.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, April 19, 2008

Virgin for Sale -2

နီတာ... ဟိုဘက် တဲအိမ်က အပျိုစင်လေး... သူမမှာ အစ်မ လေးယောက် ရှိပါတယ်။ အားလုံး ပြည့်တန်ဆာ လုပ်နေကြပါတယ်။ အစ်မတစ်ယောက် ပြောပါတယ်။ နီတာက အတော်လေးကို ချောတဲ့အတွက် ရူပီး ၄ သောင်းလောက် ရမယ်လို့ သူတို့ မျှော်လင့်မိပါတယ်။ အခု ရူပီး ၂ သောင်းခွဲ ဈေးလာပေးတဲ့သူ ရှိပေမယ့် ဒီလောက်နဲ့တော့ မလုံလောက်ဘူးလေ။

နီတာဟာ အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ အစ်မတွေရဲ့ နောက်ကို ခြေရာနင်းပြီး ဒီပြည့်တန်ဆာ လောကထဲကို ၀င်ဖို့ ရွေးချယ်ထားပြီးပါပြီ။ ဒါဟာ သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ သမီး အိမ်အလုပ်တွေ ဘာမှ လုပ်စရာ မလိုတော့ဘူးလေ လို့ ရီသွမ်းသွေးပြီး ပြောသွားပါသေးတယ်။

သို့ပေမယ့်လည်း... နီတာအနေနဲ့ တစ်နေ့ကို ဧည့်သည် အယောက် ၂၀ မှ ၃၀ ကြား နေ့စဉ် လက်ခံဖို့ စာချုပ်ချုပ် လက်မှတ်ထိုးထားပါတယ်။ အသက် ၄၀ အရွယ် ရောက်တဲ့အထိပေါ့။ အသက် ၄၀ ကျော်သွားရင်... စွဲမက်ဖွယ် မရှိတော့ဘူးလို့ ထင်ခံရမယ့် အချိန်အခါကျရင် သူမအနေနဲ့ သူမမှာ ရှိလာနိုင်မယ့် သားသမီးတွေကို ပြန်လည် မှီခိုရပါတော့မယ်။

သူတို့ရွာက အုတ်စီ တိုက်အိမ်အနည်းငယ်ထဲက အိမ်တစ်လုံးဖြစ်တဲ့ ပေါင် ၁၄၆၀၀ တန် အိမ်တစ်လုံးကို နီတာရဲ့ အစ်မ ၂ ယောက်က တည်ဆောက်ခဲ့ပါတယ်။ တစ်ယောက်က အသက် ၃၅ နှစ် ရှိပြီး ကျန်တစ်ယောက်က အသက် ၂၅ နှစ်ပါ။ သူတို့အနေနဲ့ အခုလို အောင်မြင်မှုကို ဂုဏ်ယူနေကြပါတယ်။ ဆင်းရဲ မွဲတွေလွန်းလို့ ကျွန်မတို့မှာ စားစရာတောင် မရှိပါဘူး။ အခုတော့ ရှင်တို့အနေနဲ့ ကျွန်မတို့ရဲ့ ကြိုးစားမှုရလာဒ်ကို မြင်တွေ့နိုင်ပြီလေ ဆိုပြီး အသက် ၂၅ နှစ်အရွယ် မန်ဂျူးက ပြောပြပါတယ်။ သူတို့ မိသားစုမှာ မိသားစုဝင် အယောက် ၅၀ ရှိပြီး ၃၅ ယောက်က ခလေးအရွယ်ပဲ ရှိသေးပြီး ၁၅ ယောက်ကတော့ အရွယ်ရောက်ပါပြီ။

အိန္ဒိယရဲ့ ဘယ်နေရာမှာ မဆို အိမ်ထောင်ပြုမယ်ဆိုရင် သတို့သမီးက သတိုးသားကို မင်္ဂလာခန်းဝင်တွေနဲ့ တင်တောင်းရပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်က သမီး မိန်းခလေး ဖြစ်နှေမှန်းသိရင် ကိုယ်ဝန်ဆောင် ကာလအတွင်းမှာကတည်းက ကလေးဖျက်ချပစ်တဲ့နှုန်း အရမ်းမြင့်တက်နေတာပါ။ အဲဒီလိုနဲ့ သမီးမိန်းခလေး မွေးဖွားနှုန်းတွေ ကျဆင်းလာပါတယ်။ အခု နီတာတို့ရဲ့ ရွာမှာဆိုရင် လက်ထပ်ယူလို့ရမယ့် သတို့သမီး အရမ်း ရှားသွားပါပြီ။ မိန်းခလေးက သတို့သားကို ခန်းဝင်ပစ္စည်း တင်တောင်းရတဲ့ ဓလေ့က အခု အဲဒီရွာမှာဆို ပြောင်းပြန်ဖြစ်သွားပါတယ်။ မင်္ဂလာ မဆောင်ခင်မှာ ယောကျာ်းလေးတွေက သမီးရှင်တွေဆီမှာ မင်္ဂလာပစ္စည်း တင်တောင်းရတာမျိုး ဖြစ်ကုန်ပါပြီ။

