.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, July 23, 2010

Thailand Visa

ထိုင်းကို အလုပ်ကိစ္စ အစည်းအဝေးတက်ဖို့ သွားရပါအုံးမယ်။ ရုံးကနေ လွှတ်တာဆိုတော့ လိုအပ်တာတွေကို ရုံးက စီစဉ်ပေးမှာပေါ့။ ရုံးက လေယာဉ်လက်မှတ် စီစဉ်ပေးတယ်။ နေဖို့အတွက်ကို ဟိုဘက်အခြမ်းက တာဝန်ယူ စီစဉ်ထားလိမ့်မယ်။ ဗီဇာကတော့ မလိုဘူးတဲ့။ ဆိုက်ရောက်ဗီဇာ ရှိတယ် ဆိုပဲ။ မြန်မာနိုင်ငံဆိုတာ အာဆီယံထဲက ဖြစ်လို့ ဗီဇာတောင် မလိုဘူးနော် ဆိုပဲဗျ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိတယ်လို့ပဲ ပြောရပါမယ်။ အင်တာနက်မှာ ထိုင်းသံရုံးဆိုဒ်တွေထဲ ဝင်ပြီး ဗီဇာ လိုမလို ရှာဖွေဖတ်ကြည့်တော့ မြန်မာပြည်အနေနဲ့က အစိုးရဝန်ထမ်းတွေပဲ ဗီဇာမလိုတာပါ။ နိုင်ငံသားတွေအနေနဲ့ ဗီဇာ လျှောက်ရမှာပါ။ ဆိုက်ရောက်ဗီဇာလည်း မရပါဘူး။

ခရီးသွားဝန်ဆောင်မှုပေးတဲ့ အေးဂျင့်က ဗီဇာကိစ္စ လုပ်ပေးမယ်။ လေယာဉ်လက်မှတ် စီစဉ်ပေးတာ သူတို့ပါပဲ။ ဒါပေမယ့် ရုံးမှာ စာရွက်စာတမ်း လာယူတာက ၁ ရက်၊ သံရုံးမှာ ဗီဇာသွားတင်တာ ၁ ရက်၊ ဗီဇာရလို့ ပြန်သွားယူတာက ၁ ရက်၊ ကျွန်တော့်ရုံးကို ပြန်လာပို့ပေးတာက ၁ ရက်၊ စုစုပေါင်း အနည်းဆုံး ၄ ရက် ကြာမယ်တဲ့။ ခက်တာက နောက်အပတ် တနလာင်္နေ့က ထိုင်းနိုင်ငံရဲ့ ရုံးပိတ်ရက်ဖြစ်ပြန်ရော။ ပိတ်ရက်တွေပါ ပေါင်းလိုက်ရင် ဗီဇာရဖို့က အတော်ကြာနိုင်တယ်။ ကိုယ့်ဘာသာ သံရုံးသွားပြီး လျှောက်ရင်တော့ ဗီဇာတင်ဖို့နဲ့ ပြန်သွားယူဖို့ ၂ ရက်ပဲ ကြာမယ်။ အဲဒါနဲ့ပဲ ကိုယ့်အား ကိုယ်ကိုးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ဗီဇာလျှောက်ဖို့က ဗီဇာဖောင် ဖြည့်ရပါတယ်။ ဗီဇာဖောင်မှာ စင်္ကာပူဘက်က အာမခံပေးမယ့် Guarantor လိုပါတယ်။ ထိုင်းဘက်မှာ တည်းခိုမယ့်လိပ်စာကို ဖြည့်ရပါတယ်။ တည်းခိုမယ့် လိပ်စာ မသိရင်လည်း ကိစ္စမရှိပါဘူး။ အင်တာနက်ကနေ ဟိုတယ်လိပ်စာ တစ်ခုခုကို ရှာပြီး ထည့်လိုက်လည်း အဆင်ပြေပါတယ်။ အဲဒါအပြင် ထိုင်းကို ရောက်မယ့်နေ့ကို ဖြည့်ရပြန်တယ်။ ထိုင်းမှာ ဘယ်နှရက် နေမယ်ဆိုတာလည်း မေးပါတယ်။ ကျန်တာတွေကတော့ ကိုယ်ရေး ရာဇ၀င်ပေါ့။

