.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, March 22, 2009

Puzzle of Love

ချစ်ဒုက္ခ

ဖူးစာ ကံအကြောင်းရယ်...
ချစ်ဒုက္ခ ဖန်လာတယ်
ခင်ရယ် ချစ်ရဲ့သားနဲ့
တဖက်သားရူးအောင် ပြုရက်ပေတယ်
ခင့်သဘောကို ဖွင့်ပြောလို့ကွယ်
ချစ်တဲ့အရေးကို စေ့စေ့တွေးမိတယ်။

ဖူးစာ ကံအကြောင်းရယ်...
ချစ်ဒုက္ခ ဖန်လာတယ်
ခင်ရယ် ချစ်ရဲ့သားနဲ့
တဖက်သားရူးအောင် ပြုရက်ပေတယ်
ခင့်သဘောကို ဖွင့်ပြောလို့ကွယ်
ချစ်တဲ့အရေးကို စေ့စေ့တွေးမိတယ်။

ထာဝစဉ် ငေးမှိုင်လို့ရယ်
ဆွေးရတဲ့သူ မျှော်ကာလွမ်းပါပေါ့
နွမ်းခွေလို့ကွယ်
တမ်းတမိတယ် ဖြေမဆည်နိုင်ဖွယ်
ခင်ခင်ရယ် နေနိုင်ရက်တယ်
ချစ်ဒုက္ခဖြင့် ဖိစီးပြီကွယ်။

ထာဝစဉ် ငေးမှိုင်လို့ရယ်
ဆွေးရတဲ့သူ မျှော်ကာလွမ်းပါပေါ့
နွမ်းခွေလို့ကွယ်
တမ်းတမိတယ် ဖြေမဆည်နိုင်ဖွယ်
ခင်ခင်ရယ် နေနိုင်ရက်တယ်
ချစ်ဒုက္ခဖြင့် ဖိစီးပြီကွယ်။

ခင်ရယ် မောင့်စိတ်ထဲ
တဖက်သတ်စွဲလို့ ပူပုံပွါးတယ်
သနားပါ့ကွယ် အသည်းစွဲချစ်မိတယ်
ရွှေဖူးစာနတ်ရယ် ရေးမှရေးတတ်တယ်
တပါးမေရယ် တကယ်မုန်းရင်
အဆုံးစီရင်တော့ကွယ်။

မရွှင်နိုင်တယ်
ချစ်မိခဲ့တဲ့သူမှာ ခင်ရယ်
မျှော်မှန်းလို့ကွယ် ရော်ရမ်းလို့ရယ်
အဆွေး နယ်ချဲ့မိပြီကွယ့်
အသည်းကျွမ်းမယ့် ဝေဒနာထင်တယ်
စွဲလန်းလို့ သေမှာခင်ရယ်
မျက်လုံးထဲက မထွက်တယ်
အသည်းထဲမှာ စွဲကာနေပြီကွယ်
ခင်ရယ် ဒုက္ခအပေါင်းဝယ်
ချစ်ဒုက္ခက ပိုဆိုးပါတယ်။

မရွှင်နိုင်တယ်
ချစ်မိခဲ့တဲ့သူမှာ ခင်ရယ်
မျှော်မှန်းလို့ကွယ် ရော်ရမ်းလို့ရယ်
အဆွေး နယ်ချဲ့မိပြီကွယ့်
အသည်းကျွမ်းမယ့် ဝေဒနာထင်တယ်
စွဲလန်းလို့ သေမှာခင်ရယ်
မျက်လုံးထဲက မထွက်တယ်
အသည်းထဲမှာ စွဲကာနေပြီကွယ်
ခင်ရယ် ဒုက္ခအပေါင်းဝယ်
ချစ်ဒုက္ခက ပိုဆိုးပါတယ်။

ခင့်အပေါ်ဝယ် ချစ်မိသူမှာဖြင့်
မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်
သြော်... ခင့်အပေါ်ဝယ်
ချစ်မိသူမှာဖြင့်
မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်
လှသူဇာ မယ်ကလေးကိုတော့
အစဉ်တကယ် ခင်တွယ်
မပြောပဲနဲ့ဖြင့် သိလောက်ပေတယ်
ယုံစမ်းပါ ဘုန်းမောင့်သက်လှယ်ရယ်
သက်လှယ်ရယ်...
ညှာတာ ထောက်ထား
မောင့်ကို သနားသင့်တယ်။

ခင်ရယ် မောင့်စိတ်ထဲ
တဖက်သတ်စွဲလို့ ပူပုံပွါးတယ်
သနားပါ့ကွယ် အသည်းစွဲချစ်မိတယ်
ရွှေဖူးစာနတ်ရယ် ရေးမှရေးတတ်တယ်
တပါးမေရယ် တကယ်မုန်းရင်
အဆုံးစီရင်တော့ကွယ်။

