.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, July 17, 2007

Jelly for Women

ကွန်ဒုံးအစွပ်များက အေ့စ်ရောဂါကာကွယ်ရေး တစ်ခုတည်းသော နည်းလမ်းအနေနဲ့ ၂၅ နှစ်ကြာမျှ ရှိခဲ့ပြီးတဲ့ နောက်ပိုင်းမှာ နောက်နှစ်များ မကြာမီ အဏုဇီဝပိုးများကို သတ်နိုင်မယ့် ဂျယ်လီများ ပေါ်ပေါက် လာတော့မှာပါ။ ကာမစပ်ယှက်ရာတွင် အေ့စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိတ်ဆို့တားဆီးနိုင်တဲ့ အဲဒီဂျယ်လ် ထုတ်လုပ်နိုင်ရေးကို အိမ်မက်တစ်ခုပမာ မျှော်လင့်ချက်များစွာနဲ့ သုတေသနပြုလုပ် နေကြသူများ ရှိနေခဲ့ပါတယ်။

အေ့စ်ရောဂါ အဆိုးဝါးဆုံးဖြစ်နေတဲ့ တောင်အာဖရိကမှာ ၆၀ ရာခိုင်နှုန်းသော ရောဂါကူးစက်ခံ ရသူတွေမှာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့တွေက လင်ယောကျာင်္း သို့မဟုတ် ရည်းစားတွေရဲ့ အကာအကွယ်မဲ့ ကွန်ဒုံးမပါဘဲ အနိုင်အထက် စီးနင်းဆက်ဆံခံရခြင်းတွေကြောင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။ အခုလို ဂျယ်လ်မျိုးသာ ပေါ်ပေါက်လာရင် အဲဒီလိုမျိုး အေ့စ်ရောဂါဆိုးကို ပိပိရိရိ ကာကွယ်နိုင်မှာပါ။

ယောကျာင်္းတွေကလည်း ယောကျာင်္းတွေပါပဲ။ အထူးသဖြင့် အိမ်ထောင်သည်ယောကျာင်္းတွေက သူတို့ရဲ့ ဇနီးမယားတွေနဲ့ ဆက်ဆံရာမှာ ကွန်ဒုံးကို မသုံးချင်ကြပါဘူး။ အလွှာတစ်ခုခြားနေတာကို ကမ္ဘာတစ်ခု ခြားသလိုလိုပဲ ပြောကြ ဆိုကြတတ်ပါသေးတယ်။ အကယ်လို့များ ကွန်ဒုံးသုံးဖြစ်ခဲ့ရင် အေ့စ်ရောဂါ ကူးစက်ပျံ့ပွါးမှုကို သိသိသာသာ လျှော့ချနိုင်မှာပါ။

၁၉၉၇ မှာ အဏုဇီဝ ပိုးသတ်ဆေး ရှာဖွေဖို့ အထောက်အပံရငွေက ဒေါ်လာ ၂၈ သန်းသာ ဖြစ်ပါတယ်။ ပထမဆုံး စမ်းသပ်မှုဖြစ်တဲ့ သုတ်သတ်ဆေးမှ ထုတ်ယူသောဆေးက မအောင်မြင်မှုများနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ အဲဒီဆေးကို စမ်းသပ်ကြည့်ရာမှာ အမျိုးသမီးအင်္ဂါ အတွင်းနံရံမှာ အနာတွေ ဖြစ်ပေါ်လာပြီး အနာတွေရဲ့ သွေးစီးဆင်းမှုအတွင်းသို့ ရောဂါပိုးက အလွယ်တကူ ၀င်ရောက်သွားနိုင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပါပြီ။ ၂၀၀၅ ခုမှာ ထောက်ပံ့ငွေမှာ ဒေါ်လာ ၁၆၃ သန်းဖြစ်လာပါတယ်။ ဘီလ်ဂိတ်ဖောင်ဒေးရှင်းက အခုဂျယ်လ် ထုတ်လုပ်ရေး ပရဟိတလုပ်ငန်းကို ဦးစားပေး အဆင့် သတ်မှတ်ပေးထားပြီး များစွာထောက်ပံ့ ကူညီပေးနေပါတယ်။ ၂၀၀၇ ဒီဇင်ဘာလမှာ စမ်းသပ်မှုများ ပြီးစီးမည်ဟု ခန့်မှန်းထားပါတယ်။ အားလုံး အဆင်ပြေ အောင်မြင်ခဲ့ရင် ၂၀၀၉ ခုမှာ အဲဒီဂျယ်လ်ကို သုံးနိုင်မယ်လို့ သုတေသီတွေက ခန့်မှန်း ပြောကြားထားပါတယ်။

No comments: