.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, September 16, 2007

Sordid typhoon in Blog

အခုတလော ကမ္ဘာကြီးမှာ ကပ်ဘေးဆိုးတွေ၊ ငလျှင်ကြီးတွေ၊ မုန်တိုင်းတွေ ၀င်နေတာကို တွေ့နေရတယ်။ အာရှက ဂျပန်နဲ့ ကို၇ီးယားမှာ တိုင်ဖုန်းမုန်တိုင်းကြောင့် လူ ၂ ထောင်လောက် သေကြေခဲ့ရတယ်တဲ့။ ရှေ့လတွေတုန်းကလည်း ကုလားပြည်မှာ မုန်တိုင်းကြောင့် ရေတွေကြီးပြီး လူတွေ အတော်များများ သေကြေ ပျက်စီးခဲ့ရပါတယ်။ အင်ဒိုနီးရှားမှာလည်း ငလျှင်လှုပ်သွားတာ အတော်လေး ပျက်စီးသွားတယ်။ ကမ်းစပ်နားမှာ နေထိုင်သူတွေကို ဆူနာမီ ဖြစ်လာမှာကိုတောင် သတိပေးထားရတယ်။

အဲဒီလိုပဲ ဘလော့လောကမှာလည်း တိုင်ဖုန်းမုန်တိုင်းတွေ ၀င်လာသလို၊ တိမ်မည်းညိုတွေ ဖုံးအုပ်ပြီး လေနီကြမ်းကြီးတွေ တိုက်နေသလိုပဲ။ အပျက်အစီးတော့ နည်းစေချင်မိတယ်။

အဲဒီ ဘလော့မုန်တိုင်းလေးက... ဘလော့ဒေး အခမ်းအနားတွေ၊ ဘလော့အသင်းတွေ လုပ်ပြီးနောက်ပိုင်း အခုတလောမှာ မန်းဘလော့ဂါတွေနဲ့ ရန်ကုန်ဘလော့ဂါတွေ မသိမသာလေး အမြင်တွေ မကြည်လင်ကြဘူး ဖြစ်နေသလိုပဲဗျာ။ ကျွန်တော့်အမြင်ပါ။ မှားကောင်း မှားနိုင်ပါတယ်နော်။

မန်းလေးက ဘလော့ဂါ ကိုမောင်လှကိုလည်း ရန်ကုန်မြို့က ဘလော့ဂါတွေက အမြင်မကြည်တာတွေ ရှိနေသလို ရန်ကုန်က ဘလော့ဂါတချို့ရဲ့ ဘလော့တွေမှာလည်း မန်းလေးသားတစ်ချို့က စီဘောက်တွေမှာ လာဆဲနေကြပြန်ရော။ အဲဒါမျိုးတွေ ဖြစ်နေလို့ ဘလော့တစ်ချို့မှာ ကွန့်မန့်တွေ စီဘောက်တွေ ဘာတစ်ခုမှ မထားတော့ဘဲ ဖြုတ်ပစ်လိုက်တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ကျွန်တော်သိသလောက် ဆားဗစ်ပလပ်စ်က ကိုရဲက ဦးဆောင်စည်းရုံးပြီး မြန်မာဘလော့ဂါအသင်းကို ထောင်ဖို့ လုပ်ခဲ့ပါတယ်။ အခုတော့ ဦးဆောင်တဲ့သူက စင်္ကာပူ ရောက်နေပါပြီ။ အဲဒီနောက်ပိုင်းမှာ ရန်ကုန်က ဘလော့ဂါတွေ စုပြီး ဘလော့အသင်းအတွက် ပြောကြဆိုကြ လုပ်ကြတယ်။ နောက်တော့ မန္တလေးမှာ ဆက်လုပ်ကြတယ်။

