.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, April 23, 2009

Dear Yesterday - 9

မနေ့က သူငယ်ချင်းရဲ့ မွေးနေ့ပါ။ ဒီကောင်နဲ့က ဆယ်တန်းအောင်ပြီးမှ တွေ့ဖြစ်ခဲ့ပေမယ့် အခုချိန်အထိ အတွဲမပျက်သေးပါဘူး။ ဒီကောင်က ဗိုလ်တထောင်ဘက်မှာ နေလို့ သူ့ကို ချီးပိုးထိုးလို့လည်း ခေါ်ကြတယ်။ ဗိုလ်တထောင်မှာ ချီးကန်ကြီးတွေ ရှိတယ်လေ။ ပေပေတေတေ စုတ်စုတ်ပြတ်ပြတ် နေတတ်ပြီး နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ဗလပွနဲ့မို့ သူ့ကို နှုတ်ခမ်းမွှေးလို့လဲ ခေါ်ကြတယ်။ အခုတော့များ သန့်လို့ပြန့်လို့။ အချစ်ရဲ့ တန်ခိုးတွေပေါ့ကွယ်။ သူ့ရဲ့ ချစ်လှစွာသော မမကြောင့်ပဲလား သူကိုယ်တိုင်ကပဲ ပြင်ချင်လို့ ပြင်တာပဲလား မသိဘူး။ အရင်ကထက် ပိုပြီး သေသပ်သားနားလာတယ်။ ဘေးလူတွေအနေနဲ့ ကြည့်ရင် သိပ်မသိသာပေမယ့် ကျွန်တော်ကတော့ သူနဲ့ ၁၀ နှစ်ကျော်ကျော် တွဲလာခဲ့တဲ့ သူငယ်ချင်းဆိုတော့ သူရဲ့ ပြောင်းလဲမှုတွေကို အထင်းသား မြင်နေရတယ်။

ဒီကောင်လည်း လူတစ်မျိုးပဲ။ ပြိဿရာသီဖွား နွားသိုးကြိုးပြတ် ရှူးရှဲငနဲဆိုရင် သူမှ သူပါပဲ။ ဒီကောင်က သူငယ်ချင်းတွေအပေါ် အနွံနာခံတယ်။ ဒါပေမယ့် သဘောထားချင်း မတိုက်ဆိုင်ရင် ရှူးရှဲလုပ်တတ်တယ်။ ဒီကောင်နဲ့ တွဲလာခဲ့တဲ့ သက်တမ်းတလျှောက် ဒီကောင် ၀ူးဝါးရှူးရှဲလုပ်တာကို ခဏခဏ ကြုံဖူးနေတော့ ကျွန်တော်မှာ အရီအပြုံးတောင် မပျက်တော့ဘူး။ သူ့ဘာသာသူ ရှူးရှဲလည်း ကိုယ်ကတော့ အေးဆေးပဲ။ ဒီကောင်က ကျောင်းစာလည်း ကြိုးစားသင့်သလောက် ကြိုးစားတယ်။ ဇွဲရှိသလောက် အလုပ်တစ်ခုကို မလုပ်ချင်ရင်လည်း လှည့်မကြည့်ပဲ ပစ်ထားတတ်တယ်။ ဒီကောင်က ပေါင်းရသင်းရခက်တဲ့ လူမဟုတ်ပေမယ့် လူတွေအကြားမှာ မတူတာတော့ အမှန်ပါပဲ။ အဲဒါကြောင့်လည်း အမြုတေရှိရာ အမြုတေလာ ဆိုသလိုမျိုး ဓါတ်တူနံတူ စုမိပြီး ကျွန်တော့် သူငယ်ချင်း ဖြစ်နေတာပေါ့။ သိတဲ့အတိုင်း ကျွန်တော်ကလည်း လူ့ဂွစာပဲလေ။

