.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, August 27, 2007

July Note 4

ကျွန်တော်ရဲ့ ဇူလိုင်မှတ်စု (July Note) တွေပါ။ စာအုပ်တွေက ဖတ်တာဖြစ်တာမို့လို့ ရှေးအယူအဆတွေ ပါလာနိုင်ပါတယ်။ အဲဒါကြောင့် စာအုပ်တွေထဲမှာ ဒီလို ဆိုထားတယ်.. ဆိုပေမယ့် ကိုယ့် ထင်ရာမြင်ရာ အယူအဆလေးတွေကိုလည်း မှတ်ချက်တွေမှာ ရေးသားပြီး ဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ။

အကျွမ်းမ၀င်ရာများ

၁။ မိန်းမ
၂။ သူယုတ်
၃။ အဆိပ်
၎။ ဦးချိုရှိသော သတ္တ၀ါ
၅။ ကူးစက်တတ်သော ရောဂါ
၆။ မြစ်၊ ချောင်း
၇။ မင်းမျိုး

အားထားရာ

၁။ ငှက်တို့၏ အားထားရာသည် လေဖြစ်၏။
၂။ ငါးတို့၏ အားထားရာသည် ရေဖြစ်၏။
၃။ ကလေးတို့၏ အားထားရာသည် ငိုခြင်းဖြစ်၏။
၎။ အားနည်းသူတို့၏ အားထားရာသည် အစိုးရဖြစ်၏။

မြန်မာဘုရင့် အကျဉ်းထောင် ခွဲခြားမှု

၁။ အခွင့်အရေးအရဆုံးသော ဖွားဖက်ကျော်တန်း
၂။ အလွန်သက်သာ ချောင်ချိသော ဒိုင်းတော်တန်း
၃။ သက်သာချောင်ချိသော လွတ်စေလေးတန်း
၎။ ပင်ပန်းစွာနေရသော လက်ရသုံးတန်း
၅။ အကြမ်းဆုံး၊ အဆင်းရဲဆုံးသော လက်မထောက်တန်း

အဲဒီစာတွေကိုတော့ စံမြင့်မှတ်စု ဆိုတဲ့ စာအုပ်ကနေ ဖတ်ခဲ့ရတာတွေပါ။ ဆရာကြီး ဦးစံမြင့်က ဆရာဦးသုခလိုပဲ ဗဟုသုတရဖွယ် စာအုပ်ကောင်း တစ်အုပ် မွေးဖွားခဲ့ပါတယ်။

1 comment:

ကလိုစေးထူး said...

ကျနော် လာလည်ပါတယ်။ ရှေးက မှတ်စုတွေက မှတ်သားစရာ ကောင်းပါတယ်။ တချို့ အချက်တွေကတော့ ဒီဘက်ခေတ် အယူအဆနဲ့ အံမ၀င်တော့ဘူး ထင်တာပါပဲ။ ဥပမာ အကျွမ်းမ၀င်ရာများထဲက တချက်မှာ မိန်းမ ဆိုတာက အတော်လေး ကျယ်ပြန့်ပါတယ်။ မိခင်တွေလည်း မိန်းမပဲလေ။ မိန်းမနဲ့ အကျွမ်းမ၀င်ရဘူးဆိုရင် အရင်ဆုံး ခပ်ကင်းကင်းနေသင့်တာက ကိုယ့်အမေ ဖြစ်နေတယ်။ မွေးစကတည်းက ပထမဆုံး ကျွမ်းဝင်ခွင့်ရတဲ့ မိန်းမက အမေကိုး။ တစိမ်းမိန်းမမှာကျတော့လည်း ဘယ်လိုမိန်းမမျိုးကို အကျွမ်းမ၀င်ရမှာလည်း အကျင့်မကောင်းတဲ့ မိန်းမ လို့ ပြောပြန်ရင်လည်း ကျနော်တို့ အမျိုးသားတွေမှာလည်း အကျင့် မကောင်းတဲ့လူတွေ တပုံကြီး။
မြန်မာဘုရင့် အကျဉ်းထောင် ခွဲခြားမှုဆိုတာကတော့ အခုမှပဲ မှတ်သား ဖတ်ရှုရပါတယ်။ ကျေးဇူးပါ။