ရန်ကုန်မြို့ကနေ စင်္ကာပူကျွန်းကို အခုညပိုင်း ၉ နာရီကျော်လေးတင် ပြန်ရောက်တယ်။ အပြန်ခရီးလမ်းလည်း အသွားခရီးလိုပဲ ပို့သတဲ့မေတ္တာတွေကြောင့် ဘေးမသီရန်မခ အေးအေးချမ်းချမ်း ရှိလှပါတယ်။ အပြန်ခရီးမှာ တိမ်အုပ်တွေနဲ့ တိုးနေလို့လား မသိဘူး၊ လေယာဉ်တုန်တာ ခဏခဏဖြစ်တယ်။ လေယာဉ်ဆင်းကာနီးမှာ နားတွေတော့ အတော်အူပြီး လေဆိပ်ထဲရောက်တဲ့အထိ နားတောင် သိပ်မကြားတော့ဘူး။ အသွားတုန်းက ရန်ကုန်မြေကို မြန်မြန်ရောက်ချင်တဲ့ စိတ်က စောသလောက် အပြန်ခရီးမှာတော့ ဘယ်အချိန်ရောက်ရောက် ဖြစ်နေတယ်။ စိတ်ခံစားချက်တွေ ပြောင်းလဲပုံများ အသွားနဲ့ အပြန်တောင် မတူကြဘူး။
ထုံးစံအတိုင်း ပြတင်းပေါက်နားက ခုံကို မယူပဲ အလည်လမ်းနဲ့ ကပ်ရပ်ခုံပဲ ယူခဲ့လိုက်တယ်။ အတွင်းခုံတွေ ယူမိရင် အိမ်သာသွားတဲ့အခါ တခြားသူတွေကို ဖြတ်ကျော်ရမယ်။ သူတို့က အိပ်ပျော်နေရင် နိုးရမှာကို အားနာနေရမယ်။ အပြင်ခုံကတော့ ဘယ်အချိန် ထသွားသွား အဆင်ပြေတယ်လေ။ အဲဒီလို ပြတင်းပေါက်ခုံကို မယူတော့ ရှုခင်းတွေ မမြင်ရဘူးပေါ့။ ဒါပေမယ့် အလည်လမ်းခုံကနေ ပြတင်းပေါက်ကို လှမ်းကြည့်ရင် အပြင်ကို မြင်ရပါတယ်လေ။ အနီးကပ် မမြင်ရတာပဲ ရှိတာပါ။
လေယာဉ်က နေရဲ့ဦးတည်ချက်နဲ့ ပြောင်းပြန် သွားနေရတော့ အချိန်တွေ မသိမသာလေး ခိုးခံလိုက်ရတယ်။ ညနေစောင်းကနေ ညဦးပိုင်းအထိ လေယာဉ်စီးလိုက်ရသလိုပဲ။ လင်းထိန်ဝင်းပနေတဲ့ ကောင်းကင်ကြီးကနေ ပုစွန်ဆီရောင်သမ်းနေတဲ့ ဆည်းဆာအချို့ကို ဖြတ်သန်းပြီး မဟူရာကောင်းကင်မည်းကြီးထဲကို တရွှေ့ရွှေ့ တိုးဝင်ခဲ့ရတယ်။ ပြတင်းပေါက်ကနေ ညနေဆည်းဆာ တိမ်အလှတွေကို စူးရှတဲ့ နေရောင်အောက်မှာ လွမ်းမောဖွယ် မြင်ခဲ့ရသလို မှောင်မိုက်နေတဲ့ ထက်အာကာတခွင်မှာ ဖြတ်ခနဲမြင်လိုက်ရတဲ့ ပိုးစုန်းကြူးတွေလို မီးရောင်လေး မှိတ်တုပ်မှိတ်တုပ်နဲ့ ပင်လယ်ပြင်ကြီးထဲက သဘောင်္တွေကိုလည်း ဟိုတစ်ကွက် ဒီတစ်ကွက် မြင်ခဲ့ရတယ်။ လွမ်းတတ်တဲ့သူအဖို့ လွမ်းစရာတွေကြီးပါပဲ။
