.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, August 25, 2008

The Royal Rich List

၂၀၀၈ ခုနှစ်ရဲ့ အချမ်းသာဆုံး တော်ဝင် လူတန်းစား စာရင်းလေးကို Forbes က ပြုစုထားတာလေး ရှိပါတယ်။ ဒါဟာ ဒုတိယအကြိမ် စာရင်းပြုစုခြင်းပါ။ ၂၀၀၇ ခုနှစ်တုန်းက တစ်ခါ အချမ်းသာဆုံး တော်ဝင် လူတန်းစား စာရင်းကို ထုတ်ပြန်ဖူးပါတယ်။ ကဲ... ၂၀၀၈ ခုနှစ် ရဲ့ စာရင်းလေးကို ကြည့်လိုက်ကြရအောင်ဗျာ။


1. King Bhumibol Adulyadej of Thailand, 80
US$ 35 b


2. Sheikh Khalifa bin Zayed Al Nahayan of Abu Dhabi, 60
US$ 23 b


3. King Abdullah bin Abdul Aziz of Saudi Arabia, 84
US$ 21 b


4. Sultan Haji Hassanal Bolkiah of Brunei, 62
US$ 20 b


5. Sheikh Mohammed bin Rashid of Dubai, 58
US$ 18 b


6. Prince Hans- Adam II of Liechtenstein, 63
US$ 5 b


7. Sheikh Hamad bin Khalifa Al Thani of Qatar, 56
US$ 2 b


8. King Mohammed VI of Morocco, 46
US$ 1.5 b


9. Prince Albert II of Monaco, 50
US$ 1.4 b


10. Sultan Qaboos bin Said of Oman, 67
US$ 1.1 b


11. The Aga Khan Prince Karim Al Hussein, 71
US$ 1 b


12. Queen Elizabeth II, 82
US$ 650 m


13. Sheikh Sabah Al-Ahmad Al-Jaber Al-Sabah of Kuwait, 79
US$ 500 m


14. Queen Beatrix Wilhelmina Armgard of the Netherlands, 70
US$ 300 m


15. King Mswati III of Swaziland, 40
US$ 200 m

အခု ၂၀၀၈ မှာ သက်တော် ၈၂ နှစ်၊ နန်းသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ထိုင်းဘုရင်ဟာ ရှေ့နှစ် အဆင့် နံပါတ် ၅ ကနေ ယခုနှစ် နံပါတ် ၁ နေရာကို ခုန်တက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အခု ခန့်မှန်းချက်ဟာ မှန်ကန် တိကျမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဘုရင်တစ်ဦးတည်း ပိုင်ဆိုင်မှု မဟုတ်ပဲ တော်ဝင်မိသားစု တစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုများကိုပါ ထည့်သွင်း တွက်ချက်ထားတယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် ထိုင်းဘုရင်မင်းမြတ်ရဲ့ တစ်ဦးတည်း ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိကြပါဘူး။

ရေနံဈေးတွေ ခုန်တက်သွားတာနဲ့အတူ အဘူဒါဘီ ရေနံသူဌေးကတော့ နံပါတ် ၂ နေရာမှာ ချိတ်သွားပါတယ်။ သူဟာ လက်ရှိ ယူအေအီးနိုင်ငံရဲ့ သမ္မတပါပဲ။ နံပါတ် ၃ နေရာကိုတော့ ၂၀၀၅ မှာ ထီးနန်းဆက်ခံခဲ့တဲ့ ဆော်ဒီဘုရင်က ဆွတ်ခူးထားပါတယ်။ ယခင် နံပါတ် ၁ နေရာမှာ ရှိတဲ့ ဘရူနိုင်း ဘုရင် ဘိုလ်ကီးယားကတော့ အဆင့် ၄ ကို ရောက်သွားပါတယ်။ ရေနံ ထုတ်လုပ်မှုကို လျှော့ချလိုက်တဲ့အတွက် အခုလို အဆင့် ၄ ကို ရောက်သွားရတာပါ။ ဗြိတိန် အယ်လိဇဘတ် ဘုရင်မကြီးကတော့ နံပါတ် ၁၁ ကနေ နံပါတ် ၁၂ နေရာကို ရောက်သွားရှာပါတယ်။ ဘုရင်စနစ်ရှိသေးတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့စပိန်နိုင်ငံတို့တော့ အခု စာရင်းထဲကို တိုးလို့ မရသေးပါဘူး။

