.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, January 22, 2009

Centenary of U Thant's Birth

Centenary of former UN Secretary-General U Thant's Birth
22 Jan 1909 - 22 Jan 2009

မြန်မာပြည်မှာ လူဖြစ်လာရတဲ့ဘ၀မှာ ကျေနပ်ဂုဏ်ယူမိတဲ့ အချက် အနည်းငယ် ရှိပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေ အခိုင်အမာ ပြလို့ရခဲ့တဲ့ ရှေးဟောင်းပုဂံနယ်မြေ၊ စေတီပုထိုး ဘုရားကျောင်းကန် စုံလင်လှတဲ့ ဗုဒ္ဓသာသနာ ထွန်းကားမှုတွေ၊ ရဲရင့်ပြတ်သားပြီး ကိုယ်ကျိုးစွန့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးတွေ စသည် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီအထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံသား ဦးသန့်လည်း တစ်ယောက် အပါအ၀င်ပေါ့။

ပြောမယ့်သာ ပြောတာပါ။ ကျွန်တော် ဦးသန့်ဆိုတဲ့ လူတစ်ယောက်အကြောင်းကို စတင် သိခဲ့တာ ၁၉၉၈ ခုနှစ် ကျော်မှာပါ။ အဲဒီအချိန်အရှေ့ပိုင်း ဦးသန့်ဆိုတာ တစ်ခါမှ မကြားဖူးသလို ကြားမိရင်တောင် ဘာမှန်းဆိုတာ သိမှာမဟုတ်ပါ။ ၁၀ တန်းအထိ ဖတ်မှတ်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာ သမိုင်းစာအုပ်တွေမှာလည်း ဦးသန့်ဆိုတာ ရှာမတွေ့ခဲ့ပါဘူး။ အာဇာနည်နေ့လို ပွဲမျိုးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဟောပြောတဲ့သူ ရှိပေမယ့် ဦးသန့်အကြောင်း တစ်ခါမှ မပြောကြပါဘူး။ ဒီလိုနဲ့ ဦးသန့်တစ်ယောက် ပြည်ဖုံးကားချခံထားရပါတယ်။

ဒီလိုနဲ့ တစ်ရက်... ညီဝမ်းကွဲတစ်ယောက်နဲ့ ပန်းဆိုးတန်းလမ်းက စာအုပ်ဆိုင်တွေကို ဟိုဟိုဒီဒီ မွှေနှောက်ရင်း တက္ကသိုလ်စိန်တင် ရေးတဲ့ ဦးသန့်ရဲ့ အထုပတ္တိစာအုပ်ကို တွေ့မိပါတယ်။ စာအုပ်ဈေးကလည်း အဲဒီခေတ် အချိန်အခါမှာလည်း မနည်းမနှောပါပဲ။ သေချာတာတစ်ခုက အဲဒီအချိန်မှာ အဲဒီစာအုပ်ကို ၀ယ်နိုင်တဲ့ ငွေအင်အား ကျွန်တော့်လက်ထဲမှာ လုံးဝ မရှိခဲ့ပါဘူး။ ညီဝမ်းကွဲကတော့ ဂျပန်ရောက် သူ့ဦးလေးတွေ အဒေါ်တွေ လွှဲပေးတဲ့ မုန့်ဖိုးတွေကြောင့် သူကတော့ အေးဆေး ၀ယ်နိုင်တဲ့ အနေအထားပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ သူက အသက်လည်း ငယ်သေးတော့ စာဖတ် ၀ါသနာမပါရှာဘူး။ ကျွန်တော်နဲ့တာ အတူ ပါလာတာ ဘာမှ ၀ယ်ချင်စိတ်ရှိတဲ့ပုံ မပေါ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ပြောဆို စည်းရုံးမှုနဲ့ပဲ သူ အဲဒီစာအုပ်ကို ၀ယ်ခဲ့လိုက်ပါတယ်။ ၀ယ်ပြီးတာနဲ့ အဲဒီစာအုပ်က သူ့အိမ်မှာ တစ်ပတ်လောက်ပဲ ကြာပြီး ကျွန်တော့်လက်ထဲ ရောက်နေတာ အခုချိန်ထိပါပဲ။ ၁၉၉၈ ကနေ တွက်ကြည့်ရင် ၁၁ နှစ်တောင် ရှိပြီပဲ။

