.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 8, 2009

Dear Yesterday - 10

မနေ့ကပေါ့..... စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ သူငယ်ချင်းနဲ့ သူ့အခန်းဖော်တွေကို မြို့ထဲဘက်အလည် လိုက်ပို့လိုက်တယ်။ သူက ဇွန်လ ၁ ရက်နေ့ကမှ ရောက်တာ။ အခုတော့ ဂျူရောင်းကျွန်းမှာ နေရတယ်။ အလုပ်ကလည်း အဲဒီကျွန်းပေါ်မှာပဲ။ စလုံးမှာ အလုပ် လုပ်ဖို့အတွက် အေးဂျင့်ဖိုး စင်္ကာပူဒေါ်လာ ၄၅၀၀ သွင်းရတယ်။ အလုပ်က တစ်လမှ ဒေါ်လာ ၅၀၀ လောက်ပဲ ရမှာ။ အိုဗာတိုင်ကြေး ရှိမှပဲ အသက်ရှုချောင်မယ်။ ၁ နှစ်လောက် လုပ်ပြီးမှ အေးဂျင့်ဖိုး ကျေမယ်။ နောက်တစ်နှစ် ထပ်လုပ်ခွင့်ရမှ ကိုယ့်အတွက် ကျန်မယ့်ကိန်းပါ။ သူတို့ကျတော့ ဦးနှောက် ယိုစီးတယ် ပြောရအောင်လည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် နုပျိုမှုတွေ စတေးရမှာ အမှန်ပဲခင်ဗျ။ စာရေးဆရာမ ဂျူး ပြောသလိုပဲ လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်နေတယ်။

သူတို့နေတဲ့ ဂျူရောင်းကျွန်းပေါ်ကနေ စလုံးကျွန်းမကြီးကို မော်တော်ဘုတ် စီးပြီးလာရင် ကလီမန်တီးနားက အနောက်ဘက်ကမ်း ပန်းခြံကို ရောက်တယ်။ ကလီမန်တီးဘူတာကို မသိလို့ဆိုလို့ ပန်းခြံကို သွားခေါ်ရတယ်။ ကလီမန်တီးမှာ မနက်စာ စားပြီး ရထားနဲ့ မြို့လည်ဘက်ကို ထွက်လာခဲ့တယ်။ စီးတီးဟောလ်မှာ တစ်ယောက် စောင့်နေတယ်ဆိုလို့ ပင်နီဇူလားကို ၀င်ခေါ်ရသေးတယ်။ အဲဒီကနေ ပါလီမန် အရှေ့ရောက်ပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ ပြီးတော့ မြစ်ကမ်းဘေးကို နေပူပူမှာ လသာသလား မှတ်ရအောင် လမ်းလျှောက် ထွက်ကြတယ်။

မြစ်ကမ်းဘေးက ချစ်တီးရုပ်ကြီးရှိတဲ့ နေရာမှာ ဓါတ်ပုံတွေ ရိုက်ကြတာများ ချစ်တီးကိုတောင် အားနာတယ်။ ချစ်တီးခေါင်းကို ကိုင်ထားတဲ့သူနဲ့၊ ဘိုမကို ခါးဖက်ပြီး အာဝါးပေးတဲ့သူနဲ့ တရုတ်ကြီး ပေသီးခေါက်နေတာကို ပေသီးဝင်လုတဲ့သူနဲ့ ဗြောင်းဆန်နေအောင် ပဲပေးပြီး ဓါတ်ပုံရိုက်ကြတယ်။ ဟိုတယ်ကြီးရှေ့က ရေချိုးဆင်းမယ့် ကလေးရုပ်တွေလည်း မနေရပါဘူး။ ဘောင်းဘီချွတ်နေတဲ့ ကလေးရဲ့ ရွှေဥလေးကို လှမ်းနှိုက်တဲ့ ပုံစံနဲ့ ဓါတ်ပုံရိုက်ကြသေးတယ်။ မေဘဏ်ရှေ့က နွားလှည်းကြီးဆီ ရောက်တော့လည်း ရန်ကုန်မှာ မစီးခဲ့ရတဲ့နွား စင်္ကာပူရောက်မှ စီးရတာဆိုပြီး ခွစီးကြသေးတယ်။

