.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, June 17, 2008

Good-bye my love

နေရစ်တော့ကွယ် သွားတော့မယ်

ဒီအရိပ်အောက်မှာ အတူတူနေမယ်
အမြဲရည်မှန်းထားခဲ့တယ်
အလိုပြည့်ဖို့တစ်ခုတည်း ကိုယ့်မှာနားလည်
ဒီအရိပ်အောက်မှာ ထာဝစဉ်ပျော်မယ်
စိတ်ဆန္ဒရှိလည်းကွယ်
ကံဆိုးတော့ အချစ်အိပ်မက် ပျက်ပြယ်
ခွဲရခါနီးမှ လုပ်ရက်နိုင်တယ်
တခါလောက်တောင် နမ်းခွင့်မပေးသူရယ်
ကိုယ့်ရဲ့သီချင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။

အချစ်ပန်းလေးတွေ ဝေနေချိန်မှာ
အဖိုးတန်မှန်း မသိခဲ့တယ်
နဂိုရပိုင်ခွင့်ပဲလို့ ထင်မိတယ်
အချစ်စကားလေးတွေ ဝေနေချိန်မှာ
တုံ့ပြန်ဖို့ သတိမရတယ်
အခုများမှ အဖြစ်ရယ် နှောင်းပေါ့ကွယ်
ကိုယ့်အမှားတွေပဲလို့ ဖွင့်ပြောကာရယ်
လွန်သမျှ ကျေနပ်ဖို့ တောင်းပန်တယ်
ကိုယ့် ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။

တစ်သက်လုံးမှလေ တစ်ခါကြုံချိန်
ပွင့်ချိန်နဲ့ ကိုက်မှကွယ်
ဒီအချစ်ဆိုတာ ပန်းကလေးဟာ ရှားတယ်
တစ်သက်လုံးမှလေ တစ်ခါကြုံချိန်မှာ
ခူးခြွှေခဲ့ပြီးမှကွယ်
ကိုယ်ဂရုမစိုက်မိတော့ နွမ်းပေါ့ကွယ်
နှလုံးသားမှာထားခွင့် မရှိတော့ရင်လည်း
တစ်ခါချစ်ခဲ့ဖူးလို့ ၀မ်းသာတယ်
မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။

လူသားတိုင်းမှာ ကိုယ်စီပါတဲ့
ဘ၀ရဲ့အလှအပများရယ် အခွင့်အရေးနဲ့
အစွမ်းအစ တစ်ဖက်စီရှိတယ်
လူတစ်ဦးတစ်ယောက်အတွက်
နိုင်တယ် မနိုင်တယ်

အချစ်နဲ့ ပါတ်သက်သမျှရယ်
အရာတိုင်းပဲ တရားတယ် မျှတတယ်
အကောင်းဆုံးကို ရွေးခွင့်မရှိတော့ရင်လည်း
ဒီဘ၀ ဒီမျှနဲ့ ပြီးစေကွယ်
ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။
နေရစ်တော့ကွယ် သွားတော့မယ်။

အချစ်ရေ...
နေရစ်တော့ကွယ် သွားတော့မယ်။
နေရစ်တော့ကွယ် သွားတော့မယ်။

အဆိုတော်စိုင်းထီးဆိုင်ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ တေးရေးကတော့ ဆရာစိုင်းခမ်းလိတ်ပဲ ဖြစ်မယ် ထင်ပါတယ်။ သီချင်းလေးထဲမှာပါတဲ့ အဓိပ္ပါယ်အတိုင်း... မေလ ၁၈ ရက်နေ့ ကနေ ရေတွက်ရင် ဒီနေ့ ဇွန် ၁၇ ရက်နေ့ဆို ၁ လတိတိ ပြည့်ပြီပေါ့။ နာဂစ်ကာလမှာ ရန်ကုန်ကို ရောက်နေရဲ့နဲ့ လာမတွေ့မိခဲ့တဲ့ ကျွန်တော့်ကို နှာကစ်ပြီး မခေါ်မပြော လုံးဝအတွေ့မခံခဲ့တဲ့ တစ်ယောက်သောသူကို... ရည်ရွယ်ပါတယ်။ အပြင်ဖြစ်ရပ်က သီချင်းလေးအတိုင်း ကွက်တိမဟုတ်ပါဘူး။ အမှန်ဆို သူ့ကို ကျွန်တော် ဂရုစိုက်ပါတယ်။ တန်ဖိုးထားပါတယ်။ အက်ကြောင်းလေးတွေကို အချိန်ပေး ဖာထေးပါတယ်။ မတူညီတာတွေကို ညီမျှအောင် ညှိပေးခဲ့ပါတယ်။

