ရေလိုက်ငါးလိုက်
အဆင်ပြေသလိုသာ နေလာခဲ့
ဒို့မှာ အစဉ်အလာ ခိုင်မြဲလို့
ကြာလာတော့ ချောင်းကို မြစ်ဖြစ်တော့မယ်
ရှင်သန်ရုံသာ ရှင်သွားရင်
ဘ၀ရေတိမ်မှာ နစ်မွန်းပေါ့
ကိုယ်နဲ့မင်း ပြောင်းပြန် လုပ်ရဲမှာလား။
တော်ရုံတန်ရုံ သတ္တိသွေး
တွေးယူရုံနဲ့ မရဘူးဟေ့
ရင်ကမွေး လက်ကကြွေး
အချက်ပေးမှ ...
မှောင်ကာ ဖုံထူ ချောင်တစ်ခုမှာ
ပစ်ကာ ပေရေ သံချေးတက်
ပြန်ဖော်စမ်း တို့ ဟိုတုန်းက အိပ်မက်။
နေခြည်ဝင်းတော့ ရှင်းရှင်းပဲ
လျှပ်ရောင် ပြက်သို့ ဒက်ကနဲပဲ
အဆင်းနဲ့ အချင်း နီးစပ်ရင်း ကွဲကွာလာ
နောင်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ
ရွှေခြည်ကြိုး ဆွဲရာ မကပါရစေနဲ့။
ကြည်ဖြူစွာနဲ့ လက်တွဲခဲ့
အခုလည်း ပြေလည်နေဆဲပဲ
ဒါပေမယ့် ချစ်ရုံနဲ့ မပြီးဘူးကွယ် ...
ကြင်နာစွာ နင်ဆိုဘူးတဲ့
ကတိတွေ ပြန်လည်ကာ ကြားရင်
နာကျင်ခြင်းအသိတွေနဲ့ ရှက်နေမယ်။
ဘယ်အရာ လွန်တာ ဘယ်သူ့အပြစ်
မရရင် ကံသာ ပုံချလိုက်
အယုံလွန်သူကို ချော့ရင်တော့ ပျော့စမြဲပေါ့။
တကယ်ဆို ကိုယ်ဟာ ယောကျာင်္းပါ
အားမာန်တွေလည်း ပြည့်စွမ်းတုန်း
ဆင်ခြေပေးတဲ့ လူစား မဟုတ်ရဘူး။
ဒီတစ်ခါ နောက်မကျသေးဘူး ဟေ့
ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း
ကိုယ့်ရဲ့နှလုံးသွေးတွေ စွေးစွေးနီစေ...
နောင်ကို ကြုံလာမယ့် အခက်အခဲ
ကျိတ်ကာ ရင်ဆိုင် ဖြေရှင်းမယ့်
ရေလိုက် ငါးလိုက် ဘ၀မျိုး မ ကတော့ဘူး။
နေခြည်ဝင်းတော့ ရှင်းရှင်းပဲ
လျှပ်ရောင် ပြက်သို့ ဒက်ကနဲပဲ
အဆင်းနဲ့ အချင်း နီးစပ်ရင်း ကွဲကွာလာ
နောင်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ
ရွှေခြည်ကြိုး ဆွဲရာ မကပါရစေနဲ့။
အဆင်ပြေသလိုသာ နေလာခဲ့
ဒို့မှာ အစဉ်အလာ ခိုင်မြဲလို့
ကြာလာတော့ ချောင်းကို မြစ်ဖြစ်တော့မယ်
ရှင်သန်ရုံသာ ရှင်သွားရင်
ဘ၀ရေတိမ်မှာ နစ်မွန်းပေါ့
ကိုယ်နဲ့မင်း ပြောင်းပြန် လုပ်ရဲမှာလား။
တော်ရုံတန်ရုံ သတ္တိသွေး
တွေးယူရုံနဲ့ မရဘူးဟေ့
ရင်ကမွေး လက်ကကြွေး
အချက်ပေးမှ ...
မှောင်ကာ ဖုံထူ ချောင်တစ်ခုမှာ
ပစ်ကာ ပေရေ သံချေးတက်
ပြန်ဖော်စမ်း တို့ ဟိုတုန်းက အိပ်မက်။
နေခြည်ဝင်းတော့ ရှင်းရှင်းပဲ
လျှပ်ရောင် ပြက်သို့ ဒက်ကနဲပဲ
အဆင်းနဲ့ အချင်း နီးစပ်ရင်း ကွဲကွာလာ
နောင်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ
ရွှေခြည်ကြိုး ဆွဲရာ မကပါရစေနဲ့။
ကြည်ဖြူစွာနဲ့ လက်တွဲခဲ့
အခုလည်း ပြေလည်နေဆဲပဲ
ဒါပေမယ့် ချစ်ရုံနဲ့ မပြီးဘူးကွယ် ...
