စင်္ကာပူမှာ ပီကေ မ၀ါးရဘူးဆိုတာ သိကြမှာပါ။ ပီကေကို ရောင်းခွင့် ၀ယ်ခွင့် မရှိသလို သယ်ဆောင်ခွင့်လည်း မရှိပါဘူး။ ဥပဒေ ထုတ်ပြန်ပြီး တရားဝင် တားမြစ်ထားတာပါ။ အဲဒီ ဥပဒေကို ၁၉၉၂ မှာ ထုတ်ပြန်ခဲ့တာပါ။ ဘာဖြစ်လို့ အဲဒီလို တားမြစ်ရသလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။
တကယ်တော့ ပီကေတွေကို စည်းမဲ့ကမ်းမဲ့ ဟိုနားကပ်ခဲ့ ဒီနားကပ်ခဲ့ စတဲ့ ဇာတ်လမ်းတွေကနေ အစပြုပြီး အခုလို ပီကေဥပဒေ ပေါ်ပေါက်လာရတာပါ။ "Regulation of Imports and Exports (Chewing Gum) Regulations." ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ပြီး ပီကေ ရောင်းဝယ်ဖောက်ကား သယ်ဆောင် အသုံးပြုခြင်းကို တားမြစ်ခဲ့ပါတယ်။ အဲဒီ ဥပဒေကို လူတွေထင်တာက တစ်ယောက်စာ ၀ါးဖို့ ပီကေလောက်တော့ ပြသနာ မရှိလောက်ဘူးလို့ ခွင့်ပြုတယ်လို့ ထင်ထားကြပါတယ်။ ဥပဒေအရတော့ "importing" ဆိုတာ "bring or cause to be brought into Singapore by land, water or air from any place which is outside Singapore ..." လို့ ဆိုထားတဲ့အတွက် ရောင်းဝယ်ဖောက်ကားဖို့ ရည်ရွယ်ချက်နဲ့ သယ်ဆောင်တာ တစ်ခုပဲ မဟုတ်တော့ပါဘူး။ တစ်ကိုယ်ရေ တစ်ကာယ စားသုံးဖို့အတွက်ဆိုပြီး နည်းနည်းလေး ယူလာရင်လည်း ဥပဒေနဲ့ ချိုးဖောက်တာပါပဲ။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်... ၁၉၈၃ အစောပိုင်း ကာလတွေမှာ စကာင်္ပူ ၀န်ကြီးချုပ်က လီကွမ်းယု (Lee Kuan Yew)ပါ။ အဲဒီကာလမှာ National Development ၀န်ကြီးက ပီကေ ၀ါးတာကို တားမြစ်မိန့် ထုတ်ပေးဖို့ ၀န်ကြီးချုပ်ဆီ တင်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီကေတွေက အထပ်မြင့် အိမ်ရာတွေရဲ့ ပြုပြင်ထိန်းသိမ်းရေး စရိတ်ကို မြင့်မားစေခဲ့လို့ပါပဲ။ ဖျက်လိုဖျက်ဆီး လုပ်ချင်ကြတဲ့ တေလေဂျပိုး စကာင်္ပူ အစုတ်ပလုတ်တွေက စာတိုက်ပုံးတွေ၊ အိမ်တံခါးသော့တွေမှာ ၀ါးပြီးသား ပီကေတွေကို ကပ်သွားလို့ပါပဲ။ အဲဒီ အုတ်ကြားမြက်ပေါက် စလုံး ဂျလေဘီတွေက ဓါတ်လှေခါး ခလုတ်တွေပါ အလွတ်မပေးပါဘူး။ ကြမ်းပြင်တွေ၊ လှေခါးတွေမှာ ကပ်နေတဲ့ ပီကေတွေကလည်း သန့်ရှင်းရေးစရိတ်ကို မြင့်တက်စေခဲ့ပါတယ်။ အများပြည်သူ အသုံးပြုတဲ့ ဘတ်စ်ကား ထိုင်ခုံတွေမှာ ပီကေတွေ ကပ်နေတာ အဆိုးတကာ့ အဆိုးဆုံးပါပဲ။ ဒါပေမယ့် လီကွမ်းယုက အဲဒီလို ဥပဒေ ထုတ်ပြန်လိုက်တာ အစွန်းရောက်လွန်းပါတယ် ဆိုပြီး ဘာတစ်ခုမှ မလုပ်ပဲ ထားလိုက်ပါတယ်။
၁၉၈၇ မှာ စကာင်္ပူဒေါ်လာ ၅ ဘီလျံတန်တဲ့ မြို့ပတ်ရထားကြီး - the Mass Rapid Transit (MRT) စတင် ပြေးဆွဲပါတယ်။ စင်္ကာပူရဲ့ အကြီးကျယ်ဆုံးသော ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးပေါ့။ အဲဒီအပေါ်မှာလည်း မျှော်လင့်ချက်တွေကလည်း ကြီးမားတာပေါ့။ အဲဒီမှာ ဇာတ်လမ်းက စ တာပါပဲ။ အပေအတေလေးတွေက ၀ါးပြီးသား ပီကေတွေက ရထားတံခါးက Sensor တွေမှာ ကပ်သွားကြပါတယ်။ ရထားတံခါးတွေ ပိတ်လို့မရဖြစ်ကုန်ပြီး ရထားခရီးစဉ်တွေ အချိန်နှောင့်နှေး ကြန့်ကြာစေကုန်ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေက မကြာခဏ ဖြစ်တာမျိုး မဟုတ်ပေမယ့် တစ်ခါတစ်ခါ ဖြစ်လိုက်ရင်ပဲ ဆုံးရှုံးမှု ပမာဏက အတော်ကို ကြီးမားလှပါတယ်။
လီကွမ်းယုဆီက ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်းယူခဲ့တဲ့ ဂိုဂျောက်တောင် (Goh Chok Tong)ဟာ ၁၉၉၂ ဇန်န၀ါရီမှာ ပီကေ၀ါးခြင်းကို တားမြစ်ဖို့ ဆုံးဖြတ်ချက်ပြီး ဥပဒေထုတ်ခဲ့ပါတယ်။ ရောင်းဝယ်ဖောက်ကားနေတဲ့ လုပ်ငန်းရှင်တွေ မနစ်နာရအောင် ကြားကာလ အချိန်အတိုင်းအတာ တစ်ခုပေးပြီး ပီကေ လက်ကျန်တွေကို ရောင်းထုတ်စေပါတယ်။ သတ်မှတ်ကာလ ကျော်လွန်တာနဲ့ ပီကေတွေကို စတင်ပြီး မျိုးဖြုတ်ပါတော့တယ်။ ဒီလိုနဲ့ပဲ စကာင်္ပူမှာ ပီကေ ၀ါးတဲ့အကျင့်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားရပါတယ်။ လီကွမ်းယုကလည်း ပြောပါတယ်... "If you can't think because you can't chew, try a banana." တဲ့ ဗျာ။ အဟိ... အမျိုးတွေကို သတိရစေတယ်။
