.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, July 15, 2008

About Red Cross Emblem- 3

ကြက်ခြေနီအမှတ်အသားကို တလွဲသုံးစွဲတယ်ဆိုတာ ဘာလဲ...

ဥပဒေအရဆိုလိုထားတာက
  • ဂျီနီဗာအများသဘောတူညီချက်များနဲ့ နောက်ဆက်တွဲစာချုပ်တွေ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေအရ ခွင့်မပြုထားတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေက အသုံးပြုခြင်း
    (ဥပမာ... အခကြေးငွေယူတဲ့ ဆေးကုခန်းတွေ)
  • ဥပဒေအရ ခွင့်ပြုထားတဲ့အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေက မလျော်ကန်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုခြင်း (ဥပမာ... ကြက်ခြေနီတံဆိပ် တပ်ထားတဲ့ကားနဲ့ သင်္ကြန်ရေပက်ခံထွက်တာမျိုး)
  • ကြက်ခြေနီအမှတ်အသားနဲ့ ဆင်တူတဲ့ လက္ခဏာအမှတ်အသားများကို အသုံးပြုခြင်း

  • စစ်ဆင်ရေးတွင် ရန်သူရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုပြီး ကြက်ခြေနီအမှတ်အသားကို လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းနဲ့ သစ္စာမဲ့စွာအသုံးပြုခြင်း

ဘာကြောင့် ကြက်ခြေနီအမှတ်အသားကို လေးစားသင့်တာလဲ။ ဘာကြောင့် တရားဝင် သုံးစွဲခွင့်ရှိသူတွေပဲ စည်းစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုသင့်တာလဲ။

ကြက်ခြေနီအမှတ်အသားကို တလွဲအသုံးပြုတာတွေ လိမ်လည်လှည့်ဖြားပြီး အလွဲသုံးစား ပြုတာတွေကြောင့် ကြက်ခြေနီအမှတ်အသားက ပေးတဲ့ အကာအကွယ် ထိရောက်မှုကို ယုတ်လျော့စေပါတယ်။ စစ်ဘေးသင့်နေတဲ့ လူတွေအတွက် အလွန်ကို လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုကို အခြေခံတဲ့ အကူအညီပေးတဲ့ လုပ်ငန်းတွေကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။

ကြက်ခြေနီလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းများအပေါ်မှာ အများယုံကြည်လက်ခံနိုင်မှုနဲ့ အခြေခံမူ ၇ ချက်ရဲ့ အနှစ်သာရတွေကိုလည်း ထိခိုက်စေတဲ့အတွက် ကမ္ဘာပေါ်မှာ လူမှုကရုဏာလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အအောင်မြင်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ကြက်ခြေနီလှုပ်ရှားမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါမယ်။ အဲဒါတွေ အပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ကာလတွေမှာ တပ်မတော် ဆေးဝန်ထမ်းတွေ၊ ကြက်ခြေနီ လခြမ်းနီ အဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဘေးဒုက္ခသည်တွေရဲ့ လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကြက်ခြေနီအမှတ်အသားကို တလွဲအသုံးပြုခြင်းကို အထူး ရှောင်ကြဉ်သင့်ပါတယ်။

သင့်ကြောင့် ဘေးဒုက္ခသည်များ၏ လုံခြုံရေးကို မထိခိုက်ပါစေနှင့်...

No comments: