.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, September 29, 2008

The double joy

ကမ္ဘာ့အရပ်အရှည်ဆုံး လူသားဖြစ်တဲ့ Mr. Bao Xishun ကတော့ အပျော်ပေါ် အပျော်ဆင့်ပြီး နှစ်ထပ်ကွမ်း ပျော်ရွှင်မှုတွေ ရလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ The Guinness Book of Records မှာ the World's tallest man ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် ဆက်လက် ရွေးချယ်ခံရသလို ကလေးအဖေအဖြစ် ရာထူးတိုးတော့မှာပါ။ နောက်လမှာ မွေးမယ်လို့ မျှော်လင့်ထားတဲ့ ကလေးလေးဟာ သူ့ရဲ့ ပထမဦးဆုံး ရင်သွေးလေးပါပဲ။

တရုတ်ပြည်ထဲက မွန်ဂိုလီယား (အတွင်းပိုင်း)မှာ နေထိုင်တဲ့ အရပ် ၇ ပေ ၉ လက်မရှိတဲ့ Bao Xishun က အရပ် ၅ ပေ ၆ လက်မ ရှိတဲ့ Xia Shujuan ကို ၂၀၀၇ ဇူလိုင်လက လက်ထပ်ယူခဲ့တာပါ။ အဲဒီတုန်းက Bao Xishunက အသက် ၅၆ နှစ်ရှိပါပြီ။ သာမန်အရပ်သူ ဈေးသည်လေးဖြစ်တဲ့ Xia Shujuan ကတော အသက် ၂၉ နှစ်ပါ။ သူတို့ရဲ့ မင်္ဂလာပွဲကို မွန်ဂိုရိုးရာအတိုင်း ကျင်းပခဲ့ပါတယ်။

မွေးလာမယ့် ကလေးလေး (သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်) အရွယ်ရောက်လာတဲ့အခါမှာ အရပ် ၆ ပေလောက် ရှိမယ်လို့ မျှော်လင့်မိတယ်။ ဒါဆိုရင် ဘတ်စ်ကတ်ဘောကို ကောင်းကောင်း ဆော့လို့ ရနိုင်ပြီပေါ့ လို့ ကလေးအဖေ ဖြစ်လာတော့မယ့် Bao က ပြောပါသေးတယ်။

ပျော်ရွှင်ပါစေ... Bao Xishun နဲ့ Xia Shujuan တို့ရေ...

Photo Credit: Reuters

5 comments:

ဇင်ယော် said...

ဟေဟေ. သက်သေ သာဓက ရသွားပြီကွ။ အရပ်ရှည်တဲ့သူက သူ့ ထက်အရပ်ပုထဲ့ သူကို ယူသွားတာ။ ကျနော်လည်း ကိုယ့်ထက် အရပ်ရှည်တဲ့  ၆ပေကျော်ကျော်လောက်ကို လိုက်ရှာမယ်။ ဟီးဟီး မျိုးဆက်သစ်တွေ အတွက်ပါ။ ကိုယ်လိုချင်လို့  ဟုတ်ပါဘူး။

khin oo may said...

သူများကိုဘဲ ဆုတောင်းမနေနဲ.လေ။ ကိုယ်ကိုတိုင်လဲ ကြီူးစားဦးမှပေါ.။

JulyDream said...

ကိုဇင်ယော်ရေ...
နောက်မျိုးဆက်အတွက် ကြိုးစား ကြိုးစား။ နောက်မဆုတ်နဲ့ဗျို့။

မခင်ဦးမေ...
အစ်မတို့ ၀ိုင်းကူမှ ဒီပွဲအောင်မယ် ထင်တယ်။ လောကမှာ ကြိုးစားတိုင်းလည်း အရာ မရောက်ဘူးလေ။ ကံဆိုတာက ရှိသေးသလို ဖူးစာကလည်း လိုသေးတယ်လေ။ မြားနတ်မောင်ကလည်း ဘယ်ဂျောင်တိုးနေလဲ မသိဘူး ခင်ဗျ။

ရွှေပြည်သူ (ShwePyiThu) said...

သူတို့ လက်ထပ်တုန်းက အံ့သြတကြီးကြည့်နေခဲ့တာ အခုတော့ ရင်သွေးတောင် ရတော့မယ်ပေါ့။ ၀မ်းသာစရာပါပဲ။ ထူးထူးခြားခြားတွေ အမြဲမျှဝေပေးတာ ကျေးဇူးတင်ပါတယ် ကိုJulyရေ...

JulyDream said...

ဟုတ်... ပြီးခဲ့တဲ့ အပတ်ကပဲ ကလေးလေး မွေးသွားပြီ ခင်ဗျ။ သတင်းစာထဲမှာ အဲဒီအကြောင်း ပါလာတယ်ဆိုတာ မKOM လာပြောပြလို့ သိလိုက်ရပါတယ်။