.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, January 12, 2009

MBAA 2008 Winners


၂၀၀၈ အတွက် ဘလော့ဂ်အကယ်ဒမီပေးပွဲကြီးတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ဒီနေ့မှာ ကဏ္ဍအလိုက် ဆုရတဲ့ ဘလော့ဂ်စာရင်းကို mmblogpress.com မှာ ကြေညာထားတာ တွေ့ရပါတယ်။ အထွေထွေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ မနိုင်းနိုင်းစနေက ၂၀၀၈ခုရဲ့ အကယ်ဒမီကို ဆွတ်ခူးသွားပါတယ်။ ဒုတိယနေရာမှာ ချစ်တဲ့မနောမြေ၊ တတိယနေရာမှာ မမိုးချိုသင်းတို့ပေါ့။ Congratulations ပါ ခင်ဗျာ။

ကျွန်တော့်ဘလော့ဂ်ကတော့ အထွေထွေရဲ့ နံပါတ် ၅ နေရာမှာ တိုးလို့တွဲလောင်းလေး ချိတ်နေပါတယ်။ ကျွန်တော့်ဘလော့ဂ်ကို ဆုရပါစေဆိုတဲ့ ဆန္ဒတစ်စုံတစ်ရာ မရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုလို ရွေးကောက်ခံ စာရင်းထဲမှာ ပါသွားတော့လည်း ပါသွားတယ်လို့ပဲ မှတ်လိုက်ပါတယ်။ မထင်မရှား သာမည ဘလော့ဂ်လေးကို အခုပွဲစီစဉ်တဲ့သူတွေက သိနေတယ်ဆိုတော့ ၀မ်းသာမိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

အစပိုင်းတွေမှာ ကျွန်တော့်ဘလော့ဂ် မဲရတာ သိပ်မတွေ့ရပါဘူး။ ၁၀မဲ ကျော်ကျော်ပဲ ရှိပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး တစ်ပတ်လောက် အလိုမှာ မဲတွေ အတော်များလာတာ တွေ့ရှိခဲ့ရပါတယ်။ ဘယ်သူတွေက ဘယ်လို ပေးနေမှန်းတော့ မသိပါဘူး။ ၄၀ နားရောက်နေတာ တွေ့လိုက်ရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညမှာတော့ ၄၆ မဲအထိ ရောက်နေတာ တွေ့လိုက်ရတယ်။ အဲဒီနောက်ပိုင်းမှာ မလေးရှား၊ မလက္ကာကို ခရီးသွားနေတာနဲ့ မဲစာရင်းတွေ မကြည့်ဖြစ်တော့ဘူး။ ဒီနေ့မှာမှ မခင်မင်းဇော် လာပြောပြလို့ နောက်ဆုံးပိတ် မဲစာရင်းရလဒ်ကို သိလိုက်ရတာပါ။

အခုပို့စ်မှာ ပြောချင်တာကတော့ ကျွန်တော့်ဘလော့ဂ်ကို ရွေးချယ်မဲပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါကြောင်း အမှတ်တရ ပြောကြားလိုပါတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ကျွန်တော် ရေးချင်သလို ရေးနေတဲ့ ဘလော့ဂ်ကို တခုတ်တရ တကူးတက မဲပေးခဲ့တဲ့အတွက်ပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

2 comments:

Anonymous said...

ဂုဏ်ယူပါတယ်ဗျို့ ဒါနဲပ ဘယ်တုန်းက ဘယ်သူ
က ဘယ်လိုဆုပေးလို့ ဘာဆုတွေ ရသွားသလဲ
ဗျ သိတောင် မသိလိုက်ဘူး

JulyDream said...

အင်း... သိချင်ရင် အကယ်ဒမီ မဲပေးတဲ့ ဆိုဒ်မှာပဲ သွားဖတ်လိုက်ပါဗျာ။ ကျွန်တော်လည်း အဲဒီဆိုဒ်မှာ ရေးပြတော့မှာပဲ သြော်... သူတို့ လုပ်တာပါလား ဆိုတာ သိခဲ့ရတာပါ။ အစက ဘယ်သူတွေ လုပ်နေမှန်းကို မသိတာပါ ခင်ဗျ။ အဟဲ...