမ်းတစ်ခုမှာ ဖန်သားပြင်ပေါ်သို့ ထပ်မံသက်ဝင် လှုပ်ရှားရောက်ရှိ လာအုံးမည် ဖြစ်သည့်အတွက် ကျွန်ုပ်စိတ်ထဲမှာ ပီတိဖြစ်ရပါပေ၏။

ဆရာဆွေမင်း(ဓနုဖြူ)၏ မြိုင်ရာဇာတွတ်ပီ ကား မြန်မာပြည်တစ်လွှား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အမှန်အကန်ကို ကျော်ကြားခဲ့သူဖြစ်ပါ၏။ တွတ်ပီသာမက မသေးမျှင်၊ ဗိုက်ကလေး၊ သူကြီးဘစီ၊ လူပျိုကြီး စောတင်မောင်၊ ကျောကင်းဆရာလေး ကြည်နိုင်၊ အတီး စသည့် ဇာတ်ကောင်များသည်လည်း တွတ်ပီနည်းတူ ပရိသတ်ရင်ထဲ စွဲနေဆဲ ဇာတ်ကောင်များသာ ဖြစ်ပါသည်။

ယခုကဲ့သို့ ကာတွန်းရုပ်ပြ ဇာတ်လမ်းများကို ကမ္ဘာမှာရော... မြန်မာမှာပါ ပိတ်ကားပြင်ပေါ် အသက်သွင်းခဲ့ကြသည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါ၏။ ကမ္ဘာပေါ်မှာဆိုလျှင် ကာတွန်းရုပ်ပြမှ ရုပ်ရှင် ဇာတ်ကောင်များ ဖြစ်သွားကြသည်မှာ များပြားလွန်စွာ ရှိပါ၏။ အနီးဆုံး ဥပမာကား စူပါမင်းန်၊ ဘတ်မင်းန်၊ စပိုက်ဒါမင်းန် တို့ ဖြစ်ပါ၏။

ကမ္ဘာကျော်ရုပ်ပြများကို ရုပ်ရှင်အဖြစ် အသက်သွင်းကြသည့်အခါ ဒါရိုက်တာများမှာ သေသေချာချာ စနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်ကြပါ၏။ သရုပ်ဆောင်မည့် ပုဂ္ဂိုလ်အား အနှီနာမည်ကျော် ကာတွန်း ဇာတ်ကောင်၏ ပုံသဏ္ဍန်အတိုင်းကို တဝေမတိမ်း ထပ်တူထပ်မျှ ဒီဇိုင်းထုတ် ၀တ်ဆင်စေကာ မျက်နှာကိုလည်း မူလဇာတ်ကောင်အတိုင်း အတိအကျ ခြယ်သကြပါ၏။ ထိုရောအခါ မူလဘူတ ကာတွန်းရုပ်ပြ ဇာတ်ကောင်မှာ စာအုပ်ထဲမှ သက်ဝင်လှုပ်ရှားပြီး သကာလ ပိတ်ကားပေါ် အကျအန ရောက်ရှိသွားသလိုပင် ဖြစ်ပါတော့၏။ စာအုပ်နှင့် ရုပ်ရှင် မီဒီယာမတူစေကာမူ သူ၏ မူလအရသာမှာကား လုံးဝ တစ်သားတည်းသာ ဖြစ်ပါတော့၏။

