.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, July 14, 2010

Ayam Penyet

Ayam Penyet ဆိုတာ အင်ဒိုနီးရှားဆိုင်ပါ။ အင်ဒိုနီးရှား ထမင်းဟင်းတွေကို စားချင်ရင် အဲဒီကို သွားစားကြပေါ့။ ပထမဦးဆုံး စားဖူးတဲ့ဆိုင်က Bugis ဘက်မှာပါ။ Hot Pot ဆိုင်တွေရဲ့ အနားလေးမှာပဲ။ အခုတော့ အဲဒီဆိုင် မရှိတော့ဘူး။ ညီမဝမ်းကွဲက သူ့မွေးနေ့ကို အဲဒီဆိုင်မှာ လိုက်ကျွေးခဲ့တယ်။ ကြက်ကြော်နဲ့ ချဉ်ဟင်းက ကောင်းလွန်းတယ် ဆိုပြီး ညွှန်းတယ်။ ဟုတ်ပါ့မလားပေါ့။ တကယ်စားကြည့်တော့မှ ဟုတ်ပါ့ဟုတ်ပါ့ ဆိုတာ သိလိုက်ရတယ်။ ခရမ်းချဉ်သီးနဲ့ လုပ်ထားတဲ့ ငပိချက်က အတော်ပူတယ်။ ဒါပေမယ့် စားလို့ ကောင်းတယ်။ ချဉ်ဟင်းကတော့ စပါယ်ရှယ်လို့ ပြောလို့ရတယ်။ ချိုသလိုလို ချဉ်သလိုလိုလေး။ ချဉ်ဟင်းမှာ ပြောင်းဖူး၊ မြေပဲ။ ဂေါ်ဖီ၊ ပဲသီးတွေ ပါတယ်။


Boonlay - Jurong Point က ဆိုင်

ဟိုးအရင် မွေးနေ့တုန်းက ဘလော့ဂါတွေနဲ့ Bugis က ဆိုင်မှာ စားဖြစ်တယ်။ ညီမတစ်ယောက် စင်္ကာပူကို လာလည်တော့ အဲဒီဆိုင်ကို ခေါ်သွားသေးတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ဆိုင်မဖွင့်တော့ဘူး။ ဆိုင်နေရာ ရွှေ့သွားတာလား မသိဘူး။ Orchard လမ်းက Lucky Plaza မှာလည်း ရှိတယ်ဆိုတာ ကောင်ကောင်မိုကြီး လိုက်ပို့လို့ သိရတယ်။ လက်ရာကောင်းတယ်။ ဒါပေမယ့် မီးဖိုးချောင်က ညှော်နံ့က အပြင်ထွက်လာတော့ သိပ်အဆင်မပြေလှဘူး။ Boonlay Jurong Point က ဆိုင်ကိုတော့ ရုံးက လူတွေနဲ့ ရောက်ဖြစ်တယ်။ ဆိုင်အပြင်အဆင် အတော်ကောင်းတယ်။ စားလို့လည်း ကောင်းတယ်။ ပိတ်ရက်မှာဆို လူများလွန်းလို့ တန်းစီရတာ အချိန်ကုန်တယ်။ Woodlands Causeway Point က ရုပ်ရှင်ရုံရှိတဲ့ အထပ်မှာလည်း အဲဒီလို အင်ဒိုနီးရှား အစားအစာဆိုင်တော့ ရှိတယ်။ ဒါပေမယ့် လက်ရာ မကောင်းဘူး။ Vivo City မှာလည်း တစ်ဆိုင် ရှိတယ်။ လက်ရာက Lucky Palaza နဲ့ Jurong Point က ဆိုင်တွေကို မမှီဘူး။


အရိုးထုတ်ထားတဲ့ ကြက်ကြော်

ကြက်သားကြော်နဲ့ ထမင်း တစ်ပွဲကို စင်္ကာပူဒေါ်လာ ၇ ဒေါ်လာနီးပါး၊ ချဉ်ဟင်းတစ်ခွက်ကို ၄ ဒေါ်လာ နီးပါး ပေးရတယ် ဆိုပေမယ့် ဟမ်ဘာဂါ ၀ယ်စားရတဲ့ဈေးနဲ့ ယှဉ်ကြည့်ရင် ထမင်းနဲ့ဟင်း စားရတာ ပိုတန်သလိုပဲ။ ကြက်ကြော်မှာ ပဲပြားကြော်နဲ့ အရွက်ကြော်လည်း ထည့်ပေးတတ်တယ်။ အမဲသားနဲ့ လုပ်တဲ့ ဟင်းတွေလည်း ရှိတယ်။ မစားဖူးတော့ သိပ်မသိဘူး။ ငါးခူကြော်တွေလည်း ရှိတယ်။ တချို့ဆိုင်တွေက ငပိချက်ကို ကြိုက်သလို ယူခွင့်ရှိတယ်။ တချို့ကျတော့ ဟင်းခွက်ထဲမှာ ထည့်ပေးထားသလောက်ပဲ ရတယ်။ များများလိုချင်ရင် ဟင်းမှာကတည်းက တခါတည်း ပြောရတယ်။ Lucky Plaza နဲ့ Jurong Point က ဆိုင်တွေမှာ အအေးပါ မှာလို့ရတယ်။ ထောပတ်သီးဖျော်ရည်က သောက်လို့ အကောင်းဆုံးပဲ။ ထောပတ်သီး ပေါ်တဲ့ ရာသီချိန်မှ ရတယ်။ မုန့်လက်ဆောင်းလည်း ရတယ်။ Blueberry လည်း ရတယ်။ အဲဒါတွေလည်း သောက်လို့ ကောင်းပါတယ်။ တစ်ခါက အင်ဒိုနီးရှား လက်ဘက်ရည်ဆိုလို့ စမ်းသောက်ကြည့်တာ ရေနွေးကြမ်းအအေးကို သကြားနဲ့ မွှေပြီး ဖျော်ပေးထားသလိုပဲ။ အဲဒါကို ကြိုက်တဲ့သူ ရှိကောင်း ရှိပါမယ်။