ညအမှောင်ထဲကိုရောက်တော့ ကြည့်စရာ သိပ်မရှိတော့ တချို့တွေက စာဖတ်ကြတယ်။ တချို့တွေက တီဗွီမှာ ပြတဲ့အစီအစဉ်တွေကို ကြည့်တယ်။ တချို့တွေက အိပ်တယ်။ ကျွန်တော်ကတော့ ဒီလိုပါပဲ။ အိပ်တဲ့အခါလည်း ရှိသလို တီဗွီကြည့်တဲ့ အချိန်လည်း ရှိပါတယ်။ ဟိုဟိုဒီဒီ တောင်တွေး မြောက်တွေးလည်း ပါတာပေါ့။ ရင်ထဲက ဝေဒနာကြာနီပွင့်တွေကို ဘုရားလှူပစ်လိုက်တာပဲ ကောင်းပါတယ်လေ။ သိမ်းထားလို့မှ မကောင်းတော့တာ။ ဘ၀သစ်ကို စတင်ဖို့ ရွက်နုဝေသင့်ပါပြီ။ အချိန်က စကားပြောမယ်ဆိုတာ သိပေမယ့် မေ့ပျောက်ဖို့ကလည်း ခက်ပြန်ရော။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်ကြောင့် ဘ၀မှာ အပြောင်းအလဲတစ်ခု ရှိသွားတယ်ဆိုတာ အသေအချာ မှတ်တမ်းတင်ရမှာပါပဲ။
ပေရှည်တဲ့ ကုလားကားတော့ ပြီးသွားပါပြီ။ ၀ုန်းဒိုင်းကျဲမယ့် တရုတ်သိုင်းကားပဲ ကြည့်ရမလား။ နုနုရွရွ ကိုရီးယား အချစ်ကားတွေပဲ ကြည့်ရမလား။ ကံဇာတ်ဆရာအလိုကျ ဘ၀မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုဖို့ စကာင်္ပူမြေကို ပြန်နင်းလာခဲ့ပါပြီ။ ရန်ကုန်မြေ အသွားတုန်းက ဆိုငြီးခဲ့တဲ့ နိမိတ်ပြ ဒီသီချင်းလေးကတော့ အခုတလော ပါးစပ်ဖျားမှာ ဟီးလေးခိုနေရင်း...
ပျော်စရာဆိုတာ ဒို့ရဲ့ကမ္ဘာမှာ မရှိပါ...
ရင်နာစရာတွေ တွေးကြည့်ပြန်ရင် ရင်ထဲမှာ...
ပြည့်ကျပ်ကာနေ အလွမ်းဝေ...
သံသရာ ၀ဋ်ဒုက္ခကနေ ကျေပါစေ...
ဒီဘ၀အတွက်တော့ ဒီတင်ပဲ ကျေ...

22 comments:
စလုံး ပြန်အရောက်မှာ အစစ အရာရာ
အဆင်ပြေချောမွေ့ပါစေဗျာ ...
ရန်ကုန်ပြန်လက်ဆောင်လေးများ မပါဘူးလား :P
( ဇွတ်တောင်းတော့တာပဲ :D) အဟေးဟေး
22 Feb 09, 09:02
kom: သူပျော်ပါစေ.။
22 Feb 09, 09:02
kom: ပျော်စရာဆိုတာ ဒို့ရဲ့ကမ္ဘာမှာ မရှိပါ... ရင်နာစရာတွေ တွေးကြည့်ပြန်ရင် ရင်ထဲမှာ... ပြည့်ကျပ်ကာနေ အလွမ်းဝေ... သံသရာ ၀ဋ်ဒုက္ခကနေ ကျေပါစေ... ဒီဘ၀အတွက်တော့ ဒီတင်ပဲ ကျေ...(သူ သိတ်ရက်စက်တယ်။
22 Feb 09, 09:02
kom: ဘာမှ အားမငယ်နဲ့ အသစ်အသစ်တွေ မှ ပုံ လို့ နေ့တိုင်းထွက်နေတယ်။
22 Feb 09, 09:01