ဒီကောင်အတွက် မွေးနေ့ဆုတောင်းကို မနက်ရုံးသွားတဲ့အချိန်မှာ ဖုန်းနဲ့ မတ်ဆေ့ခ်ျပို့လိုက်တယ်။ သူကတော့ ပျော်နေရှာမှာပဲ။ သူရဲ့ ချစ်မမနဲ့ ဘုန်းကြီးကျောင်းသွားမယ် ဆိုတာ သိထားတာကိုး။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာဘူး။ မမက သူ့ချိန်းထားတဲ့အချိန်အတိုင်း ဘုန်းကြီးကျောင်းကို အရောက်လာပေမယ့် သူသွားစီးချင်တဲ့ စင်္ကာပူရဟတ်ကြီးကို မလိုက်ချင်ဘူး ဖြစ်နေတယ်။ သူ့မမက ဗိုက်အောင့်နေလို့ ဆိုပြီး အကြောင်းပြတယ်။ အဲဒါနဲ့ ဒီကောင်က သူ့မွေးနေ့မှာ ချားမစီးရလို့ စိတ်တိုတော်မူတယ်။ ခက်တာပဲနော်။ အဲဒီလိုဖြစ်နေမှန်း သိရင် ဒီကောင်ကို ကျွန်တော့်ရုံးအပြန်မှာ အိမ်ခေါ်ပြီး ချားစီးခိုင်းပါတယ်။ စီးချင်တဲ့ ချားကို အ၀စီးခိုင်းပါတယ်။

အဲဒီကိစ္စမှာ ဘယ်သူမှားတယ် မှန်တယ်လို့တော့ မဝေဖန်ချင်ပါဘူးဆိုပေမယ့် တကယ်တော့ နှစ်ယောက်စလုံး အပြစ်မရှိသလို နှစ်ယောက်စလုံးမှာ အပြစ်ရှိပါတယ်။ အပြစ်မရှိဘူးဆိုတာက မွေးနေ့ရှင်ကလည်း ချစ်သူနဲ့ မွေးနေ့မှာ အမှတ်တရဖြစ်စေချင်တယ်။ သူ့မွေးနေ့ဖြစ်လို့ ချစ်မမက လိုက်လျောပေးမယ် ထင်ထားတယ်။ ဒါပေမယ့် အဲဒီအချိန် ချစ်မမမှာလည်း ဝေဒနာ ရင်မှာ ပိုက်ပါလို့ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဟိုဟိုဒီဒီ လျှောက်သွားဖို့ကို စိတ်မ၀င်စားတာ ဖြစ်နိုင်တယ်။ ဗိုက်အောင့်နေတယ် ဆိုတော့လည်း ကျန်းမာရေးအရ အနားယူသင့်တယ်။ ဒီကောင် ချိန်းတဲ့နေရာအထိ အရောက်လာတာနဲ့တင် ကျေနပ်သင့်တယ်။ အဲဒါကြောင့် အပြစ်မရှိဘူး။ အပြစ်မရှိတဲ့အတွက် ၀မ်းသာတဲ့အထိမ်းအမှတ်အဖြစ် ဆူရှီကျွေးဖို့ ပြင်ထားသင့်ပါတယ်။

အကြောင်းပြချက် သက်သက်ပေးဖို့ လီဆယ်တယ်ဆိုရင်တော့ မမမှာ အပြစ်ရှိတယ်။ ချစ်သူအပေါ် နွဲ့ဆိုး ဆိုးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကတော့ အခြေအနေနဲ့ အချိန်အခါအပေါ်မှာ ကြည့်ပြီးမှ ဆိုးသင့်တယ်။ ချစ်သူရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုသလိုမျိုး မဖြစ်သင့်ဘူး။ ဒီလိုပဲ ဒီကောင်ကလည်း ချစ်သူသက်တမ်းမှာ အချိန်ပေး နားလည် အလျှော့ပေးခဲ့သမျှ ဘာဖြစ်လို့ ဒီတစ်ခါရောက်မှ မာနတံခွန်ထူသွားလဲ မသိဘူး။ မမကို သူ့လောက် ချစ်တာလည်း သူပဲ။ မချစ်တာလည်း မဟုတ်။ အခုကျမှ မီးတောင်ပေါက်သလို ရှူးရှဲဖြစ်သွားတယ်။ ဘာမှမဟုတ်တာကို ဇာချဲ့တဲ့အတွက် ဒီကောင်လည်း အပြစ်ရှိတယ်။ အပြစ်ရှိတဲ့အတွက် ချားစီးတဲ့အခါကျရင် စရိတ်ခံခေါ်ဖို့ တာဝန်ယူသင့်တယ်။ ချားအတူတူ စီးကြတာပေါ့လေ။

