.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 11, 2008

The little walkway



ဒီလိုလမ်းကလေးမှာ တစ်ယောက်သောသူနဲ့ နှစ်ယောက်အတူတူ...
နွေရာသီရဲ့ ညတိုင်းမှာ လေညှင်းခံထွက် လျှောက်လှမ်းခွင့်ရလိုက်ရင်...
မိုးရာသီရဲ့ နေ့လည်ပိုင်းမှာ ထီးအတူဆောင်းရင်း လျှောက်လှမ်းခွင့်ရလိုက်ရင်...
ဆောင်းရာသီရဲ့ မနက်ခင်းမှာ အနွေးထည်ဆင်တူဝတ်ရင်း လျှောက်လှမ်းခွင့်ရလိုက်ရင်...

အခုတော့... ကျွန်တော့်အဖို့ ဒီလမ်းကလေးဟာ အိပ်မက်လမ်းကလေးတစ်ခုပါပဲဗျာ။

22 comments:

tututha said...

ဓာတ်ပုံလေးက မှောင်သင့်တဲ့နေရာမှာမှောင်ပြီး လင်းသင့်တဲ့နေရာတွေမှာလင်းလို့ ... ချစ်စရာကောင်းတယ်။ ခက်တာက နွေရယ် မိုးရယ် ဆောင်းရယ် မဟုတ်တဲ့ အချိန်မရွေး မိုးရွာနိုင်တဲ့ နိုင်ငံမှာ ဖြစ်နေတာ ဆိုးတာပဲ။ အနွေးထည် ဆင်တူ ဝတ်ဖို့တော့ စိတ်ကူးမယဉ်လေနဲ့။ ယပ်တောင်ဆင်တူကိုင်မယ် ဆိုတာကမှ ဟုတ်တုတ်တုတ်။ ထီးအတူဆောင်းမယ် ဆိုတာတော့ဖြစ်နိုင်တယ်။ ညဘက်လေညင်းခံထွက်ရင်း မိုးရွာချလို့ ပြေးရတာမျိုးလည်း ဖြစ်ဦးမယ် အဟိ ... အိပ်မက်တော့ပျက်ပါပြီ .. :P

ဖိုးဂျယ် said...

အကိုရေ ကောင်းလိုက်တဲ့ ပုံလေး
အလင်းအမှောင်လေးတွေက
ကြည့်ရတာ အကိုပြောသလို
အိမ်မက်လမ်းလေးပေါ့
တွဲလျှောက်ခွင့်ရပါစေ။ ဘယ်နားမှာလဲ အကို
ကျတော်လဲ တွဲမဲ့ ချစ်သူလေးရှိရင်
လမ်းလျှောက်ကြည့်ချင်လို့
ခင်မင်လျှက် ဖိုးဂျယ်

khin oo may said...

ဒီတသက်တော့လျောက်ရမယ် မထင်ဘူး။:P

Moe Cho Thinn said...

အော်.. အိပ်မက်၊ အိပ်မက်..

Phyu said...

အိမ်မက်ပဲ ကောင်းပါတယ် .. နောက်ဆက်တွဲ နာကျင်မှုတွေ မခံစားရဘူးပေါ့...
ပုံလေးကိုတော့ အရမ်းသဘောကျတယ်...

ဇင်ယော် said...

အိမ်မက်လမ်းကလေးကို လာငေးသွားတယ်ဗျ။ အစ်ကိုရိုက်ပြလိုက်တော့လည်း လမ်းလေးက လျှောက်ချင်စရာလေး။ အဟဲ အစ်မတူးတူးသာ ပြောသလိုပဲ ဒီနိုင်ငံမှာ အနွေးထည်မှ ၀တ်မရပဲနော။ လမ်းအတူ လျှောက်ရင်း မိုးရွာချရင်တော့ ထီးအတူ ဆောင်းဖို့ ဖြစ်နိုင်ပါတယ်လေ။

Welcome said...

တိုက်နံရံဘေးက ခုံတန်းလျားလေးမှာလဲ မကြာမကြာ ထိုင်ဖြစ်သေးလားဗျာ။ လွမ်းမောဘွယ် ချစ်သူစုံတွဲ လျှောက်လမ်း လေးပါ။
http://winzaw-mdy.blogspot.com

တောင်ပေါ်သား said...