မြစ်ကမ်းဘေးက အ၀လွန်နေတဲ့ စာကလေးရုပ်ရှေ့မှာလည်း အုပ်စုလိုက် ကိုးရိုးကားယား ပုံစံတွေလုပ် ဓါတ်ပုံတွေရိုက်ပြီး သောင်းကျန်းလိုက်သေးတယ်။ ပြီးတော့ မာလိုင်းယွန်းရုပ်တုဘက်ကို ချီတက်ခဲ့ကြတယ်။ အဲဒီအချိန် နေက ခေါင်းတည့်တည့် ရောက်နေပြီ။ ဓါတ်ပုံတွေသာ ရိုက်ရတာ မျက်လုံးတွေက မဖွင့်နိုင်ကြဘူး။ ဒီကြားထဲမှာ တခြားသူတွေက သူတို့အတွက် ဓါတ်ပုံရိုက်ပေးပါဆိုလို့ ကူညီပေးရသေးတယ်။ ဓါတ်ပုံတွေ ရိုက်ပြီးတော့ လူလည်း ချွေးထွက်လွန်းပြီး နှုန်းနေပြီ။ အဲဒါနဲ့ အနားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ပြီး နေအေးအောင် စောင့်ပြီး ထိုင်နေခဲ့လိုက်တယ်။ လူကသာ ထိုင်ခုံမှာထိုင်ပြီး ကော်ဖီ သောက်နေကြပေမယ့် မျက်လုံးတွေက စွဲဆောင်မှု ကောင်းတဲ့နေရာတွေမှာ အော်တိုဖိုးကပ် လုပ်နေကြတယ်။ သိတဲ့အတိုင်းလေ စကာင်္ပူက အီကွေတာနဲ့နီးပြီး နေပူလွန်းတော့ ကောင်မလေးတွေလည်း အတိုလေးတွေ အဟိုက်လေးတွေပဲ ၀တ်ကြတာကိုးဗျ။

ရန်ကုန်ကနေ ရောက်တာ မကြာသေးတော့ သူတို့အတွက် ဒါတွေက အသစ်အဆန်းပါပဲ။ အကြည့်လေးတွေ လျှော့ဖို့ တိုးတိုးတိတ်တိတ် သတိပေးရတယ်။ ၃၆၀ဒီဂရီ သမင်လည်ပြန်တွေ ဖြစ်ကုန်လို့ ထိန်းကြပါအုံးဟ ပြောနေရတယ်။ မင်းတို့မျက်လုံးတွေလည်း ပြုတ်ထွက်ကုန်မယ်နော် သားရည်တွေလည်း သုတ်ပါအုံးဆိုပြီး ကျိတ်မှာရသေးတယ်။ ဒီပုံစံအတိုင်း အောချက် ခေါ်သွားလို့ကတော့ အကျိုးတော့ နည်းရချည်ရဲ့ပေါ့။ အဲဒါနဲ့ မူစတာဘက်ကို အရင်ခေါ်သွားလိုက်တယ်။ မူစတာကုန်တိုက်ထဲမှာ အထပ်တိုင်းကို ပတ်လိုက်တာ ညနေ ၃ နာရီ ထိုးပါလေရော။ ပစ္စည်းအစုံကို အများကြီး တွေ့ရတော့ အိမ်ပြန်တဲ့အခါ ၀ယ်မယ် ဆိုတာကြီးပဲ။ ဗိုက်လည်း အတော်ဆာနေပြီ။ အဲဒီနားက ဒေလီစားသောက်ဆိုင်မှာပဲ နေ့လည်စာ အားပေးလိုက်တာ ပိုက်ဆံ ၅၀ ထွက်သွားရော။ ဗိုက်ပြည့်နေတဲ့ သူတို့ကို အောချက်ဘက် ခေါ်သွားပြီး လမ်းသလား ခိုင်းလိုက်တယ်။ အောချက်က ပြန်တော့ ၄ နာရီခွဲနေပြီ။ အဲဒါနဲ့ သူတို့ကို ကလီမန်တီးဘက် ပြန်ပို့ပေးပြီး ကျွန်တော်လည်း အိမ်ပြန်လာခဲ့လိုက်တယ်။