ထိုနည်းတူစွာ ကျွန်ုပ်တို့ မြန်မာပြည်မှာလည်း သာဓကများစွာ ရှိခဲ့ပါပေ၏။ ကျွန်ုပ်တို့ ငယ်ငယ် လူမမယ် အရွယ်ကဆိုလျှင် ကျွန်ုပ်တို့၏ ဆရာကြီး ကာတွန်းအောင်ရှိန်မှာ လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ကာ သူ၏ ကာတွန်းဇာတ်လမ်း များစွာမှာလည်း ငွေရောင်ပိတ်ကားထက်တွင် အမြဲပင် အသက်ဝင်ခဲ့ပါ၏။ စီစဉ်ညွှန်ကြား ရိုက်ကူးသည့် ဒါရိုက်တာကြီးများကော သရုပ်ဆောင်မည့် မင်းသား မင်းသမီးများပါ မူလဇာတ်ကောင်၏ ကာရိုက်တာကို အမိအရ ဆုပ်ကိုင်ခဲ့ကြပါလေ၏။ ဥပမာအားဖြင့် ဆိုရလျှင် ဆရာဦးအောင်ရှိန်၏ ဦးရှံစား၊ ဦးဒိန်းဒေါင်ကို လူရွှင်တော် မင်းသားကြီး သန်းနွဲ့နှင့် မြင့်ဖေတို့က သရုပ်ဆောင် ရိုက်ကူးခဲ့ကြရာ (ဦး)သန်းနွဲ့မှာ မူလ ဦးရှံစားပုံစံအတိုင်း မောင့်ကျက်သရေ ခေါင်းပေါင်း၊ တိုက်ပုံနှင့် ပါးစပ်တွင်လည်း ဦးရှံစားအတိုင်း ဆေးတံအိုးအကြီးကြီးကို အမြဲကိုက်လျှက် သရုပ်ဆောင်ခဲ့ပါ၏။ ဦးဒိန်းဒေါင်ဖြစ်သော (ဦး)မြင့်ဖေမှာလည်း ဦးဒိန်းဒေါင်အလား ဆံပင်ကို အလည်တည့်တည့်ခွဲလျက် တစ်ဖက်ကား အနက်၊ တစ်ဖက်ကား အဖြူ ဆေးဆိုးကာ ပုဆိုးမှာလည်း ကာတွန်းထဲကအတိုင်း ပတ်လည်အစင်းကြားကြီးနှင့် ဖြစ်ပါ၏။ ရဲကြီးလုပ်သူ ဦးအုန်းခွေမှာလည်း တကယ့် ဦးအုန်းခွေ ပါပေ။

ထိုနည်းတူစွာ ဆရာဦးအောင်ရှိန်၏ တောတွင်းသား ကြာဆံကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ကြပြန်ရာ ကြာဆံအဖြစ် သရုပ်ဆောင်သူ ဦးအုန်းမောင်မှာ ကြာဆံပုံစံအတိုင်း ပခုံးတစ်ဖက်ဖော် ကျားသစ်ရေ ၀တ်စုံနှင့် ခါးပတ်အိတ်တွင် လောက်လေးခွနှင့်ဖြစ်ကာ ကြာဆံ၏ ဆွဲဆောင်မှုအရှိဆုံးသော ကျီးကန်း နှုတ်သီးသဏ္ဍာန် ဆံပင်ပုံစံကို အမိအရ ပုံစံတူပြုလုပ်ကာ ခေါင်းထက်တွင် တပ်ဆင်ကာ သရုပ်ဆောင်ခဲ့ပါပေ၏။ အကျိုးဆက်ကား ဦးအုန်းမောင်သည် နောက်ပိုင်းတွင် ကြာဆံအုန်းမောင် ဟု အမည်တွင်ခဲ့ပါတော့၏။ ဤကား မူလဘူတ ကာတွန်းဇာတ်ကောင်များနှင့် ပိတ်ကားပေါ်ရောက် ကာရိုက်တာတို့၏ ထပ်တူထပ်မျှ ဖြစ်မှုသာ ဖြစ်ပါ၏။

ယခုလည်း ရှေးနည်းတူစွာ ကာတွန်းဇာတ်ကောင်မှနေ၍ ဖန်သားပြင်ထက် သက်ဝင် လှုပ်ရှားလာတော့မည့် တွတ်ပီကို မြင်ယောင်မိပါ၏။ တွတ်ပီကား ကာတွန်းဆရာ၏ ရင်တွင်းစိတ်ကူး စေတနာများမှ ပေါက်ဖွား ရှင်သန်ခဲ့သော ကာရိုက်တာတစ်ခုပါလေ။ ဆံပင်မရှိသော ဦးပြည်းပြောင်ပြောင်၊ ၄င်းပေါ်တွင် အလွန် သေးငယ်သည့် ဦးထုပ်ကလေးနှင့် ခန္ဓာကိုယ်တွင်ကား စွပ်ကျယ်အဖြူ လက်စကနှင့် နှစ်လုံးပြူးကျည်များကို စလွယ်သိုင်းကာ ခါးဝတ်ပုဆိုးကိုကား ခါးတောင်းကျိုက်ထားပါ၏။ အောက်ပိုင်းတွင်ကား မိုးထဲရွှံ့ထဲစီး လည်ရှည်ဖိနပ် အနက်ကြီးနှင့်ဖြစ်ကာ အမြင့်မတင့်တယ်စွာ ပုံကို မြင်ရတာနဲ့တင် ရယ်ချင်စရာ ကာရိုက်တာပါပင်။

