.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, April 25, 2009

Need to control

အက်ရှင်မင်းသား ဂျက်ကီချန်းကတော့ တရုတ်ပြည်သူတွေ ထိန်းချုပ်မှု လိုအပ်တယ်လို့ ဟိုတလောလေးက ပြောသွားတယ်။ ထိန်းသိမ်း နေထိုင်သင့်တယ်လို့ ကျွန်တော်လည်း ပြောချင်ပေမယ့် ဂျက်ကီချန်း ပြောခဲ့တာနဲ့ မတူပါဘူး။ ဂျက်ကီချန်းက တရုတ်ပြည်သူတွေကို အဓိကထား ပြောသွားတာပါ။ ကျွန်တော်ကတော့ စင်္ကာပူမှာ နေထိုင်နေတဲ့ အနည်းငယ်သော မြန်မာအမျိုးသမီးတချို့ကို ရည်ရွယ်ပါတယ်။

ဒီစာကို ရေးသင့်မရေးသင့် စဉ်းစားပေမယ့် စိတ်ထဲမှာ ကျလိကျလိဖြစ်နေတော့လည်း နောက်ဆုံးမှာတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ချရေးလိုက်ဖို့ ဆုံးဖြတ်မိပါတယ်။ အ၀ါရောင်ဂျာနယ်လစ်ဇင် သဘောမျိုး အတင်းအဖျင်း အညှီအဟောက်တွေကို အာသာငမ်းငမ်း ရေးချင်လို့ အခုစာကို ရေးတာ မဟုတ်ပါဘူး။ ကိုညီလင်းဆက်ရဲ့ ဘလော့မှာ တင်ထားတဲ့ သင်္ကြန်ကာလအတွင်း စိမ်းလန်းစိုပြေပန်းခြံထဲက ရေကူးကန်ထဲမှာ လူမြင်မတော်တဲ့ အမှုကိစ္စတွေလုပ်နေကြတဲ့ စုံတွဲတွေအကြောင်းကို ရေးထားတဲ့ သင်္ကြန်ပြာပြာရေကူးကန်မှာ ဆိုတာကို ဖတ်မိပြီး ဒီမှာလည်း အမြင်မတော်တဲ့ ကိစ္စလေးတွေကို မဆီမဆိုင် တွေးမိပြီး ရေးချင်လာလို့ ရေးမိတာပါ။

ဟိုတလောက သူငယ်ချင်းက ကျွန်တော့်ကို ပြောပြတယ်။ သူ့အိမ်မှာ အတူစုနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ မိန်းမက အိမ်မှာနေရင် အတွင်းခံ ဘရာစီယာ မ၀တ်ပဲ နေတဲ့အကြောင်းပါ။ ဧည့်သည့်တွေ လာရင်လည်း အဲဒီပုံစံပါပဲတဲ့။ ကျောသားရင်သား မခွဲခြားတဲ့ မိန်းမမျိုးမဟုတ်ပဲ ပန်းသီးမက ကျွဲကောသီးမကျ အရွယ်ကြီးနဲ့ အတွင်းခံ မ၀တ်ပဲ အိမ်ထဲမှာ သွားလာ လှုပ်ရှားနေတာ အမြင်မတော်ဘူးဆိုတဲ့ အကြောင်းပါ။ အိမ်ထောင်ရှင် အမျိုးသမီးဖြစ်လို့ လက်လွတ်စံပါယ် နေတာမျိုးဖြစ်ပေမယ့် အိမ်မှာအတူနေတဲ့ ယောကျာ်းသားတွေအတွက် စိတ်မသက်မသာ ဖြစ်စေပါတယ်။ အနေအထိုင် ခက်စေပါတယ်။ ကာယကံရှင်အနေနဲ့ မသိတတ်တာပဲလား၊ ဆင်ခြင်ရမယ့် အပြုအမူတစ်ခုလို့ မယူဆတာပဲလား။