မနေ့က သူတို့နဲ့လမ်းခွဲပြီး အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ဓါတ်ပုံဆိုင်ဘက် တစ်ခေါက်ပြေးရသေးတယ်။ ချစ်သူလေးရဲ့ ဓါတ်ပုံလေးနဲ့ တခြားဓါတ်ပုံတွေ သွားထုတ်တာပါ။ ဓါတ်ပုံဆိုင်က ည ၇နာရီမှာ လာရွေးပါဆိုလို့ အိမ်ပြန်လာခဲ့ရတယ်။ မအယ်ကြီးနဲ့ ဂျီတော့ခ်မှာ တွေ့လို့ အာလူးဖုတ်လိုက်သေးတယ်။ ၇ နာရီထိုးတော့ ဓါတ်ပုံဆိုင် တစ်ခါပြန်ပြေးပြီး ဓါတ်ပုံ သွားရွေးတာပေါ့။ ညစာတောင် မစားရသေးဘူး။ အရေးထဲ ဆိုင်က ဓါတ်ပုံမှားပေးလို့ စိတ်ရှုပ်ခဲ့ရသေးတယ်ဗျာ။ ဘယ်ပုံနဲ့မှ မလဲနိုင်ဘူးဆိုတာ သူတို့ မသိကြဘူးလားကွယ်။ အိမ်ရောက်တာနဲ့ ချက်ချင်း မှန်ဘောင်သွင်းပြီး စားပွဲပေါ် တင်ထားလိုက်တယ်။ တနေကုန် ပင်ပန်းခဲ့သမျှ အမောပြေတာပဲနော်။

မနေ့က ညမှာတော့ စလုံးကြက်ခြေနီမှာ သိခဲ့တဲ့ သူငယ်ချင်းက တောကျီးကန်း သွေးလှူရှင်အဖွဲ့အတွက် လပ်တော့ပ်တစ်လုံး လာပို့တယ်။ သုံးပြီးသား အဟောင်းပေမယ့် ကောင်းနေဆဲပါ။ သွေးလှူရှင်စာရင်းတွေ၊ သွေးလှူဒါန်းမှုစာရင်းတွေ မှတ်ဖို့အတွက် သုံးပေးပါတဲ့။ သူ့ဆီမှာ ပိုနေပေမယ့် လိုနေတဲ့သူတွေအတွက် အသုံးဝင်မှာပါတဲ့လေ။ အိမ်အောက်ထပ်မှာ လာစောင့်ပေးပါဆိုလို့ ည ၁၀ နာရီမှာ အိမ်အောက်ဆင်းပြီး စောင့်နေလိုက်တယ်။ အဲဒါကို ရန်ကုန်ပို့ဖို့ စီစဉ်ရအုံးမယ်။ နောက်လမှာ ပြန်မယ့်သူ ရှိတယ်ဆိုတော့ လူကြုံ ယူသွားပေးရင် အဆင်ပြေလောက်ပါတယ်။ ပေါ့ပေါ့ပါးပါး ပစ္စည်းမျိုး မဟုတ်တဲ့အတွက် လူကြုံကိုလည်း အားနာမိတယ်။ လူရင်းတွေပဲ အကူအညီတောင်းလို့ ကောင်းမှာပါဗျာ။

မနေ့ကပေါ့...

19 comments:

မေလေး said...

