.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, July 7, 2007

My World @ 07 07

၀၇ ၀၇ ဖြစ်တဲ့ကျွန်တော်အတွက် ဒီကနေ့ ၀၇-၀၇-၀၇ ဖြစ်တဲ့နေ့ပဲလေ။ ၀၇ ၀၇ နဲ့ပါတ်သတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ အတိတ်သမိုင်းတွေ... သာမာန်ရိုးရိုး ဖြစ်ရိုးဖြစ်စဉ်လေးတွေ လောကကြီးမှာ ရှိခဲ့ပါတယ်။ ပျော်ရွှင်ကြည်နူးစရာတွေ၊ လေးစားဂုဏ်ယူစရာတွေ၊ ထူးထွေဆန်းပြားတာတွေ၊ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အရာတွေ၊ မွန်းကျပ်နစ်မွန်းခဲ့ရတာတွေ၊ ကြေကွဲဆို့နစ်စရာတွေ သမိုင်းနေ့စွဲတွေမှာ အထင်ကရ ရှိနေမှာပါ။ ကျွန်တော်အတွက်ကတော့ ၀၇ ၀၇ဆိုတာ ကျွန်တော့်ကိုယ်ပိုင် ဘ၀လေးထဲက အမေနေ့ပေါ့ဗျာ။ အမေများနေ့ မဟုတ်ဘူးနော်။ အမေနေ့ပါပဲ။

ဒီနေ့ ဒီအချိန်မှာ အမေ ကျွန်တော်ကို မွေးဖွါးခဲ့တယ်။ သားဦးမို့လို့ မွေးရခက်တယ်ဆိုတာ သိကြမှာပါ။ ကျွန်တော်ကို မွေးတုန်းကဆို တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဆေးရုံမှာ မွေးမလိုလို ဗိုက်နာခဲ့ပြီးမှ ငါးရက်လောက်ကြာမှ မွေးခဲ့တာလေ။ နှစ်ဘက်စလုံးက အဖိုးတွေဆိုရင် ကလေး အသက်မရရင်နေပေစေ့ လူကြီးအသက်ပဲ လိုချင်တယ်ဆိုတဲ့ အထိတောင် မွေးရဖွားရခက်စေခဲ့တဲ့ ကျွန်တော်ပါ။ ဒါပေမယ့် အမေက အခက်အခဲတွေ ပင်ပန်းမှုတွေကို ကြံကြံခိုင်ရင်ဆိုင်ပြီး ဇွဲမလျှော့ဘဲ ကျွန်တော်ကို သဘာဝအတိုင်း မွေးခဲ့ပါတယ်။ ဇူလိုင်လရဲ့ အိပ်မက်လေးတစ်ခု တကယ်အမှန်ဖြစ်လာပြီပေါ့နော်။ အဲဒါကြောင့် ကျွန်တော် ဇူလိုင်အိပ်မက် ၀၇ ၀၇ ကို ဂုဏ်ယူစွာနဲ့ပဲ ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။ ရှေ့မှီနောက်မှီ လူကြီးသူမတစ်ချို့က ပြောတယ် ကျောင်းသားသေလို့ လူပြန်ဝင်စားတယ် ထင်တယ်တဲ့။ ကျွန်တော့်ကိုယ်မှာလည်း မွေးရာပါ အမှတ်တွေက နေရာအနှံ့မှာ ပါလာသေးတယ်လေ။ အဲဒါဆိုရင်လည်း လူ့ဘ၀ကို တစ်ခါပြန်လာခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ် အမေ။ အမေမွေးရကျိုးနပ်တဲ့ သားတစ်ယောက်ဖြစ်အောင် ကျွန်တော် ဆက်လက် ကြိုးစားနေမှာပါအမေ။

အခုဆိုရင် ကျွန်တော် မွေးနေ့ တစ်ခေါက်ပြန်ရောက်လာပြန်ပြီပေါ့နော်။ ဒီမွေးနေ့လေးက တစ်သက်မှာ တစ်ခါပဲ ကြုံနိုင်တဲ့ မွေးနေ့လေးပါ။ မွေးနေ့အထိမ်းအမှတ်နဲ့ ကျွန်တော် သွေးဘဏ်မှာ သွေးသွားလှူဖို့ စီစဉ်ထားပါတယ်။ မြင့်မြတ်တဲ့ အလှူဒါနဖြစ်တဲ့ သွေးလှူဒါန်းမှုလေးနဲ့ အမေ့ကျေးဇူးကို ဆပ်လိုက်ပါရစေ။ မွေးကျေးဇူးတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်ဆပ်တဲ့ကျေးဇူးတွေက ဘာမျှမပြောပလောက်ပါဘူး။ ဒါပေမယ့် နိုင်သလောက်လေးတော့ ဆပ်နေပါရစေ အမေ။ အမေတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

အမေ့အတွက် ကျွန်တော် အင်တာနက်က ရှာတွေ့ထားတာလေး ဒီနေ့ဒီအချိန်အခါမှာ အမှတ်တရအဖြစ် တင်လိုက်ပါရစေ။


MOTHER

"M" is for the million things she gave me,
"O" means only that she's growing old,
"T" is for the tears she shed to save me,
"H" is for her heart of purest gold;
"E" is for her eyes,with love-light shining,
"R" means right, and right she'll always be.

Put them all together,they spell "MOTHER,"
A word that means the world to me.

Howard Johnson

3 comments:

chewyinn said...

oh,, Thar Du, Thar Du, Thar Du par taw,,, u r also the most loving son of ur MarMar, i know,,, =)

diLo said...

bro :D
happy birthday and..happy birthday for this blog as well..

khin oo may said...

့happy birthday!