kom: ရင်ဘတ်ကို ဖနောင့်နဲ့ဆောက်ကန် (နုနုလှလှ စကားလုံးကလဲ မထွက်လာ။ သစ်စ်စိမ်းချိုး. အသဲစားဘုရင်မကြီး။ နလုံသားမရှသူချဉ်းရဲ့ လှပတဲ့ ရိုက်ချက်တွေ ပေါ့လေ။ ရက်စက်ပါပေ့ကွယ်။ (မခံမရပ်နိုင်ဖြစ်နေပါသည်။
22 Feb 09, 09:00
kom: ပေရှည်တဲ့ ကုလားကားတော့ ပြီးသွားပါပြီ။ ၀ုန်းဒိုင်းကျဲမယ့် တရုတ်သိုင်းကားပဲ ကြည့်ရမလား။ နုနုရွရွ ကိုရီးယား အချစ်ကားတွေပဲ ကြည့်ရမလား။ (စိတ်မကောင်းလိုက်တာ. .တကယ်..ခဲလေသမျှ သဲရေကျ။ ရင်ဘတ်ကို ဖနောင့်နဲ့ဆောင
22 Feb 09, 08:59
kom: ဘ၀သစ်ကို စတင်ဖို့ ရွက်နုဝေသင့်ပါပြီ။ (အသစ်က မြင်နေပြီနဲ့တူတယ်)
22 Feb 09, 08:59
kom: င်ထဲက ဝေဒနာကြာနီပွင့်တွေကို ဘုရားလှူပစ်လိုက်တာပဲ ကောင်းပါတယ်လေ။ သိမ်းထားလို့မှ မကောင်းတော့တာ။ (အသည်းကွဲလာတယ်ထင်တယ။် ဆက်ဖတ်ဦးမှ)
22 Feb 09, 08:58
kom: လွမ်းတတ်တဲ့သူအဖို့ လွမ်းစရာတွေကြီးပါပဲ။ (အစကတည်းက လွမ်းချင်နေတာပါလေ။ )
ကိုရင်ညိန်း သူများအသည်းကွဲလာပါတယ်ဆိုမှ .အလိုက်ကိုမသိ..
ဓါတ်ပုံတွေ တင်ပါဦး
(အလိုက်မသိသူ နောက်တစ်ဦး လာသွားသည်)
အပြန်ခရီးမှာတော့ ဘယ်အချိန်ရောက်ရောက် ဖြစ်နေတယ်။
(အဲဒါ ရင်ဘတ်ကြီးထုံ လာတာလို့ခေါ်တယ်။)
ထုံတယ် ဆိုတာ ဘယ်လိုပြောမလဲ။
အတာမဟုတ်
အဲ..ထုံတယ်။ ဆိုတာ.. သိပြီ။ ထုံဆေးပေးထားသလို ထုံလာတာ.ခံစားရလွန်းလို့။
ပေရှည်တဲ့ ကုလားကားတော့ ပြီးသွားပါပြီ။ ၀ုန်းဒိုင်းကျဲမယ့် တရုတ်သိုင်းကားပဲ ကြည့်ရမလား။ နုနုရွရွ ကိုရီးယား အချစ်ကားတွေပဲ ကြည့်ရမလား။ ကံဇာတ်ဆရာအလိုကျ ဘ၀မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုဖို့ စကာင်္ပူမြေကို ပြန်နင်းလာခဲ့ပါပြီ။ ရန်ကုန်မြေ အသွားတုန်းက ဆိုငြီးခဲ့တဲ့ နိမိတ်ပြ ဒီသီချင်းလေးကတော့ အခုတလော ပါးစပ်ဖျားမှာ ဟီးလေးခိုနေရင်း...
ပျော်စရာဆိုတာ ဒို့ရဲ့ကမ္ဘာမှာ မရှိပါ...
ရင်နာစရာတွေ တွေးကြည့်ပြန်ရင် ရင်ထဲမှာ...
ပြည့်ကျပ်ကာနေ အလွမ်းဝေ...
သံသရာ ၀ဋ်ဒုက္ခကနေ ကျေပါစေ...
ဒီဘ၀အတွက်တော့ ဒီတင်ပဲ ကျေ...
ဒီလောက် အပြောကောင်းတာကောင်မလေး မကြွေတာ အံ့ပါရဲ့ကွယ်။
ကိုရီးယားကားလေးပဲ ကြည့်ရပါစေဗျာ
ကိုရင်ညိမ်းရေ...