နောက်ပိုင်း ရန်ကုန်တစ်သင်း၊ မန္တလေးတစ်သင်း ဘလော့ဂါအသင်းတွေ ဖွဲ့ကြတယ်။ အဲဒီ အသင်းနှစ်သင်းရဲ့ လှုပ်ရှားမှုတွေကြောင့် မြန်မာပြည်က တာဝန်ရှိသူတွေဟာ သတင်းဆိုဒ်တွေအပြင် ဘလော့တွေကိုလည်း စိတ်ဝင်တစား ရှိလာကြလာတယ်။ အရင်ကတည်းကလည်း စောင့်ကြည့်နေမှာပါ။ အခုနောက်ပိုင်း ပိုပြီး သတိထား အချိန်ပေး စောင့်ကြည့်လာတော့တာပေါ့။

တချို့ဘလော့တွေမှာ ဆဲဆိုနေတာတွေကို ကြည့်လိုက်ရင် အိုင်ပီတွေ အတုသုံးထားမှန်း သိသာပါတယ်။ အခုလို ဖြစ်နေရတာ ရန်ကုန်က၊ မန်းလေးက ဘလော့ဂါတွေကြောင့်လို့ တထစ်ချ ပြောလို့ရနိုင်မလား။ အဲဒီလိုမျိုး ဆဲဆိုမှုတွေကြောင့် အချင်းချင်း သံသယတွေ များလာပြီး အမြင်တွေ မကြည်တော့သလို ဖြစ်လာကြပါတယ်။

ရန်ကုန်က ဘလော့တွေရဲ့ စီဘောက်မှာ ပြသနာရှာသွားတဲ့ အိုင်ပီတွေကို ပြန်ကြည့်ရင်လည်း မန်းလေး အမည်ခံ ရန်ကုန်အိုင်ပီတွေ ဖြစ်နေတတ်ပါတယ်။ မန်းလေးက ဘလော့ဂါ ကိုမောင်လှကြီးကို ဂျီတော့ခ်မှာ တွေ့လို့ မေးကြည့်တော့လည်း သူဘာမှ ဦးဆောင် မလုပ်ခဲ့ပါဘူးတဲ့။ ဟိုဆဲ ဒီဆဲတွေလည်း မလုပ်ပါဘူးတဲ့။ ကဲ ဘယ်သူတွေ လုပ်နေသလဲ ဆိုတာကိုတော့ သေသေချာချာ လေ့လာပြီး စဉ်းစားကြည့်ကြပါဗျာ။ အမြင်တွေ မလွဲစေချင်ဘူး။ ကြားလူဖျက်လို့ ပျက်မှာ စိုးမိပါတယ်။

ကျွန်တော်ကတော့ ရှင်းတယ်။ ဒေသစွဲတွေ မထားဘူး။ ဘလော့ရေးနေတဲ့ လူအချင်းချင်းမှာ ဘာကြောင့်များ ဒေသစွဲဆိုတာကို ဆွဲထည့်ထားကြမှာလဲ။ ကိုယ့်ဒေသကို ကိုယ်ချစ်တာကို အပြစ်မဆိုပါဘူး။ ဒါပေမယ့် ရန်တိုက်ပေးလို့ရတဲ့အထိ ဒေသစွဲထားရင် ကိုယ်တွေပဲ အချင်းချင်း အထင်မြင်လွဲ ပျက်စီးရာ ရောက်ကြမှာပါ။

ဒါကြောင့် ကျွန်တော်က မန်းလေး ဘလော့ဂါလည်း မဟုတ်ဘူး။ ရန်ကုန် ဘလော့ဂါလည်း မဟုတ်ဘူး။ အခု စလုံးကို ရောက်နေလို့ စလုံးဘလော့ဂါလို့လဲ မပြောမိပါဘူး။ အကယ်လို့များ ကုလားပြည်ရောက်ရင် ကုလားဘလော့ဂါလို့ ပြောင်းပြောနေရမှာလား။ ရုရှားရောက်ရင် ရုရှားဘလော့ဂါ၊ ကင်ညာရောက်ရင် ကင်ညာဘလော့ဂါလား၊ ထိုင်းရောက်ရင် ထိုင်းဘလော့ဂါလား။ တရုတ်ပြည်ရောက်နေရင် ပေါက်ဖော်ကြီး တရုတ်ဘလော့ဂါပေါ့။ ရီစရာကြီးဗျာ။

ကျွန်တော်က မြန်မာပြည်က မြန်မာပြည်သား၊ ဘလော့ကို မြန်မာလို့ရေးတဲ့အတွက် မြန်မာဘလော့ဂါ။ ဒါလောက်ဆို ရှင်းနေပါပြီ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ...

