.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, August 31, 2008

The Human Race 10K

တရုတ်ပြည်ကို ပြန်ရတော့မယ့် ရုံးက တစ်ယောက်ကို မြို့ထဲမှာ အမှတ်တရ ဓါတ်ပုံလိုက်ရိုက်ပေးရင်း The Human Race 10K အပြေးပြိုင်ပွဲနဲ့ ဆုံတွေ့မိတာပါပဲ။ လက်ထဲမှာလည်း ကင်မရာက အဆင်သင့်ရှိနေတာနဲ့ ၀ါသနာအလျှောက် ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ Nike က အဓိကစပွန်ဆာပေး ကျင်းပတဲ့ပွဲမှာ ပြိုင်ပွဲဝင် လူဦးရေက ၁ သောင်း (10K)ပါ။ ပြိုင်ပွဲ ပြေးလမ်းကြောင်း အရှည်က ၁၀ ကီလိုမီတာ (10K) ပါပဲ။ အဲဒါကြောင့် ပြိုင်ပွဲကို 10K လို့ ခေါင်းစဉ်တပ်ထားတာ ထင်ပါတယ်။



အနီရောင်တီရှပ်တွေနဲ့ ပြေးထွက်လာတဲ့ လူတန်းရှည်ကြီးက ပုရွက်ဆိတ်အုံကို ဒုတ်နဲ့ ထိုးဆွလိုက်လို့ ထွက်လာတဲ့ ပုရွတ်နီကောင်တွေလို ရဲရဲတောက်နေတာပါပဲ။ ပြိုင်ပွဲမှာ လူကြီးလူငယ် အသက်အရွယ် အစုံအလင်ပါသလို အဖြူကောင်တွေလည်း ၀င်ပြေးတာကို တွေ့ရပါတယ်။ လက်မောင်းမှာ iPodလေးတွေ ပတ်ပြီး သီချင်းနားထောင်ရင်း ပြေးနေတဲ့ လူတွေ ရှိသလို အားကစား လေ့ကျင့်သလို မှန်မှန်လေး ပြေးနေတဲ့ လူတွေလည်း ရှိပါတယ်။ မောလွန်းလို့ မျက်နှာလေးတွေ နီရဲနေတဲ့ တရုတ်မလေးတွေကိုလည်း တွေ့ရမှာပါ။



တာလွှတ်တာကတော့ Esplanade Bridge ဖြစ်ပြီး ပန်းဝင်ရမယ့်နေရာကတော့ The Padang ဆိုတဲ့ နေရာပါ။ ၁၀ ကီလိုမီတာ လမ်းကြောင်းတစ်လျှောက်မှာ Entertainment Zone တွေ လုပ်ပေးထားပါတယ်။ အဲဒီနေရာမှာ စကာင်္ပူက ဟစ်ဟော့ အဆိုတော်တွေ သီဆို ဖြေဖျော်ပါတယ်။ အဆိုတော်တွေ သီချင်းဆိုရင် စင်ရှေ့မှာ အားပေးနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ အများစုကတော့ မလေးလူမျိုး ကောင်မလေးတွေပါ။ ကြည့်ရတာ အထက်တန်းကျောင်းသူတွေ ဖြစ်မယ် ထင်ပါတယ်။ ဒီဂျေသမားတွေကလည်း လက်စွမ်းပြပါတယ်။ သူတို့ရဲ့ ဒီဂျေတီးလုံးတွေက အတော်လေး မြူးကြွပါတယ်။ စင်ရှေ့မှာ ဘရိတ်ဒန့် ကနေတဲ့ လူငယ်တွေရဲ့ မမောနိုင် မပန်းနိုင် အပြိုင်အဆိုင် ကပြဖျော်ဖြေမှုကလည်း အားကျဖွယ်ရာပါပဲ။



3 comments:

TZO said...

နောက်ဆို video ရိုက်ပြီးတင် ပါဦးလေး။ ကောင်မလေးတွေ တုန်တုန် တုန်တုန် နဲ့ပြေးနေတာကို ပရိတ်သတ်က ကြည့်ချင်တာ။ အခုလိုဆိုတော့ ကောင်းသင့် သလောက် မကောင်းဘူး ခင်ဗျ။
အဲလို video မှ အသက်ဝင်တယ်လို့ ခေါ်တာ
နောက် ရိုက်ခဲ့ပါ ဦးလေးရာ။

JulyDream said...

ဓါတ်ပုံရိုက်ရတာကို ပိုပြီး ၀ါသနာပါတယ်ဗျ။ ဗီဒီယိုတော့ မရိုက်ချင်ဘူး။ ဓါတ်ပုံကနေ တဆင့် ပြန်လည် ခံစားရတာမျိုး ဖြစ်စေချင်တယ်။ ကင်မရာ ကောင်းကောင်းတစ်ခု ၀ယ်နိုင်တဲ့ အခါကျရင် အချိန်ယူပြီး ဓါတ်ပုံတွေ ရိုက်အုံးမယ်ဗျာ။ အဲဒါက ၁၀ တန်း အောင်ကတည်းက လုပ်ချင်တဲ့ ပိုးပေါ့ဗျာ။ အခုတော့ အပျော်တမ်း ၀ါသနာရှင်အဆင့်ပေါ့။ ရှိတာလေးနဲ့ လှအောင် ၀တ်... ဆိုသလိုမျိုး အကောင်းဆုံး ကြိုးစားပြီး ရိုက်ထားတာတွေပေါ့ဗျာ။

Unknown said...

ဒူးရင်းသီးနဲ့ စကာင်္ပူမျက်လုံးကြီးရယ် နောက်ခံထားပြီး ရိုက်ထားတဲ့ ပုံလေးတွေကို ကြိုက်မိတယ်။ ရှယ်ပဲဗျာ။

ပြေးတဲ့လူတွေက မနည်းမနောပဲ။ ၁ သောင်းဆိုတာ နည်းတဲ့လူအုပ်မှ မဟုတ်တာ။