ခရီးသွားရတဲ့ ရည်ရွယ်ချက်ကိုလည်း ဖြည့်ပေးရပါတယ်။ အလည်အပတ်လား၊ အစိုးရအလုပ်ကိစ္စလား၊ စီးပွါးရေးကိစ္စလားပေါ့။ စင်္ကာပူကနေ ထိုင်းကို အလည်သွားတာ ဆိုရင် ခရီးသွားဖို့ လုံလောက်တဲ့ ဓနအင်အား ရှိဖို့လိုတဲ့အတွက် စင်္ကာပူမှာ အလုပ် လုပ်နေတဲ့သူအဖို့ ဘဏ်အကောင့် ပြရပါတယ်။ တစ်ယောက်တည်း သွားတာဆိုရင်တော့ ဘဏ်ထဲမှာ စင်္ကာပူဒေါ်လာ တစ်ထောင် ရှိကြောင်း ပြပေးရပါတယ်။ မိသားစုလိုက် သွားတာဆိုရင် စင်္ကာပူဒေါ်လာ နှစ်ထောင်ရှိကြောင်း ပြရပါတယ်။ အွန်လိုင်းဘဏ်စနစ် မရှိတဲ့သူအနေနဲ့ ဘဏ်စာအုပ်ကို ယူသွားပြီ ပြလိုက်ရင် အဆင်ပြေပါတယ်။

အလုပ်ကိစ္စအတွက် သွားမယ်ဆိုရင် ရုံးက စာထုတ်ပေးရပါတယ်။ ရုံးတံဆိပ် ပါရပါတယ်။ ထိုင်းနိုင်ငံဘက်မှာ အာမခံပေးမယ့် လူရဲ့ အမည်နဲ့ လိပ်စာတွေ ပေးရပါတယ်။ ကျွန်တော့်အနေနဲ့ ရုံးစာထုတ်တာက ကြာပါတယ်။ ရုံးချုပ်ကနေ စာထုတ်ပေးပြီးရင် ဒီဘက်ရုံးကို လာပို့ရအုံးမယ်။ စာထုတ်ပေးမယ့် HR က မမတွေလည်း အချိန်ပေးနိုင်မှ စာက ထွက်လာအုံးမှာ။ ဒါတောင် မမတွေက အာဆီယံသားတွေ ဗီဇာ မလိုပါဘူးဆိုပြီး ဖင်ပိတ်ငြင်းနေတာ။ ထိုင်းဘက်မှာ တာဝန်ယူမယ့်သူကိုလည်း အမည်အပြည့်အစုံနဲ့ လိပ်စာတွေ ဖုန်းဆက်ပြီး မေးရအုံးမယ်။ အဲဒီတော့ အလည်သွားတဲ့ အနေနဲ့ပဲ ဗီဇာယူတာ အကောင်းဆုံးပါပဲ။

ဗီဇာသွားတင်ဖို့အတွက် ပတ်စ်ပို့ဓါတ်ပုံ ၁ ပုံ လိုပါတယ်။ ဗီဇာမှာ တခါတည်း ဓါတ်ပုံကပ်သွားလိုက်ပါ။ မကပ်သွားနိုင်ရင်လည်း သံရုံးရောက်ရင် ကပ်ဖို့ ကော်ပေးပါတယ်။ အရေးကြီးဆုံးက နိုင်ငံကူးလက်မှတ် ယူသွားဖို့ပါ။ စင်္ကာပူနိုင်ငံက ထုတ်ပေးထားတဲ့ တရားဝင်ကဒ်ပြား (PR, EP, Spass) ကိုလည်း မိတ္တူကူးပြီး ပေးရပါတယ်။ လေယာဉ်လက်မှတ် ယူသွားဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ဗီဇာကြေး မပေးရပါဘူး။ ကင်းလွတ်ခွင့် ပေးထားပါတယ်။ အဲဒီစာရွက်စာတမ်းတွေ စုံပြီဆိုရင်တော့ အော့ချက်လမ်းက ထိုင်းသံရုံးမှာ မနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲ အကြား အရောက်သွားပြီး ဗီဇာတင်ဖို့ လုပ်ရတာပေါ့။ ကောင်တာမှာ ဗီဇာတင်ပြီးရင် နောက်တစ်နေ့မှာ ဗီဇာ လာရွေးဖို့အတွက် စာရွက်လေး ထုတ်ပေးပါတယ်။ အဲဒီစာရွက်လေးနဲ့ နောက်တစ်နေ့ ၂ နာရီနဲ့ ၄ နာရီခွဲ အကြား ဗီဇာ သွားထုတ်လို့ ရပါပြီ။ စင်္ကာပူမှာ ထိုင်းဗီဇာ လျှောက်တာ ဒါလေးပါပဲကွယ်။



9 comments:

မမသီရိ said...

