.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 15, 2009

What did Bogyoke do? -2

ဖက်ဆစ်တော်လှန်ရေး စစ်ပွဲကို ခေါင်းဆောင်နေသော သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဉာတိ အစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်မှ မငဲ့ညှာဘဲ အဂတိတရား ကင်းရှင်းစွာ ထာဝစဉ် စောင့်ရှောက် ကာကွယ်ပေးလိမ့်မည် ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစုတိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက် ရှိလေပြီ ဖြစ်ရကား "ဗိုလ်ချုပ်တယောက် ရှိသမျှ ကာလပတ်လုံး ငါတို့တိုင်းရင်းသား လူနည်းစုတွေ ဘာမှ စိုးရိမ်စရာမရှိ" ဟူသော တွေးတောချက်ကလည်း သူတို့တတွေအား နှစ်သိမ့်စေကာ ဗမာများနှင့် ရဲရဲကြီး လက်တွဲကာ လုပ်ငန်းအရပ်ရပ်ကို စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ကြခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့်ပင် ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ဖဆပလ အဖွဲ့ချုပ်ကို ဗိုလ်ချုပ်ပင် သဘာပတိပြုလျက် အထင်အရှား တည်ထောက်လိုက်သောအခါ ကရင် ဗမာ မွန် ရခိုင် မူဆလင် စသော လူမျိုးရေး အဖွဲ့အစည်းများ လူငယ်အစည်းအရုံး အလုပ်သမား လယ်သမား သမဂ္ဂအစည်းအရုံး အမျိုးသမီးအဖွဲ့ မီးသတ်အဖွဲ့စသော လူထုအသင်းအပင်းများတို့သည် တခဲနက် ၀င်ရောက်စုရုံး၍ ဖဆပလ အလံတော်အောက်သို့ ခိုလှုံရန် လာခဲ့ကြပေသည်။

အောက်မြို့ကျေးရွာမှ တိုင်းရင်းသား လူထုအကျိုးကို မားမားမတ်မတ် သည်ပိုးဆောင်ရွက်လျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း အမည်ရှိ ပုဂ္ဂိုလ်ထူးတယောက်၏ ကျော်စောသော နာမည်ဂုဏ်သတင်းသည် ဗမာပြည် အရှေ့မြောက်ဖျားရှိ မြင့်မားညှိုမောင်း၍နေသော ကချင် တောင်ကြီးများဆီသို့လည်း ပဲ့တင်ရိုက်၍ လာပြန်လေရကား ၄င်းတောင်ကြီးများ တ၀ှမ်းရှိ ကချင်(ဂျင်းဖော) အမျိုးသားတို့သည်လည်း ဗမာခေါင်းဆောင် ဗိုလ်ချုပ်အား တွေ့ချင်မြင်ချင် အားကိုးချင်သည့် စိတ်တွေ တဖွါးဖွါး ဖြစ်ပေါ်လာလျက် ၁၉၄၆-ခုနှစ် နှစ်ဦးတွင် မြစ်ကြီးနား၌ ပြုလုပ်သော ကချင်(မနောပွဲ)ကြီးသို့ ဗိုလ်ချုပ်အား ဘိတ်မန္တက ပြုခဲ့လေသည်။ သို့သော် ရန်ကုန်တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးနှင့် တိုက်ဆိုင်နေ၍ ဗိုလ်ချုပ်မှာ မသွားနိုင်ခဲ့ရှာပေ။

တဖန် ၁၉၄၆-ခုနှစ် မတ်လတွင် ကမ္ဘာဇတိုင်း လယ်ချာနယ်၌ ကျင်းပသော ပင်လုံကွန်ဖရင့်၌လည်း တိုင်းရင်းသား အပေါင်းတို့သည် ဗိုလ်ချုပ်အား အထူးတောင့်တခဲ့ကြသေး၏။ ဤတွင်လည်း ဗိုလ်ချုပ်မှာ ရခိုင်ပြည်၌ ခရီးလွန်နေ၍ အချိန်မှီ မတက်ရောက်နိုင်ခဲ့ပေ။ သို့ရာတွင် တိုင်းရင်းသား လူနည်းစုတို့ နေထိုင်ရာ နယ်ပယ်များ၌ ဗိုလ်ချုပ်သည် မည်မျှစိတ်ပါ ၀င်စားသည်ကိုကား သူအစိုးရအဖွဲ့ထဲ ၀င်ပြီးတဲ့အချိန်မှသည် နောက်ဆုံး သူရေတိမ်နစ်ခဲ့သည်အထိ ဗမာပြည် တောင်တန်းဒေသ နယ်စွန်နယ်များ ဟူသမျှကို အလွန်ဆင်းရဲ ပင်ပန်းခံကာ ဒလကြမ်း ခရီးထွက်ခဲ့ခြင်းကြောင့် ထင်ရှားစေခဲ့လေသည်။

