.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, August 26, 2007

July Note 3

ကျွန်တော်ရဲ့ ဇူလိုင်မှတ်စု (July Note) တွေပါ။ စာအုပ်တွေက ဖတ်တာဖြစ်တာမို့လို့ ရှေးအယူအဆတွေ ပါလာနိုင်ပါတယ်။ အဲဒါကြောင့် စာအုပ်တွေထဲမှာ ဒီလို ဆိုထားတယ်.. ဆိုပေမယ့် ကိုယ့် ထင်ရာမြင်ရာ အယူအဆလေးတွေကိုလည်း မှတ်ချက်တွေမှာ ရေးသားပြီး ဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ။

ကွပ်မျက်ခြင်း (ရာဇ ဓလေ့)

၁. ကြိုးဖြင့် အမျိုးမျိုး ချည်တုပ်ခြင်း
၂. သံခြေကျင်း ခတ်ခြင်း
၃. ၀ါးခြမ်းကွဲဖြင့် ရိုက်ခြင်း
၎. ကြိမ်ဖြင့် ရိုက်ခြင်း
၅. တုတ်၊ လှံဖြင့် ရိုက်ခြင်း
၆. ဦးခေါင်း အောက်စိုက် ခြေမိုးမျှော် ဆွဲထားခြင်း
၇. တိုင်၌ ချည်ထား၍ ခွေးရဲတို့အား ကိုက်ခဲစေခြင်း
၈. မြေ၌ တစောင်းလှဲစေ၍ နား၌ သံစွဲနှက်ခြင်း
၉. နှုတ်ခမ်း နှစ်ဖက်တို့၌ ငါးမျှားချိတ်ဖြင့် ချိတ်ဆွဲယူခြင်း
၁၀. မြေ၌ ပက်လက်လဲစေ၍ ခြေလက်အစုံ၌ သံလေးချက် စိုက်နှက်ခြင်း
၁၁. တစ်ကိုယ်လုံး၌ ဓားလှံတို့ဖြင့် ထိုးခုတ်ပြီး ဆားမံခြင်း
၁၂. အရေမခွာဘဲ အရိုးကို ကျောက်ဖြင့် ထုခြင်း
၁၃. လက်ကို ဖြတ်ခြင်း
၁၄. ခြေကို ဖြတ်ခြင်း
၁၅. လက်ခြေတို့ကို ဖြတ်ခြင်း
၁၆. နားရွက်ကို ဖြတ်ခြင်း
၁၇. နှာခေါင်းကို ဖြတ်ခြင်း
၁၈. နားရွက်နှင့် နှာခေါင်းတို့ကို ဖြတ်ခြင်း
၁၉. ဦးခေါင်းခွံကို ခွာ၍ သံပူရဲရဲတောက်၌ ဦးခေါင်းအောက်စိုက်ချခြင်း
၂၀. ဦးခေါင်းခွံကို ခွာ၍ ဦးခေါင်းရိုးကို ခရုသင်းကဲ့သို့ ဖြူအောင်ပြုခြင်း
၂၁. ခံတွင်းကို သံညှပ်ဖြင့် ဖွင့်၍ ပွင့်သော ခံတွင်း၌ မီးတောက်စေခြင်း
၂၂. ကိုယ်ထက်ဝက်၌ အရေခွာခြင်း
၂၃. တစ်ကိုယ်လုံးရှိ အရေကိုခွာခြင်း
၂၄. တစ်ကိုယ်လုံးရှိ အသားကို ဓားဖြင့် အတစ်တစ်လှီးခြင်း
၂၅. ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် လောင်းစေခြင်း
၂၆. ဆီဆွတ်အ၀တ်ဖြင့် လက်၌ ရစ်ပတ်၍ မီးတောက်စေခြင်း
၂၇. သံပူသံတင်းဖြင့် လက်၌ စိုက်နှက်ခြင်း
၂၈. ဦးခေါင်းကို ဖြတ်ခြင်း
၂၉. ခြေလက်တို့ကို ချည်၍ ရင်ဝကို ပုဆိန်ဖြင့် ပေါက်ခြင်း
၃၀. လူကို တိုင်နှင့်ကပ်ချည်၍ အောက်ဒွါရမှ ငယ်ထိပ်သို့တိုင် သံတံကျင်ဖြင့် ဖောက်လျှိုထားခြင်း
၃၁. နှစ်ပိုင်းဖြစ်အောင် ကိုယ်အလယ်၌ ခါးကိုဖြတ်ခြင်း
၃၂. သံအိုးကင်း၌ ထည့်၍ လှော်ခြင်း

အဲဒီစာတွေကိုတော့ စံမြင့်မှတ်စု ဆိုတဲ့ စာအုပ်ကနေ ဖတ်ခဲ့ရတာတွေပါ။ ဆရာကြီး ဦးစံမြင့်က ဆရာဦးသုခလိုပဲ ဗဟုသုတရဖွယ် စာအုပ်ကောင်း တစ်အုပ် မွေးဖွားခဲ့ပါတယ်။

2 comments:

Anonymous said...

ဘယ်လိုနှလုံးသားမျိုးနဲ့ လူသားအချင်းချင်း ဒီလောက် ရက်စက်နိုင်လဲ မသိဘူးနော်

Htoo Myat said...

No 30!!!! ARRh...........