၂၀၀၈ သြဂုတ်လ ၁၀ ရက်နေ့ ကြေးမုံသတင်းစာမှာ ပါလိုက်တဲ့ သတင်းလေးတစ်ခုကို သူငယ်ချင်းတွေ ပြလို့ ဖတ်လိုက်ရပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၀၈ ခုနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် အမှာစကား ပြောကြားတဲ့ သတင်းလေးပေါ့။ အမှာစကား ပြောတာများ ဘာများ ထူးခြားနေလို့လဲ ဆိုရင် ထူးခြားပါတယ် ခင်ဗျာ။ သတင်းစာကတော့ အောက်မှာ ဖော်ပြထားပါတယ်။ ပုံကို ကလစ်ခေါက် အကြီးချဲ့ပြီး ဖတ်ကြည့်လိုက်ပါ။
အမှာစကား ပြောကြားရတဲ့ နောက်ခံဖြစ်စဉ်က တကယ်ကို စိတ်ဝင်စားစရာပါပဲ။ နောက်ခံဖြစ်စဉ်က သြဂုတ်လ ၄ ရက်နေ့မှာ ကျွန်တော်တက်ခဲ့ဖူးတဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်- လှိုင်သာယာ (အခု ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်)က ဒုတိယနှစ် ကျောင်းသူလေး မမြတ်ဆုမွန်တစ်ယောက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ မြွေကိုက်ခံရပါတယ်။ ကိုက်တဲ့ မြွေက မြွေဟောက်ပါ။
အဲဒါကို လှိုင်သာယာကနေ အင်းစိန်ဆေးရုံကို မြွေဆိပ်ဖြေဆေးထိုးဖို့ လွှဲလိုက်ပါတယ်။ အင်းစိန်ဆေးရုံကို ရောက်တဲ့အခါ အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်မလေးက လူနာကို လက်ခံယူပါတယ်။ ဆရာဝန်မလေးက ဆေးကုသဆောင် ပထမလက်ထောက်ဆရာဝန်ရဲ့ ကြိုတင်ညွှန်ကြားချက်အရ မြွေဆိပ်ဖြေဆေး မရှိတဲ့အတွက် ရန်ကုန်ဆေးရုံသစ်ကြီး(ဂျိုက်ကာ)သို့ ထပ်ဆင့် လွှဲပြောင်းပေးပါတယ်။ ရန်ကုန်ဆေးရုံသစ်ကြီး အရေးပေါ်ဌာန ဆရာဝန်က အဲဒီအချိန်မှာ ထမင်းစား သွားနေတဲ့အတွက် တာဝန်ကျ သူနာပြုဆရာမက ရန်ကုန်ဆေးရုံကြီးကို ဆက်လက် လွှဲပြောင်းပါတယ်။ အဲဒီလို လွှဲပြောင်းနေတဲ့အချိန် ရန်ကုန်ဆေးရုံကြီးကို အသွား လမ်းမှာပဲ လူနာ ဆုံးပါးသွားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အထူးစစ်ဆေးမှုအဖွဲ့ ဖွဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပါတယ်။ ဆေးကုသဆောင် ပထမလက်ထောက်ဆရာဝန်က အရေးပေါ် တာဝန်ကျ ဆရာဝန်တွေကို မြွေဟောက်မြွေဆိပ်ဖြေဆေး ဆေးရုံမှာ ကုန်နေလို့ မြွေဟောက်ကိုက်ခံရတဲ့ လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းဖို့ နှုတ်နဲ့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီ ညွှန်ကြားချက်နဲ့ တာဝန်ကျဆရာဝန်က လူနာ လွှဲပြောင်းပေးခဲ့တာလည်း ကြာပါပြီ။ ဒါပေမယ့် အမှုစစ်ဆေးတဲ့အခါမှာ ဆေးမရှိဟူသော အကြောင်းပြချက် ပြလို့မရတဲ့အတွက် နှုတ်နဲ့ ညွန်ကြားထားတဲ့ ညွှန်ကြားချက် ပျက်ပြယ်သွားပြီး အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်ရဲ့ တာဝန်အရပ်ရပ်သာ ဖြစ်သွားပါတော့တယ်။
အဲဒီလိုနဲ့ အင်းစိန်ဆေးရုံ ဆေးရုံအုပ်ကြီးကို အငြိမ်းစားယူစေပါတယ်။ အင်းစိန်ဆေးရုံက အရေးပေါ်ခန်း တာဝန်ကျ ဆရာဝန်ကို အလုပ်မှ ထုတ်ပယ်ပစ်ပါတယ်။ ဆေးကုသဆောင်မှ ပထမလက်ထောက်ဆရာဝန်ကို ပြင်းထန်စွာ သတိပေးခဲ့ပါတယ်။
အမှာစကား ပြောကြားရတဲ့ နောက်ခံဖြစ်စဉ်က တကယ်ကို စိတ်ဝင်စားစရာပါပဲ။ နောက်ခံဖြစ်စဉ်က သြဂုတ်လ ၄ ရက်နေ့မှာ ကျွန်တော်တက်ခဲ့ဖူးတဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်- လှိုင်သာယာ (အခု ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်)က ဒုတိယနှစ် ကျောင်းသူလေး မမြတ်ဆုမွန်တစ်ယောက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ မြွေကိုက်ခံရပါတယ်။ ကိုက်တဲ့ မြွေက မြွေဟောက်ပါ။
အဲဒါကို လှိုင်သာယာကနေ အင်းစိန်ဆေးရုံကို မြွေဆိပ်ဖြေဆေးထိုးဖို့ လွှဲလိုက်ပါတယ်။ အင်းစိန်ဆေးရုံကို ရောက်တဲ့အခါ အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်မလေးက လူနာကို လက်ခံယူပါတယ်။ ဆရာဝန်မလေးက ဆေးကုသဆောင် ပထမလက်ထောက်ဆရာဝန်ရဲ့ ကြိုတင်ညွှန်ကြားချက်အရ မြွေဆိပ်ဖြေဆေး မရှိတဲ့အတွက် ရန်ကုန်ဆေးရုံသစ်ကြီး(ဂျိုက်ကာ)သို့ ထပ်ဆင့် လွှဲပြောင်းပေးပါတယ်။ ရန်ကုန်ဆေးရုံသစ်ကြီး အရေးပေါ်ဌာန ဆရာဝန်က အဲဒီအချိန်မှာ ထမင်းစား သွားနေတဲ့အတွက် တာဝန်ကျ သူနာပြုဆရာမက ရန်ကုန်ဆေးရုံကြီးကို ဆက်လက် လွှဲပြောင်းပါတယ်။ အဲဒီလို လွှဲပြောင်းနေတဲ့အချိန် ရန်ကုန်ဆေးရုံကြီးကို အသွား လမ်းမှာပဲ လူနာ ဆုံးပါးသွားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အထူးစစ်ဆေးမှုအဖွဲ့ ဖွဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပါတယ်။ ဆေးကုသဆောင် ပထမလက်ထောက်ဆရာဝန်က အရေးပေါ် တာဝန်ကျ ဆရာဝန်တွေကို မြွေဟောက်မြွေဆိပ်ဖြေဆေး ဆေးရုံမှာ ကုန်နေလို့ မြွေဟောက်ကိုက်ခံရတဲ့ လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းဖို့ နှုတ်နဲ့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီ ညွှန်ကြားချက်နဲ့ တာဝန်ကျဆရာဝန်က လူနာ လွှဲပြောင်းပေးခဲ့တာလည်း ကြာပါပြီ။ ဒါပေမယ့် အမှုစစ်ဆေးတဲ့အခါမှာ ဆေးမရှိဟူသော အကြောင်းပြချက် ပြလို့မရတဲ့အတွက် နှုတ်နဲ့ ညွန်ကြားထားတဲ့ ညွှန်ကြားချက် ပျက်ပြယ်သွားပြီး အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်ရဲ့ တာဝန်အရပ်ရပ်သာ ဖြစ်သွားပါတော့တယ်။
အဲဒီလိုနဲ့ အင်းစိန်ဆေးရုံ ဆေးရုံအုပ်ကြီးကို အငြိမ်းစားယူစေပါတယ်။ အင်းစိန်ဆေးရုံက အရေးပေါ်ခန်း တာဝန်ကျ ဆရာဝန်ကို အလုပ်မှ ထုတ်ပယ်ပစ်ပါတယ်။ ဆေးကုသဆောင်မှ ပထမလက်ထောက်ဆရာဝန်ကို ပြင်းထန်စွာ သတိပေးခဲ့ပါတယ်။
မြန်မာပြည်မှာ စက်မှု-၁ ကနေ မြွေဆိပ်ဖြေဆေး ၂ မျိုး ထုတ်လုပ်ပါတယ်။ မြွေပွေးနဲ့ မြွေဟောက် အဆိပ်ဖြေဆေးတွေပါ။ အင်းစိန် ဘီပီအိုင်က ထုတ်ပါတယ်။ အခုနောက်ပိုင်း ပြင်ဦးလွင်မှာ နောက်ထပ် စက်ရုံတစ်ရုံတည်ပြီး ဆေးတွေ ထုတ်လုပ်နေပါပြီ။ ဆေးတွေက မြင်းသွေးကနေ ထုတ်ယူရတာပါ။ ဆေးတွေ ထုတ်လုပ်ပြီးရင်လည်း ဒီအတိုင်း သိမ်းဆည်းထားလို့မရပါဘူး။ အအေးခန်းတွေမှာ သိုလှောင်ထားရပါတယ်။ မြွေဟောက်အဆိပ်ဖြေဆေးက မြွေပွေးအဆိပ်ဖြေဆေးနဲ့ ယှဉ်ရင် ထုတ်လုပ်မှု နည်းပါတယ်။
အစိုးရဆေးရုံတိုင်းမှာ မြွေဆိပ်ဖြေဆေး ၂-မျိုးရှိရမယ်လို့ ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြီးသားပါ။ သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးမှုး တာဝန်ခံတွေအနေနဲ့ ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး ကုန်နေရင် သွားရောက် ထုတ်ယူရမှာ ဖြစ်ပါတယ်။ ပြင်ပဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး မရှိဘူးလို့ သိထားရပေမယ့် တချို့သော ဆေးအရောင်းဆိုင်တွေမှာ ဖြေဆေး ၁ လုံးကို ၁ သောင်းကျပ် ပတ်ဝန်းကျင်နဲ့ ရောင်းချတာမျိုး ရှိပါတယ်။ မှောင်ခိုဈေးကွက်မှာ ၂ သောင်းအထိ ဈေးရှိတယ်လို့လဲ ပြောကြပါတယ်။ အဆိပ်ဖြေဆေးက ၁ ခါသုံးရင် ၁၀ လုံးလောက် ထိုးရတယ်လို့ ကြားသိထားရပါတယ်။
