.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 15, 2007

Lovely rain

အချစ်မိုး

မိုးမေတ္တာ မိုးရေ...
မျှော်တလင့်လင့် ရင်မော
ခြောက်သွေ့တဲ့ လမ်းပေါ်
ကျွန်တော်တစ်ယောက်တည်း
လျှောက်နေဆဲ ...
( အချစ်မိုး ဘယ်တော့ ရွာမှာလဲ ) ၃

မိုးစက်ရဲ့ မေတ္တာတွေ
မျှော်နေတဲ့ ပန်းတွေဟာ
မိုးမသနားလို့ မိုးမရွာရင်
ရှင်စရာလမ်း မမြင်ဘူး
( အချစ်မိုး ဘယ်တော့ ရွာမှာလဲ ) ၃

ရွာမလို မရွာမလို
မိုးသံပေးရင် စိတ်မှာ ပျော်ရမလို
ရွာချင်သလို ရွာပါမိုးရယ်
စိုရုံလေး ရွာချင်ရွာ
ဝေဒနာတွေ ဆေးကြောပေးပါ
မရက်စက်ပါနဲ့ မိုး ...

သိပ်အားကျမိတယ်
အကြင်နာ မိုးတွေကြောင့်
တချို့တချို့ရဲ့ ဘ၀တွေ
တကယ်ပျော်ဖို့ ကောင်းတယ်နော်
( အချစ်မိုး ဘယ်တော့ ရွာမှာလဲ ) ၃

တေးဆို ဂျေညီညီပါ။ ဒီသီချင်းက ကျွန်တော့် အဒေါ်လေးတွေ ဦးလေးတွေ ခေတ်က နာမည်ကြီး သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းလေးတွေက အိမ်မှာ အတူငှားနေတဲ့ ဗိသုကာ အကိုတစ်ယောက် ကူးပေးထားလို့ ရှေ့တစ်ရက်လေးကမှ စက်ထဲမှာ ရှိခဲ့တာပါ။ အဲဒါနဲ့ပဲ မိုးကိုချစ်တဲ့ ကျွန်တော့်အတွက် အလွမ်းပြေ ဆိုငြီးစရာ သီချင်းတစ်ပုဒ် တိုးလာခဲ့တယ်လေ။ အချစ်မိုး ဘယ်တော့ ရွာမှာလဲ ဆိုတာကို မျှော်လင့်နေမိတဲ့ ကျွန်တော် ... ခေတ်နောက်ပြန် ဆွဲသလိုများ ဖြစ်နေမလားတော့ မသိဘူးဗျာ။ အခုခေတ် သီချင်းတွေထက်စာရင် အခုလို အရင်ခေတ်က သီချင်းတွေကို ရင်ခုန်သံထပ်တူပြု နှစ်ခြိုက် ခံစားမိနေတယ်။

ဂျေညီညီ သီချင်းထဲမှာ အလွမ်းကဖီး၊ ဒီ...မိုး၊ ပလက်ဖောင်းရှိုး၊ လူပျိုကြီးပဲ လုပ်တော့မယ်၊ စွဲ စတဲ့ သီချင်းလေးတွေကိုလည်း ကြိုက်မိခဲ့တယ်။ ဒီ...မိုးဆိုတဲ့ သီချင်းကလည်း ဖြတ်သန်းခဲ့တဲ့ လူငယ်ဘ၀မှာ အမှတ်တရဖြစ်စေမယ့် မိုးရေထဲက ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ကူးထဲမှာ ပြန်လည် ဖော်ကျူးစေနိုင်တဲ့အထိ စွမ်းရည်ရှိနေတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။

7 comments:

Layma said...

လေးမလဲ အဲလိုသီချင်းတွေပဲခံစားလို့ ရတော့တယ်… ခုခေတ်သီချင်းတွေ သိပ်ခံစားလို့ မရတော့ဘူး… ကျောင်းတုန်းကတော့ Theory, acid ,zero… Saisai တို့ ဖွင့်ပြီး လိုက်အော်…ပုံဆွဲ ခဲ့ပေမယ့် ခုမကြိုက်တော့ဘူး…နားဆူတယ်…အသက်ကစကားပြောလာတယ်ထင်တယ်….။

Nwai Hninn said...

Oh.. Come to Mandalay. It's raining,now. Really Heavy rain. :P

Anonymous said...

ဇူလိုင် အိမ်မက်ဆိုတော့ ငယ်ငယ်ကလေးအောင့်မေ့တာ ခင်မောင်တိုး၊ ဂျေညီညီ ကြိုက်တဲ့ အကိုကြီးဖြစ်နေ ပါကလား။
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

TKLinn said...

မိုးတွေသည်းနေပြီလေ.. မှတ်မိသေးပါရဲ့လား..

မျှားပြာ said...

သြော် ကိုဝါဆိုအိမ်မက် မိုးရွာတာကို စောင့်နေရမဲ့ ခေတ်မဟုတ်တော့ဘူးနော်း))

JulyDream said...

မိုးရွာတာကို စောင့်နေရတုန်းပါဗျာ။ မိုးမသနားလို့ မိုးမရွာရင် ... ဒီလိုပဲ စောင့်နေရတာပေါ့။ အပြင်မှာ မိုးတွေသည်းနေရင် သူများတွေရဲ့ တကယ်ပျော်ဖို့ ကောင်းတဲ့ ဘ၀ကို အားကျနေ မိခဲ့ပါတယ်။ မန်းလေးမှာ မိုးတွေသည်းနေတော့ အလွမ်းပေါ် အလွမ်းဆင့် မိတယ်။ အဲဒါနဲ့ သီချင်းလေးနဲ့ပဲ ခံစား အလွမ်းဖြေ နေမိခဲ့တယ်လေ။

gentain said...

ဒီသီချင်းလေးကိုအရမ်းကြိုက်ပါတယ်။
မိုးသီချင်းတွေအားလုံးကိုကြိုက်တယ်။
ကျေးဇူးပါပဲ တင်ပေးတာကို။
သီချင်းက အသံလေးမပါပေမယ်
ကြားနေပါတယ် သီချင်းသံလေးကို။