.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 17, 2009

Hero of the Hudson


ဟဒ်ဆန်မြစ်ရဲ့ သူရဲကောင်း... အခုတလော သတင်းတွေမှာ သူ့အကြောင်းကို အများဆုံး တွေ့နေရပါတယ်။ သူဘယ်သူလဲ။ ဘာကြောင့် သူ့ကို သူရဲကောင်းလို့ ချီးမွမ်းနေကြတာလဲ။

သူရဲ့အမည် အပြည့်အစုံက Chelsey B. Sullenberger III ပါ။ အမေရိကန်လေတပ်မှာ တိုက်လေယာဉ် မောင်းခဲ့ဖူးသလို အမေရိကန်လေကြောင်းလိုင်းမှာ လေယာဉ်မှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ၂၉ နှစ် ရှိပါပြီ။ အခုချိန်မှာ သူ့ရဲ့အသက်က ၅၇ နှစ်ပါ။ Safety Reliability Methods, Inc. ရဲ့ President & CEO လည်း ဖြစ်ပါတယ်။ သူဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ကလေး ၂ ယောက်လည်း ရှိပါတယ်။

အမေရိကန်ရဲ့သမ္မတရာထူးကို မကြာခင် စွန့်လွှတ်တော့မယ့် ဂျော့ဘုရှ်အပါအ၀င် နယူးယောက်မြို့တော်ဝန်နဲ့ အမေရိကန်ပြည်သူတွေက သူ့ကို ဟဒ်ဆန်မြစ်ရဲ့ သူရဲကောင်း...လို့ ချီးမွမ်းဂုဏ်ပြုခေါ်ဆိုခဲ့တာက သူရဲ့ မှန်ကန်တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်၊ အရည်အသွေးမှီ ကျွမ်းကျင်မှုနဲ့အတူ သူရဲကောင်းစိတ်ဓါတ်ဟာ Flight 1549 လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၅၀ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေရဲ့ အသက်တွေအပြင် နယူးယောက်မြိုရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ မဟတ္တန်အရပ်က အသက်အိုးအိမ် စည်းစိမ်တွေကိုပါ ဘေးမသီ ရန်မခအောင် စောင့်ရှောက်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

လေယာဉ်ပေါ်က ခရီးသည်တွေ အားလုံးကို ကယ်ဆယ်ပြီးစီးမှု ရှိမရှိကို မြစ်ထဲမှာ နစ်နေတဲ့ လေယာဉ်ကနေ နောက်ဆုံးတစ်ယောက်အနေနဲ့ မထွက်ခွာခင်အချိန်မှာ လေယာဉ်ရဲ့ လျှောက်လမ်းတစ်လျောက် ၂ ခါတိတိ သေချာစစ်ဆေးခဲ့ပြီးမှ ကယ်ဆယ်ရေးမော်တော်ဘုတ်ပေါ်ကို တက်ရောက်ခဲ့တဲ့ သူ့ရဲ့ ခေါင်းဆောင်ကောင်း ကပ္ပတိန်ကောင်း ပီသမှုကလည်း အထင်ကြီး လေးစားစရာ ကောင်းလှပါတယ်။

အမေရိကန်လေကြောင်းလိုင်းပိုင် Airbus A320 - Flight 1549 ဟာ LaGuardia Airport ကနေ ပျံတက်လာပြီး မိနစ်အနည်းငယ်အကြာ... ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ငန်းအုပ်ကြီးနဲ့ တိုက်မိပြီး အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်တော့ပါဘူး။ ပျံသန်းထွက်ခွာလာခဲ့တဲ့ လေယာဉ်ကွင်းကို ပြန်လည်မောင်းနှင်ဖို့ မဖြစ်နိုင်ချိန်မှာ လေယာဉ်ကပ္ပတိန်က ဟဒ်ဆန်မြစ်ထဲ ထိုးဆင်းဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ သူရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်မှုနဲ့ ကျွမ်းကျင်မှုတွေကြောင့် လေယာဉ်ပေါ်က ခရီးသည်တွေ သေဆုံးမှု မရှိခဲ့ပါဘူး။ အမျိုးသမီးတစ်ယောက်ပဲ ခြေထောက်ကျိုးခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ အတွင်းမှာ အသက်သေဆုံးမှု မရှိပဲ ရေပြင်ပေါ်ဆင်းသက်တဲ့ လေယာဉ်ပျက်ကျမှု တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အမေရိကန်လေကြောင်းဦးစီးဌာနရဲ့ ပြောကြားချက်အရ ၁၉၉၀ ကနေ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အခုလို လေယာဉ်ပျံနဲ့ ငှက်အုပ်စု တိုက်မိတဲ့ မတော်တဆမှုဟာ ၆၅၀၀၀ အကြိမ်ရှိခဲ့ပါတယ်။ လေယာဉ် ပျံသန်းခေါက်ရေ အကြိမ်တစ်သောင်းတိုင်းမှာ တစ်ခါလောက် တိုက်မိတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်းထိန်းသိမ်းရေး မျှော်စင်တွေက ကောင်းကင်ယံမှာ ငှက်အုပ်တွေ ပျံသန်းနေတဲ့ နေရာတွေကို မကြာခဏ သတိပေးကြေညာတာမျိုး လုပ်နေရပါတယ်။

Photo Credits: Murray/News, Daily News, Facebook

8 comments:

strike said...

မြန်မာက ပိုင်းလော့တွေလိုပေါ့ဗျာ။

JulyDream said...

သရဲ... သရဲ...
ကနွဲ့ကလျ ကွန့်မန့်တွေ ရေးတတ်တဲ့ သရဲ...
ပြန်ပေါ်လာပြီပဲ...
ကလူ ကလူ...

tututha said...

ညံ့လိုက်တာနော် မိန်းမတယောက် ခြေထောက်ကျိုးအောင် ထိုးဆင်းရတယ်လို့ (မှတ်ချက်။ ။ တိတ်နေသူများကို သတိထားပါ :P)

JuneOne said...

ဒါဆို အမေရိက မှာလေယဉ် စီးရမှာ ကြောက်စရာ။

အကြိမ်တစ်သောင်းရဲ့ တစ်ခေါက် မှာကိုယ်ပါနေရင် ..အီး။

ksanchaung said...

မနက်ကပဲ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ခုလောက်တော့ မပြည့်စုံဘူး။

ပျံသန်းခြင်းရပ်ဝန်း said...

သေသေချာချာဝေေ၀ဆာဆာပုံများနဲ့ဖော်ပြပေးတာကျေးဇူးပါဗျာ....

strike said...

ဟိ ဟိ :P

Anonymous said...

အသက်ကို ဥာဏ်စောင့်ဆိုတာတင်မကဘူး၊ အသက်ကို ၀ါစောင့်၊ သမ္ဘာစောင့်နဲ့ အတွေ့အကြုံက စောင့်သွားခဲ့တာပါပဲ ကိုဂျူလိုင်၊ ဟဒ်ဆန်မြစ်ရဲ့ သူရဲကောင်းဆိုတဲ့ ဘွဲ့နဲ့ တကယ့်ကို ထိုက်တန်ကိုက်ညီလှပါပေတယ်၊ လေးစားအတုယူ အားကျစရာပါပဲလားဗျာ ... ။