.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, June 20, 2009

The Balance



နေရိပ်ရဖို့ နေပူက စောင့်ဆိုပေမယ့်
ဖြတ်သန်းရတဲ့ ခရီးရှည်ကြီးမှာ
ဘ၀ဆိုတာ ဟန်ချက်ညီနေဖို့လည်း လိုတယ်။
ဟန်ချက်ပျက်သွားရင် နေပူထဲမှာ
ကုန်ခဲ့သမျှ ခွန်အားတွေ...
ထွက်ခဲ့သမျှ ချွေးတွေ...
သဲထဲ ရေသွန်သလိုပဲ။

20 comments:

Unknown said...

ဓာတ်ပုံနဲ့ ကဗျာလိုက်တယ်...။
နောက်က ကြံရည်ဆိုင်ရယ်.. ကားဘီးတွေ ထပ်ထားတာရယ်ကြည့်သွားတယ်...။ ပြန်ချင်စိတ်ပေါက်သွားတယ်.. ဘာမှတော့ မဆိုင်ဘူး

SDL

Anonymous said...

ကိုယ်ကသာ ဘာမှမဟုတ်တာ၊ အဲဒီလိုမြင်ကွင်းတွေမြင်ရင် နေလို့မကောင်းဘူး။ မမြင်ရက်ဘူးဆိုပါတော့လေ။

Ree Noe Mann said...

ဟုတ်ပါ့ဗျာ
ကဗျာလေး အတိုင်းပါပဲ

ရီနိုမာန်

Rita said...

အဲဒီ ဦးလေးကြီး သိသလိုပဲ
(ဟုတ်ပါဘူး။ မမKOM ဘလော့နဲ့ ရောသွားလို့)

Anonymous said...

ဟန်ချက်ညီညီလှမ်းလျှောက်နိုင်ပါစေဗျား။

သီဟသစ် said...

ဇာတ်လိုက်ကျော်ကြီး ကိုကိုဇူလိုင်
Balance ညီပါစေဗျား....

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ရေမပါသလိုပဲနော့

khin oo may said...

21 Jun 09, 07:31
kom: တို့ကတော့ နဲနဲသဘောပေါက်သလိုရှိတယ်။
21 Jun 09, 07:31
kom: ရေလား..ပါပါတယ။် သေချာကြည့်ပါလား ဘယ်ခြေသလုံးကြွက်သားတွေ တင်းနေတယ။် ဘယ်ပခုန်းကို မြှင့်ထားတယ။် ဘယ်လက်က ဆိုင်းထမ်းကိုထိမ်းထားပြီးညာဘက်လက်က balance ယူထားတယ်။

khin oo may said...

ရွာသားက အားရှိလို့ဖြစ်မယ်။ ဒါလောက်ကို မမှူဘူး ဆိုတဲ့သဘော...

Anonymous said...

ဟင့်အင်း ၀ါးလုံးက ဖြောင့်နေလို့။ ရေပါရင်ညွှတ်နေရမယ်။ ပြီးတော့ ထမ်းပိုးထမ်းထားတဲ့ ပုခုံးက စောင်းနေပါလိမ့်မယ်။ ဟုတ်ပါတယ် ကျနော်တို့က ကိုယ်တိုင်ရေထမ်းဖူးတာပါခင်ဗျာ

မင်းအိမ်ဖြူ Minn Eain Phyu said...

ကံဆိုတဲ့ အကြောင်းကို တင်ပြပြီး ဒီစာစုလေးကို တင်ထားတယ် ၊၊ အင်း.............
အရာရာကို ဒီလူတစ်ယောက် အနေနဲ.သာ ဆိုလိုချင်တာ လားမသိ .............
ကံဆိုတာ အလုပ်ဆိုတာလေးလည်း သုံးထားတော့.......
တခါတခါမှာ Input နဲ. Output အ၇မ်းကွာဟသွားတာ မျိုး ၊ Effenciency 1 တော့ဘယ်တော့မှ မရဘူး ဆိုတာ လက်ခံပါတယ်၊၊ ဒါပေမယ့် တခါတလေ Input တူပေမယ့် Output မတူညီတာမျိုးရော မရှိဘူးလား ....
Let it Be !

ဓါတ်ပုံလေးက မိုက်တယ် ၊၊ ရှေနောက် ညီနေတော့ ပို ပြီး အသက်ဝင်သွားတယ် ၊၊ ( မုပ္မလင်က ကိုကျော်ကြီး ရေထမ်းနေတာကိုး ..P: ) (နောက်တာပါ )

Nge Naing said...

အဟောသိကံဆိုတာလည်း ရှိပါတယ်။ ဟန်ချက်ပျက်သွားရင်တော့ အဟောသိကန်ထဲ ပါသွားမှာပေါ့။ ဒီလို ဖြစ်သွားတော့လည်း မမြင်ရတဲ့ ကံအကျိုးပေးတခု အဖြစ်လက်ခံပြီး အားလျှော့သွားဖို့ မလိပဲ နောက်ထပ် ပိုမိုအားကောင်းတဲ့ အလုပ် (ကံ) တွေနဲ့ အားဖြည့် ထပ်အစားထိုးရမှာပဲ။

Anonymous said...

အင်း ကဗျာနဲ့ ပုံနဲ့ကတော့ ကွက်တိပဲဗျာ။ ကဗျာလေးကလည်း အမှန်အကန်ပါပဲ။ ဟုတ်တယ်နော်။ ဘ၀ကြီးဟန်ချက်ညီဖို့လိုတယ်။ မှန်ချက်။
ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး

JulyDream said...

ကျွန်တော် ကဗျာ ရေးလေ့ မရှိပါဘူး ခင်ဗျာ။ အခု ရေးထားတာက စိတ်ထဲမှာ လတ်တလော ရှိနေတဲ့ ခံစားချက် အတိုအထွာတွေပါ။ အရေမရ အဖတ်မရ အငွေ့ပျံ ပျောက်သွားမှာ စိုးလို့ အင်တာနက် မျက်နှာစာမှာ မှတ်တမ်းယူထားတာပါ။ ဓါတ်ပုံကတော့ ကျိုက်ထီးရိုးအသွား လမ်းခရီးမှာ မုပ္ပလင်ကို ရောက်တုန်း ကားခဏ နားတဲ့အချိန် ရိုက်မိတဲ့ လျှပ်တပြက် ရိုက်ချက်လေးပါ ခင်ဗျာ။

ရွှန်းမီ said...

ဟုတ်.. ဆုံးမစကားကို လေးစားစွာ နာယူသွားပါတယ်..

Unknown said...

သိပ်ကောင်းတယ်ကိုဂျူ လှိုင်ရေ

ဟန်ချက်ညီဖို့ တကယ် လိုတယ်။

Phyo Maw said...

ဆရာသမားဓာတ်ပုံတွေကြည့်ပြီး
ရန်ကုန်ပြန်ချင်သွားဘီ...။

phoechan said...

ကဗျာလေးရယ် ဓါတ်ပုံလေးရယ်က ဟန်ချက်ညီပါကြောင်း။
ကဗျာကောင်းလေးတစ်ပုဒ် ဖြစ်ပါကြောင်း။

ဂျူနို said...

သဲထဲရေသွန်တော့ ဖြစ်ချင်ဘူး။

မမသီရိ said...

အချစ်နဲ့ ဘဝ
ဟန်ချက် ညီနိုင်ပါစေ