ယခုဗိုလ်ချုပ်ခမျာမှာ သူကိုယ်တိုင် စတင်အုဌ်မြစ်ချကာ တည်ဆောက်ခဲ့သော လွတ်လပ်ရေး ဗိမာန်ကြီးသို့ ရောက်လှုနီးမှ ကျဆုံးသွားရရှာလေရာတွင် နိုင်ငံရေးခေါင်းဆောင်များ၊ လူထုဆင်းရဲသားများ၊ ရဲဘော်များက ၀မ်းနည်းကြေကွဲသလောက် ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ဂျင်းဖေါစသော တိုင်းရင်းသား လူနည်းစုတို့ပင်လည်း သူတို့အဘို့ အကြီးဆုံးသော ဆုံးရှုံးခြင်း တရပ်သည် ဖြစ်ပေါ်လာခဲ့လေပြီဟု နှမြော တသ ယူကြုံးမရ ဖြစ်ခဲ့ကြရ ရှာလေသည်။

ဗိုလ်ချုပ်ကျဆုံးပြီးသည့် နောက်တနေ့ (၂၀-၇-၄၇)နေ့တွင် ဒူးဝါးကြီး ဆမားဆင်ဝါနောင်သည် တာဝါလိမ်း အိမ်ရှိ ဗိုလ်ချုပ် ရုပ်ကလပ်ကို မြင်ရသောအခါ ဣနြေ္ဒ မဆည်နိုင်တော့ဘဲ မျက်ရည်ပေါက်ကြီးများ ကျရှာလေတော့သည်။ ဤသို့လျှင် စစ်မက်တိုက်ခိုက်မှုကို ၀ါသနာပါ၍ ခက်ထန်သော စိတ်ကြမ်းရှိသည်ဟု ဆိုကြသော ဒူးဝါးကြီးပင်လျှင် မျက်ရည်ကျလောက်အောင် ယူကြုံးမရ ဖြစ်ခဲ့ရလေသည်။

ဗမာပြည်မမှ လူထုနှင့် တိုင်းရင်းသား လူနည်းစုတို့၏ သွေးစည်းမှု ပန်းချီကားကြီးကို တပင်တပန်း အကြိမ်ကြိမ် မွန်းမံရေးဆွဲခဲ့သော ဗိုလ်ချုပ်သည် ၁၉၄၇-ခုနှစ် ပင်လုံကွန်ဖရင့်တွင် ၄င်းပန်းချီကားကြီး၏ အဆုံးသတ် ချယ်လှယ်ခြင်းများ ပြီးမြောက်ခဲ့လေသည်။

ဗိုလ်ထွန်းလှ
၁၉၄၇-ခု၊ စက်တင်ဘာလ ၁၅ ရက်။

မှတ်ချက်။ ဦးပုကလေး ရေးသားခဲ့တဲ့ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ စာအုပ် ဒုတိယအတွဲမှ နိဒါန်းကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

3 comments:

စိုင်းစိုင်းလားရှိုး said...

စာပေ လေ့လာအား ကောင်းတာကို လေးစားပါတယ်။

နှင်းပွင့်ဖြူ said...

အပေါ်က ဦးဦးရှင်ရဲထွတ်ပြောသလိုပါပဲ ကိုဂျူလိုင်

Unknown said...

သောက်တလွဲ... ဗမာဆိုတာ လိမ်ညာကောက်ကျစ်ယုတ်မာပက်စက် လောကကြီးအတွက် အသုံးကိုမကျဘူး ဆိုပြီး အမြင်တွေပြောင်းနေပြီလေ။

တနေ့ကျရင် ကိုယ့်ရှူးကိုယ်ပြန်ပတ်ပြီး ဒွတ်ခ ပေါင်းစုံတွေ့မှာ အသေအချာ...

ရှေ့ဆက်လဲ ဒီလိုပုံစံဆက်ပြုမူနေရင် ပိုဆိုးမှာ ... ဗမာဟာ ကိုယ့်လူမျိုးကိုယ်ဖျက်ဆီးမှာ အသေအချာ

မှတ်ချက်။ အညာဒေသမှ ဗမာများ မပါ။ လူမျိုးရေး မဟုတ်။ သတင်းစကားသာဖြစ်ပါကြောင်း ...