ဒါနဲ့ စကားမစပ်..... အခုစာရင်းက တော်ဝင်လူတန်းစား မင်းမျိုးမင်းနွယ်ရဲ့ ချမ်းသာမှုစာရင်းကြီး ဖြစ်နေလို့ပေါ့ဗျာ။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွေ ထုတ်တဲ့အခါကျရင် ကျွန်တော်တို့ မြန်မာပြည်က ကျိကျိတက် မဟားတရား ချမ်းသာတဲ့ သူဌေးတွေလည်း နံပါတ် ၁ ကနေ ၁၀၀ အတွင်းမှာ ပါလောက်ပါရဲ့။ သြော်... သူတို့သာ တရားဝင် ကြေညာရဲရင်ပေါ့နော်။ အဟက်...

8 comments:

. said...

နောက်ပိုင်းမှာ နံပါတ်(၅)က နံပါတ်(၂) ကို ခုန်တက်သွားနိုင်တယ်လို့ ထင်မိတယ်။

JulyDream said...

မရတနာရေ... ဘာဖြစ်လို့လဲ ခင်ဗျ။ သိချင်လို့ပါ။
နှစ်ယောက်စလုံးကတော့ ဒူဘိုင်းသားတွေပဲနော်။

little moon said...

အဟင့် .... အရမ်းဝမ်းနည်းသွားပြီ။ အနော့်နံမည်လဲ မပါဘူး :P

su wai said...

သေချာတာပေါ့ ကိုဇူလိုင်ရယ် ... ၁ ကနေ ၁၀၀ ကတော့ ကျိန်းသေကို ၀င်တယ် ... ဒါပေမယ့် ကြေညာရဲမယ်တော့ မထင်...:)

khin oo may said...

မောင်လေးရယ် ဆင်ခြင်ပါကွယ်. မမတို.က စလူံးမှာ နေကြတာ.ချစ်လို.ပြောတာမှတ်ပါ.

. said...

ယူအေအီးသားတွေပါ။ ရေနံကလွဲရင် တစ်ခြားစီးပွားရေးအရဆို ဒူဘိုင်းက သာတယ်။ အဘူဒါဘီက နောက်ကနေ လိုက်နေရတာ။ ရေနံ အခြေအနေမကောင်းတော့ရင် ဒူဘိုင်းက ပိုချမ်းသာလာမှာပဲလို့ ပြောတာကြားဖူးခဲ့တယ်။ နေပြည်တော်နဲ့ ရန်ကုန်လို့ပေါ့။ (ဟင် ဘာမှလဲ ဆိုင်ဘူးနော်။:-D)

JulyDream said...

ကိုလကလေး... စာရင်းဝင်ချင်ရင် ရှိတာတွေ ထုတ်ကြွားလိုက်လေ။

ဆုဝေရေ... ဟုတ်ပ... ၁၀၀ ထဲတော့ အသာလေး ၀င်တယ်။ စိန်စီသောည အဟက်...

မခင်ဦးမေ... ဘာကို ပြောချင်တာလဲ ခင်ဗျာ။ အမ ဆိုလိုရင်းကို ကျွန်တော် သဘောမပေါက်ဘူး။ ဝေးတယ် ပြောလဲ ခံရမှာပဲ။ တကယ်ကို မသိဘူး ဖြစ်နေတယ်။

မရတနာ... အင်း... ဒူဘိုင်းက စီးပွါးရေးအရ သာမှာပဲ။ ဒူဘိုင်းမှာက ဟိုတယ် လုပ်ငန်းတွေလည်း ရှိသေးတယ်နော်။

စိုးထက် - Soe Htet ! said...

:)