အဲဒီအိမ်မှာ ကျွန်တော်နေဖူးပါတယ်။ စင်္ကာပူကို အလုပ်ရှာဖို့ လာတုန်းက အိမ်ခန်းရှာမရသေးတဲ့ အချိန်အထိ အဲဒီအိမ်မှာ ၂ ပတ်လောက် ခေတ္တ နေခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဲဒီအိမ်မှာ ယောကျာ်းသားတွေပါပဲ။ ယောကျာ်းသားတွေပဲ နေကြလို့ ထမင်းစားခန်းမှာ ဧည့်ခန်းမှာ အပေါ်ပိုင်းကိုယ်ဗလာနဲ့ ဒူးထောင်ပေါင်ကား ပေါ့ပေါ့ပါးပါး နေတဲ့သူတွေ ရှိပါတယ်။ နောက်ပိုင်းတော့ အလုပ်နဲ့နီးရာ ပြောင်းကုန်တဲ့သူနဲ့ ပီအာရလို့ အိမ်ကမိန်းမကို လှမ်းခေါ်တဲ့ သူနဲ့ဖြစ်ကုန်ပြီး အိမ်မှာ ယောကျာ်းသားတွေပဲ မဟုတ်တော့ပါဘူး။ အိမ်မှာ မိန်းမသားရှိတဲ့အတွက် ယောကျာ်းသားတွေက အနေအထိုင် ဆင်ခြင်သွားပါတယ်။ ဧည့်ခန်းထဲမှာ အရင်လို ကိုယ်လုံးတီးနဲ့ မနေကြပါဘူး။ ဒူးထောင်ပေါင်ကား မနေကြပါဘူး။ ညစ်ညစ်ပတ်ပတ်တွေ မပြောတော့ပါဘူး။

ယောကျာ်းသားတွေအနေနဲ့တောင် ဆင်ခြင်နေထိုင်ပေးရင် မိန်းမသားဘက်ကလည်း အထိုက်အလျှောက် ဆင်ခြင်နေထိုင်သင့်ပါတယ်။ တစ်အိမ်တည်းနေ မောင်နှမတွေလို အကျင့်သီလ စာရိတ္တကို ယုံကြည်လို့ဆိုရင် မြန်မာပြည်က မိဘမောင်ဘွားတွေ အရှေ့မှာ အခုလိုပဲ အတွင်းခံမ၀တ်ပဲ လှုပ်လီလှုပ်လဲ့ နေထိုင်ကြပါသလား။ နိုင်ငံခြားရောက်နေပြီဆိုတိုင်း အနောက်တိုင်းဆန်ဆန် စိတ်လွတ်ကိုယ်လွတ် နေထိုင်နေတာလား။ စင်္ကာပူရဲ့ အပူဒဏ်ကို မခံနိုင်လို့ပဲ အ၀တ်တွေ လျှော့ထားတာလား။ အိမ်ထောင်ရှင်ဖြစ်နေလို့ အရှက်အကြောက်တွေကို အလေးမထားတော့တာလား။ အပျိုဘ၀တုန်းကဆို ဒီလိုမျိုး နေပါ့မလား။ လားပေါင်းများစွာနဲ့ မေးခွန်းတွေ ခေါင်းထဲမှာ အစီအရီ ပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ပါစေ တစ်အိမ်တည်းနေ အခြားသော ယောကျာ်းသားတွေ အနေမခက်စေဖို့အတွက် အဲဒီလိုဘရာစီယာမ၀တ်ပဲ မနေသင့်ဘူးလို့ပဲ ကျွန်တော် မြင်မိပါတယ်။ သိသာသိစေ မမြင်စေနဲ့ပေါ့ဗျာ။