ဓါတ်ပုံလေးက အရမ်းလှတယ်ဗျာ အိပ်မက်လေးက အကောင်အထည် အမြန်ဖော်နိုင်ပါစေလို့.............

ခင်မင်းဇော် said...

ကင်မရာတလုံးရထားတာမို့ တို့တွေတော့ မျက်စေ့ဒုက္ခခံနေရတာပေါ့လေ။ ရိုက်ချင်သလိုရိုက်ပါ။ ပြီး တွေးချင်သလိုတွေး ရေးချင်သလိုရေး။
ဘလော့မောင်နှမဖြစ်နေတော့လဲ သည်းခံရတာပေါ့လေ။
လာအားပေးနေပါတယ်လေ။ ပို့စ်အသစ်တက်တယ် ဆိုတိုင်း..ခွိခွိ

May Moe said...

မမKOM ပြောတာမဟုတ်ကြောင်း မြန်မြန်သက်သေပြလိုက်ပါ ကိုဂျူလိုင် :P

:P said...

အိပ်မက်ဆိုတော့လည်း အနွေးထည်တွေ ဘာတွေပါလာတာပေါ့လေ.. ခွေးလွှတ်ပါတယ်

little moon said...

nice picture

အိတာ said...

Romance...It rocks!!

flowerworld said...

ကိုဂျူလိုင်ကြီးအဲ့နေရာမှာအပြေးကျင့်ခိုင်းတာလေ ဒွတ်ခပါပဲဘယ်လိုလုပ်အိမ်မက်လုပ်နေတာလဲ ၀ိတ်အရင်ချပါဆို..ဟင်းးးးးးးးးးမပြောချင်ဘူးပြောကိုမပြောချင်ဘူး

mirror said...

မင်္ဂလာပါ အစ်ကိုရေ့
ဓာတ်ပုံဝါသနာပါတာချင်းတော့တူနေပီ
ကောင်းလိုက်တာ ပုံလေးက...
အိပ်မက်တွေဆက်မက်ပါ
တစ်နေ့ အိမ်မက်တွေက အစ်ကို့ကိုသယ်ဆောင်သွားပါလိမ့်မယ်..
(ဟဲဟဲ ဆရာမကြီးလေသံနဲ့)

su wai said...

ကိုဇူလိုင်ကြီးတို့ ကဗျာဆန်နေပုံများနော်.. အိပ်မက်လမ်း တဲ့.. အဟက်
လမ်းလေးက လှတော့ ဆုဝေလဲ သူနဲ့အတူ လျှောက်ချင်သား… စိတ်ကူးယဉ်ကြည့်တာပါ

strike said...

ခင်ဗျား ဒီပုံနဲ့ဆိုရင်ဆောင်းရာသီရဲ့ မနက်ခင်းမှာ အနွေးထည်ဆင်တူဝတ်ရင်း ဒီလိုလမ်းမှာ၂ယောက်မလျှောက်ရပဲ ဆောင်းရာသီရဲ့ မနက်ခင်း
စစ်ကိုင်းတောင်က စစ်ကိုင်းချောင်လမ်းကြားမှာ သင်္ကန်း
ခေါင်းချုံပြီးတပါးတည်းအအေးကိုအံ့တုနေရမယ်နော်။

ပန်းခရမ်းပြာ said...

ဂျူလိုင် အိမ်မက် ဆိုတဲ့ အတိုင်း အိမ်မက်လှလှတွေ မက်နေတာကိုး။ အိမ်မက်တွေ တကယ် အသက်ဝင် လာပါစေ။

RED said...

အဲ့ဒီနေရာလား ဒီ၉၀ ကြီးရိုက်ပြီးလုလို့ကောင်းတဲ့နေရာ လေးပေါ့။ ဟီးး နောက်ဘယ်တော့ လောက်သွားဦးမလဲ ချောင်ပြိး ဒီ၉၀ လုရအောင်လို့။

Ionsis said...

parasomnia ဆိုတာ ကြားဖူးလားဟင် ကဂျူလိုင်.. ဟီးဟီး :P.. (ဟုတ်ကဲ့၊ မစရ မနေနိုင်လို့ပါ :D)

Anonymous said...

မိုက်တယ်ဗျား အတွေးလေးကောင်းတယ်

shin said...

Love the photo...It really match with the poem...keep it up!