.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, August 7, 2007

Dream painting

အတွေးပန်းချီ

ပျော်ရွှင်ပါစေ အမြင့်ဆုံးထက်မှာ
အသည်းထဲ လှိုက်လှဲတောင်းဆုရည်
သာယာပါစေ ထာဝစဉ် မေ့ဘ၀အတည်။

ကြွေပါစေမေ ကြွေပြီးခဲ့ရင်
ပြုံးစနှုတ်ခွန်း မဆက်နဲ့ခင်
နေရာမှန်မှာ အနည်ထိုင်စေတော့ အချစ်ရေ။

ကြုံလာသူ တို့နှစ်ယောက်ရဲ့ကံ
ဖြစ်သမျှအကြောင်း ပြောင်းလဲအသစ်တဖန်
သံသရာနယ် ကျင်လည်လို့မဆုံးပြီ။

နှလုံးသားထဲ အရှုံးအမြတ်မတွက်သူ
ပြုံးရခက် အဆုံးရဲ့တဖက်မှာ
ငိုရယ်မလွယ် အချစ်ရဲ့နန်းအပြန်ဆီ။

ချိုလွင်သာယာ အချစ်ဆုံးတေးသံ
လက်ခတ်ဆိပ်သုဉ်း မတိုးတိတ်မီ
ကျန်နေပါစေ ဖော်ကွာတစ်ယောက်တည်း
အတွေးသီ/ အတွေးပန်းချီ။

ကိုတိုးကြီး (ခင်မောင်တိုး) သီချင်းတွေကို ကလေးဘ၀ကတည်းက စွဲစွဲမြဲမြဲ နားထောင်ခဲ့ဖူးတယ်။ အဲဒီတုန်းက သီချင်းကို သီချင်း အဖြစ်အနေနဲ့ပဲ နားထောင်ခဲ့တာပေါ့။ ခံစားချက်တွေ ဘာတွေညာတွေ သိပ်မရှိခဲ့ပါဘူး။ သူ့သီချင်းတွေ အများကြီးထဲက အတွေးပန်းချီ ဆိုတဲ့ သီချင်းက လတ်တလော ရင်ထဲမှာ ခံစားနေရတာတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် ထပ်တူညီနီးပါး တူမျှနေခဲ့ပါတယ်။ တစ်ယောက်သောသူကို တိုးတိတ်စိုးထိတ် ရင်ဖွင့်ချင်တာတွေ အားလုံးက သွယ်ဝိုက်သောအားဖြင့် ဒီသီချင်းလေးထဲမှာ ပါနေတယ်လေ။

သြော် ... မနက်ဖြန်ဆို သူ့မွေးနေ့ကို တစ်ခေါက် ရောက်ပြန်ပြီပဲလေ။

သာယာပါစေ ထာဝစဉ် ငယ့်ဘ၀အတည် ...
ကျန်နေပါစေ ဖော်ကွာ တစ်ယောက်တည်း အတွေးပန်းချီ ...

No comments: