.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, July 16, 2009

Be elegant or ugly?


ဘုရားရှေ့မှာထိုင်နေတဲ့ ခြင်္သေ့တွေ
ကျက်သရေရှိလား ရုပ်ဆိုးလား
ကြည့်တဲ့ရှုထောင့်မှာ မူတည်ပေမယ့်
ဘုရားရှေ့မှာ မရှိနေတဲ့ ခြသေ့င်္တွေ
ကျက်သရေရှိလား ရုပ်ဆိုးလား
လုပ်တဲ့အပြုအမှုမှာ မူတည်သွားတယ်။

23 comments:

ခင်မင်းဇော် said...

ခုတလော အတွေးတွေက တယ်စူးရှနေပါလားးးးး
တို့သိတဲ့ခြင်္သေ့တွေကတော့ မြက်တွေရော အရိုးတွေရော ကိုက်နေကြပါတယ်လေ...... မျိုးမစစ်ခြင်္သေ့တွေ ဖြစ်မယ်။ ၂၀၀၀ ပေးရင် အကုန်လုပ်တယ် ...

ခြေလှမ်းသစ် said...

အမြင်တွေနဲ့ ယူဆချက်တွေက တကယ်ကောင်းဗျို့ 

ရွက်လွင့်ခြင်း said...

အမ ခင်မင်းဇော်
အဲဒီခြင်္သေ့တွေ သေခြာကြည့်
မနုသီဟတွေ

သီဟသစ် said...

တကယ်တော့ ခြင်္သေ့က သူ့ဘာသာသူ နေတာပါဗျာ Soe Thu တွေက သူ့ကို လိုဂိုလုပ်လိုက်တော့ သူ့ခမျာ ကြားထဲက အချောင်ပါနေတာ
:D

ခင်မင်စွာဖြင့်
new lion

mmtn (kalay) said...

တိုတိုလေးနဲ့ ထိတယ်။ ကို July dream ရေ...။

Moe Cho Thinn said...

တယ်မိုက်ပါလား ကိုဂျူလိုင်။
ဘုရားအ၀င်က ခြင်္သေ့တွေကတော့ ဘုရားကို ကျောပေးထိုင်နေတာမို့ ဘုရားတရားနဲ့ ဆန့်ကျင်ဖက်ပါ လို့ ပြောနေသလိုပါပဲလေ..

khin oo may said...

ဒီအရုပ်ကြိးကတော့ရုပ်ဆိုးတယ်။

Chitpalonelay said...

လိုရင်းတိုရှင်းနဲ့ သံဂိတ်အကျဉ်းချုပ် တော်တော်ကိုထိတဲ့ ကဗျာဗျာ။ မှန်ချက်။ ပါးလုံးတို့ဘယ်လောက်တုံးလည်း နှစ်ခေါက်ဖတ်မှ အနှစ်ကိုသိတယ်။ အဟိ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Nge Naing said...

ကျွန်မကတော့ ဘုရားရှေ့က ခြင်္သေ့ပဲဖြစ်ဖြစ် အပြင်က ခြင်္သေ့ပဲ ဖြစ်ဖြစ် ကြည့်တဲ့သူနဲ့ပဲဆိုင်တယ်လို့ ထင်တယ်။

မိုးခါး said...

ညီမလည်း ၂ခေါက်ဖတ်ရပါတယ် .. :D (တုံးချက်)

စန္ဒကူး said...

၎ ခါလောက်ဖတ်တာကိုနားမလည်သေးဘူး..
အပြင်ကခြင်္သေ့က ပိုက်ဆံပေါ်ကဟာကိုပြောတာလား.. ဒါမှမဟုတ် ခြင်္သေ့အစစ်ကိုပြောတာလား... ဘုရားရှေ့မှာထိုင်နေတဲ့ခြင်္သေ့တွေ မြန်မာ့စေတီပုထိုးတွေရှေ့ကလွဲပီး တစ်ခြားနေရာမှာချထားတဲ့ဟာတွေရုပ်ဆိုးကြတယ်.. အပေါ်ကပုံကိုဘဲကြည့်တော့..

