.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, August 24, 2007

July Note 1

ကျွန်တော်ရဲ့ ဇူလိုင်မှတ်စု (July Note) တွေပါ။ ဆရာကြီးဦးသုခက သုခမှတ်စု ဆိုတဲ့ စာအုပ် ရေးပြီး ဗဟုသုတ ရှာမှီးလိုသူတွေကို စေတနာအပြည့်နဲ့ အသိပညာပေး ဖြန့်ဝေခဲ့တာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးဦးသုခ ခြေရာကို ခြေမှုန်တစ်မှုန်စာမျှ မမှီပေမယ့် ကျွန်တော် ဖတ်မိတွေ့မိပြီး မှတ်သားသင့် မှတ်သားထိုက်တဲ့ မှတ်စုလေးတွေကို ဒီနေရာမှာ ရေးမှတ်ထားမှာပါခင်ဗျာ။

စာအုပ်တွေက ဖတ်တာဖြစ်တာမို့လို့ ရှေးအယူအဆတွေ ပါလာနိုင်ပါတယ်။ စာအုပ်တွေထဲမှာ ဒီလို ဆိုထားတယ်.. ဆိုပေမယ့် ကိုယ့် ထင်ရာမြင်ရာ အယူအဆလေးတွေကိုလည်း မှတ်ချက်တွေမှာ ရေးသားပြီး ဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ။

မင်းတို့က ပြုစု စောင့်ရှောက်ရသူ

၁. မင်းကို အစဉ် စောင့်ရှောက်သူ
၂. မင်းကို ချစ်ကြင်သူ
၃. မင်း၏ စီးပွားရှိမဲ့ကို မြင်သူ
၎. မင်း၏ အမှုရှိက စွန့်ဖော်ရသူ
၅. စွန့်ဆိုတိုင်း စွန့်ရဲသူ
၆. ရန်အောင်ပွဲများသူ
၇. မျိုးရိုး ရှိသူ
၈. မြို့ပြစည်ပင်စေသူ
၉. မေ့နေသောအခါ လှုံ့ဆော်ပေးသူ
၁၀. ခိုင်ခံ့တည်ကြည်သူ
၁၁. တစ်ပါးသူ မစီရင်နိုင်သူကို ဟုတ်မှန်တိုင်း စီရင်တတ်သူ
၁၂. တစ်ပါးသူ မရောက်သော ခရီးကို ရောက်နိုင်သူ
၁၃. အမှုတော်ကို မသွေမဖယ် ထမ်းရွက်သူ
၁၄. သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် တိုင်အောင် မဖောက်မလွဲ အရှင်သိမှတ်သူ

အဲဒီစာတွေကိုတော့ စံမြင့်မှတ်စု ဆိုတဲ့ စာအုပ်ကနေ ဖတ်ခဲ့ရတာတွေပါ။ ဆရာကြီး ဦးစံမြင့်က ဆရာဦးသုခလိုပဲ ဗဟုသုတရဖွယ် စာအုပ်ကောင်း တစ်အုပ် မွေးဖွားခဲ့ပါတယ်။

1 comment:

gentain said...

မှတ်စုတွေ ဖတ်သွားတယ်ဗျာ။
အတော်ဖတ်လို့ကောင်းတယ်။
ရှိဖို့မလိုဘူး သိဖို့ဘဲလိုတယ်
ဆိုတော့ လိုချင်ရင် လာယူမယ်နော်။