.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 22, 2007

July Note 6

မျှော်လင့်ချက်
လောကတွင် လူတို့ဆောင်ရွက်သမျှသည် မျှော်လင့်ချက်ဖြင့် ဆောင်ရွက်ခြင်းများသာ ဖြစ်သည်။
-မာတင်လူသာ

တစ်နေ့တာ
မည်မျှဆင်းရဲပင်ပန်းသော အလုပ်ဖြစ်စေ တစ်နေ့တာတော့ လူတိုင်းလုပ်နိုင်သည်။
-ရောဘတ်လူးဝစ် စတီဗင်ဆန်

စွန်
စွန်ဆိုသည်မှာ စုန်လေတွင်မတက်၊ လေကို ဆန်ရင်းသာ အမြင့်သို့ တက်စမြဲဖြစ်သည်။
-၀င်စတန်ချာချီ

ရောက်ရာအရပ်
အချို့ပုဂ္ဂိုလ်များသည် မိမိရောက်ရာနေရာ၌ တစ်ပါးသူတို့ ပျော်ရွှင်အောင် ပြုမူတတ်ကြသည်။ အချို့သူများကား မိမိထွက်သွားပြီ ဆိုတော့မှ သူတစ်ပါးပျော်ရသောသူမျိုး ဖြစ်ချေသည်။
-အော်စကာ အယ်လီဆင်

ကြောက်ရခြင်း ကင်းဝေးမည်
မိမိအလုပ်ကို ထက်သန်တက်ကြွစွာ ဆောင်ရွက်တတ်သူအဖို့ ဘ၀တွင် မည်သည့်အရာကိုမျှ ကြောက်စရာ မလိုပေ။
-ဆင်မြူရယ်လ်ဂိုလ်ဒင်

အတ္တ-ပရ
သူတစ်ပါးကို ကူညီသူ၌ မိမိကိုယ်တိုင်၏ အကျိုးကျေးဇူး တစ်စုံတစ်ရာလည်း မလွဲမသွေ ဖြစ်ပေါ်ရခြင်းမှာ ဘ၀၏ လှပသော ဖြည့်စည်းမှု တစ်ရပ်ပင် ဖြစ်သည်။
-ဂျီ၊ဘေလီ

မာလိန်မှုးကောင်း
လှိုင်းနှင့်လေတို့သည် အကျွမ်းကျင် အလိမ္မာဆုံး မာလိန်မှုးတို့၏ ဘက်တွင်သာ အမြဲရှိသည်။
-အက်ဒွပ်ဂစ်ဘွန်

ပြတ်သားဖို့လိုသည်
ခြေလှမ်းကြီးကြီး လှမ်းရမည့်အခါမျိုးတွင် ကြောက်ရွှံ့တွန့်ဆုတ် မနေပါနှင့်။ ချောက်ကမ်းပါးတစ်ခုကို ဖြတ်သန်းရာ၌ ခြေလှမ်းငယ် နှစ်လှမ်း ခွဲလှမ်း၍ မရပေ။
-ဒေးဗစ် လွိုက်ဂျော့ခ်ျ

အဲဒီစာတွေကိုတော့ ဖေမြင့်ရဲ့ ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ... ဆိုတဲ့ စာအုပ်မှ ဖတ်ခဲ့ရတာပါ။ မှတ်ထားသင့်တယ်လို့ ယူဆပြီး ကူးထားလိုက်ပါတယ်။

1 comment:

Nway Hlaing Thoone said...

ကောင်းတယ်ဗျာ ။ဒီလို ဆိုရိုးလေးတွေ ပြန်ကြည့်ပြီး သတိပြန်ကပ်စေတာပေါ့ ။တခါတခါ လူတွေက ပုံမှန် လုပ်ကိုင်နေရင်း သတိမေ့နေတတ်ကြတာကိုး။