.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, August 25, 2007

July Note 2

ကျွန်တော်ရဲ့ ဇူလိုင်မှတ်စု (July Note) တွေပါ။ စာအုပ်တွေက ဖတ်တာဖြစ်တာမို့လို့ ရှေးအယူအဆတွေ ပါလာနိုင်ပါတယ်။ အဲဒါကြောင့် စာအုပ်တွေထဲမှာ ဒီလို ဆိုထားတယ်.. ဆိုပေမယ့် ကိုယ့် ထင်ရာမြင်ရာ အယူအဆလေးတွေကိုလည်း မှတ်ချက်တွေမှာ ရေးသားပြီး ဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ။

သူယုတ်မာ တရား

၁. ပညာရှိ သူတော်ကောင်း၏ ကျေးဇူးဂုဏ်သတင်းကို ဖျက်ဆီး ပြောဆိုမှု
၂. စောင်းမြောင်းငြူစူ၍ ရန်ထောင်တတ်မှု
၃. အရှက်အကြောက်ကင်း၍ ဇွတ်အတင်းပြုမူတတ်မှု
၎. လောဘ မောက်မို ရမ္မက် အလို ကြီးတတ်မှု
၅. ရက်စက်ကြမ်းကြုတ်တတ်မှု
၆. အကြင်နာ မေတ္တာ ကင်းမဲ့မှု
၇. တည်ကြည်မှု စွမ်းအား၊ အကျင့်စွမ်းအား၊ ဥာဏ်စွမ်းအား နည်းပါးတတ်မှု
၈. တကြော်ကြော်အော်၍ ငေါက်သံဖြင့် ပြောတတ်မှု
၉. အမှတ်သတိမရှိဘဲ မေ့မေ့လျော့လျော့ နေတတ်မှု
၁၀. တစ်ပါးသူအတွက် မစဉ်းစားဘဲ ကိုယ့်အကျိုးသက်သက်သာလျှင် လုယက်ပြုလုပ်တတ်မှု။

အဲဒီစာတွေကိုတော့ စံမြင့်မှတ်စု ဆိုတဲ့ စာအုပ်ကနေ ဖတ်ခဲ့ရတာတွေပါ။ ဆရာကြီး ဦးစံမြင့်က ဆရာဦးသုခလိုပဲ ဗဟုသုတရဖွယ် စာအုပ်ကောင်း တစ်အုပ် မွေးဖွားခဲ့ပါတယ်။

1 comment:

Dreams of Thadar May said...

သူတို့ရဲ့ဂုဏ်အင်္ဂါတွေနဲံ့ကွက်တိဘဲမောင်လေးရေ. ဟိဟိ
စောင်းရေးထားလားတေယင်ထင်ရတယ်..ရှေးစာတွေများမှန်မှမှန်တော်