ကျွန်တော့်အသိ ဆရာဝန်တွေ ပြောပြချက်အရ... ဆေးရုံတွေကို လူနာတွေ ရောက်လာရင် အရင်ဦးဆုံး အရေးပေါ်ဌာနကို ရောက်ပါတယ်။ ရောဂါနဲ့ သင့်လျော်တဲ့ ကုသအဆောင်တွေကို အရေးပေါ် တာဝန်ကျ ဆရာဝန်က လွှဲပြောင်းပေးရပါတယ်။ မြွေကိုက်လူနာတွေကို ဆေးပညာဆောင်(Medicine Department)က တာဝန်ယူ ကုသလေ့ရှိပါတယ်။ မြွေဆိပ်ဖြေဆေးတွေကို ဆေးကုသဆောင်မှာပဲ ထိန်းသိမ်းထားရှိပါတယ်။ အရေးပေါ်ဌာနမှာ ဆေးသေတ္တာလေး တစ်လုံးရှိပါတယ်။ အဲဒီ သေတ္တာထဲမှာ အရေးပေါ်ဆေးတွေရယ်၊ အရေးပေါ်သုံးဖို့ အရာတွေရယ်၊ မြွေဟောက်၊ မြွေပွေး.. မြွေဆိပ်ဖြေဆေး ၂ မျိုး စလုံး ပါရပါတယ်။ အဲဒီ ဆေးသေတ္တာကို ပထမလက်ထောက် ဆရာဝန်က အချိန်မရွေး Surprise Check လုပ်ပါတယ်။ ဒီလို ဖမ်းစစ်လိုက်လို့ ဆေးမစုံရင်တာဝန်ကျ ဆရာဝန်တွေ အတော်လေးကို အဆူအဆဲ ခံရပါတယ်။
အဲဒီလို စနစ်တကျ တည်ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အခုလို တာဝန်ကျ ဆရာဝန် ပေါက်စလေးက ဆေးသေတ္တာထဲမှာ မြွေဆိပ်ဖြေဆေး ရှိမရှိကို မသိပဲ မနေပါဘူး။ တာဝန်ခံ ဆရာဝန်အနေနဲ့ ဆေးရှိရဲ့သားနဲ့ ဆေးမရှိဘူးဆိုပြီး လူနာကို တခြားဆေးရုံကို လွှဲပြောင်းမှာ မဟုတ်ပါဘူး။ ဆရာဝန်ပဲလေ... လူနာတွေရဲ့ အသက်ကို မကယ်ချင်ပဲ မနေပါဘူး။
ဆေးရှိရက်နဲ့ မရှိပါဘူး ပြောပါတယ်လို့ စွပ်စွဲထားပေမယ့် တကယ်မရှိဘူးလား၊ ရှိသလား ဆိုတာကိုတော့ ကာယကံရှင်တွေနဲ့ အဲဒီဆေးရုံ အတွင်းပိုင်းက လူတွေလောက်သာ သေချာ သိမှာပါ။ တကယ်ပဲ မရှိခဲ့တာ ဆိုရင် ဘယ်သူ့မှာ အပြစ်ရှိလဲ။
လူနာက ကျောင်းမှာ မြွေကိုက်ခံရတယ်ဆိုရင် လှိုင်သာယာကျောင်းက ပါချုပ်မှာ အပြစ်ရှိတာလား။ ဒါမှမဟုတ် ကျောင်းသားရေးရာကို ကိုင်တွယ်ရတဲ့ မော်ကွန်းထိန်းမှာ အပြစ်ရှိတာလား။ တက္ကသိုလ်ကျောင်းကို တောကြီးမျက်မည်း ဂျောင်ဂလောင်ထဲ မြွေတောကင်းတောထဲမှာ သွားဖွင့်စေတဲ့ နည်းပညာဝန်ကြီးဌာနက တာဝန်ရှိလူကြီးတွေမှာ အပြစ်ရှိတာလား။
ဒါမှမဟုတ်... တောထဲမှာ ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ကြက်ပေါင်ရာဘာ လည်ရှည်ဖိနပ် မစီးလို့ပဲ အခုလို ဖြစ်ရတာလား။ လမ်းသွားရင် ထီးအရှည်တစ်ချောင်း ဆောင်ထားပြီး အောက်ကိုကြည့်လို့ ခြုံလေး မြက်လေးတွေ အသာတို့ထိပြီး မြွေကိုက်မခံရအောင် သွားရမှာလား။
အခုတော့ ဓါးစားခံ သားကောင် ဖြစ်လိုက်ရတာကတော့ အင်းစိန်ဆေးရုံက တာဝန်ကျ ဆရာဝန်မလေးပါပဲ။ သူက ၁၉၉၆မှာ ဆယ်တန်း အောင်တာပါ။ ဆေးတက္ကသိုလ်-၂ ကနေ ဘွဲ့ရခဲ့တဲ့ ရှမ်းမလေးတစ်ဦးပါ။ သဘောကောင်းတဲ့ ဆရာဝန်မလေး တစ်ဦးပါပဲ။
တကယ်လို့များ တာဝန်ကျ ဆရာဝန်မှာ ညှိနှိုင်းဆောင်ရွက်မှု အားနည်းလို့ အပြစ်ရှိတယ်ဆိုရင်လည်း... ၀န်ကြီးဌာန အပေါ်ဆုံးက တာဝန်ရှိလူကြီးအနေနဲ့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်.. လုပ်သင့်ပါတယ်။ အခုတော့ အနိမ့်ဆုံးလူ၊ အနိုင်ဆုံးလူ ကိုသာ အပြစ်ပုံချပြီး အလုပ်ကနေ ရပ်နားလိုက်သလို ဖြစ်နေပါတယ်။ ဆေးကျောင်းမှာ ၅-နှစ် စာသင်လာပြီး ၁-နှစ် အလုပ်သင်ဆင်းလာခဲ့တဲ့ ဆရာဝန် တစ်ယောက်ကို အညွှန့်ချိုးလိုက်သလို ဖြစ်သွားစေပါတယ်။ ဆမက နောက်ထပ် ၃ နှစ် ကြာရင် ပြန်လျှောက်လို့ ရတယ်ဆိုပေမယ့် သူ့ရဲ့ စိတ်အစဉ်မှာ အမည်းစက်ကြီးတစ်ခုလို ခံစားနေရမှာကိုတော့ မြင်နေမိပါတယ်။
သြော်... ဒါနဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ရွှေပြည်သာက မြွေဟောက်ကိုက်ခံရတဲ့ ကလေးမတစ်ဦးလည်း ရန်ကုန် ဆေးရုံကြီးကို လွှဲပြောင်းတာ လမ်းမှာပဲ ဆုံးပါးခဲ့ဘူးပါတယ်။ အဲဒီကလေးမ ဆေးရုံကို ရောက်တဲ့အချိန်က အတော်လေး နောက်ကျနေပါပြီ။ ဗမာဆေးဆရာနဲ့ မြွေဆိပ်ချပြီးမှ ဆေးရုံကို ရောက်လာခဲ့တာပါ။ အဲဒီတုန်းကတော့ ဘယ်လို စုံစမ်း အရေးယူခဲ့သလဲတော့ မသိပါဘူး။ သတင်းစာမှာလည်း မပါခဲ့ပါဘူး။
အခုတစ်ခေါက်ကျမှ သတင်းစာထဲမှာ ဘာဖြစ်လို့ ပါလာရသလဲပေါ့။ အပြစ်ပေး အရေးယူတာတွေကလည်း ပြတ်သားလှတယ်။ အတော်ကို ထူးဆန်းတယ်ပေါ့။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကြားထားတာလေးကတော့ မြွေကိုက်ခံရတဲ့ ကျောင်းသူလေးက ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ မြေးလေးနဲ့ အတန်းတူ ပါတယ်တဲ့။ တချို့ကတော့ သူငယ်ချင်းလို့ ပြောကြပါတယ်ခင်ဗျာ။
ဘာပဲဖြစ်ဖြစ်လေ...
ဆရာဝန်မလေးကတော့ မြေနိမ့်ရာ လှံစိုက်ခံလိုက်ရတာလား။ စတေးခံလိုက်ရတာလား။
Credit: my friends
အစိုးရဆေးရုံတိုင်းမှာ မြွေဆိပ်ဖြေဆေး ၂-မျိုးရှိရမယ်လို့ ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြီးသားပါ။ သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးမှုး တာဝန်ခံတွေအနေနဲ့ ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး ကုန်နေရင် သွားရောက် ထုတ်ယူရမှာ ဖြစ်ပါတယ်။ ပြင်ပဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး မရှိဘူးလို့ သိထားရပေမယ့် တချို့သော ဆေးအရောင်းဆိုင်တွေမှာ ဖြေဆေး ၁ လုံးကို ၁ သောင်းကျပ် ပတ်ဝန်းကျင်နဲ့ ရောင်းချတာမျိုး ရှိပါတယ်။ မှောင်ခိုဈေးကွက်မှာ ၂ သောင်းအထိ ဈေးရှိတယ်လို့လဲ ပြောကြပါတယ်။ အဆိပ်ဖြေဆေးက ၁ ခါသုံးရင် ၁၀ လုံးလောက် ထိုးရတယ်လို့ ကြားသိထားရပါတယ်။
ကျွန်တော့်အသိ ဆရာဝန်တွေ ပြောပြချက်အရ... ဆေးရုံတွေကို လူနာတွေ ရောက်လာရင် အရင်ဦးဆုံး အရေးပေါ်ဌာနကို ရောက်ပါတယ်။ ရောဂါနဲ့ သင့်လျော်တဲ့ ကုသအဆောင်တွေကို အရေးပေါ် တာဝန်ကျ ဆရာဝန်က လွှဲပြောင်းပေးရပါတယ်။ မြွေကိုက်လူနာတွေကို ဆေးပညာဆောင်(Medicine Department)က တာဝန်ယူ ကုသလေ့ရှိပါတယ်။ မြွေဆိပ်ဖြေဆေးတွေကို ဆေးကုသဆောင်မှာပဲ ထိန်းသိမ်းထားရှိပါတယ်။ အရေးပေါ်ဌာနမှာ ဆေးသေတ္တာလေး တစ်လုံးရှိပါတယ်။ အဲဒီ သေတ္တာထဲမှာ အရေးပေါ်ဆေးတွေရယ်၊ အရေးပေါ်သုံးဖို့ အရာတွေရယ်၊ မြွေဟောက်၊ မြွေပွေး.. မြွေဆိပ်ဖြေဆေး ၂ မျိုး စလုံး ပါရပါတယ်။ အဲဒီ ဆေးသေတ္တာကို ပထမလက်ထောက် ဆရာဝန်က အချိန်မရွေး Surprise Check လုပ်ပါတယ်။ ဒီလို ဖမ်းစစ်လိုက်လို့ ဆေးမစုံရင်တာဝန်ကျ ဆရာဝန်တွေ အတော်လေးကို အဆူအဆဲ ခံရပါတယ်။
အဲဒီလို စနစ်တကျ တည်ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အခုလို တာဝန်ကျ ဆရာဝန် ပေါက်စလေးက ဆေးသေတ္တာထဲမှာ မြွေဆိပ်ဖြေဆေး ရှိမရှိကို မသိပဲ မနေပါဘူး။ တာဝန်ခံ ဆရာဝန်အနေနဲ့ ဆေးရှိရဲ့သားနဲ့ ဆေးမရှိဘူးဆိုပြီး လူနာကို တခြားဆေးရုံကို လွှဲပြောင်းမှာ မဟုတ်ပါဘူး။ ဆရာဝန်ပဲလေ... လူနာတွေရဲ့ အသက်ကို မကယ်ချင်ပဲ မနေပါဘူး။