တေးရေးဆရာက ပြည်သန်းနွယ်ပါ။ တေးဆိုကတော့ မြန်မာပြည်သိန်းတန်ပါ။ ကျွန်တော်သိခဲ့တဲ့ အဆိုတော် သိန်းတန်က နှစ်ယောက် ရှိပါတယ်။ တွံ့တေးသိန်းတန်နဲ့ မြန်မာပြည်သိန်းတန်ပါ။ တွံတေးသိန်းတန်ကိုတော့ မြန်မာသံစဉ်တွေ သီဆိုတာ ကြားဖူးခဲ့ပေမယ့် မြန်မာပြည်သိန်းတန်ကို အခုလိုမျိုး မြန်မာသံစဉ်တွေ ဆိုခဲ့မှန်း လုံးဝ မသိခဲ့ပါဘူး။ စနေထောင့်မှာ ပန်းလှူမယ်၊ နှင်းပွင့်သစ္စာ၊ ချစ်ရည်းစား၊ တပါးသူ မနမ်းစေချင် စတဲ့ ခေတ်ပေါ်တေးသီချင်းတွေပဲ သီဆိုတယ်လို့ပဲ ထင်ထားခဲ့တာပါ။

မနေ့ညက YouTube မှာ လိုချင်တဲ့ သီချင်းတွေ ဟိုဟိုဒီဒီ ရှာဖွေမွှေနှောက်နေရင်း အခုလို မြန်မာသံစဉ် သီချင်းတွေကိုလည်း မြန်မာပြည်သိန်းတန် သီဆိုထားတယ်ဆိုတာ သိခဲ့ရတာပါ။ ငယ်ကျွမ်းဆွေ၊ ရွှေသုန္ဓရီ သီချင်းတွေကိုလည်း သူ ဆိုခဲ့တာကို အဲဒီတော့မှ တွေ့ခဲ့သိခဲ့တာပါ။ ငယ်ငယ်တုန်းက လမ်းထဲက ဓမ္မာရုံမှာ ဥပုသ်နေ့ဆွမ်းလောင်းဖို့ အလှူခံတိုင်း လော်စပီကာကြီးနဲ့ အဲဒီသီချင်းတွေကို အကျယ်ကြီး ဖွင့်လေ့ရှိပါတယ်။ ကလေးဘ၀ကတော့ နားငြီးစေခဲ့တဲ့ သီချင်းတွေပါ။ ဒါကြောင့် သီချင်းတွေကို ကြားဖူးပေမယ့် အဆိုတော် ဘယ်သူမှန်း မသိခဲ့ပါဘူး။ အလှူတွေမှာဖွင့်ကြတဲ့ တောသီချင်းတွေလို့ပဲ အလွယ်မှတ်ထားခဲ့ပြီး အဆိုတော် ဘယ်သူလဲဆိုတာ သိအောင်လည်း မလုပ်ခဲ့ပါဘူး။

အခုမှ ပြန်တွေ့တော့ စာသားတွေက တကယ်ထိမိလှပါတယ်။ အဖွဲ့အနွဲ့တွေ ကောင်းတာကို သတိပြုမိတယ်။ တပါးမေရယ် တကယ်မုန်းရင်... အဆုံးစီရင်တော့ကွယ်... ဆိုတဲ့သီချင်းစာသားလေးကို အတော်လေး နှစ်ခြိုက် သဘောကျမိတယ်။ အတိဿယ၀ုတ္တိ အလင်္ကာမြောက်ပေမယ့် သက်ဆိုင်သူတွေရဲ့ ရွှေနားတော်မှာတော့ စာသားတွေက ကြည်နူးစရာ ပြုံးမိစရာလေးပါပဲ။ လတ်တလော ခံစားချက်အချို့နဲ့ တိုက်ဆိုင်မှုတွေ ရှိပေမယ့် သီချင်းစာသားတွေကို ရိုးရိုးသားသား သဘောကျမိပါတယ်။ သြော်... ဒါနဲ့ အခုတလော ကျွန်တော် အိပ်နိုင် စားနိုင်ပါတယ်ခင်ဗျာ။

16 comments:

မမသီရိ said...

ကြိုက်တယ် ဒီသီချင်း..
.....
အဲဒီသီချင်း ပထမဆုံး ဆိုတဲ့သူ က ဦးဘညွန့်တဲ့
သူနာမည် ချစ်ဒုက္ခ ဦးဘညွန်ံရယ်လို့ နာမည်ကြီးခဲ့တာ
ဘိုဘိုဟန် သီချင်း တပုဒ်တောင်ရှိခဲ့တယ်လေ
ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ ကိုသိလား..
.....
အိမ်း
အိပ်နိုင်.. စားနိုင်တယ်ဆို လို့..
စိတ်ချမ်းသာ မိပါကြောင်း...
မောင်ဂျူလိုင် ရဲ့ ချစ်ဒုက္ခတော့ မဟုတ်တာသေချာ ပါတယ်နော်..

