.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, July 4, 2008

Tear on the clock

နာရီပေါ်က မျက်ရည်စက်များ

နာရီသံတွေ ဆူညံလွန်းနေ
ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ
ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ
တို့တစ်တွေ ဒီအချိန်ဟာ နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး...
စီးဆင်းနေဆဲ...
ချစ်သူရယ် ( နှလုံးသားထဲဆွေး )

ကြင်နာတာတွေ ပြန်လည်တွေးနေ
နာကြင်ပါတယ် ကိုယ့်အသည်းတွေ
ယုံကြည်ချင်တယ် ကံတရားရေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ငိုရင်ပုလဲ ရယ်ရင်ရွဲ
အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့...
အခြေအနေမဲ့ ရွှေငွေမဲ့
အရာရာအားလုံး ရှုံးနေတဲ့ ...
တို့ နှစ်ယောက်ရဲ့ဘဝ

ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာနောက်ဆုံးပဲ

ဟန်ဆောင်နေတာ လိမ်ညာခြင်းလေ
ပိုင်ဆိုင်ချင်တာ ၀န်ခံပါရစေ
မဆုံနိုင်တာ ဘာကြောင့်လဲမေ
တို့တစ်တွေ ဒီနေရာမှာ နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး
စီးဆင်းနေဆဲ...
ချစ်သူရယ် ( နှလုံးသားထဲဆွေး )

တကယ်ကြင်နာ မြတ်နိုးနေ
မပန်ခင်မှာ မချွေရက်ဘူးလေ...
တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ငိုရင်ပုလဲ ရယ်ရင်ရွဲ
အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့...
အခြေအနေမဲ့ ရွှေငွေမဲ့
အရာရာအားလုံး ရှုံးနေတဲ့
တို့ နှစ်ယောက်ရဲ့ဘ၀...

ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာနောက်ဆုံးပဲ

ဒါဟာနောက်ဆုံးပဲ...

တေးရေး တေးဆို ထူးအိမ်သင်ပါ။ နာရီပေါ်က မျက်ရည်စက်များ တေးစီးရီးထဲက ခေါင်းစဉ်တေးတစ်ပုဒ်ပါ။ အဲဒီ စီးရီးထဲမှာ သူငယ်ချင်းအတွက်၊ စိမ်းရက်လေအား၊ မရိုးသားတော့ဘူး၊ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည် စတဲ့ သီချင်းကောင်းတွေ ပါပါတယ်။ ကိုငှက်ကြီးရဲ့ ပထမဆုံးထုတ်တဲ့ စီးရီးဖြစ်မယ်လို့ ထင်ရပါတယ်။ ၁၉၈၇ ခုနှစ်က ထုတ်ခဲ့တယ်... ဂန္ဓာမာတေးသံသွင်းက ဖြန့်ချီတယ်လို့ ထူးအိမ်သင်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုတလော အဲဒီသီချင်းလေး ပါးစပ်ဖျားမှာ နေရာယူနေပါတယ်။ တကယ်ကြင်နာ မြတ်နိုးနေ... မပန်ခင်မှာ မခြွေရက်ဘူးလေ... တချိန်ချိန်ကို ကိုယ်မျှော်လင့်နေ... ပြန်ဆုံနိုင်မယ် ထင်သေးလား... ဆိုတာလေးက ကျွန်တော့်ရင်ကို နက်နက်ရှိုင်း ထိရှစေပါတယ်။

အဲ... မေ့လို့ဗျာ။ ပြောဖို့တစ်ခု ကျန်ခဲ့တယ်။ အဲဒီသီချင်းစာသားကို အစအဆုံး ရင်နဲ့ခံစားပြီး ဂျီတော့ခ်ကနေ စာရိုက်ပေးသွားတာကတော့ ထူးအိမ်သင်ဆိုဒ်ကို အချိန်ပေး ထောင်ထားတဲ့ ကိုဖိုးသားပါပဲ။ သူပဲ စာသား အမှားတွေပြင်... သက်ဆိုင်တဲ့ လင့်ခ်တွေ ပေးသွားတာပါ။ သူကတော့ ထူးအိမ်သင် ခရေဇီပါပဲ။ တကယ့်ကို အရူးအမူးပါပဲ။

9 comments:

Ko PoeThar Blog said...

ဒါဟာနောက်ဆုံး... အဝေး....

မဟုတ်ဘူးဆရာ

ဒါဟာနောက်ဆုံး... ပဲ....

ချစ်ခြင်းအားဖြင့်
ဖိုးသား။

Unknown said...

