.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, March 14, 2009

Golden Rock Pagoda Trip-4


နဂါးပတ်တောင်ရဲ့ အကွေ့လေးတစ်ခု


ဟုန်းနတ်ဘိုးဘိုးကြီး နတ်နန်း


ဟုန်းနတ်ဘိုးဘိုးကြီးရုပ်တု


ကင်ပွန်းစခန်း ခြေလျှင်လမ်းနဲ့ ရသေ့တောင်ကားလမ်း ဆုံမှတ်


ရသေ့တောင် ကားလမ်းနဲ့ ရသေ့တောင် ခြေလျှင်လမ်းခွဲ အလှူခံစခန်း


ဟိုတယ်တွေမရောက်ခင် ဈေးဆိုင်တန်း


ကျိုက်ထီးရိုးစေတီတော် ညရှုခင်း


ရင်ပြင်တော်ပေါ်က နတ်တောင်

9 comments:

khin oo may said...

14 Mar 09, 11:20
kom: ဈေးဆိုင်တန်းထဲမှာ ထမင်းစားခဲ့သေးလား ဟော်တယ်မှာ မအိပ်ဘူးဘူး ဈေးဆိုင်တန်းက နောက်ကအိပ်ခန်းလေးတွေ မှာဘဲ အိပ်ဘူးတယ်။ အဲဒီလမ်းကလေး သိတ်လျောက်လို့ကောင်းတယ။်



14 Mar 09, 11:19
kom: ရင်ပြင်တော်ပေါ်ကနေ အောက်ကိုလှမ်းမျော်ကြည့်တှဲုခင်းလေး သို့မဟုတ် တောင်ပေါါ်ကနေ အောက် ကို မျှော်ကြည့်တဲ့ တိမ်ပုံကလေးတွေ ရှာပေါဦး

ရွှန်းမီ said...

ကျိုက်ထီးရိုးတောင်ပေါ်ကနေ နေထွက်ကာစပုံ ရိုက်လာခဲ့ပေးပါ လို့ သွားဖြစ်တဲ့သူငယ်ချင်းကို အပူကပ်ဖူးတယ်။
ပုံတွေကြည့်ရတာ မကြာခင်နေထွက်တဲ့အခန်း ရောက်တော့မယ်ထင်တယ်။
ညရှုခင်းနဲ့ စေတီတော်ကို ရိုက်ထားတဲ့ပုံ တော်တော်ကောင်းတယ်။
တောင်ပေါ်ကို တဖြည်းဖြည်းရောက်လာတော့ လက်ရာလည်း တဖြည်းဖြည်းတက်လာတယ်။ :-)

မမသီရိ said...

ရင်ပြင်တော်ပေါ်က နတ်တောင်
အဲဒီပုံလေး အကြိုက်ဆုံး

Phyo Maw said...

ကျီးကန်းပါးစပ် ဆိုတဲ့နေရာကော ရိုက်ခဲ့သေးလားဟင်...

ငယ်ငယ်တုန်းက တစ်ခါပဲ အဲဒီနေရာ ရောက်ခဲ့ဖူးတာ။
လူတွေအကြွေနဲ့ လှမ်းလှမ်းပစ်ထည့်တာ ကြည့်ခဲ့ရဖူးတယ်။
ခုတော့ အကြွေလည်း အစေ့ပုံနဲ့ မရှိတော့ဘူးထင်တယ်။

ညရှုခင်း ပုံ အလွန် သပ္ပါယ်သည်။

Phyo Evergreen said...

အလည်တစ်ခေါက်လာရောက်ဖတ်ရှုသွားပါသည်..။
ကျိုက်ထီးရိုးဓာတ်ပုံတွေ တကယ်ကောင်း.. ဘုရားပုံအလွန်သပ္ပာယ်ပါသည်..။ ကျိုက်ထီးရိုးကတော့ အကြိုက်ဆုံးနေရာထဲကတစ်ခုပဲ..။

MANORHARY said...

မောင်ဂျူလိုင်..ပင်လယ်ရေပြင်ထက် အမြင့်...ပေမှာ
လိပ်မရှိဘူး ဆိုလား...မှတ်သားသွားပါသည်။း)

Anonymous said...

ကျိုက်ထီးရိုးလာတက်သွားတယ် ကို Dreamရေ။ မျှဝေပေးတာကျေးဇူးနော်။ ပုံတွေက အလွမ်းပြေစေတယ်။

JulyDream said...

ဆြာမကွမ်း...
တချို့ပုံတွေက မတင်ဖြစ်ဘူး ခင်ဗျ။ လူပုံတွေ ပါနေလို့။ ရှုခင်းပုံတွေက ရှိပေမယ့် အများကြီး တင်လို့လဲ မကောင်းဘူးလေ။ အခုတောင် အတော်လေး မျက်စိနောက်ကုန်ပြီ ထင်တယ်။

ရွှန်းတီ...
အဲဒါဆို တောင်အောက် ပြန်ဆင်းသွားရင် လက်ရာက ပြန်ကျသွားမယ်ပေါ့နော်။ အဟား..

မမသီရိ
နတ်တောင်ပုံလေးမှာ လင်းနေတဲ့ မီးသီးတွေကို ကြိုက်တာ ထင်တယ်။ ပုံက နည်းနည်း လင်းနေတယ်။

ကိုဖြိုးမော်ရေ...
ကျွန်တော် ကျီးပါးစပ်ကို မသွားဖြစ်ခဲ့လိုက်ဘူး ခင်ဗျ။

အမြဲစိမ်းဖြိုးရေ...
ကျိုက်ထီးရိုးက ဘုရားလည်းဖူး ရှုခင်းလည်း ကြည့် အကုန် အဆင်ပြေပါတယ်။

မနော်...
ဘုရားရင်ပြင်မှာ ဘယ်က လိပ်က ဥ တက်ဥ မှာလဲ ဗျ။ ဒွတ်ခ... လိပ်ဥက မစားကောင်းဘူးနော်။ သွေးမတည့်ရင် ယားတတ်တယ် ဆိုပဲ။ ကျွန်တော်ကတော့ ရှောင်တယ်။ အဟား...

ကိုကမာနီလာရေ...
အဝေးမြေ ရောက်နေသူတွေရဲ့ အလွမ်းတွေ ပြေစေဖို့အတွက် ကြိုးစားပေးခဲ့တာပါ။ အခုလို အလွမ်းပြေတယ် ဆိုတာ ကြားသိရတော့ ပင်ပန်းရကျိုး နပ်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

mabaydar said...

ဟုန်းနတ်ဘိုးဘိုးကြီး နတ်နန်းဆိုတာ အရင်က မရှိသလိုပဲ.. ခုတလောမှ ရှိလာတာ.. ကျိုက်ထီးရိုးသမိုင်းမှာ ရွှေနန်းကျင်ကို ကျားနဲ့လွှတ်သတ်တာ အဲဒိနတ်ထင်တယ်.. ဒါဆို ကျားဆွဲဘိုးဘိုးကြီးကရော.. အာ... ဟုတ်သေးပါဘူး... ကျားဆွဲဘိုးဘိုးကြီးရှိတာက ကြာလှပြီ မဗေဒါ လူမဖြစ်ခင်တည်းက.. ဟုန်းနတ်ဘိုးဘိုးကြီးတော့ မကြားဘူးဖူး.. ကျိုက်ထီးရိုးသွားရင် စိတ်ညစ်စရာဆိုလို့.. အလှူခံမဏ္ဍပ်တွေနဲ့ အလှူခံတဲ့သူတွေပဲ... မလှူရင် စောင်းမြောင်းပြောပြီး တခါတလေ ကျိန်ဆဲတာတောင် ခံရသေးတယ်.. မဗေဒါ ငယ်ငယ်ထဲက လှူလာတာတွေအားလုံးပေါင်းလိုက်ရင်တောင်.. ကျိုက်ထီးရိုးက စေတီတိုင်း ရွှေအတိပြီးနေလောက်ပြီး.. ပြော ပြောချင်ဘူး.. ဟွန်း..
အဟီး.. လျှာရှည်နေတာ. ကွန်မန့်ရှည်သွားပြီ.. ဆော်တီး.. လွမ်းစိတ်တွေ အရမ်းများသွားလို့..