.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, September 30, 2007

July Note 7

ကျွန်တော်ရဲ့ ဇူလိုင်မှတ်စု (July Note) တွေပါ။ စာအုပ်တွေက ဖတ်တာဖြစ်တာမို့လို့ ရှေးအယူအဆတွေ ပါလာနိုင်ပါတယ်။ အဲဒါကြောင့် စာအုပ်တွေထဲမှာ ဒီလို ဆိုထားတယ်.. ဆိုပေမယ့် ကိုယ့် ထင်ရာမြင်ရာ အယူအဆလေးတွေကိုလည်း မှတ်ချက်တွေမှာ ရေးသားပြီး ဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ။

စစ်ထဲ၌ မသတ်ရာ လေးပါး

၁။ လက်နက်ချလျက်ပြေးသူ (သို့) ရှိခိုးဦးညွှတ်နေသူ
၂။ အ၀တ်အစား အလွတ်ပြေးသူ
၃။ မိန်းမ
၎။ ရဟန်း

စစ်သားတို့၏ သစ္စာလေးပါး

၁။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတကံကို ခံယူခြင်း
၂။ သူ့ဇနီးမယား သမီးပျိုနှင့် သူတစ်ပါးဥစ္စာတို့ကို မကျူးလွန် မလုယက်ရခြင်း
၃။ ရန်သူ မဟုတ်သူကို မသတ်ရခြင်း
၎။ ရန်သူနှင့် ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း

စစ်၏ လက္ခဏာ ငါးပါး

၁။ စစ်ဦးခေါင်း = စစ်သူကြီး
၂။ စစ်မျက်စိ = ဗေဒင်ယတြာပညာရှိ
၃။ စစ်လက် = စစ်သည်ရဲမက်များ
၎။ စစ်နား = သူလျှို
၅။ စစ်တံခွန် = ဆင်စီး မြင်းစီးသူရဲ

စစ်သူကြီး လက္ခဏာ ရှစ်ပါး

၁။ အကြားအမြင်များခြင်း
၂။ သီလသီတင်းရှိခြင်း
၃။ ရဲရင့်ခြင်း
၎။ အမှုကို ပြီးအောင် ပြုလေ့ရှိခြင်း
၅။ လုံ့လ၀ီရိယရှိခြင်း
၆။ ခွန်အားစွမ်းပကားရှိခြင်း
၇။ သူ့ဥစ္စာကို မလိုချင်သောစိတ်ရှိခြင်း
၈။ အရောင်အဆင်းရှိခြင်း

မင်းကျင့်တရား ရှစ်ပါး

၁။ မယ်တော် ခမည်းတော်တို့၌ ကောင်းစွာကျင့်ခြင်း
၂။ သားတော် သမီးတော်တို့၌ ကောင်းစွာကျင့်ခြင်း
၃။ ဆွေတော်မျိုးတော် မှုးမတ်စသည်တို့၌ ကောင်းစွာကျင့်ခြင်း
၎။ ဆင်မြင်းရဲမက် ဗိုလ်ပါတို့၌ ကောင်းစွာကျင့်ခြင်း
၅။ ရွာငယ် ရွာကြီးတို့၌ ကောင်းစွာကျင့်ခြင်း
၆။ တိုင်းနိုင်ငံ ဇနပုဒ်တို့၌ ကောင်းစွာကျင့်ခြင်း
၇။ ရဟန်း ပုဏ္ဍားတို့၌ ကောင်းစွာကျင့်ခြင်း
၈။ သားငှက်တို့၌ ကောင်းစွာကျင့်ခြင်း

အဲဒီစာတွေက ဆရာကြီး ဦးသုခရဲ့ သုခမှတ်စု ဆိုတဲ့ စာအုပ်က ရွေးချယ်ကောက်နှုတ် ကူးယူဖော်ပြတာပါ။

2 comments:

Htoo Myat said...

မိန်းမကို မပစ်ရဘူး ဆိုတာကိုတော့ လက်မခံဘူးဗျို့... အစ္စရေးလ်မှာဆိုလည်း မိန်းမတွေ ၀င်တိုက်နေကြတာပဲကိုးဗျ။ သူတို့ကို မပစ်ရင်တော့ ကိုယ့်ကို ပစ်သွားမှာပေါ့။

JulyDream said...

ဖက်ပန့်ရေ ...
စစ်သည် အမျိုးသမီးကို ဆိုလိုဟန် မတူဘူး။ အရပ်သား သာမန် အမျိုးသမီးတွေကို ဆိုလိုပုံ တူတယ်။ လက်နက် ဆိုလို့ အပ်တို တစ်ချောင်းတောင် ကိုင်မထားတဲ့ သူတွေကို စစ်အတွင်း မှာတောင် မသတ်ဖြတ်ရ ပါဘူးတဲ့ ခင်ဗျာ။