အမြင်မတော်တဲ့ နောက်တစ်ခုက ည၀တ်ဂါဝန်ဝမ်းဆက်ကြီးနဲ့ မနက်ပိုင်းမှာ ဈေးသွားဈေးလာ လုပ်နေကြတဲ့ မိန်းမတွေပါပဲ။ မြန်မာတွေတင် မဟုတ်ပါဘူး။ ကုလားမတွေလည်း အဲဒါကြီးဝတ်ပြီး အပြင်ထွက်နေတာ တွေ့ဖူးပါတယ်။ ကိုယ့်အိမ်ထဲမှာ ဒါမျိုးဝတ်တာကို ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် ကုတင်ပေါ်တက်မယ့် ယူနီဖောင်းကြီးနဲ့ လူမြင်ကွင်းကို ထွက်လာတာ မကောင်းပါဘူး။ အဲဒါကြီး ၀တ်လို့ လှတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်ကို ခဏတဖြုတ် ထွက်တဲ့အချိန်လေးအတွက် အ၀တ်လဲရမှာကို ပျင်းပြီး အလွယ်လိုက်ကြပုံပဲ။ တောင်းမှာအကွပ် လူမှာအ၀တ်ဆိုသလို ကိုယ့်ရဲ့တန်ဖိုးကို လူတကာအလည်မှာ ချပြတာပါပဲ။ ညအိပ်ရာဝင် အလှစစ်ကို ထုတ်ကြွားသလားပဲနော်။ အဲဒီလို ညအိပ်အ၀တ်မျိုးက အပြင်ထွက်တဲ့အချိန်မှာ မ၀တ်ရဘူးလို့ ဘယ်သူမှ အမိန့်မထုတ်သလို ဘယ်ဥပဒေမှာလည်း မပြဌာန်းထားပေမယ့် လူမြင်မတော်ဘူးလို့ ရိုးသားစွာ ထင်မိတယ်။ လူမြင်မတော်တာမျိုး မဖြစ်ရအောင် အ၀တ်လဲရမယ့် အချိန်လေးကို မနှမြောသင့်ပါဘူးဗျာ။

မြင်တာတွေကို မြင်မိလို့ ပြောချင်တာတွေကို ပြောမိပါတယ်။ ထိန်းသင့်တယ်လို့ မြင်ရင် ထိန်းကြပါကွယ်။

15 comments:

ကလူသစ် said...

ကလူသစ်အတွက်ကတော့ ကိစ္စမရှိပေါင်။ ပြတော့လဲ ကြည့်လိုက်တာပေါ့။ အပျိုဆိုရင်ပြောပါတယ်။ အအိုကတော့ မျက်စိနောက်ပါတယ်ကွယ်။

chocothazin said...

မှတ်သားသွားပါတယ်။

Anonymous said...

အင်း... ကျနော့်အထင်တော့ တယောက်ယောက်ကိုမြူဆွယ်နေတာ နေမှာပဲ
ရမ်းတုတ်လိုက်တာ ဟီး...

Dream said...

အင်း... ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး..

ဆင်ခြင်သင့်စရာတွေပေါ့လေ... လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အသိတရားနဲ့ ပဲဆိုင်တယ်လို့ပဲ ပြောချင်တော့တယ်..နော်...

မက်မက်တို့ အိမ်မှာလဲ အနေအထိုင် ၊ အပြောအဆို မဆင်ခြင်တဲ့ မိန်းကလေးတွေ မြင်နေရတော့ တော်တော် ရင်မောတယ်။ ပြောလည်း ခွေးမြီးကောက် တွေလေ... ဒီတော့ကိုယ့်ကိုပဲ လူမုန်းခံရတယ်... နောက်တော့လည်း ကိုယ်က အနေသာကြီးလေ... မပြောတော့ဘူး.. အိမ်မှာက မက်မက်အစ်ကိုတွေနဲ့ အတူတူနေကြရတာ ဆိုတော့ မကောင်းဘူးလေနော့်။

ဟူးးးးးးးး မိန်းကလေး အပျို အအိုတွေ ကိုယ်ပိုင်အသိ လက်လွတ်နေတဲ့သူတွေ အများကြိးပါလားနော်....

မယ့်ကိုး said...

ကိုယ့်ကိုကိုယ် မြန်မာမဟုတ်ဘူးလို့  အတိအလင်းရေးခဲ့ပြီး...အမြင်မတော်တဲ့ မြန်မာအမျိုးသမီးတစ်ချို့  တွေ့ တော့ စိတ်တိုနေတာလား...

အမောင် ဂျူလိုင်ရဲ့  စေတနာကို တစ်ချို့ က နာစရာထင်သွားမှာလည်း စိုးပါတယ်...

poemflower said...

ကိုဂျူလိုင်ရဲ့ အမြင်တွေမှန်ပါတယ်.. မလုပ်သင့်ပါဘူးအများနဲ့စုနေရင် ပိုတောင် ဆင်ခြင်ရပါတယ်

ကလူသစ် said...

