.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, March 25, 2009

Are you my Type?-Campaign



စင်္ကာပူကြက်ခြေနီရဲ့ သွေးလှူရှင်စုဆောင်းရေး လုပ်ငန်းမှာ Are you my Type? ဆိုတဲ့ Campaign ကာလကို Oct 2008- Mar 2009 အထိလို့ သတ်မှတ်ခဲ့ပြီး သွေးလှူဒါန်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလက ၂၀၀၉ ခုနှစ် မတ်လ ဖြစ်တဲ့အတွက် ဒီလှုပ်ရှားမှုရဲ့ နောက်ဆုံးလလို့ ပြောလို့ရပါတယ်။ မတ်လနောက်ပိုင်းမှာ အခြား Campaignကို ဆက်လက် အကောင်အထည်ဖော်ကြမှာပါ။ ဒါကြောင့် အခုပွဲလေးဟာ Are you my Type? ဆိုတဲ့ Campaign ရဲ့ နောက်ပိတ်ဆုံး သွေးလှူပွဲတစ်ခုအနေနဲ့ ကျင်းပတာပါ။ အခုပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သွေးလှူရှင်အသစ်တွေ စုဆောင်းရရှိရေးပါပဲ။ တစ်ကြိမ်တစ်ခါမှ သွေးမလှူဖူးသေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို Voluntary non-remunerated Blood Donor စေတနာသွေးလှူရှင်တွေ ဖြစ်လာအောင် သွေးလှူရှင်အချင်းချင်း လူငယ်အချင်းချင်း အားပေးစည်းရုံး ပညာပေးပြီး သွေးဘဏ်ကို ခေါ်ဆောင်လာပေးဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

အကယ်လို့ အချိန်လေးများ ပေးနိုင်ရင် သွေးဘဏ်ကို အလည်လာပြီး လေ့လာစေလိုပါတယ်။ အဆင်ပြေရင် သွေးလှူဒါန်းဖို့လည်း တိုက်တွန်းလိုက်ပါရစေ...

Activities
1. Buddy up! Give Blood save life!
2. Tour of the Bloodbank
3. Photo time with Blood buddies
4. Tea & Snacks

Date : Saturday, March 28, 2009
Time : 9am-4pm

Venue : Bloodbank@ HSA, 11 Outram Road
(opposite Outram Park MRT station - Green line)

7 comments:

နှင်းပွင့်ဖြူ said...

တစ်ခါမှ သွေးမလှူဘူးသေးဘူး လှူချင်တယ်..
စင်ကာပူရောက်ရင် သွေးလာလှူမယ်

khin oo may said...

အင်း.. ရူးချင်ယောင်ဆောင်သွားသည်။

tune said...

ဒီပို့စ်လေး ph in myanmar မှာ တင်လို့ ရတယ်လေ။
တင်ပေးပါလား။
thanks in advance !

မမသီရိ said...

ဒီတစခါရော လှူအုံးမှာလား
၃ လ မပြည့်သေးဘူး နော်
..........
စိတ်ထားလေးက ဂုဏ်ယူစရာ

juli said...

ဇန်နဝါရီလကမှ သွားလှူထားတာပါ.. ဒီလို campaign တွေဘာတွေသိလို့မဟုတ်ပါဘူး။ မွေးနေ့မှာ သူငယ်ချင်းတွေကိုပါခေါ်ပြီး သွားလှူတာ အားလုံး ၆ ယောက်လှူခဲ့ပါတယ်။ မသိပဲနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းလိုက်သလို ဖြစ်သွားတာပေါ့။ မွေးနေ့လက်ဆောင်အဖြစ် Happy Birthday ကဒ်ကလေး ၁ကဒ်ပေးပါတယ်..

pandora said...

မြန်မာပြည်မှာတော့ သွေးလှူရင် တချို့ test တွေ အခမဲ့ စစ်ပြီးသားဖြစ်သွားတယ်နော်။ ဒီမှာတော့ ဘယ်လိုလဲမသိဘူး။
တခါမှ မလှူဖူးပါဘူး။ မြန်မာပြည်မှာတုန်းက ကိုယ်အလေးချိန်ပေါင် မပြည့်လို့ ဘယ်တော့မှ လှူခွင့်မရဘူး။
အခုတော့လည်း ပြည့်သွားပါပြီ။ ဒါပေမယ့် ဟိုဟိုဒီဒီနဲ့ မလှူဖြစ်ပြန်ဘူး။

JulyDream said...

ဝက်သိုးရယ်...
စကာင်္ပူရောက်မှ လှူမယ်လုပ်မနေပါနဲ့။ ညည်း လက်ရှိနေတဲ့ နေရာမှာလည်း သွေးလိုတဲ့ လူနာတွေ ရှိနေမှာပဲလေ။ အဲဒီတော့ အဲဒီမှာ အရင် လှူပေါ့။ ဟုတ်ပြီလား။

ဆြာမ...
ခဏ ခဏ ရူးချင်ယောင် မဆောင်နဲ့လေ။ ကြက်ဥတွေ စားထားတော့ ဟေမိုဂလိုဗင် အားကောင်းမယ့် သဘောမှာ ရှိတယ်။

မကျွန်းရေ...
အဲဒါက စင်္ကာပူလေ။ Public Health in Myanmar မှာ ဘယ်တင်လို့ ကောင်းမလဲနော့။ မဟုတ်ဘူးလား။

မမသီရီရေ...
၃ လ မပြည့်သေးလို့ ကျွန်တော် မလှူပါ။ ဒါပေမယ့် အဲဒီပွဲမှာတော့ လုပ်အားပေးအနေနဲ့ ကျွန်တော် ရှိနေပါမယ်။

မျိုးရေ...
ဇန်န၀ါရီ လဆန်းပိုင်းလောက်မှာ လှူခဲ့တာဆိုရင် အခုတခေါက်မှာ ပြန်လှူလို့ ရမယ် ထင်ပါတယ်။ နောက်တခါလှူဖို့က ၁၂ ပတ်ပဲ စောင့်ခိုင်းတာလေ။

မပန်ရေ...
သွေးကတော့ Post test ပါ။ လှူပြီးမှ စစ်တာပါ။ ဒါကြောင့် သွေးသန့် မသန့်ကိုတော့ လှူပြီးရင် သိနိုင်ပါတယ်။ နောက်တခါ လှူတဲ့အကြိမ်မှာ သွေးဆက်လှူလို့ ရတယ်ဆိုရင် ကိုယ့်သွေးမှာ ရောဂါကင်းတယ်လို့ ယူဆနိုင်ပါတယ်။ အဆင်ပြေရင် ဒီမှာ သွေးလှူကြည့်အုံးပေါ့။