အဲဒီစာအုပ်ရဲ့ ကျေးဇူးနဲ့ ဂုဏ်ယူစရာ ကောင်းလောက်တဲ့ မြန်မာနိုင်ငံသားတစ်ယောက် အကြောင်း သိရှိခွင့် ရခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ပထမဦးဆုံးသော အာရှသားတိုက်သားဟာ ကျွန်တော်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မြန်မာပြည်သားဆိုတာ ကျွန်တော် အသိနောက်ကျခဲ့ပါတယ်။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူဖွယ်ရာကြီးတစ်ခု သမိုင်းမှာ အထင်ကရ ရှိနေခဲ့တာကို နှစ်ပေါင်းများစွာ အမှောင်ချထားခဲ့တဲ့ ရူးသွပ် မိုက်မဲမှုကိုလည်း အံ့အားသင့်ခဲ့မိပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ကြိုးစား ဖျောက်ဖျက်ပါစေ... ဦးသန့်ဟာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ ထာဝစဉ် လင်းလက်နေမယ့် မီးရှူးတန်ဆောင် တစ်ခုပါပဲဗျာ။

သြော်... အခုဆို ဦးသန့်မွေးနေ့ နှစ်တစ်ရာတောင် ပြည့်ခဲ့ပြီပဲ။


ယာယီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်...

U Thant, who served as Secretary-General of the United Nations from 1961 to 1971, was chosen to head the world body when Secretary-General Dag Hammarskjold was killed in an air crash in September 1961.

U Thant was born at Pantanaw, Burma, on 22 January 1909, and was educated at the National High School in Pantanaw and at University College, Rangoon.

Prior to his diplomatic career, U Thant's experience was in education and information work. He served as Senior Master at the National High School, which he had attended in Pantanaw, and in 1931, he became Headmaster after winning first place in the Anglo-Vernacular Secondary Teachership Examination.

He was a member of Burma's Textbook Committee and of the Council of National Education before World War II, and was an Executive Committee member of the Heads of Schools Association. He was also active as a free-lance journalist.

In 1942, U Thant served for a few months as Secretary of Burma's Education Reorganization Committee. In the following year, he returned to the National High School as Headmaster for another four years.

U Thant was appointed Press Director of the Government of Burma in 1947. In 1948, he became Director of Broadcasting, and in the following year, he was appointed Secretary to the Government of Burma in the Ministry of Information. In 1953, U Thant became Secretary for projects in the Office of the Prime Minister, and in 1955, he was assigned additional duties as Executive Secretary of Burma's Economic and Social Board.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961).

During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General since 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjold. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966).

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

Credit : UNIC

13 comments:

tututha said...

ရှေးလူဟောင်းတွေတော်တာဖတ်ရင်း ကိုယ်ဘယ်လောက်ညံ့တယ်ဆိုတာ သတိပေးနေသလိုပဲ။ သြော် ချာတူးလန်တူးတူးသာ ပါလားနော်။

JulyDream said...

စိတ်မပူနဲ့ နောက်ကို လှည့်ကြည့်လိုက်ရင် ချာတူးသာ ထက် ပိုပိုချာတယ် ချာဇူလိုင် ရှိသေးတယ်။

ကျွန်ခေတ်မှာ မွေးပြီး ကြိုးစားခဲ့တဲ့ လူတွေရဲ့ တော်ချက်များ... သခင်ဖြစ်တဲ့ ခေတ်က လူတွေ လိုက်လို့ကို မမှီသေးဘူး....

