.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, June 4, 2009

We are already old

၁၉၈၉ တိန့်ရင်မင်ရင်ပြင် ဆန္ဒပြပွဲကြီး တဖြေးဖြေး ကြီးထွားလာတာကို ကြောက်လန့်နေတဲ့ တရုတ်အစိုးရက မာရှယ်လောထုတ်ဖို့အတွက် ၁၉၈၉ မေလ ၁၈ ရက်နေ့မှာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ မဲခွဲကြပါတယ်။ မဲခွဲတဲ့နေရာက တိန့်ရှောင်ဖိန်ရဲ့ အိမ်မှာပါ။ အဲဒီအခါမှာ သဘောထားပျော့ပျောင်းတဲ့ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကျောက်ကျိယန် တစ်ယောက်တည်း ကန့်ကွက်တဲ့ဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ ကျောက်ကျိယန်က အကြမ်းမဖက်တဲ့ တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းတွေကိုပဲ သုံးစေချင်ခဲ့တယ်။ သူ့အောက် ရာထူးငယ်တဲ့ တရုတ်ဝန်ကြီးချုပ် လီဖုန်းကတော့ အကြမ်းဖက် ဖြိုခွဲချင်နေတယ်။

၁၉၈၉ မေလ ၁၉ ရက်နေ့ မနက် ၅ နာရီမှာ ကျောက်ကျိယန်က တိန့်ရင်မင်ရင်ပြင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး အစာငတ်ခံ ဆန္ဒပြတာ ရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒါကို တရုတ်ရုပ်မြင်သံကြားကနေ တစ်နိုင်ငံလုံးကို လွှင့်ထုတ်ပေးခဲ့ပါတယ်။ တိန့်ရင်မင်မှာ သူပြောခဲ့တဲ့ စကားတွေက အခုချိန်မှာတော့ ထင်ရှားတဲ့ သမိုင်းဝင်စကားတွေ ဖြစ်သွားပါတယ်။

"Students, we came too late. We are sorry. You talk about us, criticize us, it is all necessary. The reason that I came here is not to ask you to forgive us. All I want to say is that students are getting very weak, it is the 7th day since you went on hunger strike, you can't continue like this. As the time goes on, it will damage your body in an unrepairable way, it could be very dangerous to your life. Now the most important thing is to end this strike. I know, your hunger strike is to hope that the Party and the government will give you a satisfying answer. I feel that our communication is open. Some of the problem can only be solved by certain procedures. For example, you have mentioned about the nature of the incident, the question of responsibility, I feel that those problems can be resolved eventually, we can reach a mutual agreement in the end. However, you should also know that the situation is very complicated, it is going to be a long process. You can't continue the hunger strike for the 7th day, and still insist for a satisfying answer before ending the hunger strike.

You are still young, there are still many days yet to come, you must live healthy, and see the day when China accomplishes the four modernizations. You are not like us, we are already old, it doesn't matter to us any more. It is not easy that this nation and your parents support you to study in colleges. Now you are all about early 20's, and want to sacrifice lives so easily, students, can't you think logically? Now the situation is very serious, you all know, the Party and the nation is very antsy, the whole society is very worried. Besides, Beijing is the capital, the situation is getting worse and worse from everywhere, this can not be continued. Students all have good will, and are for the good of our nation, but if this situation continues, loses control, it will cause serious consequences at many places.

In conclusion, I have only one wish. If you stop hunger strike, the government won't close the door for dialogue, never! The questions that you have raised, we can continue to discuss. Although it is a little slow, but we are reaching some agreement on some problems. Today I just want to see the students, and express our feelings. Hopefully students will think about this question calmly. This thing can not be sorted out clearly under illogical situations. You all have that strength, you are young after all. We were also young before, we protested, lied our bodies on the rail tracks, we never thought about what will happen in the future at that time. Finally, I beg the students once again, think about the future calmly. There are many things that can be solved. I hope that you will all end the hunger strike soon, thank you."