ဖြစ်နိုင်ချေရှိတာက ငွေရလွယ်တဲ့ လုပ်ငန်းဖြစ်နေတဲ့အတွက် မိန်းခလေးအတော်များများဟာ ပြည့်တန်ဆာ လုပ်ဖို့ ရည်ရွည်ထားကြပါတယ်။ ဒါကြောင့် လက်ထပ်ယူလို့ရမယ့် အမျိုးကောင်းသမီးတွေရဲ့ ဈေးတွေက အလွန်ကို မြင့်တက်ကုန်တာပါ။ မန်ဂျူးတို့ ညီအစ်မရဲ့ မောင် ၅ ယောက်ထဲက ၄ ယောက်အတွက် မင်္ဂလာပွဲ ကုန်ကျစရိတ်ကို ကျခံပေးခဲ့ပါတယ်။ အခုအချိန်မှာလည်း ယောင်းမတွေ၊ တူတွေ တူမတွေကိုပါ ဆက်လက် ထောက်ပံ့ပေးနေပါတယ်။ သူတို့အနေနဲ့ တစ်နေ့ကို ရူပီး ၁၀၀၀ နဲ့ ၁၅၀၀ ကြား ရှာဖွေနိုင်တယ်လေ။

အဲဒီ ဒေသအတွင်းမှာ ရှေးအစဉ်အဆက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်တဲ့ လူမျိုးစုတွေဟာ အခုအခါမှာ နယူးဒေလီမြို့က ပြည့်တန်ဆာအိမ်တွေအထိ ဈေးကွက်ဖြန့်ကျက် လာပါပြီ။ ဒါကြောင့် အခုချိန်မှာ အဲဒီ မျိုးဆက်က မိန်းခလေးတိုင်း ပြည့်တန်ဆာ လောကထဲကို ၀င်ရောက်နေတဲ့ သံသရာကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေကြပါပြီ။ အန်ဂျီအိုတွေအနေနဲ့ ပြည်တန်ဆာတွေရဲ့ ကလေးတွေရဲ့ ကျန်းမာရေး ပညာရေးတွေကို ကြည့်ရှုစောင့်ရှောက် မြင့်တင့်ပေးဖို့ ဂေဟာလေးတွေ ဖန်တီးထားကြပါတယ်။

အဲဒီပြည့်တန်ဆာလောကထဲက မိန်းမအများစုကတော့ သူတို့တွေရဲ့ သမီးတွေကို ဒီလောကထဲကို ထပ်ပြီး ၀င် မလာစေချင်တော့ပါဘူး။ သူတို့ရဲ့ လမ်းစဉ်ကို မလိုက်စေချင်ပါဘူး။ မန်ဂျူးတို့ ညီအစ်မမှာလည်း သမီးတွေ ရှိပါတယ်။ ကလေးတွေရဲ့ အဖေကတော့ သူတို့ရဲ့ ဖောက်သည်တွေထဲက တစ်ယောက်ယောက်ပေါ့။ သမီးကို ပညာတတ် ဖြစ်စေချင်တယ်။ သမီးကို ဒီလောကထဲမှာ ဘ၀ မဆုံးစေချင်ဘူး ။ သမီးကို ဒီလို အဖြစ်မခံနိုင်ဘူး လို့ ရီတူးက ပြောသွားပါတယ်။

Ref: The Daily Telegraph

1 comment:

su wai said...

Virgin for Sale ပို့စ်နှစ်ခုကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ကိုဇူလိုင်ရေ…။ ကမ္ဘာပေါ်မှာရှိတဲ့ တခြားတခြားသော နိုင်ငံတွေမှာရော ဒီအလုပ်မျိုးနဲ့ အသက်မွေးဝမ်းကျောင်းနေကြတဲ့ မိန်းကလေးတွေ ဘယ်လောက်များ ရှိနေကြပြီလဲ မသိပါဘူး။ သူတို့ကိုယ်တိုင်က အလွယ်လမ်းကို လိုက်ချင်လို့ ဒီအလုပ်ကို ရွေးချယ်ခဲ့တာလား… ဒါမှမဟုတ် သူတို့ကို ဒီအလုပ်ရွေးချယ်ဖြစ်အောင် ဘယ်လိုအခြေအနေတွေက တွန်းပို့ခဲ့တာလဲ…။ အများကြီးပဲ စဉ်းစားမိပါတယ်။ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးတဲ့ အမျိုးသမီးတစ်ယောက်က မွေးဖွားလာတဲ့ သမီးမိန်းကလေးတွေ ဒီလမ်းကို ဆက်မလျှောက်မိအောင် ပညာပေး စောင့်ရှောက်ဖို့ လိုမယ်ထင်တယ်နော်။