ဤသို့သော ထူးခြားဆန်းပြားသည့် ကာရိုက်တာပုံသဏ္ဍာန်တစ်ခုကို ကာတွန်းဆရာသည် ဘယ်နှလ၊ ဘယ်နှနှစ်၊ နေ့ပေါင်းများစွာ ညပေါင်းများစွာ စိတ်ကူးပုံဖော်ခဲ့ရပါသနည်း။ လူအများကြား ထင်းခနဲနေအောင်၊ လူအများကြား ရှင်းခနဲနေအောင် သရုပ်ဆောင်မည့် အနှီကာတွန်းရုပ်ကလေးများကား ကာတွန်းဆရာ၏ ရင်နှစ်သည်းချာ သားသမီးရတနာများသာ ဖြစ်ပါ၏။

ကျွန်ုပ်လည်း ဂျာနယ်ပါ မြိုင်ရာဇာကို ဆက်လက်ဖတ်ရှုဖြစ်ခဲ့ပါ၏။ မြိုင်ရာဇာသတင်းပါ ထွန်းအိန္ဒြာဗို၏ အင်တာဗျူးကို ဖတ်ခွင့်ရပါ၏။ သူသည် သူ၏ဒီဇိုင်နာ လတ်လတ်ထံမှာပဲ ဇာတ်ဝင်ခန်းများအတွက် အမြဲတမ်း ချုပ်ပါကြောင်း ပြောဆိုပြီးသကာလ... "အခုလည်း မသေးမျှင် ဇာတ်ကောင်အတွက် ကာတွန်းထဲက ပုံစံနဲ့ တစ်ထပ်တည်းဖြစ်အောင် ထဘီအဆင်တွေကအစ သေသေချာချာရွေးပြီး ပြင်ဆင်နေပါတယ်။ ဒါ့အပြင် မသေးမျှင်လို ဖင်(တင်) အကြီးကြီးဖြစ်အောင် သေချာပြင်ဆင်ပြီး ချုပ်နေပါတယ်" ဟု ဆိုပါလေ၏။ သြော်... ကောင်းလေစွ... ကောင်းလေစွ။

ကျွန်ုပ်လည်း ဖတ်လက်စဂျာနယ်ကို အသာချ၍ မျက်စိကို ခေတ္တအနားပေးကာ စဉ်းစားနေပါ၏။ ပြီးသော် လက်ကျန်ကော်ဖီကို အပြတ်ရှင်းကာ နောက်ဂျာနယ်တစ်စောင်ကို လှန်လှောမိပါ၏။ အနှီ ဂျာနယ်မှာလည်း မြိုင်ရာဇာ သတင်းပါပါလေ၏။ သို့နှင့် ဤသတင်းကို ဆက်ဖတ်ကြည့်ဖြစ်ရာ တွတ်ပီအဖြစ် သရုပ်ဆောင်မည့် မင်းသားကား ခေါင်းပေါ်မှာ ဘိုကေလှတပတနှင့် ဖြစ်ပါ၏။ ဦးထုပ်သေးသေးလေးကို စောင်းဖို့ဝေးစွ လုံးဝချန်ထားကာ ခါးတွင်လည်း မူလဇာတ်ကောင်တွင် မပါရှိသည့် စစ်ခါးပတ်ပြားကြီးကို ပတ်ထားပါ၏။ ပုဆိုးကိုဖြန့်၍ တိုတိုဝတ်ထားလျက် အောက်ဘက်မှာကား စစ်သုံး ဂျင်းဂန်းဘုရှ် အစိမ်းနှင့် ဖြစ်ပါ၏။