အဲဒါလိုစကားမျိုး လူမြင်ကွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ပြောခဲ့ရမယ်ဆိုတာ ကျောက်ကျိယန် ကိုယ်တိုင် သိပါမလားပဲ။ တိန်ရင်မင်ရင်ပြင်ကို ကျောက်ကျိယန် လာသွားပြီးတဲ့နောက် ၀န်ကြီးချုပ်လီဖုန်းက မာရှယ်လော ထုတ်ခဲ့ပါတယ်။ ၁၉၈၉ ဇွန်လ ၄ ရက်နေ့ တိန့်ရင်မင်ရင်ပြင်မှာ သွေးချင်းချင်းနီခဲ့ရတယ်။ ကျောင်းသား အရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖြိုခွဲခဲ့တယ်။ တင့်ကားတွေနဲ့ တက်ကျိတ်ခဲ့တယ်။ သေဆုံးသူပေါင်း ၂၆၀၀ ရှိတယ်လို့ တရုတ်ကြက်ခြေနီက တရားဝင် ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီပြောကြားချက်ကို ရုပ်သိမ်းခဲ့ပါတယ်။ ဘာမေးမေး မသိဘူး မရှိဘူးပဲ လုပ်နေခဲ့ပါတော့တယ်။ နီးရာဓါးကို ကြောက်ကြရတာ ထုံးစံပါပဲ။

အဲဒီအရေးအခင်းကြီးအပြီးမှာ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ် ကျောက်ကျိယန်ကို ရာထူးကနေ အနားပေးပြီး နေအိမ်အကျယ်ချုပ် ချလိုက်ပါတယ်။ သူ့နေရာမှာ ကျန်ဇီမင်းကို ခန့်အပ်ခဲ့ပါတယ်။ သူနေတဲ့ အိမ်ခြံဝင်းထဲကနေ အပြင်ကို ပါတီခေါင်းဆောင်ကြီးတွေရဲ့ ခွင့်ပြုမိန့်မရပဲ ထွက်ခွင့်မရတာ၊ ဧည့်သည်တွေကို လက်ခံတွေ့ဆုံခွင့်မရတာ သေသွားတဲ့ ၂၀၀၄ ဖေဖော်ဝါရီလအထိပါပဲ။ ကွန်မြူနစ်ပါတီရဲ့ ခုနစ်ယောက်မြောက် အတွင်းရေးမှူးချုပ်၊ တတိယမြောက် နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သူ့ရဲ ဈာပနအခမ်းအနားလည်း လူမသိ သူမသိ ကျင်းပလိုက်ပါတယ်။

We are already old, it doesn't matter to us any more... ဆိုတာ ထင်ရှားကျော်ကြားတဲ့ စကားတစ်ခွန်းအဖြစ် မော်ကွန်းတင် ကျန်ခဲ့ပါတယ်။ သူ့ရဲ့စေတနာတွေကို သူပြောတဲ့ စကားတွေထဲမှာ မြင်နိုင်ပါတယ်။ သြော်... တိုင်းပြည်နဲ့လူထုအပေါ်မှာ စေတနာထားကြတဲ့ ခေါင်းဆောင်တွေ ကံမကောင်းတာ ထုံးစံတစ်ခုလို ဖြစ်နေသလားဆိုတာ စဉ်းစားစရာပါပဲဗျာ။

14 comments:

kay said...

တကယ်တော့..သူတို့တွေက.. လူနာဆောင်အမှတ် (၆) ထဲက..ဆရာဝန်လို လူတွေပါပဲ။ တကယ်ပြတ်သားမူ မပေးနိုင် တဲ့..မကျက်တကျက် ခေါင်းဆောင်ကြီးများ မို့ပေလား..

မင်းအိမ်ဖြူ Minn Eain Phyu said...