နှင်းပွင့်ဖြူ said...

ခုမှပဲကြားဖူးတော့တယ် ..
ဒါနဲ့ နေပါဦးး....... ဘာလို့
တပါးမေရယ် တကယ်မုန်းရင်... အဆုံးစီရင်တော့ကွယ်...
ကို ရွေးကြိုက်ရတာတုန်းးးး :P

khin oo may said...

ခံစားချက်တွေ နုနေတယ်။ လေတိုးရင်လဲမှာစိုးတယ။်

khin oo may said...

ဒီနေ့ တို့ဆိုနေတဲ့သီချင်းက

22 Mar 09, 07:19 PM

kom:

http://www.apytzmedia.net/musicvideo.php?vid=c962affa2


22 Mar 09, 07:19 PM
kom: သန်မာထွားကြိုင်းပြီး ကမှာသူ အလည် လျောက်သွားမယ။် အလွန်တင့်တယ်။ သုံးတောင်ဝတ် အားမငယ် ဆယ်တောင်ဘဲဝတ်ဝတ

ခင်မင်းဇော် said...

မြန်မာပြည်သိန်းတန် စုံတောမြိုင် ဆိုခဲ့တာ မသိဘူး ဟုတ်လား.... ဘယ်သွားအိပ်နေလဲမှမသိတာ...
အဲဒီမြန်မာသီချင်းခွေ ဒီလောက်ပေါက်တာကို ဟယ်....

Phyo Maw said...

ခင်ရယ်...
ခင်ရယ်...
ခင်ခင်ရယ်နေနိုင်ရက်တယ် ချစ်ဒုက္ခဖြင့် ဖိစီးပြီကွယ်။
အော် ခင်ရယ်...
ရက်စက်တယ် ကိုဂျူလှိုင်အိမ်မက်ရယ်...။

သီဟသစ် said...

ကိုJuly ကြီးများ
ချစ်ဒုက္ခတွေ ရနေပြီလားလို့ ပြေးလာကြည့်တာ..

စိုင်းစိုင်းလားရှိုး said...

အဟေဟေး အဆိုတော်တွေတော့ သိတယ်
သီချင်းကတော့ ခုမှ ကြားဖူးတယ်
ကောင်းတယ်ကွဲ့

နေ့အိပ်မက် said...

နေ့အိပ်မက်တော့ စာသားဖတ်ရတာနဲ့တင် တော်တော်မောသွားတယ်....

ZT said...

သီချင်းစာသားကတော့ အတော်နုတာပဲ။ :D

ATN said...

အိပ်နိုင် စားနိုင် နေသေးရင်တော့ ချစ်ဒုက္ခနဲ့ တွေ့ပုံ မရသေးဘူး...း)

:P said...

ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ တော့သိတယ်....။
ဘယ်သယမှ ဘာမှ မပြောရသေးပဲ ကြိုတင် ဖြေရှင်းတာတွေများနေတယ်။
သီချင်းစာသားတွေကို ရိုးရိုးသားသား သဘောကျမိပါတယ်။
အိပ်နိုင် စားနိုင်ပါတယ် တဲ့....။
သံသယဖြစ်ဖွယ်ပဲ.....။

ကလူသစ် said...

ကလူသစ် လက်ကိုင်ပုဝါလေး မခြောက်သေးတာနဲ့ ဒီဘလော့ဂ်ကို လာမလည်နိုင်ဘူးဖြစ်နေတာ။
အလွမ်းတွေကများတော့ မျက်ရည်မဆည်နိုင်ဖြစ်ပြီး လက်ကိုင်ပုဝါတောင် သုတ်မနိုင်ဖြစ်ရတယ်ဗျာ :P

Anonymous said...

အေးဗျာ.. မြန်မာပြည်သိန်းတန်သီချင်း နားမထောင်ရတာတောင် အတော့်ကိုကြာနေပြီ
ဒါနဲ့ ခုတလောမှ အိပ်နိုင်၊စားနိုင်တယ်ဆိုတော့
ဟိုတလောက နေမကောင်းတာလား ဒါမှမဟုတ်
ခံစားချက်တွေကို ကြိတ်ကုနေတာလားဗျ။

tututha said...

ဟာ အဲ့ထက်မြန်မာဆန်တာတောင် ဆိုသေး .. ဖြူဖြူဖွေးဖွေး .. ရေဆေးငါးလိုလှနိုင်ရှာသူရယ် ... တို့ .. ဟဲ့ဗေဒါဗေဒါ နင့်ဗူးကိုဘယ်သူချဲ့ ပြောဟဲ့ဗေဒါ မိဗေဒါ .. တို့ ... ငှဲငှဲ :)

Unknown said...

အဲ့သီချင်းနာမည်လေးပြောပြပေးပါလားအကို