မသေးမျှင်ကား လင်အသစ် ရထားပေပြီထင့်။
~~~~~~~~~~

အပေါ်က ဆောင်းပါးလေးက ဘယ်မင်းသားကို ရေးမှန်း မသိမှာစိုးလို့ ပေါ်ပြူလာဂျာနယ်က သတင်းလေးပါ တွဲတင်ပေးလိုက်ပါမယ်။ ဆွေမင်း(ဓနုဖြူ)ရဲ့ဇာတ်လမ်းကို ဇာတ်ညွှန်းကိုမြင့်အောင်က 'ထာဝရ အလင်းတန်း' ဒီဗီဒီဇာတ်ကားအဖြစ် ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာထွန်းအောင်ဇော်က ရိုက်ကူးနေတာပါ။ တွတ်ပီအဖြစ် လူမင်း၊ ဗိုက်ကလေးအဖြစ် ဖိုးချစ်၊ မသေးမျှင်အဖြစ် ထွန်းအိန္ဒြာဗို၊ သူကြီးဘစီအဖြစ် မိုးဒီနဲ့ ရွာမှ အပျိုလေး ပုဆွဲမိအဖြစ် ဇူးဇူးမောင်တို့က သရုပ်ဆောင်ကြမှာပါ။

ပေါ်ပြူလာဂျာနယ်မှာ လူမင်းကို အင်တာဗျူးလုပ်ထားတာလေးကတော့...

တွတ်ပီဇာတ်ရုပ်အတွက် ဘယ်လိုပြင် ဆင်ထားလဲ။

တွတ်ပီနေရာမှာ ဘယ်လို သရုပ်ဆောင်မလဲလို့ အစ်ကိုစဉ်းစားတယ်။ တွတ်ပီလို ခေါင်းတုံးလေးတုံးပြီး ဦးထုပ်သေးသေးလေး ဆောင်းထားရုံနဲ့ အစ်ကို တွတ်ပီဖြစ်လာမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို တွတ်ပီဖြစ်အောင် ကိုယ့်ကာရိုက်တာနဲ့ကိုယ်လုပ်မယ်ပေါ့။ ဘွတ်ဖိနပ်စီးတယ်။ နှစ်လုံးပြူးပါမယ်။ တွတ်ပီရဲ့ အငွေ့ အသက်တွေ အကုန်လုံးတော့ပါမယ်။ တစ်ပုံစံတည်း ထပ်တူတော့မကျဘူး။
~~~~~~~~~~

ဒီပို့စ်မှာကျွန်တော်က ထပ်ဖြည့်ပြီး ပြောချင်တာကတော့...

ကိုလူမင်းရေ...
ကျန်စစ်သားလည်း မယားလေးယောက်ယူတဲ့ မဟာနှာဘူးကြီးဖြစ်အောင် မင်းကျန်စစ်မှာ လုပ်ခဲ့တာတောင် အားမရသေးလို့ ကျွန်တော်တို့ ကလေးဘ၀တင်မက လူလတ်ပိုင်းအရွယ်မှာလည်း ဖတ်ဖြစ်နေခဲ့တဲ့ ကာတွန်း ဇာတ်လိုက်ကျော် မြိုင်ရာဇာတွတ်ပီကိုပါ ဖျက်ဆီးဖို့ လုပ်နေတာတော့ မကြိုက်ဘူးဗျာ။

33 comments:

Unknown said...

ဟုတ်ပဗျာ...ကျနော် လည်း အမြင်ကတ်နေတာ..
မင်းကျန်စစ် ကတည်း က သမိုင်းကို ပြတာ..မိန်းမ အများကြီး
ယူတာပဲ ပါတယ်...အမြင်ချင်းတော့ တူသွားပြီဗျို့ ..
နောက်လည်း လာလည်ပါအုံးမယ်

tututha said...

ဒီမင်းသားနယ် ရာရာစစ၊ မတူမတန်၊ အနူလက်နဲ့ ရွှေခွက်နှိုက်၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ... (နောက် ဘာကျန်သေးလဲဟင် ကိုဂျူလိုင် ...)
တွတ်ပီနေရာ သရုပ်ဆောင်ရအောင် သူ့ကိုယ်သူ ဘာများမှတ်နေလဲ မသိ။ ပြောလိုက်စမ်းဘာ .... ပြောလိုက်စမ်းဘာ ... ဒူးနေရာဒူး တော်နေရာတော် နေပါလို့။

ThuHninSee said...