ဆေးရှိရက်နဲ့ မရှိပါဘူး ပြောပါတယ်လို့ စွပ်စွဲထားပေမယ့် တကယ်မရှိဘူးလား၊ ရှိသလား ဆိုတာကိုတော့ ကာယကံရှင်တွေနဲ့ အဲဒီဆေးရုံ အတွင်းပိုင်းက လူတွေလောက်သာ သေချာ သိမှာပါ။ တကယ်ပဲ မရှိခဲ့တာ ဆိုရင် ဘယ်သူ့မှာ အပြစ်ရှိလဲ။
လူနာက ကျောင်းမှာ မြွေကိုက်ခံရတယ်ဆိုရင် လှိုင်သာယာကျောင်းက ပါချုပ်မှာ အပြစ်ရှိတာလား။ ဒါမှမဟုတ် ကျောင်းသားရေးရာကို ကိုင်တွယ်ရတဲ့ မော်ကွန်းထိန်းမှာ အပြစ်ရှိတာလား။ တက္ကသိုလ်ကျောင်းကို တောကြီးမျက်မည်း ဂျောင်ဂလောင်ထဲ မြွေတောကင်းတောထဲမှာ သွားဖွင့်စေတဲ့ နည်းပညာဝန်ကြီးဌာနက တာဝန်ရှိလူကြီးတွေမှာ အပြစ်ရှိတာလား။
ဒါမှမဟုတ်... တောထဲမှာ ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ကြက်ပေါင်ရာဘာ လည်ရှည်ဖိနပ် မစီးလို့ပဲ အခုလို ဖြစ်ရတာလား။ လမ်းသွားရင် ထီးအရှည်တစ်ချောင်း ဆောင်ထားပြီး အောက်ကိုကြည့်လို့ ခြုံလေး မြက်လေးတွေ အသာတို့ထိပြီး မြွေကိုက်မခံရအောင် သွားရမှာလား။
အခုတော့ ဓါးစားခံ သားကောင် ဖြစ်လိုက်ရတာကတော့ အင်းစိန်ဆေးရုံက တာဝန်ကျ ဆရာဝန်မလေးပါပဲ။ သူက ၁၉၉၆မှာ ဆယ်တန်း အောင်တာပါ။ ဆေးတက္ကသိုလ်-၂ ကနေ ဘွဲ့ရခဲ့တဲ့ ရှမ်းမလေးတစ်ဦးပါ။ သဘောကောင်းတဲ့ ဆရာဝန်မလေး တစ်ဦးပါပဲ။
တကယ်လို့များ တာဝန်ကျ ဆရာဝန်မှာ ညှိနှိုင်းဆောင်ရွက်မှု အားနည်းလို့ အပြစ်ရှိတယ်ဆိုရင်လည်း... ၀န်ကြီးဌာန အပေါ်ဆုံးက တာဝန်ရှိလူကြီးအနေနဲ့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်.. လုပ်သင့်ပါတယ်။ အခုတော့ အနိမ့်ဆုံးလူ၊ အနိုင်ဆုံးလူ ကိုသာ အပြစ်ပုံချပြီး အလုပ်ကနေ ရပ်နားလိုက်သလို ဖြစ်နေပါတယ်။ ဆေးကျောင်းမှာ ၅-နှစ် စာသင်လာပြီး ၁-နှစ် အလုပ်သင်ဆင်းလာခဲ့တဲ့ ဆရာဝန် တစ်ယောက်ကို အညွှန့်ချိုးလိုက်သလို ဖြစ်သွားစေပါတယ်။ ဆမက နောက်ထပ် ၃ နှစ် ကြာရင် ပြန်လျှောက်လို့ ရတယ်ဆိုပေမယ့် သူ့ရဲ့ စိတ်အစဉ်မှာ အမည်းစက်ကြီးတစ်ခုလို ခံစားနေရမှာကိုတော့ မြင်နေမိပါတယ်။
သြော်... ဒါနဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ရွှေပြည်သာက မြွေဟောက်ကိုက်ခံရတဲ့ ကလေးမတစ်ဦးလည်း ရန်ကုန် ဆေးရုံကြီးကို လွှဲပြောင်းတာ လမ်းမှာပဲ ဆုံးပါးခဲ့ဘူးပါတယ်။ အဲဒီကလေးမ ဆေးရုံကို ရောက်တဲ့အချိန်က အတော်လေး နောက်ကျနေပါပြီ။ ဗမာဆေးဆရာနဲ့ မြွေဆိပ်ချပြီးမှ ဆေးရုံကို ရောက်လာခဲ့တာပါ။ အဲဒီတုန်းကတော့ ဘယ်လို စုံစမ်း အရေးယူခဲ့သလဲတော့ မသိပါဘူး။ သတင်းစာမှာလည်း မပါခဲ့ပါဘူး။
အခုတစ်ခေါက်ကျမှ သတင်းစာထဲမှာ ဘာဖြစ်လို့ ပါလာရသလဲပေါ့။ အပြစ်ပေး အရေးယူတာတွေကလည်း ပြတ်သားလှတယ်။ အတော်ကို ထူးဆန်းတယ်ပေါ့။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကြားထားတာလေးကတော့ မြွေကိုက်ခံရတဲ့ ကျောင်းသူလေးက ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ မြေးလေးနဲ့ အတန်းတူ ပါတယ်တဲ့။ တချို့ကတော့ သူငယ်ချင်းလို့ ပြောကြပါတယ်ခင်ဗျာ။
ဘာပဲဖြစ်ဖြစ်လေ...
ဆရာဝန်မလေးကတော့ မြေနိမ့်ရာ လှံစိုက်ခံလိုက်ရတာလား။ စတေးခံလိုက်ရတာလား။
Credit: my friends
41 comments:
တကယ်တာဝန်အရှိဆုံးက ကျန်းမာရေးဌာန ၀န်ကြီး။ သူကိုယ်တိုင် နှုတ်ထွက်စာ တင်ပြီး နှုတ်ထွက်ရမယ့် ကိစ္စဖြစ်တယ်။ ဒါပေမယ့် သူတို့ တွေက ဒီလို တာဝန်ယူရမယ်ဆိုတာ မသိချင်ယောင်ဆောင်ထားတဲ့ လူမဟုတ်သော လူး များဖြစ်နေတော့ အခက်သားကလား။ ဒါကို ပြန်စစ်ကြည့်ရင် နိုင်ငံတခုက စနစ်တခု မကောင်းရင် လုံးဝ အပြစ်ကင်းသူတွေလဲ စတေးရတာပါပဲ။ နည်းနည်းစီနဲ့ နှစ်ရှည်ရှည် စတေးကြမလား။ သေချာစဉ်းစားသင့်ကြပြီ။ ကိုယ့်မထိသေးလို့ ဆိုပြီးနေလာရင်း နောက်ဆုံး ကိုယ့်အလှည့် ရောက်လာတော့မယ်လေ။
ဟုတ်ပါတယ် ဒါဆရာဝန်မလေး အပြစ်မဟုတ်ပါဘူး ။ ဆေးရှိရင်တော့ ဘယ်ဆရာဝန် မဆိုလူနာကို ဒီအတိုင်းပစ်မထားပါဘူး။ ဆေးရုံတွေမှာ ဆေးပြည့်စုံမှု မရှိတာ ကျန်းမာရေးဌာနရဲ့ပေါ့ဆမှု လို့ထင်ပါတယ်။ ကျောင်းသူလေး အတွက်စိတ်မကောင်းသလို ဆရာဝန်အတွက်လည်း စိတ်မကောင်းပါဘူး။ ဒီ လိုအဖြစ်မျိုးတွေ ထပ်မဖြစ်ဖို့ ဆုတောင်းပါတယ် ။
ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။
ပြောရမယ်ဆို နည်းစနစ်မရှိ ၊ အရာရာကို ပြီးစလွယ်လိုက် ၊ ငွေကြေးအဆင့်အတန်းခွဲခြား ၊ တာဝန်ယူမှု.ကင်း တာတွေက အကျင့် ဖြစ်စဉ်တစ်ခုလို ကျင့်သုံးနေတော့ လူသားတစ်ယောက်ရဲ. အသက်က ထမင်းစားရေသောက် သလောက်တောင်မှမရှိ တန်ဖိုးမဲ့သလိုဖြစ်သွားတယ်။
သင်ခန်းစာယူနိုင်ပြီး တစ်မျိုးသားလုံး ပြည်သူတွေရဲ. စိတ်ဓါတ်တွေ မြင့်တင်နိုင်ဆိုရင် မလိုအပ်ပဲ မလိုအပ်တဲ့ ဆုံးရှုံးမှူ. မျိုးတွေ နည်းပါးသွားနိုင်ပါတယ်။ နေရာ ဒေသတိုင်း ဘယ်ဘက်ကမဆို သာဓကတွေအများကြီး ရှိပါရက်နဲ့ မပြုပြင် မပြောင်းလဲနိုင် အရင်အတိုင်း အဟောင်းမြဲရှိနေသေးတဲ့အတွက် စိတ်ဓါတ်ရေးရာပိုင်းက တော်တော့်လျော့သထက်လျော့ပါလားနေပြီး တစ်ဦးတစ်ယောက်ရဲ. ကိုယ်ကျင့်စာရိတ္တတွေ တကယ် မြှုင့်တင်ဖို့ လိုအပ်နေပါပြီ။
ဆေးရုံမှာဆေးမရှိဘူးဆိုတာအမှန်ပါဘဲ ဆရာဝန်မလေးအပြစ်ရှိမရှိ မဆုံးဖြတ်ချင်ပါဘူး ဒါပေမယ့် တကယ်တာဝန်ရှိတာ ကျန်းမာရေးဝန်ကြီးပါ နောက်တစ်ခုဒီပြသနာကို ဘာလို့အရေးတကြီးကိုင်တွယ် တာလဲ JULY DREam ပြောသလို ဂျိုကုတ်ကြီးမြေး သူငယ်ချင်းဖြစ်နေလို့လား ဖြစ်နိုင်ပါတယ် မြန်မာပြည် မှာတာဝန်မဲ့ဆေးကုသမှုတွေ ကနေသေဆုံးမှုတွေရှိနေတာ အထင်အရှားရှိပါတယ် မခင်မင်းဇော်ပြောသလို စနစ်တစ်ခုလုံး မှားနေလို့ဘဲ ကျန်းမာရေးအတွက် ဘတ်ဂျက် မြန်မာပြည် ရသုံး ဘတ်ဂျက်မှာ အနည်းဆုံးဘဲ
I would like to reprint this post in my blog.
ကျွန်တော်ထင်တာကတော့ ..လူကြီးအားလုံးရဲ့ စီမံခန့်ခွဲမှု..ညံ့ဖျင်းတယ်..လို့ဘဲဆိုရမှာပါ..အငယ်တွေကတော့ ခိုင်းတဲ့အတိုင်းလုပ်ရမှာဘဲလေ..ဒါပေမယ်..ကိုယ်တိုင်ဆုံးဖြတ်တယ်ဆို ရင်တော့.. ကိုယ့်အမှားဖြစ်သွားတာပေါ့..ဘယ်လိုဘဲဖြစ်ဖြစ်..ဘာအကြောင်းတွေပြောပြော..ဒီ"ဘူတာ"ဘဲဆိုက်မှာပါခင်ဗျာ.. သိကြတဲ့အတိုင်းပေါ့..
fuse ခံပြီး ဖြတ်ချလိုက်တာပါ။
ဆေးရုံမှာ ဆေးရှိပါတယ်။
ရေမလာလို့ မထွက်တာပါ။ ကိုယ်တွေ့ပါ။ ရေပေးရင် ထွက်မှထွက်။ဆေးတွေက အခန်းတခုရဲ့ တံခါးနောက်ကွယ်မှာ ရှိနေပါတယ်။
ဆရာဝန် မလေးမှာ တကယ်တော့ အပြစ်မရှိပါဘူး။
ဆွမ်းခံရင်း ငှက်သင့်သွားရတာပါ။
မလိုလားအပ်လို့ ဟိုပြောင်း ဒီရွှေ့ကြောင့် လူနာ အချိန်မီ အသက်မကယ်နိုင်တာ။
အမှန်က ဒီကျောင်းသူလေး မဖြစ်ရဘူး..
