.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, July 15, 2007

The Cancer Born

အခုဇူလိုင်လ အရှေ့ပိုင်းမှာ မွေးတဲ့သူတွေက ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။
ကရကဋ်ဖွားတွေအကြောင်း နည်းနည်းရေးပေးအုံးမယ်။ ဖတ်ကြည့်လိုက်။ ဖတ်ပြီးမှ တိုက်ဆိုင်မှုတွေ ရှိရင် ဟုတ်မဟုတ် အကြောင်းပြန်ပေါ့။

ကရကဋ်ရာသီဖွားတွေက တနလာင်္ဂြိုဟ် (စန်း) စိုးမိုးတဲ့ကာလမှာ မွေးဖွားလာတဲ့သူတွေပါ။ အဲဒါကြောင့် လူချစ်လူခင်ပေါများတယ် ကြွယ်ဝတယ် ကျော်ကြားတယ်။ မွေးရာပါ ကုသိုလ်ထူးလေးပေါ့။ ပီယလည်း ကောင်းတယ်ဆိုပဲ။ ဒဏ္ဍာရီမှာတော့ လနတ်သမီး ဒိုင်နာ စိုးမိုးတဲ့ဂြိုဟ် ဖြစ်နေပါတယ်။ ဒိုင်နာဆိုတာ ဇုနတ်မင်းကြီးနဲ့ လာတိုနာဆိုတဲ့ ပေါင်းဖက်ရာမှ ပေါက်ဖွားလာတဲ့ နတ်မိမယ်လေးပေါ့။ သူ့အကိုကတော့ နေနတ်သား အပိုလိုပါ။

ကရကဋ်တွေက ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန်ကြပါတယ်။ အကောင်းဆုံးလို့တောင် တချို့က ပြောကြသေးတယ်။ တခြားရာသီခွင်တွေ မနာလို မဖြစ်ကြနဲ့နော်။ ပတ်သတ်နေတဲ့ ပါတ်ဝန်းကျင်အပေါ်မှာ သံယောဇဉ် အလွန်ကြီးတတ်ကြပါတယ်။ စာနာတတ်တဲ့ စိတ်ရှိတယ်။ စေ့စပ်သေချာလေ့ရှိတယ်။ နက်နက်နဲနဲ တွေးခေါ်စူးစမ်းလေ့ရှိတယ်။ အစွဲအလန်းလည်း ကြီးတယ်။ နှလုံးသားလေးက ပျော့ပျောင်းနူးညံ့တယ်။ ပင်ကိုယ်ကံအရ အချစ်ရေးမှာ ကံကောင်းခြင်း သိပ်မရှိလှဘူး။ အသည်းခွဲ ခံရလေ့ရှိတယ်။ ချစ်သူအပေါ် ချစ်လွန်းလို့ သ၀န်တိုတတ်တာလည်း ကရကဋ်တွေပဲ။

အကြမ်းဖျင်းအားဖြင့် Cancer ကရကဋ်ရာသီဖွားတွေဟာ အများနဲ့မတူတဲ့ အမြင်တွေ အမူအကျင့်တွေ ရှိတတ်ကြပါတယ်။

သူများတွေက ဒီအသားလေး စားလို့ ကောင်းတယ် ပြောပေမယ့် ကရကဋ်တွေအနေနဲ့ ကောင်းချင်မှ ကောင်းမှာပါ။ သူများတွေက ဒီအချိုရည်လေး သောက်လို့ ကောင်းတယ် ပြောပေမယ့် ကရကဋ်တွေအနေနဲ့ ကြိုက်ချင်မှ ကြိုက်မှာပါ။

သူများတွေ စုဆောင်းနေချိန်မှာ ကရကဋ်တွေ လက်ဖွာနေတတ်ကြပါတယ်။
သူများတွေ သုံးနေဖြုန်းနေချိန်မှာ ကရကဋ်တွေ ခြစ်ကုတ်စုနေတတ်ပြန်ရော။

သူများတွေ ပျော်နေတဲ့အချိန်မှာ ကရကဋ်တွေ မှိုင်နေတတ် တွေးတောနေတတ်ပါတယ်။
သူများတွေ ကြိုးစားနေချိန်မှာ ကရကဋ်တွေ အချိန်ယူ အရှိန်ယူနေဆဲပါ။
သူများတွေ နားနေချိန်မှာ ကရကဋ်တွေ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတတ်ပြန်ရော။
သူများတွေ အိပ်ရာထဲကွေးနေချိန်မှာ ကရကဋ်တွေ နောက်တစ်နေ့အတွက် အဆင်သင့် နိုးထနေပါပြီ။

အသေးအဖွဲလေးတွေကိုလည်း အကျယ်ချဲ့တတ်တာလည်း ကရကဋ်တွေပါပဲ။
သူများတွေ ထူးခြားဆန်းပြား ကြီးကျယ်လွန်းတဲ့အရာတွေကလည်း ကရကဋ်တွေရဲ့ စိတ်ထဲမှာတော့ သာမာန် အကြောင်းအရာလေး ဖြစ်ပြန်ရော။

သူများတွေးသလို လိုက်မတွေးတတ်တာလဲ ကရကဋ်တွေရဲ့ သီးသန့်ပုံစံလေးပါပဲ။
ခေါင်းမာတဲ့နေရာမှာလည်း ကရကဋ်တွေက ပြိုင်စံရှားပါ။ ဘူးဆို ဖရုံမသီးတော့တာပါပဲ။
အရွဲ့တိုက်တာကလည်း နှစ်ယောက်မရှိပါဘူး။

ကရကဋ်တွေအများစုဟာ သူ့နယ်ပယ်အတွင်းမှာ ထင်ပေါ်ကျော်ကြားသူများ ဖြစ်တတ်ကြတယ်။ မနာလိုတဲ့သူ ဂုန်းတိုက်တဲ့သူတွေလည်း များတယ်။ အဲဒီလို လေနီကြမ်းတွေထဲမှာ၊ မုန်တိုင်းတွေထဲမှာ ကြံကြံခံနေရင်း အလိုလို ထင်ရှား ကျော်ကြားလာတတ်တယ်။

ဒါပေမယ့် ပေးဆပ်မယ့်နှလုံးသားနဲ့ ရင်နှင့်အောင်ချစ်တတ်တဲ့စိတ်နဲ့ ခံစားချက် အသဲနုနယ်သူတွေ ဖြစ်နေတတ်တာလဲ ကရကဋ်တွေပဲလေ။ အလွယ်တကူ မချစ်တတ်ဘူး။ အလွယ်တကူ မမုန်းတတ်ဘူး။

ဒါကြောင့် အများနဲ့မတူ အူကြောင်ကြောင် ဖြစ်ဖြစ်ပြီး လူ့ဂွစာအဖြစ် တစ်ခါတစ်လေ အထင်လွဲအမြင်လွဲ ခံရတတ်ပြန်ပါတယ်။

ကဲ ဟုတ်ပါသလား မှန်ပါသလား ကရကဋ်တွေရေ ...

3 comments:

hana san said...

yes. right ..right.

chewyinn said...

I don't know for others but the last sentence is definitely about u,,hehe,, And also it is not sometimes but always,,, ;p

komyintmyat said...

မှန်ပါ့ဗျာ။