.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, March 24, 2009

My first Bokeh



ပထမဦးဆုံး ရိုက်ကြည့်ခဲ့တဲ့ Bokeh ပုံပါ။ Botanic Garden ကို သူငယ်ချင်းတွေနဲ့ သွားလည်ခဲ့တုန်းက စမ်းရိုက်ခဲ့တာပါ။ ရိုက်တတ်သလို ရိုက်လာတဲ့ပုံဖြစ်လို့ ပုံထွက်တော့ သိပ်မကောင်းလှပါဘူး။ ဒါပေမယ့်လည်း ပထမဦးဆုံး ထွက်လာတဲ့ Bokeh ပုံဖြစ်လို့ အမှတ်တရအနေနဲ့ တင်ထားလိုက်တာပါ။

Bokeh
ဆိုတာ ဂျပန်စကားကနေ လာတာပါ။ ၀ါးတားတားလို့ပဲ ဘာသာပြန်ရမလား မသိဘူး။ လိုချင်တဲ့ အပိုင်းကိုပဲ Focus ဖြတ် ထင်ရှားအောင် လုပ်ပြီး မလိုတဲ့အပိုင်းတွေကို ၀ါးသွားအောင် ရိုက်တာမျိုးပါ။ အဲဒီ အသုံးအနှုန်းက ၂၀၀၀ခုနှစ်က စပြီး အသုံး တွင်ကျယ်လာခဲ့တာပါ။ အစကတော့ Fuzzy လို့ သုံးကြပါတယ်။

11 comments:

strike said...

Fuzzy Logic?

P.Ti said...

;) ပန်းပုံကို ထိပ်ပိုင်းလေးပါရင် ပိုလှမယ်ထင်တယ်... အခုပုံကိုကြည့်တော့ ဘယ်နေရာကို အဓိကပြချင်တယ်ဆိုတာ မသိဘူးဖြစ်နေသလိုပဲ... မတတ်တတတ် ဝေဖန်သွားပါတယ်

မေ့သမီး said...

ကိုယ့်မှာတော့ အဲဒီလိုဝါးတားတား ရိုက်တာမဟုတ်ပဲနဲ့ နောက်ခံတွေဝါးပြီး ရှေ့ကပန်းလေးတစ်ပွင့်လောက်ပဲ ထင်ရှားနေတဲ့ပုံတွေရှိတယ်။ တမင်သက်သက်လုပ်တာမဟုတ်ဘူး။ ဓါတ်ပုံအရိုက်က ကျွမ်းကျင်လို့ အဲလိုတွေဖြစ်ကုန်တာလေ။ :P

Anonymous said...

အုန်းသီးကြီးလည်ပတ်နေပြီဆိုပါတော့

JulyDream said...

Strike...
ဘာတွေ မေးနေတာလဲ။ အဲဒါတွေ ကျွန်တော် မသိဘူး ခင်ဗျ။ လူမှားမေးနေပြီ ထင်တယ်။

ကိုပီတီရေ...
ဟုတ်... ကျွန်တော်လည်း ရိုက်မိရိုက်ရာ ရိုက်လိုက်တာပါ။ သေချာတောင် မချိန်မိခဲ့ဘူး။ အဲဒါကြောင့် ထိပ်ပိုင်းလေး မပါဘူး ဖြစ်သွားပါတယ်။ အခုလို စေတနာထား ဝေဖန်မှုကို ကြိုဆိုပါတယ် ခင်ဗျ။

မေ့သမီးရေ...
အဲဒါမျိုးက ပါရမီလို့ ထင်တယ်။ တမင်တကာ လုပ်တာ မဟုတ်ပဲ ပုံတွေ အဲဒီလို ရတယ်ဆိုတော့ ပါရမီ ကောင်းလို့ နေမယ်ဗျ။

ရွာသားကြီးရေ...
အုန်းသီးက တခါတလေ အပြင်ထွက်ပါတယ်။ ဒါပေမယ့် အိမ်တွင်းအောင်းတဲ့ အချိန်က ပိုများပါတယ် ခင်ဗျ။

နှင်းပွင့်ဖြူ said...

သမီးလည်း ဦးဦးဂျူလိုင်လိုမျိုး ကင်မရာကြီးကြီးနဲ့ ပန်းပုံလှလှလေးတွေ ရိုက်ရတာ ၀ါသနာပါတယ်။
ပြီးတော့ အိမ်တွင်းအောင်းတာလည်းတူနေတယ် ဒါပေမဲ့ သမီးက သွားစရာမရှိလို့အောင်းတာ ဦးဦးဂျူလိုင်မျိုး သိပ်အောင်းချင်တာတော့မဟုတ်ဘူး .. ခွီးခွီးး

flowerworld said...

မီးလေးလဲဓါတ်ပုံရိုက်ရတာဝါသနာပါတယ် သေချာသာရိုက်မတတ်တာ တွေ့တာတော့အကုန်လျှောက်ရိုက်နေတာ ဟီးးးးးးးးးး

မမသီရိ said...

Bokeh ဆိုတာ မင်္ဂလာဆောင်မှာ သတို့သမီးအလှကိုင်တဲ့ ပန်းမဟုတ်ဖူးလား...း)..

JulyDream said...

နှင်းပွင့်ဖြူလေးရေ...
ခွီခွီး က ဘာထ ဖြစ်တာလဲ။ ၀က်သိုးရူးပြန် တာလား။ သွားစရာမရှိရင်လည်း တကူးတက ရှာပြီးသွားပေါ့။ ကျုပ်ကတော့ အိမ်တွင်းအောင်းတာ ပိုသဘောကျလို့ အောင်းတာပါ။

ပန်းကမ္ဘာရေ...
ကျွန်တော်လည်း အဲဒီလိုပဲ လျှောက်ရိုက်နေတာပါ။ ရိုက်တတ်လို့ရယ်တော့ မဟုတ်သေးပါဘူး။ လေ့လာ သင်ယူနေတုန်းပါ။

မမသီရီရေ...
မင်္ဂလာဆောင်မှာ သတို့သမီး ကိုင်တဲ့ ပန်းကို အဲဒီလို ခေါ်လား မခေါ်လား ဆိုတာကို ကျွန်တော်တော့ မသိဘူးခင်ဗျ။ အခု Bokeh ဆိုတာကတော့ ဓါတ်ပုံပညာမှာတော့ သုံးနေတာ တွေ့ရပါတယ်။

စိုးဇေယျထွန်း said...

ကျွန်တော်တို့ကတော့ အဲဒါကို selected focus လို့ခေါ်တယ်ဗျ။ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းကို ပဲရွေးပြီး focus ဖြတ်ထားတာ။

ရွှေပြည်သူ (ShwePyiThu) said...

ကျွန်မလည်း Orchid Garden သွားတုန်းက ပန်းတွေကို Bokeh ပုံ ရိုက်ကြည့်ပါသေးတယ်... ကိုဂျူလိုင့်ပုံလောက်တော့ မကောင်းပါဘူး။ ထွက်လာတဲ့ပုံလေးတွေကို ကြည့်ရတာတော့ တကယ် ပျော်စရာကောင်းတယ် ကိုဂျူလိုင်ရေ...