ခုချိန်ထိ ကံကြမ္မာက မျက်နှာသာပေးတုံးပဲ..။
ဟင်း
ဆေးရုံမှာ ဆေးရှိပြီး ရေမလာလို့ ဆေးမထွက်တာပါ ဆိုတဲ့ အပြောမျိုးတွေ သဘောမကျမိဘူး။ ဆေးရုံက ဆရာဝန်အများစုဟာ (အများစုလို့ ပြောတယ်နော်) ဆေးခန်းထိုင်ပြီး ထမင်းစားနေတာပါ။ `လက်ဖက်ရည်ဖိုး´ ဆိုတာမျိုး နဲ့ စားနေကြတာ မဟုတ်ပါဘူး။ ဆေးရုံမှာ ပလာစတာ ကအစ ၀ယ်ခိုင်းရပါတယ်။ မရှိလို့ပါ။ ရှိတဲ့ တခွေ ၂ ခွေဟာလည်း အရေးပေါ်အတွက်နဲ့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသူတွေ အတွက် ရည်ရွယ်ပါတယ်။
ချမ်းသာတဲ့ တိုင်းပြည်တွေမှာ အစိုးရက ဆေး supply ပေးထားတာ၊ ဆေးသတ္တာထဲက အရေးပေါ်ဆေးတွေ ထားထားတာ တွေကို ကြည့်ပြီး ငါတို့ ဆီမှာ မရှိတာ မဖြစ်နိုင်ဘူး လို့ ထင်ရင်တော့ မှားမှာပေါ့။
နေရာတိုင်းမှာ လာဘ်ထိုးလို့ ရနေလို့ ဆေးရုံမှာလည်း ပိုက်ဆံပေးရတာ၊ ကျွေးရတာတွေ ရှိပေမယ့် သေတ္တာထဲက၊ တံခါး နောက်ကွယ်က ဆေးတွေဟာ ဆင်းရဲတဲ့သူတွေအတွက်နဲ့ အရေးပေါ် သုံးဖို့ အတွက် ထားရပါတယ်။ လာသမျှလူကို စရိတ်ခံပြီး ဆေးကုပေးဖို့ အစိုးရက supply ပေးမထားပါဘူး။ မြန်မာ နိုင်ငံတော် အစိုးရရဲ့ ဘတ်ဂျက် ဘယ်လောက် ရာနှုန်းကို ကျန်းမာရေးအတွက် သုံးသလဲ လေ့လာကြည့်ကြရင် ဆေးရုံမှာ ဆေးရှိလား မရှိလား မှန်းလို့ ရမှာပါ။
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင်နေကြတယ်နော်။ ဒီကျောင်းသူလေး သေဆုံးမှုအတွက် တကယ်တမ်းသာ အရေးယူရမယ်ဆိုရင်... အင်း... မပြောချင်တော့ပါဘူး ကိုဇူလိုင်ရယ်..
ဆေးရုံမှာ ရေမလာလို့ ဆေးမထွက်တာဆိုတာကိုတော့ လုံးဝ ကန့်ကွက်ပါတယ်။ တကယ့်တကယ်တမ်း လူနာ သေရေးရှင်ရေးနဲ့ ကြုံတွေ့လာရင် ကိုယ့်အိတ်ထဲကတောင် စိုက်ပြီးကုပေးနေရတာပါ။ မမြတ်နိုးကြုံတွေ့ ခဲ့ရတာ ရှားရှားပါးပါး ဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။
တကယ်တမ်းမှာ အစိုးရက ထောက်ပံ့တဲ့ဆေး အလုံအလောက်မရှိလို့ လူနာတွေကို အလကား မကုပေးနိုင်တာ ကြာပါပြီ။ တကယ်အရမ်း ဆင်းရဲတဲ့ လူနာမျိုးနဲ့ အရေးပေါ်လူနာတွေ အတွက် ရှိစုမဲ့စုဆေးတွေကို သိမ်းထားရပါတယ်။ ကျန်တဲ့ လူနာတွေအတွက်ကတော့ ကိုယ့်ဆေးကိုယ်ဝယ်ခိုင်းပါတယ်။ ဒါက ဆေးရုံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စပါ။
နောက်တစ်ခုက မြွေဆိပ်ဖြေဆေးကိစ္စ..။ တောင်ကြီး စ၀်စံထွန်းဆေးရုံ ဖျားနာဆောင်မှာ မြွေဆိပ်ဖြေဆေး ၁၀ လုံးပဲ ရှိပါတယ်။ အဲဒါတောင်မှ မြွေပွေးဖြေဆေးပါ..။ မြွေဟောက်ဖြေဆေးလုံးဝ မရှိပါဘူး။ လာတဲ့လူနာတွေကို ရှိတဲ့ဆေးပဲ ထိုးပေးရတာပါ။ ဒါက တောင်ပေါ်မြို့မို့လို့ မြွေရှားလို့ ဆေးမထားတာလို့ ပြောရင်လည်း မြွေ အတွေ့များတဲ့ မကွေးတိုင်းတို့လိုနေရာမှာတောင် ဆေးနဲ့ လူနာနဲ့က မမျှပါဘူး။ ဒီတော့ ရန်ကုန်ဆေးရုံမှာ ဆေးရှိမရှိကတော့....
ကျောင်းသူလေးအတွက်ရော ဆရာဝန်မလေးအတွက်ပါ များစွာ စိတ်မကောင်းဖြစ်ရပါတယ်...
ခုလို အနိမ့်ဆုံးလူကို ထုတ်ပစ်မယ့်အစား ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ... ဒါဆို ဘာတွေလိုအပ်နေပီလဲ၊ ဘာလုပ်သင့်လည်းဆိုတာမျိုး သုံးသပ်မယ်၊ လိုအပ်တာတွေ ဖြည့်ဆည်းတာ လုပ်ပေးသင့်ပါတယ်။
ခုကိစ္စက ဟိုပြောင်းဒီလွှဲ လမ်းမှာကြာလို့ လူနာအသက် ဆုံးရှုံးရတဲ့ကိစ္စပါ... မြွေကိုက်ခံရတဲ့ လူနာမှမဟုတ်ပါဘူး၊ အခြားလူနာတွေလည်း အချိန်ကြန့်ကြာမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာတွေရှိပါတယ်... ဒီဖြစ်စဉ်ရဲ့ Weak-Pointက အရေးကြီးပါတယ်... ဒီweak-point ကိုရှာပြီး လိုအပ်တာ ဖြည့်ဆည်းပေးမှသာ နောက်လူနာတွေ ခုလိုမဖြစ်ကြမှာပါ...
မီးလေးကတော့
၁. ဆေးရုံမှာ Emergency Boxက အရေးပေါ် အလွယ်တကူ ယူသုံးဖို့ စီစဉ်ပေးထားတာပါ... Emergency Boxထဲက ဆေးကို ထုတ်သုံးလိုက်ပီ ဆိုတာနဲ့ ချက်ချင်းပြန်ဖြည့်သင့်ပါတယ်... ဖြည့်စရာ ဆေးမရှိတော့ရင် မှာမယ်၊ အပြင်မှာကို ၀ယ်မရရင် ဆေးရုံအချင်းချင်း မျှသုံးတာမျိုး စီစဉ်မယ်၊ မျှသုံးစရာကို မရှိတော့တဲ့ နောက်ဆုံး အခြေအနေမှ လူနာလာရင် လွှဲဖို့စီစဉ်မယ်...
၂. ဆရာဝန်ထမင်းသွားစားလို့ တခြားဆေးရုံသွား ခိုင်းတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ... ဒါဆို တခုစဉ်းစားစရာ ရှိလာပါတယ်... ဆရာဝန်တွေ ထမင်းသွားစားတဲ့အချိန် ဆေးရုံတက်နေတဲ့ လူနာ တဦး အသည်းအသန်ဖြစ်နေပီဆိုရင်ကော ဆရာဝန် ထမင်းသွားစားလို့ ဆိုပြီးတော့ စောင့်ခိုင်းလို့ရပါသလား... နောက်တခုက ဆရာဝန်က ဒီတယောက်ပဲရှိတာလား... ဒါမှမဟုတ် ဆရာဝန်တွေ အကုန်ထမင်းစားသွားတာလား... ဖြစ်သင့်တာက အရေးပေါ်ကြုံလာရင် stand by ရှိအောင် ဆရာဝန်တဦးဦးတော့ ရှိရပါမယ်... ကိုယ်ထမင်းသွားစားတော့မယ် ဆိုရင် ကျန်တဲ့တယောက်ကို အချင်းချင်း overပေးခဲ့ ရပါမယ်... ဒါဆိုရင် ဆရာဝန်မရှိလို့ ဆိုတဲ့ လစ်ဟာမှုမဖြစ်တော့ဘူးပေါ့...
၃. ဆေးရုံတခုနဲ့တခုပြောင်းတဲ့အခါ အချင်းချင်း linkချိတ်ဖို့လိုပါတယ်... ပြီးစလွယ် ဒီကိုသွားလို့ ပြောလိုက်တာထက် ကိုယ်လွှဲမယ့်နေရာကို အရင် ဖုန်းဆက်ရပါမယ်... မြွှေကိုက်ခံရမယ့် လူနာကို ဒီမှာ ဆေးမရှိလို့ အဲဒီကို လွဲလိုက်မယ်ဆိုပြီး လူနာ History ကို အကျဉ်းပြောပြထားရပါမယ်... ဟိုဘက်ကလည်း သူတို့မှာလည်း ဆေးမရှိဘူး ဆိုရင် နောက်တနေရာကို ချိတ်ဆက်ကြည့်မယ်... ဒီလိုလေးသာ လိုက်လုပ်ပေးမယ်ဆိုရင် လူနာလည်း ဟိုသွားလိုက် ဒီသွားလိုက် မဖြစ်တော့ဘူး... လာမယ်ဆိုတာ ကြိုသိထားလို့ သူတို့ကလည်း အဆင်သင့်ဖြစ်နေမယ်... ဆေးရုံ အရေးပေါ်ကို ရောက်တာနဲ့ ဒီဆေးရုံက လွှတ်လိုက်တာ ဆိုတာနဲ့ အားလုံး ready ဖြစ်နေတော့ လူုနာအတွက်ပိုအဆင်ပြေတာပေါ့... ခုဖြစ်တဲ့နေရာမှာ လူကြီးတွေအနေနဲ့ ကိုယ်ဖြစ်တယ်လို့ ခံယူလိုက်ရင် ပြဿနာက ပြေလည်သွားမှာပါ... ကိုယ်ဆိုရင်ကော ကိုယ့်ကို ဟိုသွားလိုက် ဒီသွားလိုက်လုပ်ခိုင်းရင် ကြိုက်ပါ့မလား... ဟိုသွားလိုက် ဒီသွားလိုက်မဖြစ်အောင် ငါတို့ ဘာလုပ်ပေးသင့်လဲ၊ ဘာလိုအပ်လဲ ဆိုတာမျိုး စီစဉ်ပေးပြီး လိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ် ဆိုရင် ခုလိုအခြေအနေနဲ့ နောက်ထပ်လူနာတဦး ထပ်မဆုံးရှုံးရတော့ဘူးပေါ့...
အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပါနော်... မီးလေး အမြင်သက်သက်ပါ...
မြေနိမ့်ရာ လှံစိုက်တယ်ဆိုတာ ဒီကိစ္စမှာ အမှန်ပဲဖြစ်မှာပါ။ ပထမဆုံးက တောထဲရောက်သွားရတဲ့ ကျောင်းတော်ကြီးတွေ။ နောက်တစ်ခုက ညံ့ဖျင်းတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေပါပဲ။
ပြောရမယ်ဆိုရင်တော့ ဒီလိုကိစ္စတွေဟာ တွေးကြောက်စရာတွေပါ။ ကြောက်တတ်မယ်ဆိုရင်ပေါ့ဗျာ။
“ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်က မြို့ကြီးတစ်ခုမှာ မြွေဆိပ်ဖြေဆေးမရှိလို့ အသက် ဆုံးရှုံးရသတဲ့။”
****************
ကောင်းသော ပိုစ့်လေးပါပဲ။
ဘာပဲဖြစ်ဖြစ် မဟုတ်တာတစ်ခုခု မျက်နှာပျက်စရာ ဆုံးရှုံးစရာတစ်ခုခု ဖြစ်လာပြီးရင်တော့ "cover our ass theory" အရ လက်ညှိုးထိုးစရာ scapegoat အဖြစ် တစ်ဦးဦးကိုဖန်တီးလို့ မင်းကြောင့် မင်းကြောင့် ဖြစ်တာဆိုပြီး ဆိုပြီး လုပ်ကြရတာ အစဉ်အလာကြီးကို ဖြစ်နေပါပြီ။
ဆေးရုံတွေမှာ အခမဲ့လို့သာ ပြောပေမယ့် တကယ်တမ်းကျတော့ ဘာမှ အခမဲ့ မရကြပါဘူး။ ဆေးရုံဖြစ်ပြီး ဆေးတွေကို ပြင်ပက ပြန်ဝယ်ပေးနေရတာ..။ ပိုက်ဆံချို့တဲ့တဲ့ လူနာတွေခင်ဗျာ.. ငေါက်ငမ်းခံပြီး ၀ယ်ခိုင်းသမျှ ဆေးတွေ ၀ယ်ရတာ..။ ပိုက်ဆံမတတ်နိုင်တော့လို့ ဆေးရုံကနေ ခိုးပြီး ပြန်ဆင်းရတာတွေ ကျန်းမာရေး ၀န်ကြီး မသိချင်ယောင်ဆောင် နေတာ ဖြစ်ပါလိမ့်မယ်။ ဆေးရုံကဆေးတွေက ပိုက်ဆံပေးမှ ၀ယ်လို့ ရပါတယ်။ ငါ့သူလွှဲချ သူ့ငါလွှဲချ..နဲ့ သီးလေးသီး ပြက်လုံးလိုပါပဲ။ ရုံးအုပ်ကြီးက အရာရှိကိုဟောက် အရာရှိက စာရေးလေးကိုဟောက် ဆိုသလို ဖြစ်နေပြီ။ ကြီးနိုင်ငယ်ညှင်းတွေပေါ့ဗျာ..။
ဖတ်လိုက်ရတဲ့သတင်းအတွက်လုံးဝကိုစိတ်မကောင်းပါ
ဘူး။အားလုံးရဲ့အမှားကြောင့်
အသက်တချောင်းမဆုံးရှုံးသင့်ပဲ
အလကားဆုံးရှုံးသွား၇တယ်။ အဲဒီအပြစ်အတွက်
ဒဏ်ပေးရမယ်ဆိုရင်ဟိုး...အထက်ကနေအဆုံးထိ
အားလုံးကိုဒဏ်ပေးသင့်တာပေါ့။ခုတော့....
တော်တော်ရွံစရာကောင်းတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ အရေးယူမှုကြီးပါပဲ။
ဒါမျိုးက မြန်မာပြည်မှာ နအဖလက်အောက်မှာ ဖြစ်နေကြပါ။ ကြားထဲက ငထွားတွေပဲ ခါးနာတယ်။ မင်းဖြစ်သမျှ ငဝက်ကပဲ ဒဏ်ခံရတယ်။
နှမ်းစင်ရာ ကျည်ပွေ့လိုက်ထုတဲ့ တစ်ပွဲတိုးနည်းတွေနဲ့ မြန်မာပြည်ကတော့ ရေမရှိတဲ့ချောင်းမှာ နစ်နေဦးမှာပါပဲ။
သင်ကာ
ပြောရမယ်ဆိုရင်.တော်တော်လေးကို စိတ်ညစ်စရာပါပဲ...တောထဲမှာကျောင်းဖွင့်ထားတာရော...ဆေးရုံတွေမှာ ဆေးမရှိတဲ့ အကြောင်းတွေဟာ...အားလုံး..လိုအပ်ချက်တွေကြည့်ပါပဲ...ဒီပို့စ်ဖတ်ရတာ စိတ်မကောင်းဘူး...
၁။ ကျန်းမာရေးဌာန ၀န်ကြီး တာဝန်ရှိသည်။
၂။ ဆေးပစ္စည်း အစုံအလင်မရှိခြင်းသည် မြန်မာ့ကျန်းမာရေး၏ အင်မတန်ဆိုးရွားသော အရာတစ်ခုပင်။
၃။ ဆရာဝန်မလေး အပြစ်မဟုတ်ပါ။
၎။ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား ဒါတွေ အရမ်းအရေးကြီးသည်။
၅။ နောက်ဆုံး နိုင်ငံရေး အခြေအနေမကောင်းလို့ ဆိုတာကို ပဲ အပြစ်တင်ရပါမယ်.. ခေါင်းဆောင် မကောင်းလို့ပေါ့။
one time, 2 time, many times
မှားတာတွေကို ပြောပါတယ်
နားနားပြီးပြောတာတောင် မောပါမယ် :P
ဘာမှကိုမပြောချင်ပါတော့ပါဘူးခင်ဗျာ၊ ကြီးကြီးကျယ် ကျယ်ပြောရရင် ဒီကိစ္စနဲ့ တင်မကတော့ပါဘူး၊
ဘာမှကိုယ် မလုပ်နိုင်မကိုင်နိုင်ကြပါဘူး၊ ဘာမှကိုလည်း မစွမ်းဆောင် နိုင်ပါဘူး၊ ဘာမမှကိုယ်လည်း မလုပ်ချင် မကိုင်ချင် ကြပါဘူး၊ ဘာမှကိုယ်လုပ်ချင် ကိုင်ချင်သူတွေ ကိုယ်နေရာမပေးချင်ကြပါဘူး၊ ဘာမှကိုယ် သူတို့ကိုယ် သူတို့ အစမှ အဆုံးဖြစ်လိုရာဖြစ်ဆိုပြီး မှတ်နေကြတယ်၊
အခုချိန်ကတော့ ဖြစ်သမျှကို လည်ဆင်းပြီး ခံယုံပါပဲဗျာ၊ ဖြစ်သမျှ အကောင်းကြီးသာ မှတ်လိုက်ပါတယ်၊ မသနားကိုယ်ချင်မစာနာလို့တော့ မဟုတ်ဘူးခင်ဗျ၊ ကိုယ်တိုင်းပြည်ရဲ့ အနာဂါတ် ခေတ်ပညာတတ် မျိုးဆက်သစ် ဆရာဝန်မလေးတစ် ယောက်ကော၊ အင်ဂျင်နီယာတစ်ယောက်ဆုံး ရှုံးသွားတာကိုကော ဘယ်လိုမှ အစားမထိုးနိုင်ပါဘူး၊
ဒါကတော့...အင်း..ဟုတ်ပါတယ်..ဆရာဝန်မလေးမှာအပြစ်မရှိပါဘူး..
အပြစ်ရှိသူကိုတော့အားလုံးအသိပဲမဟုတ်လား..
ဘာပဲဖြစ်ဖြစ်လေလောကမှာကအားနည်းတဲ့သူတွေပဲခံရတယ်.
ဒီအဖြစ်အပျက်ကိုကြည့်ပြီးကျန်တဲ့လူတွေလဲသင်ခန်းစာယူပြီးနောက်ဒီလိုမဖြစ်အောင်
လုပ်ကြရမှာပေါ့လေ.
ဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားကြည့်ရင်
အထင်းသား ပေါ်နေတာပဲ။ ဘယ်သူတွေမှာ တာဝန် အရှိဆုံးလဲ။ လူတိုင်း သိပါတယ်။ စကားပုံတခု ကြားဖူးတယ်။ တာဝန်သိ တဲ့သူမှာ တာဝန်ရှိတယ်တဲ့။
ဒါပေမယ့် တာဝန်မသိ တဲ့သူတွေ အပေါ် ရောက်နေတော့  အင်း.... ပြောရခက်ခက်ပါပဲဗျာ။
ဘယ်သူ့ကိုမှ အပြစ်တင်လို့ ဘယ်သူမှ ပို မထူးလာပါဘူး။ အငယ်ကို မစောင့်ရှောက်တော့လည်း ငယ်သူတွေ ခံရတာပါပဲ။ background က အရေးကြီးပါတယ်။ အရေးကြုံရင်ပေါ့လေ။
လွယ်လွယ်နဲ့တော့ ဆရာဝန်တွေ၊ ဆေးရုံတွေကို အပြစ်မတင်ပါနဲ့။ သူဌေး မဖြစ်နိုင်မှန်း သိရက်နဲ့ ကိုယ်တတ်တဲ့ ပညာနဲ့ အလုပ်လုပ်နေကြတာပါ။ ရနိုင်တဲ့ ဆေးနဲ့ အသက်ကယ်နိုင်လိုက်တဲ့ လူတွေ ရှိမရှိ စုံစမ်းကြည့်ကြပါ။
လုပ်သင့်တာ၊ ဖြစ်သင့်တာတွေ၊ ရေးရရင်တော့ မပြီးနိုင်တော့ပါဘူးဗျာ။ နောက်ဆုံး ဒီဘူတာက ဒီဘူတာပါပဲ။ ဒီသတင်းက လုပ်ငန်းညိုနှိုင်းအစည်းအဝေးလား၊ တခုခုကို ကြိုကန်ထားချင်တာလား တခုခုပဲ။ ခေါင်းစဉ်အောက်က စာတမ်းကအစမရိုးသားဘူး။ တနိုင်ငံလုံးအတိုင်းအတာအတွက် လုပ်တဲ့အစည်းအဝေးမှာ ဒီမြွေဆေးကိစ္စကိုပဲ ထိပ်မှာ စာလုံးမဲကြီးနဲ့ အကြီးအကျယ်တင်ထားစရာလိုလို့လား။ လူတယောက် မြွေကိုက်လို့ မသေသင့်ပဲသေသွားတာကို ခုလောက် အရေးတယူရှိရင် မြန်မာပြည်လောက် နေချင်စရာကောင်းတဲ့နေရာ ဘယ်မှာမှ ရှိမှာမဟုတ်တော့ဘူး။ သတင်းတခုလုံးမှာ ဒီကိစ္စကိုပဲ အရေးတယူအတိအကျ သတင်းစာရှင်းလင်းပွဲမှာပြောသလို ပြောသွားပြီး ဘယ်လိုအရေးယူလိုက်ပါတယ်ဆိုတာ ပြောသွားတယ်။ ကျန်တဲ့ တနိုင်ငံလုံးအတွက် လုပ်ရမဲ့ဆေးနွေးချက်တွေကို အာပလာ နည်းနည်းလေးပဲ အကျဉ်းချုပ်ထည့်ထားတယ်။ ဖြစ်စဉ်ကိုပြောနေကထဲက အင်းစိန်ဆေးရုံက တာဝန်ကျဆရာဝန်ကို တခါထဲ တရားခံအဖြစ် စွပ်စွဲထားပြီးနေပြီ။
အမှန်ကတော့ မြတ်ဆုမွန်ဆိုတာကိုလဲ သူတို့စိတ်မ၀င်စားဘူး၊ မြွေဆေးဆိုတာကိုလဲ သူတို့စိတ်မ၀င်စားဘူး၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာထက် ဘယ်သူ့ကို ထိုးကျွေးရမလဲဆိုတာ အမြန်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ ကိုယ့်ထမင်းအိုး ကိုယ်ပိုက်ထားလိုက်ကြတယ်လို့ပဲ ထင်ပါတယ်။
တယ်ရင်း တွေ အားလုံးပြောသွားတာ ပြည့်စုံနေပါပြီ ၊၊
မိသားစုနဲ့ထပ်တူထပ်မျှ ကိုယ်ချင်းစာပေးလို့ရပါတယ် ၊၊
ကျောင်းသူလေး မမြတ်ဆုမွန် "ကောင်းရာ သုဂတိ လားပါစေဗျာ " ... ဆုတောင်းပါတယ် ၊၊
....