အဲဒီလိုနဲ့ စကာင်္ပူသားတွေ ပီကေ မ၀ါးတော့ပါဘူး။ ဒါပေမယ့်လည်း လစ်ရင် လစ်သလိုတော့ မလေးရှား နယ်စပ် Johor Bahru ကနေ ခိုးဝယ်လာပြီး ပီကေ၀ါးနေကြတာတော့ ရှိပါသေးတယ်။ ဒါပေမယ့် ပီကေ ၀ါးတာက အရင်ခေတ်ကလောက် မများတာတော့ အမှန်ပါပဲ။ တကယ်တော့ စင်္ကာပူသားတွေ ပီကေ မ၀ါးတာ နိုင်ငံကြီးသားပီသစွာ ဥပဒေ မချိုးဖောက်တာထက် အခုဖော်ပြထားတဲ့ ဟာသဇာတ်လမ်းလေးကြောင့် ဖြစ်မယ် ထင်တာပါပဲဗျာ။
One day a Singaporean tourist went to Thailand. The tourist ordered a lobster for his dinner. After he finished, he asked the waiter:
Tourist : Waiter, what can you do with this lobster shell?
Waiter : We cannot do anything with it, we just throw away.
Tourist : Oh, no. In our country, we send it to the factory and produce some prawn cracker.
Then the Tourist ordered an orange. After he finished, he asked the waiter.
Tourist : What can you do with the orange peel?
Waiter : We cannot do anything. We just throw away.
Tourist : Oh, no. In Singapore, we send it to the factory and produce some orange jam.
Then the tourist ordered some chewing gum. After he finished, he put on the plate and asked the waiter.
Tourist : What can you do with the chewing gum?
Waiter : Oh, no. We just throw it away.
Tourist : In Singapore, we send it to the factory and produce Condom and send it to Thailand.
The tourist asked for the bill and the waiter came with the bill and asked the tourist.
Waiter : What can you do with the condom when you finish using it?
Tourist : We cannot do anything. We throw it away.
Waiter : In Thailand when we finish using the condom, we send it to the factory to produce chewing gum and send it back to Singapore!!"
ဒါကြောင့် ကျွန်တော်လည်း ပီကေ မ၀ါးတာ ကြာလှပေါ့ဗျာ... အဟက်...

10 comments:
ညစ်ညစ်ပတ်ပတ်
ဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
အောင်မယ်လေးဗျာ
အစားတော့ပါ.. မစားတော့ပါ
:P
ပီကေလက်ဆောင်ပေးမယ် စားမလား
ဘာညစ်ပတ်လို့လဲ ရွှန်းတီ... အဟက်
ဟိုတစ်ယောက် ၃၀၅ လည်း မစားတော့ပါ အော်သွားပြီ။
မလင်း ပီကေက ဘယ်က လာသလဲပေါ် မူတည်တယ်။ ထိုင်းက လာတဲ့ ပီကေဆို လုံးဝ မစားဘူး။ ဒါပဲ။
သနားပါတယ် Singaporeမှာနေရတာ။ ဂျပန်လာခဲ့ နေ့တိုင်း ပီကေ စားလို့ရတယ် သိလား ။
ညစ်ပတ်...
ကို ပီကေတော့ ဒွတ်ခ
ဟုတ်ပဗျာ... ပီကေ တစ်ယောက် စင်္ကာပူ ရောက်ရင်တော့ ဒုက္ခပဲ... အဟ... ထိုင်းကနေ လာတဲ့ ပီကေဆို ပိုတောင် ဆိုးမယ်။ စကာင်္ပူထဲကို ပေးဝင်မှာကို မဟုတ်တော့ဘူးဗျ။
စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ ပို့စ်တစ်ခုပါ။ အဆုံးမှာတော့ ရယ်မိပါတယ် July Dream ရေး)
Chewing gum ဘာကြောင့် ban လဲဆိုတာ ခုမှသေချာ သိတော့တယ်။ တော်တော်ဆိုးတဲ့ စလုံးသားတွေပဲနော်။ ဆိုးလွန်းလို့ ဥပဒေနဲ့တောင် တားယူရတယ်။ ကမ္ဘာပေါ်မှာ တနိုင်ငံထဲ ရှိမလားတောင်မသိ :P
Post a Comment