ဒါပေမယ့်... နှလုံသားမှာ ထားခွင့် မရှိတော့ဘူးဆိုတာကို အသေအချာ ရှင်းရှင်းလင်းလင်း သိခဲ့လိုက်ရပါပြီ။ သူ့ဘ၀မှာ ကျွန်တော့်အတွက် နေရာမရှိတော့ဘူးဆိုတာ ကြေကွဲစွာ သိခဲ့ရပြီးတဲ့နောက်...
အချစ်ရေ... နေရစ်တော့ကွယ် သွားတော့မယ်.....

16 comments:

ခင်မင်းဇော် said...

ဂျူလိုင်ရေ...
သနားမိသဟ။ တလလောက် စိတ်ကောက်တာလဲ ဖြစ်နိုင်ပါတယ်လေ။ ကြိုးစားချော့ပါဦး။ တခါတလေ အချစ်စစ်ဆိုတာ မဖြောင့်ဖြူးတတ်ဘူးလို့ ကြားဘူးတာပဲ

စိုးထက် - Soe Htet ! said...

All the best bro ! :D
Like that ...

ကလူသစ် said...

ဒါမျိုးဆိုလို့ကတော့ ဘိုင့် ဘိုင် ၂ခါလုပ်လိုက်ဟေ့

naynyo said...

Don't worry one go, two come , three ready. Keep it up:P

၀ဿန်ဦး said...

1 Go, 2 Come, 3 Ready, 4 Wait လို့တော့ကြားဘူးတယ်ဗျ :)

ရှမ်းကလေး said...

ကိုဂျူလိုင်ကြီး နေရစ်တော့ကွယ် ကိုယ်သွားတော့မယ်လို့ မလုပ်နဲ့လေဗျာ..၊ နေရစ်တော့ကွယ် ကိုယ်ထားခဲ့ပြီလို့ ခတ်ပြတ်ပြတ် လုပ်လိုက်ပေါး.. ဟီးဟီးဟီး..၊ အော.. ကျွန်တော်လည်း ပြန်ရောက်ချင်လိုက်တာနော်..၊ ကျွန်တော်ဆို ထားခဲ့လိုက်မယ်..၊ ဟင်းအခုတော့ အဲ့ဒီဘ၀ကို မပိုင်ဆိုင်ဘူး ဖြစ်နေတယ်..၊ ထားခဲ့ချင်လိုက်တာ.. ခတ်ပြတ်ပြတ်ပဲဗျို့

JulyDream said...

အင်း.... နေရစ်တော့ကွယ်ပဲ ပြောရမှာပေါ့ဗျာ။ သူက ရန်ကုန်မှာလေ။ ကျွန်တော်က စင်္ကာပူကို ပြန်ရမှာ။ ဒါကြောင့် သွားတော့မယ် လို့ သုံးလိုက်တာပါ။ တစ်မျိုး မထင်ကြပါနဲ့အုံးဗျာ။

ဘိုင်ဘိုင် လုပ်ရတာ တစ်မျိုးကြီးပဲဗျ။ ၂ ခါလုပ်ဖို့ မပြောနဲ့ တစ်ခါတည်းတောင် မနည်း လုပ်ယူရမှာဗျ။ ရေစီးကြောင်း သံယောဇဉ်ပေါ့။ ဖြတ်ရခက်တယ်ဗျို့။ ဟဟ...

1 Go, 2 Come, 3 Ready, 4 Wait
one two three four တွေက သူများတွေအတွက် ဟုတ်ချင် ဟုတ်မှာပါ။ ကျွန်တော်အတွက်ကတော့ No way. ပါ။ ကရကဋ်တွေက အချစ်ရေးမှာ ကံခေတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နာဂစ်အမှတ်တရလေးပဲပေါ့။
အားလုံးကို ကျေးဇူးတင်ပါတယ်။

လားရှိုးသူ said...

ချစ်ခြင်းဆိုတာ ရှင်သန်ခြင်းတဲ့၊ ဒီတယောက်နဲ့ ငါ့မောင်ဘဝ မသေသွားနိုင်ပါဘူး၊ အချစ်အတွက်တဖန်မွေးဖွားလာမှာပါ စိတ်သာချ၊ အဲဒီချိန်ကျမှ အချစ်စစ်တွေ့ပြီ မလုပ်လာနဲ့နော်။ စတာ။
အချစ်ရဲ့ ရှင်သန်ခြင်းကို နားလည်နိုင်ပါစေ။

3D Crazy said...

