.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, January 13, 2009

Christ Church Melaka


မလက္ကာမြို့မှာ ဒတ်ခ်ျတွေ ဆောက်ခဲ့တဲ့ ဘုရားကျောင်းလေးပါ။ မလက္ကာမြို့ရဲ့ အလယ်ဗဟိုမှာ တည်ရှိပါတယ်။ အဲဒီနေရာတ၀ိုက်မှာ ဒတ်ခ်ျတွေရဲ့ အဆောက်အဦးတွေကို အများဆုံးတွေ့ရလို့ Dutch Square လို့လည်း ခေါ်ကြပါတယ်။ အဲဒီအနားတ၀ိုက်က အဆောက်အဦးတွေဟာ အနီရောင်ကို အများဆုံးသုံးထားလို့ Red Square လို့လည်း ခေါ်ကြပါသေးတယ်။

အခု ဘုရားကျောင်းဟာ နယ်သာလန်နိုင်ငံရဲ့ ပြင်ပမှာရှိတဲ့ သက်တမ်းအရှည်ဆုံး ဘုရားကျောင်းတစ်ခုပါပဲ။ ဘုရားကျောင်းရဲ့ ဗိသုကာပုံစံက ရိုးရိုးရှင်းရှင်း လေးထောင့်ပုံစံ တည်ဆောက်ထားပါတယ်။ မျက်နှာစာ ၄၂ ပေ ရှိပြီး အရှည်ကတော့ ၈၂ ပေရှိပါတယ်။ မြေပြင်ကနေ မျက်နှာကျက်အထိ အမြင့်က ပေ ၄၀ ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရတဲ့ တခြားဒတ်ခ်ျဘုရားကျောင်းတွေလို ကနဦးမူလတုန်းက အဖြူရောင် သုတ်ထားပေမယ့် ၁၉၁၁ မှာ ဗြိတိသျှတို့က အနီရောင် ပြောင်းသုတ်ခဲ့ပါတယ်။ ဘာကြောင့် အနီရောင်ကို ပြောင်းသုတ်ခဲ့သလဲဆိုတာကို ပြောဆိုရှင်းပြနိုင်မယ့်သူ မရှိခဲ့ပါဘူး။

အောက်မှာ အင်္ဂလိပ်လိုရေးထားတဲ့ စာတွေကတော့ ဘုရားကျောင်းနားမှာ ထောင်ထားတဲ့ ဘုရားကျောင်းရဲ့ သမိုင်းကြောင်း အကျဉ်းချုပ် ဆိုင်းဘုတ်ထဲက စာတွေပါ။
Built by the Dutch in 1753 to commemorate the centenary of their occupation of Malacca, this church took 12 years to complete. No expense was spared in the building it - from the wooden ceiling beams, each cut from a single tree, to the elaborately hand-carved pews and frieze of "The Last Supper". When the British took over the church in 1795, they put a few additions, most notably the weathercock atop the bell tower. Originally a Dutch Reform Church, it was later consecrated as an Anglian Church.

မှတ်ချက်။ အစကတော့ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးပဲ တင်မလို့ပါ။ ပြီးတော့ ဘုရားကျောင်း သမိုင်းအကျဉ်းချုပ် စာနည်းနည်းလေး ဖြည့်လိုက်မိတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး သိထားသမျှလေး ရေးထည့်လိုက်တာ စာလည်း ရှည်သွားတယ်။ ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်လေ။

3 comments:

တောင်ပေါ်သား said...

ဗဟုသုတလေးများ အတွက် ကျေးဇူးအထူးတင်ပါတယ်

ကလူသစ် said...

ကင်မရာလက်ထဲရောက်တာနဲ့ ပုံလေးတင်ပြီး ဆားချက်မလို့ ကြံကြံနေတယ်ပေါ့လေ။ စာလေးနဲ့ဆိုတော့ မသိတဲ့သူလဲ ဗဟုသုတရတာပေါ့ဗျာ။

JulyDream said...

အဟီး... ကလူသစ်ကြီး လာဖော်တာနဲ့ ဆားချက်မယ့် အကြံတွေ ပေါ်ကုန်ပါပြီဗျာ။