ကြင်နာစွာ နင်ဆိုဘူးတဲ့
ကတိတွေ ပြန်လည်ကာ ကြားရင်
နာကျင်ခြင်းအသိတွေနဲ့ ရှက်နေမယ်။
ဘယ်အရာ လွန်တာ ဘယ်သူ့အပြစ်
မရရင် ကံသာ ပုံချလိုက်
အယုံလွန်သူကို ချော့ရင်တော့ ပျော့စမြဲပေါ့။
တကယ်ဆို ကိုယ်ဟာ ယောကျာင်္းပါ
အားမာန်တွေလည်း ပြည့်စွမ်းတုန်း
ဆင်ခြေပေးတဲ့ လူစား မဟုတ်ရဘူး။
ဒီတစ်ခါ နောက်မကျသေးဘူး ဟေ့
ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း
ကိုယ့်ရဲ့နှလုံးသွေးတွေ စွေးစွေးနီစေ...
နောင်ကို ကြုံလာမယ့် အခက်အခဲ
ကျိတ်ကာ ရင်ဆိုင် ဖြေရှင်းမယ့်
ရေလိုက် ငါးလိုက် ဘ၀မျိုး မ ကတော့ဘူး။
နေခြည်ဝင်းတော့ ရှင်းရှင်းပဲ
လျှပ်ရောင် ပြက်သို့ ဒက်ကနဲပဲ
အဆင်းနဲ့ အချင်း နီးစပ်ရင်း ကွဲကွာလာ
နောင်သံသရာအထိ ဆက်လက်ပြီး
နောက်ဆို ဒီလိုဘယ်တော့မှ
ရွှေခြည်ကြိုး ဆွဲရာ မကပါရစေနဲ့။
စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ပါ။ အခုလောလောဆယ် ကျွန်တော့်ရင်ထဲက ပြောချင်နေတာတွေက အဲဒီသီချင်း အတိုင်းပဲဗျာ။ ခံစားချက်တွေ ကွတ်တိပဲ။
အဆင်ပြေသလို နေလာခဲ့တဲ့ ကျွန်တော်တို့ဘ၀တွေ ၀ါးလုံးခေါင်းထဲမှာ လသာနေမိတယ်။ ရေအိုင်ကို ပင်လယ် ထင်မိနေခဲ့တယ်။ ချောင်းကို မြစ်ထင်နေကြတယ်။ ကဲ အခုကြာလာတော့ ဘာဖြစ်လာလဲ... အသက်တွေ ရှင်သန်နေပေမယ့် ဘ၀ရေတိမ်မှာ နစ်မွန်းရပြီပေါ့။ တခြားသူတွေရဲ့ ဘ၀တွေ တိုးတက်နေချိန်မှာ ကျွန်တော်တို့ ဟိုး အနောက်မှာ ကျန်ခဲ့နေတုန်း။ ဟိုတုန်းက အိပ်မက်တွေကို ပြန်ဖော်ဖို့ တော်ရုံတန်ရုံ သတ္တိသွေးနဲ့တော့ ရမယ် မထင်ဘူး။
ကဲ... ကျန်တဲ့သီချင်းစာသားတွေကို ကိုယ့်ဘာသာကိုယ် ဆက်လက်ပုံဖော် ခံစားကြည့်ကြပါတော့ဗျာ။ ကျွန်တော်တို့ အားလုံး... နေခြည်ဝင်းနေတဲ့အချိန်မှာ အဆင်းနဲ့အချင်းကို သေသေချာချာ ကွဲပြားအောင် ခွဲခြား ရှုမြင်နိုင်ကြပါစေဗျာ။ ဒီဘ၀မှာရော နောင်သံသရာမှာရော တကယ့်ကို ကြိုးစားပေမယ့် ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတဲ့၊ အိပ်မက်တွေ တကယ် မဖြစ်လာရတဲ့၊ တပါးသူ ရွှေခြည်ကြိုး ဆွဲရာ က နေရတဲ့ ရေလိုက်ငါးလိုက်ဘ၀က လွှတ်မြောက်စေချင်မိပါတယ်။
ပို့စ်ခေါင်းစဉ်ကို ကိုရဲမွန် တပ်ပေးတာပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ Laissez-faireဆိုတာ ဘာလဲဆိုတာ ၀ီကီမှာ ရှာကြည့်လို့ရပါတယ် ခင်ဗျာ။ Water follow fish followလို့ ခေါင်းစဉ်တပ်ဖို့ စနောက်ပြီး ပြောပြပေးတဲ့ ကိုစိုးထက်နဲ့ မနွေနှင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
2 comments:
မှန်လိုက်လေ ရွှေငါးရယ်..
ငါလဲ အဲ့သီချင်းကို ခိုက်သွားပြီ
ဂျူလိုင်အိပ်မက်က အကိုကြီးကလည်း သူ့ခေတ်တုန်းက သီးချင်းတွေချည်းပဲ ရွတ်နေတော့ တာပဲ ။ ဒီတခါတော့ စာသားလေး တွေ တော်တော် သဘောကျမိသားရှင့်။။
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
Post a Comment