ဟုတ်ပဟယ်။

khin oo may said...

ပြာလောင် ကို လွမ်းတယ်။

ဇင်ယော် said...

ဓါတ်ပုံကြည့်ပြီးတည်းက သဘောပေါက်ပါပြီဗျာ။ ဆရာဆွေမင်းသာ ရှိသေးလို့ ကတော့ ဒီနေ့ ကံမကောင်းပါလားလို့  တွတ်ပီအစား သူအော်ရတော့မှာ။

မီးငယ် said...

:( ဟင်း တွတ်ပီတောင်အလွတ်မပေးဝူး...
တွားပြီး တွတ်ပီတော့လစ်ပီ..တနားပါတယ်.. :((

မီးငယ် said...

ပြောစရာကျန်ခဲ့လို့...
မြန်မာပြည်မှာကာတွန်းတောင်ချမ်းသာမပေးပဲနဲ့ ဇာတ်လမ်းရိုက်နေတာ..တော်တော်ကိုဇာတ်လမ်းရှားပါးနေတယ်လားမတိ...
ပြီးတော့ ကမ္ဘာကျော်Disneyကတောင်သူ့ဇာတ်ကောင်တွေကိုလူနဲ့အစားထိုးပြီး ဘယ်တုန်းကမှ ဇာတ်လမ်းမရိုက်ဖူးဘူးလို့ထင်ပါတယ်..မီးငယ်ထင်တာကတော့ ကာတွန်းဇာတ်ကောင်ရဲ့စရိုက်ပျက်သွားမယ်ဆိုးလို့မရိုက်တာပါ။ ကာတွန်းကာရိုက်တာနဲ့လူနဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်...

မဆုမွန် said...

ဟုတ်တယ် လူမင်းကို ကြိုင်ကြိုင်နဲ့ မင်္ဂလောဆောင်တယ်ကြားကတည်းက အော်ဂလီဆန်တာလေ...
ပြီးတော့ လူမင်းရုပ်က နဂိုကတည်းက ဗီလိန်ရုပ် လူယုတ်မာရုပ် တွတ်ပီဆိုတာကလဲ သူဥပဓိနဲ့ လားလားမှ မထိုက်တန်တဲ့ ဇတ်ရုပ်ပဲ...
တွတ်ပီဆိုတာ ကျွန်မတို့ ငယ်ငယ်ကတည်းက သိပ်ချစ်ဖို့ ကောင်းတဲ့ ဇာတ်ရုပ်လေးတစ်ခု...တွတ်ပီနဲ့ ဗိုက်ကလေး တောထွက်တဲ့ အခန်းဆိုရင် ပြေးပြေး မရှောင်ရင် လွတ်တယ်ဆိုတဲ့ တောကောင်လေးတွေထွက်ပြေးကြတဲ့အခန်းက သိပ်ကြည့်လို့ ကောင်းတယ်

အခုသူပုံက မြန်မာစစ်ဗိုလ် လူဝတ် ၀တ်ထားတဲ့ရုပ်...စပ်ဖြဲဖြဲနဲ့  အစ်မ တူးတူးသာပြောသလို ဒီမင်းသားနယ် ရာရာစစ၊ မတူမတန်၊ အနူလက်နဲ့ ရွှေခွက်နှိုက်၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ...နှာဘူး အသံကိုက လူသံမပေါက် နှာသံပေါက်နေတဲ့ အကောင် ထွီ..
တွတ်ပီနေရာ သရုပ်ဆောင်ရအောင် သူ့ကိုယ်သူ ဘာများမှတ်နေလဲ မသိ။ ပြောလိုက်စမ်းဘာ .... ပြောလိုက်စမ်းဘာ ... ဒူးနေရာဒူး တော်နေရာတော် နေပါလို့။

သက်တန့် said...

ငယ်ငယ်တည်းက တွတ်ပီတို့၊ သမိန်ပေါသွပ်တို့ကို ဖတ်တာ... ခုထိပဲ...
တွတ်ပီ ကံမကောင်းပါလားနော်... :(

Unknown said...

လူမင်းက ရတနာဝင်းထိန်ရဲ့ ဇတ်လမ်းတွေရိုက်ရမှာဗျ။ သူ့ဇတ်ရုတ်က အဲဒီထဲက မင်းသားတွေနဲ့ လိုက်တယ်

Anonymous said...

အင်း လုပ်ပေါ့ဗျာ သူတို့ခေတ်ပဲ သူတို့မှမဖျက် ဘယ်သူဖျက်မှာတုန်း။
ဒါတောင်အော်နေလိုက်သေးသဗျ မြန်မာ့ရုပ်ရှင်အဆင့်ဝိုင်းဝန်းမြှင့်တင်ကြရမယ်ဆိုပြီး
လုပ်သေးတယ်။
ဟုတ်ပါ့ ဆရာဆွေမင်း ရှိသေးရင် ဒီနေ့ကံမကောင်းပါလားဆိုတာ ဆရာဆွေမင်းပဲ ပြောရတော့မှာ

thonn thonn said...

အင်း...ဇတ်ကားထွက်လာမှပဲ သုံးသပ်ရမှာပဲ။ ဟုတ်တော့ဟုတ်သည် ၊ လူမင်း နှင့် တွတ်ပီ ။ အကယ်၍ လူလက်မခံနိုင်လောက်အောင် ထွက်လာမယ်ဆိုရင်တော့ ဒါက ဒါရိုက်တာကို လူရွေးမတတ်လိုက်တာလို့ အပြစ်တင်စရာသာရှိတော့မည်။

မောင်ဖားကြီး said...

ဟုတ်ပါ့အစ်ကိုရေ ကျွန်တော်လည်း နှစ်ခုလုံးဖတ်လိုက်ရတယ် ။ လူမင်းတင်မကဘူးဗျ။ ဒါရိုက်တာမှာလည်း တာဝန်ရှိတယ်ထင်တယ်။ ဖျက်လိုဖျက်စီး လုပ်နေကြတာ။

Taungoo said...

ကျန်စစ်မင်းကားကြည့်တုန်းက ဇာတိမာန်တွေ တဖွားဖွားထကြလား မထကြလားတော့ မသိဘူး။ လူမင်းကြီး မိန်းမတစ်ယောက်ယူပြီး စစ်ထွက်သွားတိုင်း အလွမ်းခန်းဖြစ်ရမဲ့အစား ရုံထဲမှာ ရယ်ကြတာ ဟာသကားကျနေတာပဲ။ အဲဒီလောက်ထိ ပြောင်မြောက်တာ။

ခုတော့ ဆရာတွတ်ခမျာ..
လူမင်းနဲ့ ဆရာတွတ်နဲ့ ဘယ်နေရာကိုများကြည့်ပြီး ရွေးပလိုက်ပါလိမ့်။ မင်းသားအဲဒီလောက်ရှားနေရင်လဲ
ဂျုလိုင်ရေ တို့တွေ ပြည်တော်ပြန်ပြီး ဇာတ်လိုက်လုပ်ကြစို့ရဲ့။

ဝေလေး said...

အင်းလေ.. ဟုတ်သားပဲ.....
မသေးမျှင်ပဲ နောက်တစ်ယောက်ရလေသလား.
တွတ်ပီတော့ ဒီနေ့ကံမကောင်းပါလား လို့အော်လိုက်ရမယ်ထင်တယ် :)

mm thinker said...

အင်း...စိတ်ပျက်တယ်။

အရင် ပိစိနဲ့ ရိုက်ဖူးတယ်ထင်တယ်။

အဲဒါလည်း ရသ မပေါ်ဘူး။

သင်ကာ

fionamg said...

I can't understand how director choose "LU MIN" as a "Toot Pe".
If director chose " LU MIN" as a "Bite Ka Lay", better than " Toot Pe".

Huu...

pandora said...

ဒါမျိုးတွေဖြစ်နေလား
ဖြစ်ရလေ ကတွတ်ပီ ရယ်..

ကိုရင်နော်ခင်လေးငယ် said...

ခက်တော့တာပဲ.. ခက်တယ် ခက်တယ်..
မဖြစ်နိုင်တာကို လုပ်ကြတော့မယ်..
မြိုင်ရာဇာတွတ်ပီဆိုတာ နယ်နယ်ရရမှတ်လို့...
ဆရာဆွေမင်း ရင်နဲ့ ရေးခဲ့.. ဆွဲခဲ့.. ပေးခဲ့.. တာတွေကို ဖျက်စီးကြတော့မယ်..
အော်.. မြန်မာ့ ရုပ်ရှင်လောက.. ရင်လေးတယ်..