ဝေးဝေးလံလံတွေထက် ကျွန်တော်တို.မြန်မာ့သမိုင်း တစ်လျှောက်မှာကိုက ဒီပုံပဲ သွားခဲ့တာပဲလေ ဟုတ် ..
ကျွန်တော် နားမလည်ပါဘူး ၊ ဒါပေမယ့် လူတွေ ဆင်းရဲနေ တာကိုတော့ တကယ် စိတ်မကောင်းဘူး ၊၊ ကျွန်တော် ခန္တီးဘက်ကို ရောက်တဲ့ အခါ တွေခဲ့ရတာတွေ ပို စိတ်မကောင်းဘူး ၊၊ ခုချိန်ထိ ၁၀ မိုင် ၁၂ မိုင်ခရီးကို ခြေထောက်သုံးပြီးလမ်းလျှောက်နေဆဲ ၊။ သူတို.ရဲ့ ခြေဖ၀ါးတွေ ကို ကြည့်ပြီး ကျွန်တော် တကယ် ဘယ်လိုဖြစ်မှန်းမသိဘူး ၊၊ နောက် တယ်လီဖုန်းကို ဘယ် လို ကိုင်ရမှန်းမသိသူတွေ ....
သူတို. စားတဲ့ ထမင်းတွေ လည်းစားခဲ့ပါတယ် ....
ဆိုးတယ်ဗျာ.....
ကျွန်တော်က လဟယ် သွားတဲ့ လမ်းက တံတားမှာ ခဏပဲ နေခဲ့ရလို.
အဲဒီကပြန်လာကတည်းက လိုင်းကားကျပ်ရင်လည်း သူတို.ကိုပြေးမြင်လိုက်တယ် ၊
မီးမလာရင် ၊ ဖုန်းတွေ လိုင်းမမိရင် ....
တကယ် ကျွန်တော်တို.ထက် ဆိုးတဲ့ ဘ၀တွေ အများကြီးပါ.....

Moe Cho Thinn said...

သူတို့ထဲမှာ သဘောထားပျော့ပြောင်းသူ၊ တင်းမာသူ ကတော့ ရှိစမြဲပါပဲ။ တိုင်းပြည်သူ ပြည်သားကို ကိုယ့်ရင်ဝယ်သားလို သဘောမထားဘဲ ငါ့ကို ဝေဖန်သူ ငါ့ရန်သူ လို့ သဘောထားတဲ့ ခေါင်းဆောင် မဟုတ်တဲ့ အာဏာရှင်တွေ ရှိသမျှ ဒါမျိုး အဖြစ်အပျက်တွေ ရှိနေ ဖြစ်နေအုံးမှာပါပဲ။

Younggun said...

၁၉၈၉ တိန့်ရင်မင်ရင်ပြင်၊ ၁၉၈၈ အရေးတော်ပုံ ၊ .. အယ်လ်ကေးဒါး စတင်အားယူလာတဲ့နှစ် .. အဲဒီအချိန် ဓနုရာသီမှာ ယူရေးနပ်စ်နဲ့ စနေ ပုးယှဉ်ခဲ့၊ ရုတ်ချည်းပေါက်ကွဲမှုနဲ့ တော်လှန်ရေးဂြိုဟ်နှစ်လုံး ဆုံတွေ့ခဲ့ရာ အမှတ်တရ ဖြစ်သလို၊ သွေးစက်ခါခါ မြေကျခဲ့ရာ နှစ်များလည်း ဖြစ်ခဲ့ပါရဲ့။ အဲဒီခေါင်းဆောင်တွေကိုတော့ Machine Gun နဲ့ချည်း ဆွဲလိုက်ရရင် ကောင်းမယ်။

မိုးခါး said...

း(
ဒီလိုဆိုရင်တော့ ဒုက္ခပဲနော်

လူနာဆောင် အမှတ် ၆ ကို တော်တော် စိတ်ဝင်စားနေပါတယ် ..

ဖိုးသင်္ကြန် said...

မိန့်ခွန်းသိပ်ကောင်းတယ်။

su wai said...

In conclusion, I have only one wish. If you stop hunger strike, the government won't close the door for dialogue, never! The questions that you have raised, we can continue to discuss.

တကယ့်ကို ပြည်သူလူထု (ကျောင်းသားတွေ)အပေါ်မှာ စေတနာထားတဲ့သူဆိုတာ သူပြောခဲ့တဲ့ မိန့်ခွန်းမှာ ပေါ်လွင်နေပါတယ်။
အကိုပြောတဲ့ အချက်ကလဲ စဉ်းစားစရာပဲနော်...

Rita said...

ဒီ post ကို ဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်

ကလူသစ် said...

သာမာန်သဘောထားပျော့ပြောင်းတဲ့သူမို့လို့ပါ။ တကယ် ပြောင်းလဲချင်စိတ်ရှိရင် သူက အတွင်းလူပဲ၊ လှိုက်စားနေလို့ရပါတယ်။

ဂျူနို said...

