.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, April 2, 2009

Twin Durian



ရွှေရောင်ဝင်းတဲ့ ဒူးရင်းညီနောင်
စားဖို့မဟုတ် အားကျဖို့ပါ
ကြိုးစားကြကွယ်...

19 comments:

ZT said...

ကိစ္စမရှိဘူး။ နောက်ဆို ဗိုလ်တစ်ထောင် ဆိပ်ကမ်းနားမှာ ပိန္နဲသီးပုံ ဇာတ်ရုံဆောက်မယ်။

ဗီလိန် said...

တနေ့တော့ ဖြစ်လာမှာပါ..............

:P said...

လှတယ်ဟ.... ကိုယ်တိုင်ရိုက်တာ ဟုတ်ပါဒယ်နော်....။

JulyDream said...

ဖူးနုသစ်ZT
ဟုတ်ပဗျာ.. ဗိုလ်တထောင်ဆိပ်ကမ်းမှာ ဆောက်လို့ရတာပဲ။ အဲဒီနေရာမှာ မြေလွတ်တွေ ကျန်သေးတယ်။

ဗီလိန်ရေ...
အဲဒီ နေ့ကို စောင့်မျှော်နေပါတယ်။ လာမည် ကြာမည်ဆိုတော့လည်း ရင်မောရတာပေါ့။

မစင်...
ဟုတ်ကဲ့။ ကျွန်တော် ကိုယ်တိုင် ရိုက်ထားတာပါ။ အဲဒီညက သုံးချောင်းထောက် မပါသွားဘူး။ လက်နဲ့ကိုင်ပြီး ရိုက်ခဲ့တာဆိုတော့ လက်မငြိမ်လို့ ပုံတောင် နည်းနည်းလေး တုန်နေသလိုလိုပဲ။

Thinzar said...

အဲဒီနေရာကို နောက်ခံထားပြီး ဓါတ်ပုံရချင်ရင် ဘယ်နေရာနားလောက်ကနေ ရိုက်ရတာလဲ။ စင်ကာပူသွားတုန်းက မရိုက်လိုက်ရဘူး။ ဘယ်ဘူတာမှာဆင်းရင် အနီးဆုံးလဲ??

ဂျူနို said...

နိုင်ငံခြား တယ်အထင်ကြီးတာပါ့ ကို ဂျူလှိုင်။
ကိုယ်ကတော့ နေပြည်တော်မှာ အုန်းမုန့် ခွက် အမွှာဆို ရပြီ။
ရွှေနန်းရှင်က တိုင်းတပါးဟန်မကြိုက်ဘူး။

strike said...

JDလဲရန်ကုန်အပြန် အသီးကွဲလာကတည်းထဲက တချိန်လုံးဒါမှ ဒါဖြစ်နေတော့တာပဲ

မဆုမွန် said...

တို့မြေမှာ အုန်းသီးအခိုင်လိုက် ပုံဆောက်မယ်ကွ..

Rita said...

ကိုယ်ကတော့ အညာသူ
ထန်းသီးပုံပဲ
ဒီဇိုင်းထုတ်တော့မယ်

khin oo may said...

စားဘဲစားချင်တယ်။

khin oo may said...

စပျစ်ခိုင်ကလေးဆိုရင်လည်းလှနိုင်တယ်။

strike said...

Rita ရယ် ရက်စက်ပ။

Moe Cho Thinn said...

တို့က မလေးရှားမှာတုန်းက စားခဲ့ဖူးတဲ့ King Durian ဆိုတဲ့ ဒူးရင်းသီးမျိုး နောက်တမျိုး ပေါ်ပြန်ပလား ထင်လို့ ပြေးလာတာ။ လုံးလုံး စိတ်နာသွားပြီ။

strike said...

MCT ကလဲစားမယ်ဆိုတာကြီးပဲ
blog owner ရေဆောရီးနော်

JulyDream said...

သဉ္ဇာရေ...
ဘယ်လို သွားရလဲဆိုတာကို ကျွန်တော်လည်း မမှတ်မိဘူးခင်ဗျ။ ညဘက်ကြီး ခြေဦးတည့်ရာ သွားရင် အဲဒီတံတားပေါ်ကို ရောက်သွားတယ်။ အဲဒီကနေ ဒူးရင်းသီးကြီးကို လှမ်းရိုက်လိုက်တာပါ။

အယ်ဂျူနိုရေ...
အထင်ကြီးစရာ ရှိတာကိုတော့ ကျွန်တော် အထင်ကြီးပါတယ်။ အရာရာကိုတော့ မဟုတ်ဘူးပေါ့။ အဲဒါဆို ရွှေနန်းရှင်က အုန်းသီး ကြိုက်တယ်ပေါ့နော်။

Strike...
အသီးကွဲတာနဲ့ ဘာဆိုင်လို့လဲ။ ရေးထားတာကို သဘော မပေါက်ဘူး ဖြစ်သွားတယ်။ အခုနောက်ပိုင်း Strike ရေးတဲ့ ကွန့်မန့်တွေက နည်းနည်း မြင့်တယ်။ ခုံခုလို့လည်း မမှီ လှေခါးထောင်လည်း မရ။ နားမလည်ဘူး။ ဘာသာပြန်ပေး။ အဟက်...

မဆုမွန်ရေ...
အဲဒါဆို ပြွတ်နေမှာပဲဗျ။ အုန်းသီးက ကြွက်မြီးတွေပါ ပါအောင် ဒီဇိုင်းဆွဲရမယ် ထင်တယ်။ ဗိသုကာတော့ ခေါင်းဖြူတော့မယ်။

JulyDream said...

ရီတာရေ...
အညာသူဆိုတော့ ထန်းသီးပဲ ဆိုရင် မြစ်ဝကျွန်းပေါ်သားဆိုရင် ဓနိသီးပုံ ဒီဇိုင်းထုတ်ရမယ် ထင်တယ်။

ဆြာမ...
စပျစ်သီးက သေးသေးလေးတွေ။ စားချင်တာတွေ လျှောက်ပြောနေတယ် ထင်တယ်။ ကြက်ဥကြီးပဲ ပြုတ်မစားနဲ့အုံး။ အသီးအနှံတွေလည်း စားအုံး။

မချိုသင်းရေ...
လုံးလုံး စိတ်နာတာဆိုတော့ ကိစ္စ မရှိပါဘူး။ အစ်မ စိတ်နာတာမှ မဟုတ်တာ။ လုံးလုံး နာတာပဲလေ။ အဟား...

Strike ရေ...
ဟုတ်ပ... အစားအသောက် မီးလို တောက်ကြပုံပဲ။ အင်း... အဲဒါဆိုရင်တော့ Heavy Weight အဆင့်လောက်မှာ ရှိမယ်။ အဟား... (စတာနော် အတည်) ;P

tune said...

Nice picture
thanks for comment in my page.
yeah i was really busy ..
fatal these days
wish u best !

နွေးနေခြည် said...

ကြိုးစားမယ်

ice-cream said...

နောင်တစ်ချိန် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ပိန္နဲသီး နဲ့ ဒူးရင်းသီး အမွှာ ဆိုပြီး ကာဆီနို ကစားကွင်းတောင် ဆောက်အုံးမှာ ..။ စိတ်ပူလေနဲ့ ..။ မကြာမီ ... လာမည် ... မျှော် ...။