လင်း said...

ကတုံးလဲမဟုတ်၊ အောက်က ဖိနပ်ကြီးကလဲ တလွဲ လုပ်ထားမှတော့ တွတ်ပီဇတ်ရုပ် ဘယ်လိုဖြစ်လာတော့မှာလဲ။ စိတ်ကုန်လိုက်တာနော်

ရှင်သန်မှု said...

စိတ်ညစ်ဖို့အရမ်းကောင်းတဲ့မြန်မာ့ရုပ်ရှင်လောကပါဗျာ။

ကလူသစ် said...

ဓာတ်ပုံအမြင်အရတော့ အဆင်မပြေပါဘူးဗျာ :(

Anonymous said...

ထူးဆန်းပါပေ့ ကတွတ်ပီ မသေးမျှင်က နာမည်ကသာသေးမျှင်တာ လူကအယ်စတုံ ထွမ်းအိမ်သာဘို လုပ်မှာလား ဖင်လဲမချိပဲနဲ့ ...တွတ်ပီက ရိုးသားပြီး အမြင်မကျယ်ပေမယ့် အမြော်မြင် ကြီးမားတဲ့ရုပ် လူမင်းကတော့ ရိုးသားတဲ့ ရုပ်တစက်မှ မပေါက် ချိတ်ညစ်လိုက်တာ နှမောတယ် ကတွတ်ပီရယ်..

Anonymous said...

ထူးဆန်းပါပေ့ ကတွတ်ပီ မသေးမျှင်က နာမည်ကသာသေးမျှင်တာ လူကအယ်စတုံ ထွမ်းအိမ်သာဘို လုပ်မှာလား ဖင်လဲမချိပဲနဲ့ ...တွတ်ပီက ရိုးသားပြီး အမြင်မကျယ်ပေမယ့် အမြော်မြင် ကြီးမားတဲ့ရုပ် လူမင်းကတော့ ရိုးသားတဲ့ ရုပ်တစက်မှ မပေါက် ချိတ်ညစ်လိုက်တာ နှမောတယ် ကတွတ်ပီရယ်..

ခင်မင်းဇော် said...

မသေးမျှင်လုပ်မယ့်လူလဲ မလိုက်၊ ကတွတ်ပီ လုပ်မယ့်လူလဲ မလိုက်ပါဘူး မျက်စေ့ထဲ ဘယ်လိုမှ ၀င်မယ်မထင်ဘူး။ ကိုဂျူလိုင်ရေ.. စိတ်ညစ်တဲ့အထဲ အဲဒါတွေလဲ ပါတယ်။

ရွှန်းမီ said...