ကိုရီပတ်ဗလစ်
တကယ့်ကိုစိတ်မကောင်းစရာဖြစ်ရပ်ပါပဲ။ အဓိကတရားခံက စနစ်ဆိုးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ နိုင်ငံတော်ဘဏ္ဍာခွဲဝေသုံးစွဲမှုမမျှတမှု။ သားကောင်ဖြစ်ရတာက ပြည်သူနဲ့ ပြည်သူ့ဝန်ထမ်းဆရာဝန်။ ဒီလိုမတရားမှုတွေကို ခေါင်းငုံ့ခံနေကြရင် တစတစနဲ့ သားကောင်တွေ ပိုများလာတာပဲ အဖတ်တင်လိမ့်မယ်။ ဒီစနစ်ဆိုးကို ၀ိုင်းဝန်းပြီး အဆုံးသတ်ကြရအောင်ပါ။
နည်းပညာ တက္ကသိုလ် ကျောင်းဝင်းထဲကို မြွေဟောက်လို ရှားရှားပါးပါး သတ္တ၀ါ ၀င်နေတယ် ဆိုတာ အတော် ခံပြင်းဖို့ ကောင်းပါတယ်။
ကျောင်းသားတွေ ပညာရေးကို ဂရုစိုက်ပေးဖို့ ဆိုတာ သင်ရိုးညွှန်းတမ်းနဲ့ သင်ပေးတဲ့ ဆရာ၊ သင်ကြားမှု အထောက်အကူတွေအပြင် စာသင်ရတဲ့ ပတ်ဝန်းကျင်မှာ အန္တရာယ် မရှိဖို့လည်း လိုပါတယ်။ ပျားလို ကျောင်းသားတွေကို အနာတရ ဖြစ်စေတဲ့ သတ္တ၀ါမျိုးတောင် အနီးအနားမှာ မရှိသင့်ပါဘူး။
ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုံခြုံရေးကို ဘယ်သူက တာဝန်ယူတာလဲ? သန့်ရှင်းရေး အလုပ်သမားတွေ အလုပ် မခိုကပ်ဖို့၊ ကျောင်းသားတွေက သန့်ရှင်းရေး အလုပ်သမားတွေကို အချိုးပြေပြေ ဆက်ဆံအောင် ဆုံးမဖို့၊ ? .. ? ? ..
ကျောင်းတွေ ကျောင်းနဲ့ တူလာအောင်၊ အဆင်မပြေတာတွေကို ဖြေရှင်းပေးနိုင်အောင်၊ ? ? . .
ဘာတွေဘယ်လိုလုပ်ကြရမှာလဲ ? ? ? ? ?
ပြီးတော့ မီးလေး ပြောသလိုပဲ.. ဆေးရုံဘက်ကလည်း စီမံခန့်ခွဲမှု ညံ့တာတွေ ပါပါတယ်။
မူရင်း လှိုင်သာယာ ဆေးရုံက လူနာကို ပို့ကတည်းက ချို့ ယွင်းချက်ကို စတွေ့ပါတယ်။ သေချာ စုံစမ်းပြီး ဆေးရှိတဲ့ နေရာကို အမြန်ဆုံး ပို့သင့်ပါတယ်။ မေးမြန်းပြီးမှ လူနာကို လွှတ်လိုက်ဖို့ ကိစ္စမှာ တာဝန်ကျ ဆရာမ အနေနဲ့ ဆေးရုံအုပ်ရဲ့  အကူအညီ လိုကောင်း လိုပါလိမ့်မယ်။ ဆေးရှိမရှိ အရင်မစစ်ပဲ လူနာကို လက်မှတ်ထိုး လွှဲယူလိုက်တဲ့ ဆရာဝန်မလေးက သူများ လက်ထောက်ချမယ်ဆို ချချင်စရာ ဖြစ်သွားရှာပါတယ်။
နောက်ပြီး ကိုသင်ကာ ပြောသလို နှမ်းစဉ်ရာ ကျည်ပွေ့လိုက်ထုနည်းနဲ့တော့ အားလုံး နာကျင်နေရဦးမှာပဲ။
Title က မေးခွန်းကို ပြန်ဖြေရရင်တော့ "Is it Sacrifice?" ဆိုရင် မဟုတ်သေးဘူး လို့ မြင်ပါတယ်။
စတေးတယ် ဆိုတာ ရလာမယ့် ကောင်းကျိုးတစ်ခုအတွက် အနာခံရတာ လို့ မြင်ရင်ပေါ့။ အခုလို လုပ်တော့ လူမှာ တာဝန်ယူရမှာ ကြောက်တဲ့စိတ်ပဲ ပိုများလာပါလိမ့်မယ်။
ပြဿနာကို မဆိုင်ရာ သွားရှင်းတော့ အလကားနေရင်း လူတစ်ယောက်မက ဆုံးရှုံးသွားတာပေါ့။
မြွေရှိပြီး ဆေးမရှိတဲ့ ကိစ္စမှာ ဆရာဝန်က ခေါင်းခံစရာ မဖြစ်သင့်ပါဘူး။
ကိုဂျူလိုင်ရေ ကြားရချက်ကနားဝမသက်သာဆိုသလိုပါပဲ။ အသက်ဆုံးရှုံးရသူအတွက်စိတ်မကောင်းသလို အလုပ်အကိုင်ပါပြုတ်ရတဲ့လူတွေအတွက်လည်း စိတ်မကောင်းပါဘူး။ သေသွားတဲ့လူလည်း ကောင်းရာသုဂတိလားပြီး စတေးခံရတယ်ဆိုရင်လည်း ငယ်ရွယ်တဲ့သူ့ဘ၀အတွက် နောက်ထပ်လမ်းသစ်လမ်းမှန်တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။
ကိုဂျူလိုင်တော့ ပထမနှစ် ဒုတိယနှစ် သန်လျင်မှာတက်ရမယ်ထင်တယ်။ ကျနော်တို့က မှော်ဘီမှာပါဗျာ။ ပထမနှစ် စာမေးပွဲ ပထမဆုံးဖြေတဲ့ရက် မြန်မာစာနေ့ ကျနော်တို့သူငယ်ချင်းတွေစုပြီးငှားထားတဲ့ကားနဲ့သွားဖြေကြတယ်။ တက္ကသိုလ်ပထမနှစ်ဆိုတော့ ကြောက်လန့်ပြီးစာတွေကျက်သွားလိုက်ကြတာ တကားလုံးကိုဆူညံလို့ပေါ့။ ပြည်လမ်းကလည်း လမ်းကောင်းဆိုတော့ ကားသမားအမြန်မောင်းနေတာကို ဘယ်သူမှသတိမထားမိဘူး။ မင်္ဂလာဒုံဆေးရုံကိုကျော်လာပြီး လမ်းအကွေ့တစ်ခုမှာ ကားက ဘရိတ်မနိုင်တော့ပဲ လမ်းမပေါ်မှာပတ်ချာလည်နေခဲ့တာ။ ကံကောင်းတာက ကျနော်တို့ဖြစ်ပျက်နေတဲ့အချိန် လမ်းနှစ်ဘက်စလုံးမှာ ဘယ်ကားမှရှိမနေ သွားမနေတာပါ။ အသက်ဘေးက လက်မတင်လေးလွတ်ခဲ့တာ။ နို့မို့ဆို ပိုးစိုးပက်စက်နေမှာ အသက်ကို ဖက်နဲ့ထုပ်ပြီးကျောင်းတက်ခဲ့ရတာပါ။ သန်လျင်ဖက်မှာတော့ ကျနော့သူငယ်ချင်းပါတဲ့ ဒိုင်နာကားမှောက်ခဲ့တယ်။ တစ်ယောက်လား နှစ်ယောက်လား ပွဲချင်းပြီးဆုံးသွားခဲ့တာ။ ကျနော့သူငယ်ချင်းဆို သူ့ရှေ့မှာ သေတာတွေတွေ့ပြီး သွေးကိုပျက်ရော ကားမစီးတာ ၂လလောက်ကြာတယ်ထင်တယ်။ မနည်းဖျောက်ဖျက်ပေးရတယ် စိတ်ဒဏ်ရာ ဖြစ်ပြီးကျောင်းမတက်တော့ပါဘူးဆိုလို့။ ပညာကိုမက်မောတော့လည်း အသက်ဆိုတာကိုထည့် မတွက်နိုင်ကြတော့ပါဘူး။ သြော် ခက်သေးတယ်........
