.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, September 9, 2007

Love Appealing

အချစ်အယူခံ

မပြေလည်နိုင်အောင် သူက ကြံရွယ်တယ်
ရင်မှာ ချစ်အားလေး ညှိုးငယ်ရပါတယ် ...
ပြေလည်အောင် ဖြေရှင်းပါမယ်လေ
အယူခံ ဒီစကားလေး ပြောပြတော့မယ် ...

အကြင်နာဆုံး ကိုယ့်ရဲ့ အချစ်ဆုံးရေ
နေပါဦး မုန်းလိုက်တော့မှာလားလေကွယ် ...
ကြင်နာတဲ့သူလေး ရှောင်ပြေးလေးတော့
ကိုယ်တစ်ယောက်တည်း ခုတော့ ကြေကွဲပြီ ...

ကြင်သူရေ ကိုယ်တစ်ယောက်တည်း ဆွေးပြီ
အချစ်ကြီး ချစ်ခဲ့မိလို့ အမုန်းကြီး မုန်းပြီလား ...
တစ်ယူသန်ပဲ ဆုံးဖြတ်တော့မှာလည်း မေရယ်
အကျိုးအကြောင်းလေး မောင်ပြောပြမယ် ...

ကြင်သူရေ ခေါ်သံလေးကြားရင်
အချစ်ဟောင်းလေးကို ခဏလောက် လှည့်လို့ကြည့်ပါဦး ...
ပြန်လည်လို့ ချစ်ခွင့်ပေးပါဦးလား
နောက်တစ်ယောက်တော့ မချစ်လိုက်နဲ့ကွယ် ...

အချိန်တွေကြာကြာ မေ့သွားနိုင်သူရယ်
ဒိုင်ယာရီဟောင်းလေး အလွမ်းတွေ ပြည့်ပြီကွယ် ...
အနိုင်ယူပါကွယ် တောင်းပန်ပါတယ်
မေရယ် ကိုယ်အရှုံးလေး ပေးပေးလိုက်မယ် ...

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့
အကြင်နာလေးများလည်း ပေးသနားပါဦးကွယ် ...
ကျေပါတော့ အချစ်ဦး ရန်ငြိုးတွေရယ်
အယူခံတေးလေးနဲ့ ကိုယ်ချော့မယ် ...

သီချင်းရဲ့ တေးရေးဆရာက ညိုဝင်းသန်းပါ။ တေးသံရှင်က ခင်မောင်ထူးပါ။ အဲဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ကြားဖူး နားထောင်ဖူးခဲ့ပါတယ်။ နားရည်ဝနေတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါပေမယ့် သီချင်းအစအဆုံး တစ်ခါမှ အလွတ်မရခဲ့ပါဘူး။ ခုတလော ပါးစပ်ဖျားမှာ မကြာခဏ တစ်ပိုင်းတစ်စ ဆိုမိနေတဲ့ သီချင်းလေးပါ။ သီချင်းစာသားတွေကို သိလိုက်ရတဲ့ အချိန်မှာတော့ သီချင်းတစ်ပုဒ်လုံးကို စိတ်ထဲမှာ ဆိုမိနေတတ်ပါတယ်။ အချစ်ကြီး ချစ်ခဲ့ရတဲ့ ချစ်သူရဲ့ အချစ်ဦးရန်ငြိုးတွေ ပေးဆပ်ခဲ့တဲ့ အဖြူရောင် နှလုံးသား ပိုင်ရှင်အပေါ်မှာ စိုးစဉ်းမျှ မရှိစေချင်ခဲ့ပါ။ တစ်ချိန်ချိန်မှာ အယူခံတေးလေးနဲ့ ချော့ခွင့်ရမယ့် ဘ၀လေးကို တိတ်တခိုး မျှော်လင့် တောင့်တမိနေသလိုပါပဲ။

5 comments:

Layma said...

ဒီသီချင်းစာသားကို ဆိုကြည့်ပြီးတော့ …ကျော်သူနဲ့ မို့ မို့ မြင့်အောင် … ငပလီမှာ ရိုက်တဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ မြင်ယောင်မိတယ် … ။
သီချင်းထဲကပြောတဲ့ အခွင့်အရေးလေး အမြန်ဆုံးရပါစေရှင်….။

P.Ti said...

ကျွန်တော်ကတော့ ငယ်ငယ်က ဖျက်ဆိုခဲ့တာ သတိရပါတယ်..
`ကြင်သူရေ ကိုယ့်ပုဆိးုပြဲပြီ.. ဘယ်လိုမှချုပ်လို့မရပါဘူးကွယ်… ´
ဟားဟား.. ဖီလင်ပျက်သွားရင် ဆောရီး..း)

July Dream said...

မလေးမရေ ... အဲဒီရုပ်ရှင်တော့ မကြည့်ဖူးဘူး ခင်ဗျ။
ငပလီတော့ ရောက်ဖူးတယ်။ အခွင့်အရေးဆိုတာ တာဝန်နဲ့အတူ တွဲပါလာတာလေ။
ပီတီရေ ... ဖီလင် မပျက်ပါဘူး ခင်ဗျာ။ ပြုံးတောင် ပြုံးမိပါတယ် ခင်ဗျာ။

Anonymous said...

july.. ဒီသီချင်းလေးကို ကျမလည်း သိပ်ကြိုက်တယ် ။ လေးမ ဆုတောင်းသလိုပဲ အခွင့်အရေးရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Red's Rose Dream said...

ဒီသီချင်းလေးကို အရမ်းကြိုက်သလို
သီချင် စာသားလေးတွေကိုလည်းကြိုက်ပါတယ်။
သီချင်းစာသားလေးကိုရှာပြီးတင်ပေးတဲ့
ဂျူလိုင့် ကိုကျေးဇူးတင်ပါတယ်။
(ကျေးဇူးတင်တယ်ဆိုတာက
အပိုင်ကူးလိုက်ပြီလို့ပြောတာပါ ဟဲဟဲ။)