ကိုဇူလိုင်ရေ
လူကြုံရှိရင် မေလေး လှမ်းပြောမယ်နော်
မှန်လိုက်တာရှင် ချစ်သူပုံကို ဘယ်ပုံနဲ့မှကို မလဲနိုင်ပါဘူးနော် ..ချက်ချင်း မှန်ဘောင်သွင်းလိုက်တာဘဲလား
တနေကုန် ပင်ပန်းတာ အမောပြေ တယ်ဆိုတာတော့
မေလေးအပြည့်အဝထောက်ခံတယ်..သိလား
ခင်တဲ့
မေလေး

:P said...

သူကလည်း ကြော်ငြာသိပ်သိပ်ဝင်တာပဲ...

သွေးလှူဖို့ သွားလိုက်သေး.. လှူခွင့်မရခဲ့ပါ..။

khin oo may said...

စင်စင် သွေးအားမပြည့်လို့ဖြစ်ရမယ်. ဘယ်ပြည့်မလဲ လေထုတ်တာ များတာကိုး။

khin oo may said...

8 Jun 09, 23:19
kom: ချစ်တီးကိုတောင် အားနာတယ်။ (တော်တော်ဆိုး။)ုံရိုက်ပေးပါဆိုလို့ ကူညီပေးရသေး (လူရွေးကူညီသေးလား) (မအယ်ကြီး နဲ့ဘယ်လောက်အယ်သလဲဟင်.) (မှန်ဘောင်လေးနဲ ကြည့်ပါရစေ.ပုံတော့ပါပါစေ) (တို့လေတို.. ပြန်မလူာ.လို.အဟင့်

8 Jun 09, 23:14
kom: စဉ်းစားနေသေးတယ် လေးနက်နေတာများပြီလို့ . ရင်ဘတ်ကလေးကော့ပြီးလမ်းလျောက်တဲ့ အခန်းရိုက်ပါဦးလားပြောဦးမလို့အတော်ဘဲ။ ဖတ်လိုက်ဦမးယ်။ ရှက်များနေမလား။

8 Jun 09, 23:13
kom: ရေးနေတယ်လို့တော့ထင်သားဘဲ

khin oo may said...

Yesterday 10 ဆိုတာ ဘာလဲ။စာမကြေဘူး ဆိုတာပေါ်သွားပြီ။

Anonymous said...

Default setting ?

MANORHARY said...

:)

JulyDream said...

အမိုက်အမဲလေးမို့ ခွေးလွှတ်ကြပါ။ အမြင်မတော်ရင် ကျော်ဖတ်သွားပါနော်။ တကူးတက စိတ် အပင်ပန်း မခံကြပါနဲ့။ အဟီး...

မွန် said...

အင် ချစ်သူလေးပုံပဲ အမောပြေကြည့်ပြီး သူငယ်ချင်းတွေရဲ့ ၃၆၀ သမ်ငလည်ပြန်တွေမှာတော့ သူမပါဘူးပေါ့လေ တော်တော်သမာဓိကြီးတဲ့ ကိုဂျူလိုင်ကြီးပေါ့ အဟစ်ဟစ်
ဟိုရေချိုးဆင်းမယ့် ကလေးရုပ်ကို တော်တော်စိတ်မကောင်းဖစ်တွားတယ် မဖွယ်မရာလုပ်ခံရရှာတယ်နော် :D

Moe Cho Thinn said...

ဧကန္တ သူ့ကောင်မလေး စာလာလာဖတ်ပုံရတယ်။ ဖုန်းနဲ့ ကြူတာတောင် အားမရဘဲ ဘလော့မှာပါ ဖြတ်ညှပ်ကပ် ၀င်နေတယ်။ ;D

Anonymous said...

သူ့ဟာသူနေနေတဲ့ အရုပ်တောင် အေးဆေးမနေရပါလား။ အဟိ... :P

mabaydar said...