မနေ့က ရုံးမှာ တရုတ်မတစ်ယောက် မြွေဖမ်းသေးတယ်။ ကျွန်တော်နဲ့ ရာထူးတူပေမယ့် ဌာနမတူတဲ့ဟာကို ဘာတွေများ ဂျေဝင်နေလို့လဲ မသိပါဘူး။ အတိုက်အခိုက်တွေ များနေတယ်။ သူ့ကိုင်ထားတဲ့ ပရောဂျက်က အချက်အလက်တွေကို စီနီယာမန်နေဂျာက လိုချင်လို့ဆိုပြီး ကျွန်တော်ဆီက လှမ်းတောင်းတယ်။ အဲဒီတော့ သူ့ဆီက တောင်းထားတာ တနေ့ကတည်းက။ သူက အလုပ်မအားလို့ ညကျရင် ပို့ပေးပါမယ်တဲ့။ ညဘက် ၁ နာရီအထိ စောင့်နေတာလည်း ဘာမှ မပို့ဘူး။ အဲဒီတော့ မနေ့က ညနေပိုင်းမှာ သူ့စားပွဲကို သွားပြီး မေးတော့ သူ ဒီလောက် အလုပ်များနေတာ မတွေ့ဘူးလား။ အချိန်မရှိဘူး။ နားလည်လား ဘာလာ ညာလားနဲ့ ကျွန်တော့်ကို ကဗျာလွတ် သိုင်းကွက်တွေနဲ့ ဆော်ပလော်တီးသွားတယ်။ သူ့ဆီ အီးမေးလ် ပို့ပြီး အခြေအနေ မေးထားတာကို သူကမှ စာမပြန်တော့ လူကိုယ်တိုင် လာမေးရတာပေါ့။ ဒါတောင် ညနေပိုင်းမှ မေးတာပါ။ မနက်ခင်းမှာ လွှတ်ပေးထားသေးတယ်။ မမေးလို့ မရတော့တဲ့အချိန်မို့ ကျွန်တော်လည်း မေးရတာပဲလေ။ မဟုတ်ရင် သူ့ပထွေးတွေကို ကျွန်တော်က ဘာပြန်ဖြေရမှာလဲ။ ကြည့်ရတာ စီနီယာမန်နေဂျာက သူ့ဆီက တိုက်ရိုက်မတောင်းပဲ ကျွန်တော့်ဆီကနေတဆင့် တောင်းခိုင်းလို့ပဲ ညစ်တွန်းတွန်းတာလား မသိပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကိုယ်က ကြားထဲကနေ ဖရီးကစ် အကန်ခံလိုက်ရတယ်။

မနေ့က တစ်ယောက်သောသူ နေမကောင်းဘူး။ အစားမှားပြီး လက်ချောင်းလေးတွေ ယောင်နေတယ်တဲ့။ ဘာစားမိလို့လဲဆိုတော့ ငါးခြောက်နဲ့ ငါးပိတဲ့။ ကြည့်ရတာ မျောက်ရောဂါ ထင်တယ်နော်။ မျောက်က ငပိဆို အသေကြောက်တာပဲလေ။ လက်ချောင်းထဲက သွေးကြောမျှင်လေးတွေ ဖောင်းတာ ဆိုပဲ။ ဘယ်ဘက်လက်ပဲ ဖြစ်တာတဲ့။ ဆေးခန်းပြပြီး ဆေးသောက်ထားတယ်။ ဒါကြောင့် ဒီနေ့တောင် အွန်လိုင်း မလာခိုင်းထားဘူး။ အိမ်မှာပဲ နားနားနေနေ နေခိုင်းထားတယ်။ မနက်တစ်ခါ နေ့လည်တခါ ညနေတစ်ခါ ဖုန်းဆက်ဖြစ်တယ်။ အဝေးကနေပဲ ဂရုစိုက်နေရတဲ့ ဘ၀ဆိုတော့လည်း အားမလို အားမရတော့ ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း အနားမှာ အတူရှိနေနိုင်ပြီး မာနတွေ ခ၀ါမချနိုင်တဲ့ ချစ်သူတွေနဲ့ ယှဉ်ရင်... ကိုယ့်အချစ်က ပိုပါတယ်လို့ပဲ ပြောရမလားပဲနော်။ အဟက်...

16 comments:

သီဟသစ် said...

ကိုဂျူလိုင်ရေ..
အဝေးကနေ ဂရုစိုက်နေရတာ အားမရတော့ရင် ခေါ်ထားပေါ့ဗျာ..

Good Luck for everything..

strike said...

..ဘာများလဲလို့ဖတ်နေမိပါတယ် သူမှာအီစကလီရှိနေပါပြီဆိုတာရေးထားတာပါလား ဘုရား ဘုရား..အသက်ကြီးမှကြုံဘူးတော့လည်း မျောက်ဒူးရင်းသီးရလိုပါပဲလား

MA Reader said...