မုန့်တော့ ပါမလာဘူးခင်ဗျ။ အသီးကွဲတွေတော့ ပါတယ်။ စားလို့ ကောင်းမှာမှ မဟုတ်တာ စားမနေပါနဲ့ဗျာ။ :D
ဆရာမကြီးကွမ်းခင်ဗျာ...
ဆရာမကြီးရဲ့ ပို့ချချက်တွေ ကောင်းမွန်ပေမယ့် တပည့်ကလေး အသုံးမကျတာကြောင့် တပည့်မကောင်း ဆရာ့ခေါင်း ဖြစ်သွားရင် ခွေးလွှတ်ပြီးသာ ကိုက်ခိုင်းလိုက်ပါတော့ဗျာ။ ;(
ကိုဆောင်းယွန်းလရေ...
ကိုရီးယားကားပဲ ကြည့်မယ်ဆိုတော့ ကိုရီးယားကားပဲ ရိုက်ကြတာပေါ့ဗျာ။ မင်းသမီးတော့ လှပါစေဗျာ။ ကျေးဇူး... :)
မုန့်ပါလာ မလား လို့ မျှော်နေတာ..
ပါလာတာ ..အသီးကွဲ တွေတဲ့...
မနိပ်လိုက် တာ....
...
ကိုးရီးယား ဇာတ်လမ်း တိုင်းကလဲ..
အသီးမကွဲ ဘူးလို့ မပြော နိုင်ဘူး နာ်....း)
...
အစထဲကမြန်ကား ပဲ ကြည့်ရင် ပြီးမဲ့ကိစ္စ..
တွေ့..ရန်ဖြစ်..ခင်သွား ကြ..သူငယ်ချင်းတွေ နဲက လျှောက်လည်...ထမင်းစား..အအေးဆိုင် ထိုင်..စိတ်ကောက်...မိဘက သဘောမတူ..
အမေက နှလုံးရောဂါ ဖြစ်ပြ..နောက်ဆုံးကျတော့မှ..
အားလုံးပေါင်းကြလေးသတည်း....လေ
...ခုတော့...
ပေရှည်တဲ့ ကုလား သွားကြည့်သတဲ့...
ပြော..မပြောချင်ဘူး....း(
James Bond ကားကို ပြောင်းရိုက်ကြည့်ပါလား။
James Dream လို့..
ဘာမှန်းမသိပါဘူး ရွှီးကြည့်တာ
အဲ့သီချင်းက ငြီးနေတာ ကြာပါပီလေ.......... နားထောင်ငြီးတယ်း)
တို့များလည်း မကြာခင်ပြန်ရတော့မှာ.... ဟေးဟေးး)
အသွားတုန်းက ရန်ကုန်မြေကို မြန်မြန်ရောက်ချင်တဲ့ စိတ်က စောသလောက် အပြန်ခရီးမှာတော့ ဘယ်အချိန်ရောက်ရောက် ဖြစ်နေတယ်.... so true....And about one week, after coming back, keep on missing yangon, not comfortable staying here....
သယ်ရင်းလဲ ကို့လိုပဲ အသဲကွဲရောဂါခံစားရင်း ရန်ကုန်ပြန်တယ်ထင်ပါတယ်.. စကားလုံးလေးကို ကြိုက်တယ်ဗျာ“ရင်ထဲက ဝေဒနာကြာနီပွင့်တွေကို ဘုရားလှူပစ်လိုက်တာပဲ ကောင်းပါတယ်လေ။ သိမ်းထားလို့မှ မကောင်းတော့တာ။ ဘ၀သစ်ကို စတင်ဖို့ ရွက်နုဝေသင့်ပါပြီ။” ...ကျတော်လဲ ရွက်နုဝေဖို့ ကြိုးစားနေပါတယ်.........
အစစ အရာရာ အဆင်ပြေပါစေ သယ်ရင်ရေ
တရုတ်ကားက သိပ်မကောင်းပါဘူး .. အုန်းဒိုင်းနဲ့၊
ကိုရီးယားပဲကောင်းတယ်..၊
ကုလားကားရော... မဆိုးဘူးနော်...။
အကိုရေ အဆင်ပြေပါစေဗျာ
ကိုဂျယ် ပြောတဲ့အတိုင်းဘဲ ဟီး
အသဲများ ကွဲရတယ်လို့ ဟင်း..... လာ လာ ကလူသစ်တို့ ရပ်ကွက်ဆီကြွခဲ့။ ကွဲနေတဲ့ အသဲကင်စားပေးမယ် :)
တင်စား
ရေးသားချက်တွေ
တုနှိုင်းမမှီတာမို့
သင်ယူသွားပါတယ်။
မမသီရီရေ...