မအယ်တော့ တင့်ကားတွေရှေ့ရပ်ခဲ့တဲ့ ကျောင်းသားတွေရယ်
မင်းတို့ သားတွေကို ပြစ်သတ်ဖို့ ကျဉ်ဆံဖိုး ယူအက် ၂၇ ဆင့် လာပေးပါဆိုတဲ့ စာရယ်
ကိုယ့်တွင်းကိုယ်တူး ခြေတုတ် လက်တုတ် တွင်းဝနားထိုင်ခဲ့ရသူတွေရယ်
နောက်စေ့ကနေ သေနတ်နဲ့ ပစ်သတ်ပြီး တွင်းထဲ ခြေထောက်နဲ့ ကန်ခဲ့တဲ့ စစ်သားတွေရယ်
ကျောင်းသားခေါင်းဆောင် ဆိုတဲ့သူရယ်ကို သတိရပါတယ်။

ဒါပေမဲ့လေ မအယ်သူငယ်ချင်းတွေက သူ တို့ တရုပ်ပြည်မှာ ဘာမှ မဖြစ်ခဲ့ပါဘူးတဲ့။ ဘီဘီစီတို့ စီအင်အင်တို့ က မဟုတ်တာပြောတာတဲ့။


မအယ်

မဆုမွန် said...

တင့်ကားနဲ့တောင်တက်ကြိတ်တဲ့အခါ ကိုယ့်သွေးကိုယ့်သား ကိုယ်လူမျိုးရင်း ကလေးငယ်လေးတွေကို တက်ကြိတ်ပစ်တဲ့ တင့်ကားမောင်းသူတွေရဲ့ စိတ်ကို တော်တော်တုန်လူပ်မိပါတယ်။

စက်တင်ဘာတုန်းက သံဃာကို ထုနှက်ရိုက်ပုတ် တွန်းထိုးနေတဲ့ ခွေးတွေနဲ့ စိတ်ဓာတ်တူမယ် ထင်ပါရဲ့

ဖျောက်ဖို့ကြိုးစားပေမယ့် ပျောက်မယ့်အရာတွေမှ မဟုတ်ပဲကွယ်

မမသီရိ said...

ဲမြန်မာပြည်မှာလဲ.. ဒီအဖြစ်အပျက်
လိုဆင်တူလေး ရှိခဲ့ဖူးတယ်
အသက် သိပ်ကြီးသွားလို့
ရာဇပလ္လင်ပေါ်က ဆင်းတော့မဲ့ ဆဲဆဲ
ပုဂ္ဂိုလ်ကြီးက ပြောခဲ့တာလေ..
ပြည်သူတွေကလိုချင်သပဆိုရင်
ပါတီစုံဒီမိုကရေစီစံနစ်ကြီး မြန်မာပြည်မှာ
စတင်အကောင်အထည်ဖေါ်ကြပါတဲ့..
သူ ပေးခဲ့တဲ့ သြ၀ါဒ နောက်ပိုင်း
အရေးအခင်းက ဆက်တိုက်ဖြစ်တော့တာပဲ..
သူ့နောက်ဆုံးခရီးကလဲ လူမသိ သူမသိ..
(သူ အဲဒီအချိန်က အဲဒီစကားပြောခဲ့တာ
စေတနာ ပါရဲ့လားလို့ မတွေးတော့ပါဘူး ..း)

ဂျူနို said...

ကိုဂျူလှိုင်ရေ
နေကောင်းလား
သတိရလို့ လာတာ။
ချစ်သူလေးကော နေကောင်းလား
လက်ကိုယောင်သေးလား
ငပိကော နိုက်စားသေးလား
မားမားကော နေကောင်းလား
စီဘောက်မှာ ရေးရင် ပျက်သွားမှာစိုးလို့ 
ဒီမှာလာရေးတယ်။
စိတ်မရှိပါနဲ့ ။
မအယ်

Anonymous said...

မှတ်သားစရာပါပဲဗျာ... ဟုတ်တယ်ဗျ တော်လွန်းတဲ့လူတွေကျတော့ ကံတရားကမျက်နှသာ မပေးဘူး။ ညံ့လွန်းတဲ့လူတွေကျတော့ ဘယ်လိုပြောရမလဲ
ကြိမ်စာဝလေ လူလှလေဆိုတဲ့ စကားလိုကိုဖြစ်နေကြတယ်ဗျာ..။