အင်ဒိုချဉ်ဟင်း

သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေ စင်္ကာပူကို အလည်တခေါက် ရောက်လာတဲ့အချိန်မှာ ဧည့်ခံဖို့ ဆိုင်ကောင်းကောင်းတွေ သိစေချင်တဲ့သဘောနဲ့ ပြောပြတာပါ။ သိသူ ဝင်စား မသိသူ ကျော်သွား ဆိုတာမျိုး မဖြစ်ရလေအောင် ဝေမျှတာပါ။ ကြော်ငြာပေးတာလည်း မဟုတ်ပါဘူး။ ကော်မရှင်ခ ပွဲစားခလည်း မရပါဘူး ခင်ဗျာ။

11 comments:

pandora said...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ အင်ဒို ထမင်းကြော်စားရင် အဲဒီဆိုင်ကို သတိရနေသေးတယ်..
ထပ်မံထောက်ခံပါကြောင်း... မြန်မာပါးစပ်နဲ့ ကြိုက်ကြမှာပါ။း)

ZT said...

Ayam Penyet ဆိုတာ အင်ဒိုဘာသာနဲ့ ကြက်ကြော်နဲ့ ထမင်း တွဲထားတဲ့ အစားအစာကို ခေါ်တာ။ ဆိုင်နာမည် မဟုတ်ဘူး။ Ria က ဆိုင်နာမည် ဖြစ်လိမ့်မယ်။ ကလယ်မန်တီ Food Court က အင်ဒိုဆိုင်မှာလည်း Ayam Penyet ရတယ်။

T T Sweet said...

ဂျူရောင်းပွိုင့်မှာ အင်ဒိုဆိုင် တစ်ဆိုင်တွေ့ဘူးတယ်။ အဲဒီဆိုင်လားတော့ မမှတ်မိဘူး။ အညွှန်းကောင်းလို့ သွားစားကြည့်ရဦးမယ်။

Ree Noe Mann said...

ဟင်းချို ပါတာတော့ အင်ဒို စတိုင်မဟုတ်လောက်ဘူးဗျ
စင်ကာပူ နိုင်ငံနဲ့ လိုက်ပြီး လုပ်ထားတာဖြစ်မယ်
အင်ဒို ဆိုင်တွေမှာ ဟင်းချိုမရှိ သလောက်ပဲဗျ
ဟိုဖက်မှာတော့ အဲကြက်ကို တောကြက်လို့လဲ ခေါ်တယ်
မြန်မာ ပါးစပ်နဲ့တော့ လိုက်ပါတယ်

MrDBA said...

မြို့ထဲ Bugis နား Shaw Centre နားက ဆိုင်ရဲ့ ဆိုင်ခွဲထင်တယ် ဂျိုရောင်းပွိုင့်မှာ ဖွင့်ထားတာရှိတယ်။ သိပ်ကြိုက်တယ်။ စားလို့ကောင်းတယ်။ ဗမာပါးစပ်နဲ့ အကိုက်ပဲ။

mae said...

ZT ပြောတာ ဟုတ်တယ် :P

စားချင်တယ်

mae said...

ဘယ်နှစ်ခါတောင် သွားစားထားလဲ မသိဘူး..
မနာလိုလိုက်တာ

ငပိချက် စားချင်တယ်

kh said...

ဗိုက်ဆာနေပါတယ်ဆိုမှ
ဒီပို့စ်ကိုဖတ်မိတော့
ဗိုက်ထဲကဆန္ဒပြလာပြီ
:(

JulyDream said...

kkmg: AYAM PANNYET ဆိုတဲ့နာမည်နဲ့ အင်ဒိုနီးရှားစာ ရောင်းတဲ့ ဆိုင်ပါ.. Lucky Plaza ၂ထပ်မှာလဲ နောက်ထပ်ဆိုင်ခွဲရှိပါသေးတယ်.. Ayam Penyet ဆိုတဲ့ ကြက်ကြော်နဲ့ထမင်းကိုေ၇ာင်းတဲ့တခြား အင်ဒိုနီးရှားရက်စတောရင့်တွေလဲ ရှိပါသေးတယ်... ဂျူလိုင့်အစား ဖြည့်စွက်ပြောပေးတာပါ။

*ဖြည့်စွက်ချက်* .. Lucky Plaza ၄ထပ်မှာတဆိုင် ၂ထပ်မှာတဆိုင်ပါ။

JulyDream said...

P.Ti: AYAM PANNYET ဆိုတာ ဆိုင်နာမည်မဟုတ်ပါဘူး။ အစားအစာနာမည်ပါ။ AYAM ဆိုတာ ကြက် PANNYET ဆိုတာ ထုထောင်းထားတယ် လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ AYAM PANNYET တွေ့တိုင်း ဆိုင်တွေ အတူတူထင်နေပါဦးမယ်။

JulyDream said...

kkmg: အင်း... ရှင်းခါမှ ရှုပ်ကုန်ပြီ.. http://www.ayampenyetria.com/locations.html အဲဒီထဲကိုသာ ဝင်ကြည့်လိုက်ကြပါ..