10 comments:

zeRoTraSh said...

ထင်တာ တစ်ခုတော့ပြောပြမယ်
အဓိက အကြောင်းအရင်းက ခေါင်းဆောင်ကောင်းမရှိဘူး
သူတတ်တယ် ငါတတ်တယ်ဆိုတာကို ဆိုလိုတာမဟုတ်ဘူး
Community တစ်ခုကို တည်ထောင်ချင်ရင် Leadership ဆိုတာ လိုအပ်တယ်
ခုနက ဆဲကြတယ်ဆိုတဲ့ သဘောကတော့
နာမည်ကြီးလိုမှုတွေ ကြားမှာ မနာလိုမှုတွေကြောင့်ဖြစ်လိမ့်မယ်
အဲဒီလိုပဲထင်တယ်
ခင်ဗျားလိုပဲ ကျွန်တော်လည်း ဘာမှမဟုတ်ဘူး
မန်းလေးလဲ မဟုတ်သလို ရန်ကုန်လဲမဟုတ်ဘူး
ခက်တယ် ကျွန်တော့် မျက်စိအောက်မှာပဲ
တွေ့တွေ့နေရတဲ့ သူတွေရှိတယ်
မအောင်မြင်ချင်ဘူး မကျော်ကြားချင်ဘူးလို့ အော်နေတယ်
ပြီးတော့မှ သူတို့ သိပ်ဖြစ်ချင်ကြတာ တွေ့ရတယ်
ရှက်တတ်ရင် လဲသေလို့ ရတယ်။
နောက်မှ မာန်မြင့် စာအုပ်ထဲက ဟာလေးတစ်ခု တင်ပေးမယ်
ခင်ဗျား ၀င်ဖတ်ကြည့်လိုက် ရှင်းသွားလိမ့်မယ်။
ခုလောလောဆယ်တော့ ခင်ဗျားပြောတာကို
ကျွန်တော်လက်ခံတယ်
ဟုတ်တယ် မဖြစ်သင့်ဘူး

ခင်မင်းဇော် said...

ခုတလော အထဲက ဘလော့တွေကို အရောက်နည်းပါတယ် ဘလော့ဂါတွေကြားမှာ နာမည်တုတွေနဲ့ လိုက်ပြီးသွေးခွဲနေသူတွေ ရှိနေတာ သတိပြုကြပါလို့.

ဘလော့ဂါများသတိရှိကြပါ ရန်သူ မိတ်ဆွေ ခွဲခြားနိုင်ပါစေ အမှန်ကို မြင်နိုင်ကြပါစေ

Moesat said...

ဟုတ်တယ်ဗျာ...အဲဒီလိုတွေဖြစ်နေတာ ကျွန်တော်လည်း ကြားနေရတယ်။ ကိုဖြိုးရေးထားတာလည်း တွေ့တယ်။ ဒေသစွဲ မထားပဲ မြန်မာဘလောဒ့်ဂါ ဆိုတဲ့ အသုံးအနှုန်းကို ကြိုက်တယ်ဗျာ။

Nwai Hninn said...

ကျွန်တော်လည်း မြန်မာဘလော့ဂါပဲ.. ရန်ကုန်-မန္တလေးခွဲနေရင် ဘာအကျိုးအမြတ်များ ရှိမှာမို့လို့လဲ.. ဘယ်သူတွေက ရန်ကုန်ဘလော့ဂါ .. ဘယ်သူတွေက မန္တလေးဘလော့ဂါဆိုပြီး အကုန်လုံးခွဲပြီးတောင် မသိဘူး.. ခွဲသိစရာလည်း မလိုအပ်ဘူး.. ဘယ်သူဖြစ်ဖြစ် မြန်မာဘလော့ဂါပဲ.. ကိုဂျူလိုင်ရဲ့ အသုံးအနှုန်းလေးကို သဘောကျပါတယ်.. ကျွန်တော်ကလည်း မြန်မာဘလော့ဂါပါပဲ..