မြန်မာပြည်ပေါက်တရုတ်ဆိုပေမဲ့ မြန်မာပြည်ကိုချစ်ပြီး မြန်မာလူမျိုးတွေကို သံယောဇဉ်ရှိကြပါတယ်။ အများအားဖြင့်လဲ မြန်မာလို့ပဲ ကိုယ့်ကိုကိုယ်သတ်မှတ်ကြပါတယ်။ တချို့တချို့သော ဆရာကြီးသမားကြီးများကသာ အသားအရောင်လူမျိုးခွဲပြီး ပြောဆိုရေးသားကြတာပါ။ ကျောက်ဆည်သားမြန်မာစစ်စစ်ကြီး အကြောင်းလဲ သိသားနဲ့ဗျာ။ အသားအရောင်လူမျိုးပေါ်မှုမတည်ပါဘူး။ လူပေါ်ပဲမူတည်ပါတယ်။

thawzin said...

အရမ်းတန်ဖိုးရှိပါတယ်ဗျာ.....
မြန်မာမိန်းကလေးတွေများများဖတ်သင့်ပါတယ်
ဟိတိဩတ္တပ္ပတရားတွေလဲလောကကြီးကင်းဆိတ်တော့မယ် ထင်ပါတယ်ဗျာ..... လောကကြီးကိုစောင့်ရှောက်နေကြတဲ့ အဲဒီ ၂ ပါးသောတရားကြီးမရှိတော့ရင်လောကကြီးပျက်ဆီးကြောင်းပဲဗျို့..
ကျေးဇူးတင်ပါတယ် အကိုရဲ့အမျိုးသားရေးစိတ်ဓါတ်ကိုလဲ လေးစားပါတယ်

Phyo Maw said...

:)
ကလူသစ် အပေါ်ဆုံးမှာ ပြောခဲ့တာကို ထောက်ခံတယ်။

ဂျပန်ကောင်လေး said...

အစ်ကိုရေ... ထပ်ပြီးတော့ မြန်မာတွေ Living Together ကိစ္စကိုရေးပါဦး..း)

Anonymous said...

တောင်းဆိုသူ ထောက်ခံသူတွေ မနည်းကြပါလား။ မိန်းခလေးတွေ ရှောင်ရမယ့် ဆင်ခြင်ရမယ့် အချက်တွေပါပဲ... ယောက်ကျားလေးတွေ အတွက်ကော မရှိဘူးလားရှင့်...

Anonymous said...

တောင်းဆိုသူ ထောက်ခံသူတွေ မနည်းကြပါလား။ မိန်းခလေးတွေ ရှောင်ရမယ့် ဆင်ခြင်ရမယ့် အချက်တွေပါပဲ... ယောက်ကျားလေးတွေ အတွက်ကော မရှိဘူးလားရှင့်...

strike said...

...အယ့်လိုမျိုးတွေဝတ်ပြတော့ ဘယ်လိုလုပ်ကြည့်ရဲမှာလဲလို့...

မိုးခါး said...

အပျိုဖြစ်ဖြစ် အအိုဖြစ်ဖြစ် ဆင်ခြင်သင့်ပါတယ် ..
ညီမ ဖွားဖွားကြီးဆိုရင် သေသာသေသွားတယ် သားတွေရှေ့မှာတောင် ဖုံးဖုံးဖိဖိနေသွားခဲ့တာပါ .. ရှေးခေတ်လူကြီးလို့ပဲတချို့ပြောကြမလား ..
ညီမကတော့ အဖွားကို ခုချိန်ထိလေးစားနေမိတာပါပဲ .. ဒီကိစ္စတခုထဲကြောင့်မဟုတ်ပါဘူး .. မိန်းမပီသတဲ့ အရှက်အကြောက်ကြီးတဲ့ အတွေးအခေါ်မှန်ကန်တဲ့ မြန်မာအမျိုးသမီးတယောက်အဖြစ် လေးစားခဲ့တာပါ ..

ပန်းခရမ်းပြာ said...

ည၀တ် ဂါဝန်ကြီးတွေနဲ့ အပြင် ထွက်ကြတာတင် မကဘူး၊ Pajama နဲ့ပါ NTUC ထဲမှာ တွေ့ရသေးတယ်။
ကျောသား ရင်သား မခွဲခြား ဆိုတာ စဉ်းစား လိုက်ရတာနော်။ :D