မသေးမျှင်ကား လင်အသစ် ရထားပေပြီထင့်။
~~~~~~~~~~
ဒီတစ်ကြောင်းနဲ့ပဲ လုံလောက်သွားပါပြီ။

မြိုင်ရာဇာ တွတ်ပီ ကောင်းရာသုဂတိလားရာမှ ထ မဆဲပါစေနဲ့ လို့ ဆုတောင်းလိုက်ပါသည်။

Anonymous said...

ဟုတ်ပါတယ်ဗျာ တွတ်ပီ ဇာတ်ရုပ်နဲ့ လူမင်းနဲ့ ဘယ်လိုမှ
ဟပ်စပ်လို့ ကို မရပါဘူး ..
ဒါရိုက်တာကိုပဲ အပြစ်တင်ရတော့မှာပေါ့ ...
ဘာပဲဖြစ်ဖြစ် စောင့်တော့ ကြည့်ရတော့မှာပဲဗျို့

ကိုရုပ်ဆိုး said...

လူမင်းက သူဌေးသမီးနဲ့ရပြီး လုပ်တိုင်းဖြစ်မယ်ထင်လို့ လုပ်နေတာ။ ရန်ကုန်မှာ ပြောစမှတ်တွင်တာက လူမင်းရဲ့ လင့်ခ်ခရူဇာကြီးကို ကျန်စစ်မင်းစီးသွားပြီတဲ့။ အဲဒီလောက်တောင် ရှုံးသွားတာဗျ။ အပီအပြင်ရိုက်မယ်ဆိုပြီး အဲဒီခေတ်က မပေါ်သေးတဲ့ ဖဲလ်သားအင်္ကျီတွေဝတ်ပြီး ရိုက်တာလေ။ အမြင်ကတ်လို့ သွားကို မကြည့်ဘူး။ အခု တွတ်ပီ ရုပ်ရှင်ထွက်လည်း လုံးဝ (လုံးဝ)မကြည့်ပါ။ တွတ်ပီကို ကာတွန်းအနေနဲ့ အသည်းစွဲအောင် ယနေ့ထိ (ကလေးအဖေဖြစ်နေသည့်တိုင်အောင်) ပြန် ပြန်ဖတ်မိပါတယ်။ ရုပ်ရှင်အနေနဲ့ မည်သူသရုပ်ဆောင်ဆောင် လုံးဝ မကြည့်ပါ။

Phyo Evergreen said...

ကွန်မန့်တွေများနေလို့ ဟုတ်တယ်လို့ပဲပြောပြီးထောက်ခံပါရ
စေ။

အလွမ်းပြေ said...

မှတ်မိသေးတယ် ကျန်စစ်မင်းတုန်းက နှစ်ယောက်သွားကြည့်ကြတာ နှစ်ယောက်စလုံးက အရယ်သန်သန်နဲ့ အူလှိမ့်အောင်ရယ်ရတာကို.. ရုံထဲကပြန်ထွက်လာတော့ စိတ်လည်းတို အရယ်လည်းမရပ်ချင် အူလည်လည်ကြီး...အခုလည်း တို့အသည်းကျော်ကြီး ကတွတ်ပီတော့ စပြီး.. ကံမကောင်းပါလားပဲ...ဇာတ်ကောင်နဲ့ လိုက်တဲ့ မင်းသား မင်းသမီး မရှာရဲတဲ့ ဒါရိုက်တာကိုလည်း....ဟင်း........း(

Unknown said...

တွတ်ပီလက်သစ် ကျန်စစ်မင်းကြီးရဲ့ အသံလေးလဲ နားဆင်ကြည့်ကြပါဦးဗျာ ။ ဒေါင်းလုဒ်လုပ်ဖို့တော့ လိုမယ်နော် ။ စက်လေးမှာ စိုးရင်လည်း နားထောင်ပြီးပြန်ဖျက်လိုက်လို့ရနေတာပဲ ။ အမျိုးသမီးတွေကိုတော့ အားနာပါတယ်ဗျာ ။ ဒါပေမယ့် ဒီလို သူတော်ကောင်းအယောင်ဆောင် အကြောင်း သိထားသင့်တယ်ထင်လို့ပါ ။ http://www.mediafire.com/?cjxu9nbzloc

Unknown said...

ဩော်..မေ့နေလို့ ... အဲဒါကိုတင်ထားတဲ့ ဘလော့ တခုတော့ရှီတယ်။ အမျိုးသမီးတွေတော့ မသွားသင့်ဘူးထင်တယ်။ porn blog ဖြစ်နေလို့... http://mmtoday.blogspot.com/2008/08/soemyatnandarsextalk-lumin.html

ရင်ကွဲငှက် said...

အင်းသွားရှာပြီပေါ့ ဆရာဆွေမင်းရေလို့ပဲအော်ရတော့ မှာပဲ ကျွန်တော်တို့ ကာတွန်းဇာတ်ကောင်တစ်ခုတော့ သွားပြန်ရှာပါပေါ့လား ဒီရုပ်ဒီရေနဲ့ဘယ်နဲ့ တွတ်ပီတဲ့
မသေးမျှင်ကလဲကြည့်ကြပါဦး မျက်စိထဲမြင်ယောင်ကြည့် ရုံနဲ့ အချိုးကလုံးဝကိုမပြေတာ ဟိုဗိုက်ကလေးလုပ်မဲ့ လူကလဲကြည့်ပါဦး အင်းဖြစ်ရပလေဆရာဆွေးမင်းရေ လို့သာ...မြည်တမ်းရုံမှအပ ဘာများတတ်နိုင်ပါမည်နည်း သူတို့ခေတ်ကြီးကိုး