ဟားဟား
ချားအကြောင်းမှတ်တယ်
လိပ်ကြီးအကြောင်းဖြစ်နေတာကိုး
ခွိခွိ

JulyDream said...

အိမ်း... ပေးကား ပေး၏ မရ ဆိုတာ ဒါမျိုးပဲပေါ့။ အဓိက ပေးချင်တာကို ပေးချင်တဲ့သူဆီ ရောက်ရင် ကျေနပ်ပါတယ်လေ။ သေချာဖတ်လော့...

Anonymous said...

ဆန်းပါ့ ရောဂါကလဲ ငါးပိ၊ငါးခြောက်စားရုံနဲ့
လက်ေ၇ာင်လာတယ်ဆိုတော့ ဧကံန ဘယ်ချောင်ထဲ လက်သွားနှိုက်လိုက်လို့ တကောင်ကောင်ကိုက်လိုက်တာနေမှာပါဗျာ။

strike said...

လက်ချောင်းထဲက သွေးကြောမျှင်လေးတွေ ဖောင်းလာတယ်ဆိုတော့ လက်ထိုးထည့်ရင်မကိုက်တတ်ပဲ ငုံပြီး တပြွတ်ပြွတ်စုပ်တယ့်သူနဲ့တွေ့သွားလို့ဖြစ်မယ်

ပန်းခရမ်းပြာ said...

နွားသိုး ကြိုးပြတ်
ချား ရဟတ်စီး
မျောက် ငပိကိုင်
အဲ ... ကိုဂျူလိုင် အချစ်က ပိုပါတယ်။

မိုးခါး said...

အဲ့
ရေးထားလိုက်တာ စုံနေတာပဲ
ချစ်ပါ ချစ်ပါ ချစ်ကြပေါ့ :D

juli said...

ဖတ်ပြီးတော့ ချားစီးလိုက်ရသလိုပဲ (အဲ ရဟတ်စီးလိုက်ရသလိုပဲ) ချာလည်ချာလည် ဖြစ်သွားတယ်....

Anonymous said...

အဲ..ကျောက်မြောင်းသား သူငယ်ချင်းမွေးနေ့က ဦးဥာဏ်
မွေးနေ့နဲ့တူတယ်...

ဒါနဲ့ ကိုယ့်အချစ်ကပိုတယ်ပြောပြီး ပြောလိုက်တာ ပြစ်ပြစ်နှစ်နှစ်... မျောက်ရောဂါ တဲ့ .. ဖြစ်ပုံများးးးး)

အစ်မတို့ကို အားမကျဘူးလား... အနားခေါ်ထားလိုက်
ပေါ့ကွယ်..း)

ပျော်ရွှင်ပါစေ.

Rita said...

မနက်တစ်ခါ နေ့လည်တခါ ညနေတစ်ခါ

အဟမ်း အဟမ်း အဟမ်း
(၃ခါပဲ ဟမ်း ဦးမယ်)

ကလူသစ် said...

ဒီခေါ်ဖို့ သိတ်ခက်ခဲနေရင် အလွယ်ဆုံးကတော့ ကိုယ်ပြန်လိုက်လေ။ :)

မြစ်ကျိုးအင်း said...

ကိုယ့်အချစ်မှ မပိုရင် ရှော့၇ှိတယ် ကိုဂျူလိုင်ရေ
...ခင်မင်သောအားဖြင့်...(မြစ်ကျိုးအင်း)

Moe Cho Thinn said...

သူ အဲဒီလို သူငယ်ချင်းအကြောင်း ရေးသလိုလိုနဲ့ သူ့မှာ ချစ်ချစ်ရှိကြောင်း ကပ်ကပ်ကြွားတာ ခံရပေါင်းများပြီ။

အဲဒီလို လက်တဖက်တည်း ယောင်နေတာ မပေါ့နဲ့၊ အရေးကြီးတယ်။ သွေးတဖက်တည်း တိုးနေတာလဲ ဖြစ်နိုင်တယ်။
ကိုဂျူလိုင် မျောက်မီးခဲ ကိုင်မိသလို ဖြစ်အောင် တမင်ပြောလိုက်တာ..:)

ဖိုးသင်္ကြန် said...

ခုလို အသက်အရွယ်ရောက်သွားတာတောင် စွံ့တယ်လို့ကြားရတာ ဂုဏ်ယူပါတယ်အကို။

:P

JulyDream said...

ရက်ရက်စက်စက်ကို အားပေးနေကြတာပဲနော်။ ဘယ်အငြိုးတွေနဲ့ ချောင်ပိတ်ရိုက်နေသလဲပဲ။ အဟား...