.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, December 1, 2007

World AIDS Day

ဒီနေ့က World AIDS Day ပေါ့။ ဒီတော့ အမှတ်တရအနေနဲ့ World AIDS Day အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ ဒီနှစ် ၂၀၀၇ ရဲ့ ဆောင်ပုဒ်လေးကတော့ Stop AIDS; Keep the Promise - Leadership ပါ။

World AIDS Dayကို အရင်တုန်းက UNAIDS က ဦးစီးပြီး နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ ရောက်တိုင်း တစ်ကမ္ဘာလုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ UNAIDS က ၂၀၀၅ ခုနှစ်က စပြီး World AIDS Day ကို World AIDS Campaign (WAC) က ဦးဆောင်ကျင်းပဖို့ တာဝန်လက်ပြောင်း လွှဲပေးလိုက်ပါတယ်။

WAC ရဲ့ဆောင်ပုဒ်ကတော့ "Stop AIDS: Keep the Promise"ပါ။ Campaign သဘောကတော့ အစိုးရ အဖွဲ့အစည်းတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ ပေါ်လစီရေးဆွဲသူတွေအနေနဲ့ AIDSရောဂါကို တိုက်ဖျက်ရာမှာ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု၊ ဆေးဝါးပံ့ပိုးမှု၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်နိုင်ဖို့ ကတိပြု အကောင်အထည်ဖော်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပါ။ WAC ရဲ့ AIDSရောဂါ တိုက်ဖျက်ရေး Campaign ကို ၂၀၁၀ အထိ သတ်မှတ်ထားပြီး ဆောင်ရွက် လှုပ်ရှားနေကြပါတယ်။

World AIDS Day ရဲ့နှစ်စဉ် ဆောင်ပုဒ်လေးတွေကတော့...
* 2007 - Stop AIDS; Keep the Promise - Leadership
* 2006 - Stop AIDS; Keep the Promise - Accountability
* 2005 - Stop AIDS; Keep the Promise
* 2004 - Women, Girls, HIV and AIDS
* 2003 - Stigma & Discrimination
* 2002 - Stigma & Discrimination
* 2001 - I care. Do you?
* 2000 - AIDS : Men make a difference
* 1999 - Listen, Learn, Live:
World AIDS Campaign with Children & Young People
* 1998 - Force for Change: World AIDS Campaign With Young People
* 1997 - Children Living in a World with AIDS
* 1996 - One World, One Hope
* 1995 - Shared Rights, Shared Responsibilities
* 1994 - AIDS & the Family
* 1993 - Act
* 1992 - Community Commitment
* 1991 - Sharing the Challenge
* 1990 - Women & AIDS
* 1989 - Youth
* 1988 - Communication



World AIDS Day ကို The Red Ribbon အနီရောင်ဖဲကြိုးလေးတွေနဲ့ တွဲပြီး မြင်ကြပါတယ်။ အဲဒီနေ့မှာ လှုပ်ရှားသူတွေက အနီရောင်ဖဲကြိုးလေးတွေ ရင်ဘတ်မှာ တပ်ဆင်ထားလေ့ရှိကြပါတယ်။ တကယ်တော့ အနီရောင် ဖဲကြိုးလေးတွေက နိုင်ငံတကာက အသိအမှတ်ပြုတဲ့ World AIDS Dayဆိုင်ရာ သင်္ကေတလေး တစ်ခုပါ။ အနီရောင်ဖဲပိတ်စနဲ့ ပင်အပ်လေးပဲ လိုအပ်တဲ့အပြင် လုပ်ရတာ လွယ်ကူတဲ့အတွက် တသီးတသန့် ဖဲကြိုးစက်ရုံတွေ တည်ဆောက်ပြီး ဖဲကြိုးထုတ်လုပ်မှုတွေ ဘယ်နေရာမှာမှ မရှိပါဘူး။ ကိုယ်ထူကိုယ်ထ စတင်ဖန်းတီး ပြုလုပ်ခဲ့တဲ့ အနီရောင်ဖဲကြိုးလေးတွေဟာ အခုအခါမှာ ကမ္ဘာတစ်လွှား လူသိများ ထင်ရှားနေပါပြီ။

ကဲ... ကျွန်တော်တို့တွေရော World AIDS Dayမှာ အနီရောင်ဖဲကြိုးလေးတွေ တပ်ဆင်ပြီး AIDS ရောဂါ တိုက်ဖျက်ရေးကို ကမ္ဘာတစ်လွှား လူတန်းစားမျိုးစုံက လူသားတွေ သတိထားမိပြီး အသိတရားတွေ နှိုးကြားလာအောင် နှိုးဆော်တိုက်တွန်းရင်း ကူညီပံ့ပိုးပေးကြပါစို့ဗျာ။

1 comment:

Nwai Hninn said...

Thanks for your sharing, Ko July.