အမ မိုးချိုသင်းထင်သလိုပဲ မဗေဒါလဲ ထင်တယ်... အရင်က ကောင်မလေးအကြောင်း ဒီလောက်မရေးသလိုပဲ... ခုမှ အရမ်းကို ရေးနေပုံထောက်ရင် ကောင်မလေးက ဒီဘလော့ကို ခုနောက်ပိုင်း လာလာဖတ်တယ်ထင်တယ်.. ဟတ်.. ဟတ်...

မိုးခါး said...

မဗေဒါပြောမှပဲရှင်းသွားတော့တယ် :P
ဘာနဲ့မှ မလဲနိုင်ပါဘူးဆိုမှ တော်တော်ညံ့တဲ့ဆိုင်ရှင်
အမောဆို့အောင်တယ်လုပ်တာပဲ :D

ဂျူနို said...

ချစ်သူလေး ရေ
ချစ်သူလေးကို ကိုကို ချစ်လွန်းလို့ ဓါတ်ပုံလေး ကူးပြီး ကုတင်ဘေးက စားပွဲလေးမှာကော စာကြည့်စားပွဲမှာကော အလုပ်က စားပွဲမှာကော
ဧည့်ခန်းထဲမှာကော မီးဖိုးထဲမှာကော ထမင်းစားခန်းမှာကော
ဘောင်လှလှ လေးနဲ့ ထည့်ပြီး ထားပါတယ်ကွယ်။
ကိုကို ဖုန်းမှာလည်း ထည့်ထားတယ်။ ကွန်ပြူတာမှာ စကရင်ဆာဗာပေါ့။ ပိုက်ဆံအိပ်ထဲလည်း ရှိတယ်။ ကိုကိုသွားလေရာ ချစ်ချစ်က ကို ကိုနဲ့ တူတူရှိတယ်။
လည်ပင်းမှာလည်းစွဲထားတယ်။
ဒါဘာလို့ လဲသိလား ချစ်သူလေး
ကိုကို တိတ်ချစ် အညားကြီးချစ် တုန်နေအောင်ကိုချစ် အူလိုက်သည်းလိုက်ချစ် ပါကွယ်လို့ 

ရေးလိုက်လည်း ပြီးတာပါပဲ ကိုဂျူလှိုင်ရယ်
ဆိုလိုရင်းက ဒါပဲ မဟုတ်လား။

Sein Lyan Tun said...

တော်တော်အလုပ်များတဲ့ နေ့တစ်နေ့ပေါ့
အားတိုင်း ချစ်သူပုံပဲထိုင်ကြည့်နေတာလားဟင်အကို
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Rita said...

ပြောမလို့ပဲ

ဒါပေမယ့် မပြောတော့ပါဘူး
အကုန်ပြောပြီးသွားကြပြီ

ရွှေပြည်သူ (ShwePyiThu) said...

မနေ့က တော်တော်ကို အလုပ်များသွားတာပဲနော် ကိုဂျူလိုင်ရေ။ မှန်ဘောင်ထဲက အမောပြေဆေးလေး ရှိပေလို့ တော်ပါသေးရဲ့း) စကားမစပ် အေးဂျင့်ဖိုး ၄၅၀၀ က များလိုက်တာနော်။ သြော်... ရင်းကြရတာပါပဲလေ...

Anonymous said...

တယ်သဘောကောင်းသူကြီးရေ ကျနော်လာရင်လဲ အဲလိုပဲ လိုက်ပို့ပေးနောကိုယ့်စရိတ်ကိုယ်စားပြီး ကျနော့်အတွက်ပါခံပေးပေါ့ဗျာ နော.. ဟီး

TKLinn said...

နင့်ပုံစံနဲ့ဟာ.. အဲ့လို ချစ်သူလေး ဘာညာ အရေးအသားတွေ ဖတ်ရတိုင်း နင့်ပုံစံ မျက်စိထဲမြင်ပြိး ဘယ်လိုခေါ်မလဲနော်.. ဘယ်လိုပြောရမလဲ.. အင်း.. အဲ့လိုပေါ့