မြန်မာကားတွေက ရုပ်ရှင်ထဲမှာသာ မွဲပြာပုဆိုး။ ဒါပြီး ဒါဖြစ်တာဗျ။ တကယ့်လက်တွေ့ ဘ၀မှာ အဲဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မှာလေ။ ကုလားကား ပေရှည်ချက်ကတော့ မပြောချင်ပါဘူး။ ရိုက်တုန်းကတော့ တရုတ်ကား ရိုက်လိုက်တာပဲ။ ဒါရိုက်တာက စိတ်ပြောင်းပြီး ကုလားကား ဖြစ်အောင် ဇာတ်ပြောင်းလိုက်တော့ ကျွန်တော်လည်း ဇာတ်မျှောကြီးထဲမှာ အသုံးတော်ခံခဲ့ရတာပေါ့ဗျာ။
အေးမြတ်မြတ်ကိုရေ...
ရွှီးတာတော့ ရွှီးပေါ့။ ဒါပေမယ့် James Dream ကတော့ မကောင်းပါဘူးဗျာ။ မင်းသမီးတွေ များလွန်းရင် ကျွန်တော် မနေတတ်ဘူး ခင်ဗျ။ အဟား။
ဝက်သိုးအပွင့်
ညည်းဘာသာ ညည်း မြန်မာပြည် ပြန်တာ ကျုပ်ပို့စ်မှာ ရောပြီး ကြော်ငြာ မထိုးသွားနဲ့။
ရှင်းရေ...
ဒီလိုပါပဲ။ နောက်ဆုံးတော့လည်း ဒီချည်တိုင်မှာ ပြန်လာနေရတာပါပဲလေ။
ပုလုကွေးကြီး...
အမေရွေးထားတဲ့ မော်ဒယ်မြင့် ကားတွေ သွားရွေးတာဆို။ ဘယ်လိုဖြစ်ပြီး အသီးကွဲနေရတာလဲ။ ဆိုက်ကားပဲ တွေ့ခဲ့လို့လား။ တင့်ကားတွေပဲ ရှိနေလို့လားကွ။ ဒွတ်ခ...
မစင်းဒန်လားကတော့....
ကုလားကား ကြိုက်ပုံပဲ။ အတော် ကချင်တဲ့ပုံပဲနော်။ အဟား...
ဖိုးဂျယ်နဲ့ မောင်ဘီးရေ...
အဆင်ပြေပါစေဆိုတော့ ပြေပါစေပေါ့ဗျာ။ တောင်းတဲ့ ဆုတွေ ပြည့်ပါစေဗျာ။ အဟဲ... (သူတို့က ကိုယ့်အတွက် တောင်းပေးတာပဲလေ။)
ကိုလူသစ်ကြီး...
ကွဲတဲ့အသဲ ကင်စားမယ်ဆိုပါလား။ ကြောက်တောင် ကြောက်လာပြီ။ တော်သေးတာပေါ့။ ဟိုတလောက စင်္ကာပူမှာ ၀တ်လစ်စလစ် လမ်းလျှောက်သွားတဲ့ စုံတွဲက ကိုလူသစ်ကြီးရဲ့ အိမ်ရှေ့ ရောက်မလာလို့ပဲ။ ရောက်များ ရောက်လာလို့ကတော့ ကိုလူသစ်ကြီး အမိအရ ပြေးဆွဲမှာ မြင်ယောင်နေရင်း ကျောတောင် ချမ်းမိပါတယ်ဗျာ။
ကိုဝင်းဇော်ရေ...
ကျွန်တော့်ကို ချီးမွမ်းရင်းနဲ့ ပြန်လည် တင်စားသွားတဲ့ စာပန်းချီရဲ့ လှချက်က သင်းလှပါတယ်ဗျာ။
Post a Comment