Anonymous said...

ကိုဂျုကြိးရေ နောင်လာနောင်သားတွေ မသိ
တာလဲ အပြစ်မဟုတ်ဘူးဗျ မပျောက် ပျောက်အောင် ဖျောက်ထားတော့လဲ ဘယ်သိ
ပါ့မလဲဗျာ။ ဒါမပြောနဲ့ ဟိုတနေ့က တော်လှန်ရေးကောင်စီ (ခေါ်)အိမ်စောင့်အစိုး
ရဆိုတာကိုတောင် ကျောင်းမှာသင်ခဲ့ရတာတွေ
နဲ့ တကယ်အဖြစ်အပျက်က ဘယ်လိုကွားခြားသလဲ ဘယ်လောက်ကွာလဲ
ဆိုတာတောင် သိခဲ့ရတာ တပတ်တောင် မရှိသေးဘူးဗျ။အဲလို အဲလိုဆ၇ာရေ။
ခုလို ပြန်လည်ဖော်ပြပေးတာလဲ ကျေးဇူးပါဗျား

JuneOne said...

ဖတ်မှတ်သွားပါတယ် ချာဇူလိုင်။

Anonymous said...

ကျွန်တော် လေးစားအားကျရတဲ့သူ စာရင်းထဲမှာ အဲဒီ့ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဦးသန့်လည်း ပါ ပါတယ် ကိုဂျူလိုင် ... ကျွန်တော်လည်း ဦးသန့်ရဲ့အတ္ထုပတ္တိကို သေသေချာချာဖတ်ဖူးပါတယ်၊ အရမ်းကိုတော်တဲ့ သူပါပဲဗျာ၊ တစ်မိပေါက်တစ်ယောက်ထွန်းဆိုတာ ဒါမျိုးထင်ပါရဲ့ ... ။

Unknown said...

ကျေးဇူး ကိုဇူလိုင်ရေ
ကျနော့်ရင်ထဲက ပုဂ္ဂိုလ်တွေအထဲမှာ ဦးသန့်ရှိတယ် လေးစားအတုယူဘွယ်ကောင်းတယ်
တကယ့်ကို သားကောင်းသားမြတ်ပါဗျာ အမိမြန်မာပြည်အတွက်ရော..

အောင်မြေ said...

ရှေ့မီနောက်မီတွေ အသိပညာတိုးပွား ရတာမို့ ပို့စ်လေးအတွက် ကျေးဇူးတင်ရှိစွာ ဖတ်၊ မှတ်သွားပါတယ်။

Welcome said...

နာမည်သာ ကြားဖူးတာပါ၊ အတ္ထုပ္ပတ္တိကိုတော့ မသိခဲ့ပါဘူး၊ အကျဉ်းမျှလောက် သိခွင့်ရတဲ့ အတွက် မိုးလောက် ကျေးဇူးကြီးလှပါတယ်။
အစဉ်လေးစားလျက်

GreenGirl said...

နှစ်တစ်ရာပြည့်ကို ဂါရ၀ လာပြုပါတယ် :)

su wai said...

အဲဒီ ဦးသန့်အကြောင်းစာအုပ် ဖတ်ချင်တယ်။

Anonymous said...

ဖြစ်နိုင်ရင် အဲ့စာအုပ်လေး တင်ပေးပါလားဗျာ
:)

ရွှန်းမီ said...

ကောက်နှုတ်တင်ပြပေးတဲ့ အချက်တွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်။
တကယ်ကို တော်တဲ့ လေးစားဖွယ် လူတစ်ယောက်ပါပဲ။

TZO said...

ဦးသန့်ရဲ့ အောင်မြင်မှုတွေကိုပိုပြီးရေးပြစေချင်ပါတယ်။ ဥပမာ ယီမင် နှင့် ဘာရိမ်း စစ်မဖြစ်အောင် ဘယ်လိုလုပ်ခဲ့လဲ ဆိုတာမျိုးပေါ့