မေဇင် said...

ခြင်္သေ့ တွေက ရုပ်ဆိုးတာ မဆိုးတာထက် ကြောက်စရာကောင်းတယ်..။

Unknown said...

စန်ဒကူးမေပြောတာ မိုက်တယ်နော်

မေသစ္စာမောင် said...

ခြသေ့င်္တွေ(Lions).......

စင်္ကာပူကစာဖတ်သူတစ်ဦးအနေနဲ့ lions ဆိုတော့ ဒီကလူခြသေ့င်္တွေကိုများ ဆိုလိုတာလားလို့ :D

ဘယ်သူတွေ ဘယ်လိုတွေးတွေး သူ့အမြင်နဲ့သူ မှန်နေရအောင် တင်ပြပေးထားတယ်လို့ထင်တယ်လေ။
Creative post for Creative thinking

တင်ပြပုံလေးကို သဘောကျမိပါတယ်။

ရွှန်းမီ said...

အရုပ်ကြီး ကျက်သရေရှိလား ရုပ်ဆိုးလား ဆိုတာ ဖုန်သုတ်တဲ့သူပေါ်မှာ မူတည်တယ်။

မဆုမွန် said...

တနင်္လာကျား နတ်ပြည်သွား

အင်္ဂါခြင်္သေ့ ဘုရားရှေ့ အဟေ့ဟေ့ လို့ ငယ်ငယ်ကတော့

အနိုင်လု အော်ဖူးတာပဲ အဂါင်္ဖွားဖြစ်နေလို့လေ

ခြင်္သေ့ဆိုတာ တောဘုရင် ကေသရာဇာလို့ ကြားဖူးတယ်

လူခြင်္သေတွေနဲ့ ခွေးခြင်္သေ့တွေတော့ မသိဘူး ဟီးဟီး
ကိုဂျူလိုင် တင်ထားတဲ့ ခြင်္သေက ဘီလူးခြင်္သေ့ထင်တယ် ရုပ်ဆိုးလိုက်တာ..

မောင်ဖားကြီး said...

ဘာခြင်္သေ့တွေက ဘုရားရှေ့ မှာမရှိတာလဲ အစ်ကိုရ... တွေးလို့ကိုမရဘူး ... :) တိုတိုလေးနဲ့အတွေးကတော့ ကွက်တိပဲဗျာ..

Rita said...

ခွေးခြင်္သေ့

မေ့သမီး said...

ဘာပြောချင်တယ်ဆိုတာကို နားလည်ပါတယ်။ တချိန်ကျရင်တော့ ခြင်္သေ့တွေနေရာမှန်ပြန်ရောက်ပါစေလို့ပဲ ဆုတောင်းရတော့မယ်ထင်တယ်။

ဂျပန်ကောင်လေး said...

:)... စာလေးက တိုတိုလေးနဲ့ တကယ်ထိတယ်.. စာဖတ်သူအသီးသီးရဲ့ ကွန်မန့်တွေကို ဖတ်ပြီးတော့ ပြုံးသွားရတယ်... ဟီး

လင်းဒီပ said...

“တကယ်တော့ ခြင်္သေ့က သူ့ဘာသာသူ နေတာပါဗျာ Soe Thu တွေက သူ့ကို လိုဂိုလုပ်လိုက်တော့ သူ့ခမျာ ကြားထဲက အချောင်ပါနေတာ
:D”

ခြင်္သေ့အကြောင်းပြောတော့ ကိုသီဟသစ်ကြီးခမျာ ငြိမ်နေလို့ မရတော့ဘူး...ဟားဟား

ကောင်းကင်ပြာ said...

တော်တော် ရုပ်ဆိုးတဲ့ င်္ခြသေ့ပါ

JulyDream said...

တွေးချင်သလို တွေးကြပါ...
မြင်ချင်သလို မြင်လိုက်ကြပါ...

အားလုံးအားလုံး အဖြေ မှန်ကြပါတယ် ခင်ဗျာ။ =)