ဒွတ်ခ... ဒွတ်ခ...
တခွန်းထဲပြောမယ် ကိုယ့်လူ...
ခုမှ လာငိုမနေနဲ့ ဒါမျိုးတွေ ရိုးနေပြီ...
လွဲခဲ့ပေါင်းများတာတောင် မမှတ်ဘူး...
ခံပေါ့... ခံပေါ့....

JulyDream said...

လားရှိုးသူ လုပ်ကာမှ ပိုပြီး သတိရသွားပြီ။
သူက လားရှိုး အမှတ် ၇ ရပ်ကွက်ကဗျ။ အဟီး...

အေးပါ အေးပါ...
3DCrazy သုံးဖက်မြင်ရယ်...

ပြောသမျှ ခံရမယ့် ဘ၀ဆိုတော့လည်း... အဟက်...

Me said...

နင်ကလဲ ရက်စက်လိုက်တာဟယ်..ရန်ကုန်ရောက်ပြီးမှတော့ တစ်ခေါက်လောက်တော့ သွားတွေ့သင့်တာပေါ့..
နေရစ်တော့ကွယ် သွားတော့မယ် ဆိုတော့ နင်က ဘယ်ကြွမလို့လဲ။

July Dream said...

ဟယ်... ရေးထားတယ်လေ...
သွားတွေ့ပါတယ် ဟ... သူမနဲ့မှ မဆုံဖြစ်တာပါ...
ငါက စလုံးကို ပြန်မှာမို့လို့ အပေါ်မှာ ရေးထားတာပါဆိုမှ... ဘယ်ကို ကြွရမှာလဲ ဟ...
နင် ကတစ်မျိုး... ၀ိတ်လျှော့အုံး... အဟီး

little moon said...

ရင်ဆိုင်ရှေ့တို့ဖို့ မရဲခဲ့ရင် တွေဝေလမ်းခွဲမှာ ထားခဲမယ်လေ ....

ဘလူးဖီးနစ် said...

ကိုဂျုလိုင် မှိုင်မနေပါနဲ့ဗျာ။ ကျွန်တော့်လို နေ.. အဟီး။ စတာပါ။ အားလုံး တစ်ချိန်ချိန်မှာ အဆင်ပြေသွားမှာပါဗျာ။ အချစ်က ဝေးတာတွေကို နီးလာအောင် လုပ်နိုင်ပါတယ်။ အဲ..ဒါနဲ့ အချစ်ဆိုတာဘာလဲဟင် :P

oncepete said...

စိတ်မကောင်းဝူးဗျာ.... ခုရောအဆင်ပြေသွားပြီလား.. ကျွန်တော် ကိုယ်ချင်းစာပြီး ခံစားပေးလို့ရပါတယ်... အစစအရာရာ အဆင်ပြေသွားမှာပါ....
ဒါနဲ့...........
ဘာမှမဟုတ်တဲ့ ကျွန်တော် မှတ်ချက်ပေးရရင် အစ်ကို blog က မိုက်တယ်ဗျ... standard ရှိတယ်ပေါ့... friend နဲ့ ပတ်သက်တဲ့ ကဗျာ အရမ်းကြိုက်တယ်... ကျွန်တော် သုံးခွင့်ရှိမလား?
အားကျတယ်ဗျာ...
Be the best whatever u r!

JulyDream said...

ကိုငှက်ပြာ (ခ) ကိုဖီးနစ်...
အချစ်ဆိုတာ ဘာလဲဆိုတာ အစ်ကို ပြန်ဖြေပေးရမှာလား... ကျွန်တော်က ဖြေပေးရမှာလား။ အဟ... ဆရာသမား... မိန်းမယူခါနီးပြီ ဆိုတာ ကျွန်တော် သိနေတယ်နော်။

တခါက... ရေ...
အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းဆိုတဲ့ စာလေးက ကျွန်တော် ကိုယ်ပိုင် မဟုတ်ပါဘူး။ အဲလ်ဘတ်ကမျူးရဲ့ စာလေးပါ။ ယူသုံးခွင့် ရှိပါတယ် ခင်ဗျ။

ကိုလကလေး... ရေ...
တွေဝေလမ်းခွဲမှာ အထားခံရတာက ကျွန်တော် ထင်တယ်နော်။ ရှေ့တိုးရင်ဆိုင်ဖို့က အစဉ်အမြဲ အသင့်ရှိနေပါတယ်။ အဟဲ...