Layma said...

“လေးမ” အပြောချင်ဆုံး…အရေးချင်ဆုံး ( ဒါပေမယ့် မပြောရဲ ) စာသားတချို့ ကို တွေ့ လိုက်ရလို့  အရမ်းအရမ်းကို ၀မ်းသာ…အရမ်းအရမ်းကို ကျေးဇူးတင်တယ်နော….။
အမှိုက်မရှိပြောသွားတဲ့ ခေါင်းဆောင်ဆိုတာကြီးတော့ … “ဟင့် ” …လိုချင်ဘူး….။
ခင်မင်စွာဖြင့်…
ဘလော့ဂ်တွင် မြန်မာလို ရေးနေသော မြန်မာအမျိုးသမီးတစ်ဦး

kay said...

လေးမ ရေးတာ ဖတ်ပီး ပြုံးလိုက်မိတယ်။ ဟိ
မပူပါနဲ့ကွယ်တို့ရေ..ဘလော့ဂါ အများစုဟာ သူများခြေထိုးတိုင်း ခလုတ်တိုက်မဲ့ လူစားမျိုးတွေ မဟုတ်သလို အင်္ကျူးမရှိတာတွေအတွက် လျွှောက်လိုက် ခြေရှင်းနေမှာလဲမဟုတ်ပဘါူး..မဟုတ်ာလုပ်တဲ့သူ ကတုံးကတိုက်လုပ်တဲ့သူ..အမြင်ကျဉ်းတဲ့သူတွေ..သူ့တရားသူစီရင်ပါလိမ့်မယ်။

sagaing said...

ဘယ်အရာမဆို အနှောင့်အယှက်တော့ရှိတာပါဘဲ လွတ်လပ်ပါတယ်ဆိုတဲ့ ဘလော့မှာတောင် အနှောင့်အယှက် ကရှိနေတယ် အဓိကကတော့ ကိုယ်လမ်းကို ဆက်လျှောက်ယုံပေါ့ အနှောင့်အယှက်က ဘယ်သူလဲဆိုတာတော့ ပြောရခက်တယ် ရှိတယ်ဆိုတာတော့ သတိထားရုံပေါ့ ကျွန်တော်လည်း ဒါမျိုးလေးရေးချင်နေတာ ကျွန်တော့် Idea ကို ခင်ဗျားက အကောင်အထည်ဖော်လိုက်တာ ကောင်းပါတယ်။

ရွှေမင်းသား said...

ကျနော် တော့ မကြုံလိုက်ဘူးဗျ....ဒီလို ဖြစ်နေတာ က ဘလော့ဂါ တိုင်းအတွက် မကောင်းဘူးပေါ့ဗျာ..ကျနော်တို့ အားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ မြန်မာ ဘလော့ဂါတွေ ပါ...

မျှားပြာ said...

ဘလော့ဂါတိုင်း မြန်မာဘလော့ဂါ ဖြစ်ကြပါစေဗျာ

s_potato said...

မြန်မာဘလော်ဂါတစ်ယောက်အဖြစ်နဲ့ပဲ ရှင်သန်နေပါတယ် မန်း ရန်ကုန်မခွဲပဲ အတူတူတစ်ခရီးသွားတွေမို့ သွေးထိုးလဲ စိတ်ပျက်အထင်မလွဲရအောင် ကြံ့ကြံ့ခံနေရတယ်။ဆီဗုံးမှာလဲ ဘယ်တော့လာဆဲခံရမလဲ ဆိုပြီးတော့ တွေးကြောက်မနေအောင်အားပေးနေရပါတယ်။အခုတော့ အရင်ထက်စာရင်အားရှိလာပါပြီ။မြန်မာဘလော်ဂါတွေရဲ့အားတွေအချင်းချင်းနားလည်ပေးမှုတွေကြောင့်ပေါ့