ဒါနဲ့ မောင်လေး ရ
အာဆီနိုင်ငံ တွေ အချင်းချင်းဆို ၃ ပတ်အတွက် ဗီဇာ တင်စရာ မလိုဘူး ဆို

khin oo may said...

[d[d

ကလူသစ် said...

(((( ကတောက် )))) သိကြသေးတာပေါ့ကွာ။ မြန်မာပြည်ကောင်းစားမှ ထိုင်းနိုင်ငံသားဆို ဘယ်ဂလောင်မှ ပေးမ၀င်ဘူးလို့ သတ်မှတ်ထားလိုက်မယ်... ဟွန်း....(အဘ တသက်တော့မှီတော့မယ်မထင်ပါဘူး။ နောင်လာနောက်သားတွေကိုသာ စကားလက်ဆင့်ကမ်းလိုက်ပါကွာ)

ZT said...

အလုပ်ရှုပ်ခံလိုက်တာ ဆရာဂျူလိုင် ရယ်။ ပင်နင်ဆူလာမှာ ၁၀ ဒေါ်လာ (တစ်ချို့ဆိုင်က ၂၅ ဒေါ်လာ) ပေးပြီး လျှောက်ခိုင်းလိုက်။ ကတ်ဒ်ပြား ကော်ပီနဲ့ ဓာတ်ပုံပဲ ပေးစရာလိုတယ်။ ဘာစာရွက်စာတမ်းမှ မလိုဘူး။ အမှန်အကန် ပြောတာ။ ကျွန်တော် သွားလျှောက်တာ ၃ ခါ ရှိပြီ။ ဒီနေ့ညနေ ပေးရင် တစ်ရက်ခြား ညနေ သွားယူလို့ရတယ်။

Unknown said...

Just want to share my experice last week.

Yes, You are rigth ZT.

I went to Thai embassy and apply visa myself. it is very easy and fast. No need bank account or/show money/SG PR card copies. as mention in the post.

I only give
1 photo
1 copie of my passport
1 copie of Air ticket

That's all.

JulyDream said...

ပီအာ အနေနဲ့တော့ မပြောတတ်ဘူး ခင်ဗျ။ ကျွန်တော်က ပီအာ မဟုတ်တဲ့အတွက် ကောင်တာက ဘဏ်ငွေစုစာအုပ် ပြခိုင်းပါတယ်။ ဒါပေမယ့် မိတ္တူကူးပေးစရာတော့ မလိုပါဘူး။ ငွေစုစာအုပ်ကို ကြည့်ရုံလေး ကြည့်ပြီး ပြန်ပေးပါတယ်။ ကျွန်တော့်ကိုတော့ ပတ်စ်ပို့ မိတ္တူ မတောင်းပါဘူး။

Maung Myo said...

အလည်တစ်ခေါက် လာရောက်ဖတ်ရှု့သွားပါတယ် ။

m said...

ထပ်သွားရမယ်ဆိုရင် ယိုးဒယား Immigration မှာ လေယာဉ်ပျံကွင်းက အထွက်မှာ တခါတည်း တိုးလာခဲ့လိုက်တာ ကောင်းမယ်

တို့တုန်းက business visa က ရှုပ်လို့ tourist visa ခဏခဏ လျှောက်တာ reject ထိတယ်၊ တိုးလို့ရမှန်း မသိဘူး၊ ခဏခဏ လာတော့ သူတို့က မသင်္ကာတော့ဘူး .. အဟတ်

တကယ်က (ဟိုး)အရင်က ယိုးဒယားကို visa မလိုဘူး.. မြန်မာနိုင်ငံက ယိုးဒယားကလူတွေကို visa လျှောက်ခိုင်းလို့ .. ယိုးဒယားက ပြန်ပညာပြတာပါ

Anonymous said...

saw nanda