ငိုရင်ပုလဲ ရယ်ရင်ရွဲ ဆိုရင်
ငိုအောင် ခဏ ခဏလုပ်မယ်
ရယ်အောင် ခဏ ခဏလုပ်မယ်
ရောင်းစားဖို့.... ပိုက်ပိုက်ရှာရ သက်သာတာပေါ့ ဟိဟိ :P
နောက်တာနော် အတည်နဲ့ အဟွန်းးးးး

ဒါနဲ့ အဆက်ဟောင်းကို သတိရလို့လားဟင်

နှင်းပွင့်ဖြူလေး

လင်း said...

ကြင်နာတာတွေ ပြန်လည်တွေးနေ
နာကြင်ပါတယ် ကိုယ့်အသည်းတွေ
ယုံကြည်ချင်တယ် ကံတရားရေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ခုထိတော့ မျှော်လင့်နေတုန်းပဲ။ မ၀ံမရဲနဲ့ ပေါ့

ခင်မင်းဇော် said...

အဲဒီအခွေ ဖြန့်တော့ ဝေါရှိ တွေကို အမတို့ နယ်ထိ ဆင်းဖြန့်ပေးခဲ့တာပေါ့။ အဲဒီစီးရီးတွေထဲကသီချင်း တော်တော်များများက ပုသိမ်ကောလိပ်ရဲ့ ဖဲယားဝဲလ်တွေမှာ ဆိုထားပြီးသား လူကြိုက်များပြီးသားတွေ ဖြစ်ပါတယ်။

JulyDream said...

ကိုဖိုးသားရေ...
အမှားပြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အင်း... အချင်းချင်းမို့လို့ ကျေးဇူးတင်စရာ မလိုရင်လည်း ကျေးဇူး မတင်ဘူးပေါ့ဗျာ။

ခခအဖ
ဇူလိုင်

JulyDream said...

ဝက်သိုး နှင်းပွင့်...
ညည်းနော်... သူများတကာ ငိုတာ ရယ်တာနဲ့ အကြောင်းပြုပြီး စီးပွါးရှာရင် အခုဘ၀ ၀က်ဖြစ်တာထက် ဆိုးတဲ့ ပြိတ္တာဘ၀ကို ရောက်မှာနော်။ မကြောက်ဘူးလား။

မလင်းလည်း... မျှော်လင့်နေပုံပဲနော်။ မ၀ံ့မရဲ ဆိုတာတောင် ပါလိုက်သေးတယ်။ အဟက်...

မခင်မင်းဇော်တို့က...
ကိုငှက်ကြီးရဲ့ ဘော်ဘော်တွေလား...
ဒါဆိုရင် ပုသိမ်ကောလိပ်က ပွဲတွေမှာ ကိုငှက်ကြီး သီချင်းလာဆိုတယ်ပေါ့။

Ko PoeThar Blog said...

မခင်မင်းဇော်တို့ အကြောင်းကို ကိုမြင့်မိုးတို့နဲ့ စကားစပ်မိတုန်းက ပြောပြတာ ကြားဖူးပါတယ်။
ကိုထူးအိမ်သင်ရဲ့ ဘော်ဘော်တွေလို့ ပြောပါတယ်။

ချစ်ခြင်းအားဖြင့်
ဖိုးသား။

ခင်မင်းဇော် said...

ဂျူလိုင်ရေ .. ငှက်ကြီးက ပုသိမ်ပွဲတွေ လာဆိုတာမဟုတ်ဘူး။ ပုသိမ်ကောလိပ်ပွဲတွေက နေ သူ့ဂီတ စခဲ့တာ။ အဲဒီပထမ အစဦးတုန်းက သူက ဘေ့စ် ဂစ်တာ တီးသူ။ အမ သူ့အကြောင်းပို့စ် ရေးတင်ဘူးတယ်။ အမ ပို့စ်အဟောင်းတွေမှာ ရှိပါတယ်။
http://khinminzaw.blogspot.com/2007/08/blog-post_15.html#links
http://khinminzaw.blogspot.com/2007/06/blog-post_30.html#links
အဲဒီမှာ သွားဖတ်ကြည့်ပါဦး။

JulyDream said...

အစ်မရေ...
သွားဖတ်ကြည့်လိုက်တော့ အဲဒီပို့စ်တွေကို ဖတ်ဖူးပြီးသားတွေပဲဗျ။ စိတ်ထဲမှာ အမူမဲ့ အမှတ်မဲ့နဲ့ သတိမရ ဖြစ်သွားတာပါ။ ကိုငှက်ကြီးက အစ်မနဲ့ အတော်လေး ရင်းနှီးခဲ့တာပဲနော်။ ဆရာကောင်း မိတ်ဆွေကောင်းနဲ့ တွေ့ခဲ့ရတာဆိုတော့ အစ်မအတွက် ဘ၀မှာ အမှတ်တရ တစ်ခုပဲပေါ့လေ။