တက္ကသိုလ်ကျောင်းသူ မြွေကိုက်ခံရမှု
တကယ်တော့ ကျနော်တို့ မြန်ပြည်ဝယ် မြွေကိုက်ခံရတယ်ဆိုတာ မရှားပါဘူး။ ရန်ကုန်ပတ်ဝန်းကျင်မှာလဲ ရေ၀ပ်တဲ့ နေရာ၊ သို့မဟုတ် မြက်ထူတဲ့ချောင်ကြိုချောင်ကြားတွေမှာ မြွေတွေ ရှိပါတယ်။ ကျနော် မူလတန်းတုန်းက မူလတန်းကျောင်းနောက်ဘက်မှာ မြွေတွေ့လို့ဆိုပြီး ဆရာတွေ သွားပြီး မြွေရိုက်ကြသေးတယ်လို့ ဆရာမတွေ ပြောဖူးတယ်။ အခုလဲ မြွေကိုက်ခံရပြန်ပြီ။ ဒါပေမဲ့ ဒီတခါ ကိုက်တဲ့ မြွေကတော့ နေပူတော်ကို နေမထိထိုင်မသာ ဖြစ်သွားစေတာ အမှန်ပါပဲ။
ကျနော့်အထင် ဒီမြွေကိုက်ခံရတဲ့သတင်းကို စဖြန့ိတာကတော့ ကိုနစ်နေမန်းဘလော့ကပါ။ ဟုတ်ကဲ့။ ဒီသတင်းဟာ ဘလော့ဂါသတင်းသမားကနေ စပြီး ပွားလိုက်တာ ဗကသ (ပြည်ပ) ကနေပြီး ကြေညာချက်ထုတ်လိုက်တဲ့အဆင့်ထိ အစိုးရအပေါ် စိန်ခေါ်လိုက်ပါတယ်။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထူးထူးဆန်းဆန်းပဲ လုပ်ငန်းအစည်းအဝေးမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့တယ်။ စသဖြင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းသူခမျာမှာ လူမသိ သူမသိ မြွေကိုက်ခံရတာကနေပြီး တိုင်းပြည်သိ အင်တာနက်သိ ဖြစ်သွားတာပါပဲ။ ကျနော်ကတော့ နိုင်ငံရေးကို စိတ်ဝင်စားတော့ ကျန်းမာရေးတွေ ဘာတွေလဲ မသိတော့ မြွေကိုက်ခံရတဲ့ ကိစ္စကို အစိုးရပိုင်းနဲ့ အတိုက်အခံပိုင်းကပဲ ကြည့်ပါရစေ။
ဒီမြွေဟောက်ကိုက်ခံရလို့ သေဆုံးသွားရတဲ့ သတင်းကို ဖြန့်တာဟာ အတိုက်အခံပိုင်းရဲ့ တိုက်စစ်တခုပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာဟာ အင်မတန် လိုအပ်တယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာဟာ အစိုးရတရပ်အတွက် Check and Balance ဖြစ်စေတယ် ဆိုတဲ့ အချက်ကို သာမန်ပြည်သူတွေ သိသွားစေတာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ လွတ်လပ်တဲ့ အစိုးရမချုပ်ကိုင်တဲ့ သတင်းမီဒီယာတရပ် ရှိရပါမယ်။ အစိုးရအလိုကျ ယောရောရှိ လုပ်နေမယ့်အစား အစိုးရရဲ့ မတွေ့မမြင်မိတဲ့ အခန်းကဏ္ဍတွေ၊ အစိုးရတရပ်ရဲ့ အမှားလုပ်မိတာတွေ၊ တမင်လုပ်တာတွေကို ထောက်ပြဝေဖန်ပြောဆိုပေးမဲ့ သတင်းမီဒီယာဟာ အင်မတန်အရေးကြီးပါတယ်။ အခုလို နည်းပညာခေတ်ကြီးမှာ ကိစ္စတော်တော်များများဟာ ဖုံးကွယ်လို့ မရတော့ပါဘူး။
ဒါကြောင့် အစိုးရကနေ ပြန်လည်တုံ့ပြန်ခဲ့ရပါတယ်။ တုံ့ပြန်နည်းကတော့ သင်းပါတယ်။ တာဝန်ကျ ဆရာဝန်ကို အလုပ်ထုတ်လိုက်ရုံပဲပေါ့။ စင်္ကာပူမှာလဲ နိုင်ငံတကာကို ခြိမ်းခြောက်တဲ့ ရာဇ၀တ်ကောင်လွတ်တော့ ပြည်ထဲရေးဝန်ကြီးက တာဝန်ကျ ရဲကို အပြစ်ပေးလိုက်သလိုပေါ့။ ဒါပေမဲ့ ဒီထက်ပိုပြီး လူကြီးလူကောင်းဆန်တဲ့ ၀န်ကြီးတယောက်ရဲ့ တာဝန်ယူတတ်ခြင်းကိုတော့ သူတို့ မယူရဲပါဘူး။ နှုတ်ထွက်စရာမလိုပါဘူးဗျာ။ ဒါကြောင့် ဒီတခါ ၀န်ကြီးတယောက်တလေများ ကျနော်တို့ ဘလော့တွေကို ဖတ်မိရင် တာဝန်ယူတတ်ခြင်းဆိုတာလေးကို နားလည်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်ယူတယ်ဆိုတာ ဘာလဲလို့ ဆရာမလုပ်တော့ပါဘူး။ လက်ပတ်မှာ တာဝန်လို့ ကပ်ထားတဲ့ ဘဲဥတယောက်လို တာဝန်ဆိုတာ သူ တာဝန်ချခံရတဲ့ အချိန်တခုတည်းကို ကိုယ်စားပြုတယ်လို့ မထင်မိရင် လုံလောက်ပါပြီ။
နောက်တချက်ကတော့ ဆေးရုံဆေးပေးခန်းတွေမှာ ဆေးဝါး လုံလုံလောက်လောက်မရှိတာ ဆရာဝန်လုံလုံလောက်လောက်မရှိတာဟာ သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အဓိကအချက်ကတော့ ကျနော်တို့တွေ ဆင်းရဲလို့ပါ။ နိုင်ငံက ဆင်းရဲရတဲ့အထဲ လူတွေက ဆေးတွေ ရောင်းစား၊ ဆေးပစ္စည်းတွေ ရောင်းစား။ ဒါတွေဟာ ကျနော်တို့ သိနေ မြင်နေရတဲ့ လျှို့ဝှက်ချက်ကြီးတရပ်ပါ။ အထက်က ၀န်ကြီးဌာနတွေ နားမလည်ပါဘူးဗျာ။ ဒါကြောင့် ငါတို့ ဆေးတွေ လုံလုံလောက်လောက် ပေးထားတာပဲ ဆိုတာထက် ငါတို့ ပေးတဲ့ ဆေးတွေ ဆေးရုံဆေးပေးခန်းတွေမှာ လုံလုံလောက်လောက် ရှိရဲ့လားဆိုတဲ့မေးခွန်းကို မေးရမှာပဲ ဖြစ်ပါတယ်။
နောက်တချက်က ဆရာဝန်တွေ လုံလုံလောက်လောက်မရှိတာပါ။ မရှိတဲ့အကြောင်းရင်းကတော့ နိုင်ငံရေးကြောင့်ပဲဖြစ်ပါတယ်လို့ ဖြေရင် ဘယ်လိုပြောမလဲ။ မရှိရတဲ့ အကြောင်းရင်းကတော့ တတ်နိုင်တဲ့ လူတွေက နိုင်ငံခြားထွက်တယ်။ စစ်ထဲ ၀င်ကြတယ်။ မတတ်နိုင်တဲ့ သူတွေကတော့ သေစာ ရှင်စာလောက်တတ် တော်ရောပေါ့ သဘောထားတယ်။ ၀မ်းစာ ရုန်းကန်ရတယ်။ နောက်တချက်က မတတ်နိုင်တဲ့ ကလေးငယ်တွေအတွက် တက္ကသိုလ်ပညာရေးကို စကောလာရှစ် လောက်လောက်ငင မပေးနိုင်ဘူး။ ဒီလိုနဲ့ ရည်မှန်းချက် ကြီးကြီးထားရတဲ့ ဆရာဝန်တို့ အင်ဂျင်နီယာတို့ဟာ နိုင်ငံမှာ လူဦးရေတိုးနှုန်းအချိုးကို မလိုက်နိုင်ကြတော့ပါဘူး။ နောက် နိုင်ငံတကာ အရည်အချင်းမှီပညာရေးဆိုတဲ့ အချက်ကလဲ ကျနော်တို့ တိုင်းပြည်ထွက် ဆရာဝန် အင်ဂျင်နီယာတွေကို နောက်က ဆွဲထားလျက် ရှိပါတယ်။ ဒါတွေ ဆက်ပြောရင် မြွေကိုက်သေတဲ့အကြောင်းကနေ ပညာရေးအကြောင်း ရောက်သွားပါလိမ့်မယ်။
ပြောရမယ်ဆိုရင် အတိုက်အခံတွေရဲ့ နိုင်ငံရေးတိုက်ကွက်ကတော့ ဇာတ်လမ်းအဆုံးမှာ အနိုင်ရရှိသွားပါတယ်။ အဓိကကတော့ သတင်းမှန်ရရှိတဲ့အတွက်ပါပဲ။ ဒီလိုမျိုးဖြစ်ရပ်တွေနဲ့ အစိုးရဟာ လွတ်လပ်တဲ့ မီဒီယာကို လူကြီးလူကောင်းဆန်စွာ တုံ့ပြန်နိုင်ဖို့ အခွင့်အရေးတွေ သင်ခန်းစာတွေ သင်ယူရရှိဖို့ ဆုတောင်းပါတယ်။ သူတို့ပဲ အရပ်သားအ၀တ်ပြောင်းပြီး ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတော့ ဒီမိုကရေစီစနစ်ရဲ့ သင်ခန်းစာတွေကို သိထားသင့်တာပေါ့နော်။ (အင်း ငါကတော့ ကျွဲပါးစောင်းတီးမိပြန်ပြီ။) အတိုက်အခံတွေအနေနဲ့လဲ သတင်းမှန်ကိုသာ စစ်ယူပြီး သတင်းကို အလျင်မြန်ဆုံး ဖြန့်ဖြူးပေးနိုင်ဖို့ လိုပါတယ်။ လွတ်လပ်တဲ့ ပြည်တွင်းမီဒီယာဆိုတာ ဖြစ်လာဖို့ဟာ အိပ်မက်မဟုတ်ပါဘူးနော်။
ဒီ နည်းပညာတက္ကသိုလ်ကျောင်းသူ မမြတ်ဆုမွန်တစ်ယောက် ကောင်းရာသုဂတိလားဖို့ ကျနော် ဆုတောင်းမိပါတယ်။ ဟိုး မြို့ပြင်မှာ ဖွင့်ထားတဲ့ တက္ကသိုလ်ကို တက်ရတဲ့ ဒုက္ခလည်း မသေးလှပါဘူး။ နောက်ထပ်ပြောချင်တာတွေထဲက အတိုက်အခံတွေဟာ ဒီစိတ်မကောင်းစရာသတင်းကို အခွင့်ကောင်းယူတယ်လို့ ဝေဖန်မယ်ဆိုရင် ကောင်းကောင်းကြီး ဝေဖန်စမ်းပါ။ ဒါပေမဲ့ ဒါဟာ လက်တွေ့ ဖြစ်ပျက်သွားတဲ့ ကိစ္စတရပ်ပါ။ အတိုက်အခံဆိုတာ အမြဲပဲ ခံတိုက်တဲ့ အင်အားစုမဟုတ်ပါဘူး။ အစိုးရအနေနဲ့ အောက်လမ်းအထက်လမ်းနည်းတွေနဲ့ တိုက်သလို အတိုက်အခံကလဲ အခွင့်ကောင်းယူပြီး ပြန်တိုက်ခွင့် ရှိရမှာပေါ့။
ကျနော့်အမြင် ဒီမြွေကိုက်ခံရတဲ့ကိစ္စမှာ အဓိက တာဝန်ရှိတာကတော့ ကျောင်းပတ်ဝန်းကျင်ကို ရှင်းလင်းနိုင်ဖို့ လိုပါတယ်။ တောထဲမှာလဲ ကျောင်းဖွင့်ထားရဲ့၊ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်ကို မြွေပါးကင်းပါးရန်က ကင်းဝေးဖို့ ထိန်းသိမ်းရပါမယ်။ ဒါကတော့ ဒီကိစ္စတခုတည်းအတွက် Preventive measure ပါ။ မြွေဆိပ်ဖြေဆေးအလုံအလောက်ထားရှိရေးကတော့ ခုလို တိုင်းပြည်အခြေအနေမျိုးနဲ့ အဖြေတခု မပေးနိုင်ပါဘူး။ ပိုအလားအလာရှိတဲ့ အဖြေကတော့ မြွေကိုက်ခံရခြင်းက ကာကွယ်နည်း၊ ရှေးဦးကုသနည်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ပါပဲ။ ကျနော်ကတော့ ဆရာဝန် ဆရာဝန်မတွေအပေါ် အထင်မသေးမိပါဘူး။ သူတို့ တတ်နိုင်သလောက် လုပ်တာပါပဲ။ ဒါနဲ့ စကားမစပ် အစိုးရရဲ့ နိုင်ငံရေးအယူအဆ သိပ်လွှမ်းမိုးမခံရတဲ့ လူတန်းစားထဲမှာ ဆရာဝန်လူတန်းစားလဲ ပါမယ် ထင်ပါရဲ့။
ကိုဇူလိုင်ရေ
ကျမကတော့ လူကြီးတွေပြောတာ ကြားဖူးတာလေး မျှချင်တာပါ။ မိုးယိုလို့ ကြမ်းဆွေးရင် ကြမ်းကို အပြစ်တင်မဲ့အစား ခေါင်မိုးကို မော့ကြည့်သင့်ပါတယ် တဲ့။ ခေါင်မိုးက မိုးယိုလို့သာ ကြမ်းဆွေးရတာမျိုးပါ။ ကျမတို့ ခေါင်မိုးဆိုတာလဲ မိုးတောင် မိုးထားရလား မသိ။
မြတ်ဆုမွန်အစား ကျနော်မျိုး သေသင့်ပါတယ်လို့ ဘာလို့များ သူမပြောပါလိမ့်။
အင်မတန်ကောင်းတဲ့ ပို့စ်လေးပါ။ အခုမှ ရောက်ဖူးပါတယ်။ ကျေးဇူး။
အဓိကလိုနေတာကလူသားစိတ်ရှိတဲ့ Elected Government ဘဲ။
ကျွန်တော် လည်းမှော်ဘီကျောင်းက ကျောင်းသားဟောင်းပါပဲ အစ်ကို။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။ ကျွန်တော်တို့ ခံစားချက်တွေကို
မပြောချင်တော့ပါဘူးဗျာ။ ညီမလေး ကောင်းရာမွန်ရာ ရောက်ပြီး နောက်လူဖြစ်ခဲ့ရင် မဖြစ်သင့်တာတွေ မဖြစ်တဲ့ အရပ်မှာ နေရပါစေလို့ပဲ
ဆုတောင်းလိုက်ပါတယ်။
လူသားခြင်းစာနာထောက်ထားမှူသည် လူတဦးခြင်းစီ၏တာ
ဝန်ထမ်းဆောင်ရာတွင် အလွန်အရေးပါကြောင်း ဤဖြစ်ရပ်
ကလေးကသက်သေခံနေပါသည်။ တာဝန်ပေါ့ လျှောမှူတိုင်း
သည် ထိုသူတဦးခြင်းစီ၏စိတ်ဓါတ်တို့ နှင့် သက်ဆိုင်နေပြီး
ထိုစိတ်ဓါတ်များသည်လည်း ပါဝန်းကျင်၏မသိမသာပြုစုပျိုး
ထောင်ပေးမှူတို့ ၏အောက်တွင် တဖြည်းဖြည်းပျက်ပြားလာ
ရသည် ထိုပတ်ဝန်းကျင်သည် အစိုးရ (၀ါ ) အုပ်ချုပ်သူနှင် အုပ်ချုပ်ခံ တို့ ကြားတည်ဆောက်ဖြစ်ပေါလာသော စံနစ်
တရပ်နှင့် ဆက်စပ်နေသည်။ ဒီဖက်လိုဖွင့် ဖြိုးပြီးအနောက် နိုင်ငံကြီးများတွင်လည်းဖြစ်နိုင်ပါသည် သို့ သော် သတင်း
မီဒီယာနှင့် အရေးယူပုံစနစ်တို့ ကွဲပြားပေလိပ်မည်..
လူတယောက်သေသွားတာထက် စိတ်မကောင်းစရာ
တွေးစရာများစွာ ဖြစ်ပေါ်မိပါသည်
ဆေးမရှိလား ဆေးရှိလား ဆိုတာတော့ ဆေးရုံက ဆရာဝန်တွေ အသိဆုံးပါ။ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လည်း အောက်ခြေမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို မသိပဲနဲ့ မနေပါဘူး။ ဒါပေမယ့် မမြင်ယောင် မသိချင်ယောင်ဆောင်နေသလား ဆိုတာတော့ သက်ဆိုင်ရာ လူကြီးမင်းတို့ကိုပဲ မေးကြည့်ရမှာပါ။
ဒါနဲ့ အစိုးရ ဆေးရုံတွေမှာ ဆေးလှူချင်ရင်တောင် ဆေးပေးမလှူပါဘူး။ ဆေးလှူတာကို လက်ခံလိုက်ရင် ဆေးရုံမှာ ဆေးမရှိဘူး ဆိုတာ ၀န်ခံရာ ရောက်သွားမှာ စိုးလို့ပါတဲ့။ ဒါကြောင့် ဆေးဗီရို ဟောင်းလောင်းနဲ့ ဆေးရုံတွေ ဖြစ်နေရပါတယ်ဗျာ။
အဲဒါ တို့... မြန်မာပြည်။
ကွန်မန့်ရေးမယ်ကြည့်လိုက်တော့ သူများတွေရေးထားတာအများကြီးပဲ.. လက်တောင်ရှက်သွားတယ်.. တချို့ဆို ပိုစ့်တစ်ပုဒ်စာလောက်တောင်ရှိတယ်...
ကျမတို့နိုင်ငံမှာတော့.. ပညာရေးပဲကြည့်ကြည့်... စီးပွားရေးပဲကြည့်ကြည့်.. ကျန်းမာရေးပဲကြည့်ကြည့်.. နောက်ဆုံး ဘာသာရေးတောင်ဆော်ကားနေကြတာဆိုတော့..
ဘာပြောရမှန်းတောင်မသိပါဘူး.. ရင်ထဲလဲမကောင်းဘူး..
ciao da venezia
peace and freedom
I don't disgree with myatnoe's and puu's comments.It's not related to money or bribery.
In all hospitals in Ygn and the whole Myanmar, anti-snake venoms are scarce and many of them are expired.
Doctors use those expired bottles and then, ask the patients to buy them from outside to replace again.
In some areas of healthcare and hospitals, there are bribery and corruption.
But,regarding to anti-snake venoms,it's true that they are not available in the hospitals, even in YGH.
(Sigh). I don't know how to say. How can we change our country? Stupid policy, management, and coward army officers. They want to take every role in every place but no ability and brain. Perhaps, army people will handover even "Moe Gyoe Nget Ngae (Little Thunder Birds) Gay Concert".
ကိုဂျူလှိုင်
အနာဟောင်းကို ပြန်ဆွပေးသလိုပါပဲ။ ဒါတွေကို မေ့အောင် တမင်မေ့ပြီး နေနေတာပါ။
ဆေးရုံမှာ တစ်ကယ်ဆေးမရှိလို့ အရေးပေါ်လွဲပြောင်းပေးတာဖြစ်နိုင်ပါတယ်။ ဒါလည်း ကိုယ်တိုင်ကြုံဘူးပါတယ်။
မြွေဆိပ်ဖြေဆေး တစ်သောင်းနဲ့ လည်း အပြင်မှာ ၀ယ်လို့ ရပါတယ်။ အစိုးရ ထုတ်တွေပါပဲ။ ဒါလည်းကိုယ်တွေ့ ပါပဲ။
ဆေးရုံမှာ တခြားဆေး အပါအ၀င် မြွေဆိပ်ဖြေဆေးလည်း ပမာဏ တခုထိ ထောက်ပံ့ထားတာရှိပါတယ်။
အစိုးရကကော စာစာကာဝါလို ကော who ကကော စသည်စသည်ပေါ့။
အင်မတန် ဆင်းရဲတဲ့လူနာထံလည်းရောက်ပါတယ်။
အင်မတန်ချမ်းသာသူထံလည်း ရောက်ပါတယ်။
အင်မတန် ပါဝါရှိသူထံလည်း ရောက်ပါတယ်။
ကိုယ်တွေ့ ပါ။
မြွေဆိပ်ဖြေဆေး ရှိရက်နဲ့ ဆေးရုံအုပ်တွေ ဂိုဒေါင်ကိုင်တဲ့သူတွေက ထုတ်မပေးလို့ ပြသနာအကြီးအကျယ်တက်ခဲ့ဘူးပါတယ်။ကိုယတွေ့ ပါပဲ။
ပုဆိုးစိမ်းနဲ့ ကျောင်းဆရာ မြွေပွေးကိုက်လို့ သေအံ့ဆဲဆဲမှာ vip အတွက်ထားတာပါဆိုတဲ့ ဆေးရုံအုပ်နဲ့ vipတွေ ကားစီးလို့ မြွေမကိုက်ပါဘူး ဆရာရယ်။
ဒီကျောင်းဆရာလေး ငွေ လေးသောင်းဖိုး ဆေး မ၀ယ်နိုင်ပါဘူး။ ကယ်ပါ။ ပေးပါ။ နောက်ဆုံး ဆေး နှစ်လုံး ထွက်လာပြီး နောက် နှစ်လုံးကို အနားက ဆေးရုံတွေ လှည့်ပတ် ဖုန်းဆက်တောင်းရင်း တခြားမြို့ ကဆေးရုံ ကို သွားယူခိုင်းရတဲ့ထိပါပဲ။ ဒါကိုယ်တွေ့ ပါ။
မြွေကိုက်လို့ သေတဲ့လူနာ တွေလည်း အများကြီးကြုံခဲ့ဘူးပါတယ်။
အခြေခံကျန်းမာရေး စောင့်ရှောက်မူ့ ကိုတောင် မဖြည့်စီးပေးတဲ့ အစိုးရမှာ တာဝန်ရှိတာလည်း ဟုတ်တယ်။
ရလာတဲ့ ဆေးတွေကို ခိုးထုတ် ရောင်းစားကြလို့ လည်းဟုတ်ပါတယ်။
ကျောင်းဆရာ တို့ ဆေးဆရာတို့ ဆို မအယ်တို့ က ဘုန်းကြီးနီးနီး သီလ သမာဓိရှိတယ်ပဲ ထင်မှတ်တတ်တာပါ။
သူတို့ လည်း လူတွေမို့ စရိုက်စုံရှိပါတယ်။ သမာဓိ ဟန်နဲ့ ဆိုတော့ စရိုက်ဆိုးကို လူမြင်ခဲတာပါ။
ဆရာဝန်ညီမငယ်ကိုလည်း ကိုယ်ချင်းစာပါတယ်။ တခုခုတော့ သူလုပ်နိုင်မှာပါ။
Post a Comment