.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, July 11, 2008

Is it Ignorance?

မနက် စောစောစီးစီး... စိတ်ထဲက ဖရုဿဝါစာတွေ ရွတ်နေမိတယ်။
သောက်ချိုးမပြေတဲ့ သောက်တရုတ်မ... ဗျိုင်းခြေထောက်နဲ့ ပိန်နာရိုးမ... စင်္ကာပူဖင်ပြားမ... စုံပလုံစိအောင် ဖင်ပြန်ခေါင်းပြန် ရွတ်နေမိတယ်။

ဟာ... ဘယ်လို ဖြစ်တာလဲ... ဘာဖြစ်လို့ စကားကြမ်းကြမ်းကြီးတွေ ပြောနေရသလဲ... မေးကြတော့မယ့် သူတွေအတွက် တစ်ခါတည်း အဖြေပေးပါမယ်။ အဖြေက မသိကျိုးကျွံပြုနေလို့ လျှစ်လျူရှုနေလို့ပါပဲ။

စင်္ကာပူက Bus Interchange တွေမှာ Bus ကားစောင့်ရင် ကိုယ့်စီးမယ့် ကားနံပါတ်အလိုက် တန်းစီ စောင့်ရပါတယ်။ အဲဒီလို ကားစောင့်ဖို့ တန်းစီတဲ့အခါ အချိန်အတန်ကြာ ရပ်စောင့်နေခဲ့ရရင် အဆင်ပြေဖို့ နောက်မှီတန်းလေးတွေ ထားပေးထားပါတယ်။ ကျကျနန ထိုင်လို့ မရပေမယ့် တင်ပါးလွဲထိုင်... မှီထိုင်လို့ ရပါတယ်။ မတ်တပ်ရပ်ပြီး စောင့်နေရတာထက်စာရင် အများကြီးကို သက်တောင့်သက်သာ ရှိပါတယ်။

ဒီမနက်ပေါ့ဗျာ... ကားတန်းစီတဲ့နေရာမှာ လူတွေက အတန်းလိုက်ကြီး မနည်းမနှောပဲ။ အရင်ရက်တွေက အဲဒီလောက်ထိ လူမများပါဘူး။ ဘာဖြစ်နေလို့လဲ ဆိုတာကို သိချင်တာနဲ့ နောက်မှီတန်းရဲ့ ထိပ်ဆုံးပိုင်းကို လှမ်းကြည့်လိုက်တော့ ရည်ရည်မွန်မွန် တရုတ်တစ်ယောက် ထိုင်နေတယ်။ အဲဒီ တရုတ်နဲ့ ဟို ပိန်နာရိုးမ ကြားမှာ ၈ ပေလောက် ခြားနေတယ်။ မရွှေချောက ရှေ့တိုး မထိုင်ပဲ ကြားထဲမှာ နေရာလွတ်ကို ၈ ပေလောက် ခြားထားတော့ ကျန်တဲ့လူတွေက သူ့ဘေးမှာ ကပ်ထိုင်ကြပေမယ့် နေရာတွေ ပုတ်ကုန်တယ်လေ။ အဲဒီတော့ နောက်မှီတန်း နေရာမကျန်တော့တဲ့ လူတွေက မတ်တပ်ရပ်ပြီး ကားစောင့်ပေတော့ပဲ။

အဲဒါများဗျာ... ဘာဖြစ်တာ မှတ်လို့လဲဗျာ ဆိုပြီး အပြစ်တင် မစောပါနဲ့အုံး။ နောက်မှီစရာတန်းနဲ့ ကပ်လျှက်မှာ မတ်တပ်ရပ်စောင့်နေရတဲ့ မလေးအဖိုးကြီး မလေးအဘွားကြီးစုံတွဲရယ်... တရုတ်အဖိုးကြီး တစ်ယောက်ကို တွေ့ရပါတယ်။ သူတို့ အသက်တွေက အတော်ကြီးပါပြီ။ သူတို့လို အသက်အရွယ်ကြီးသူတွေ အနေနဲ့ အကြာကြီး မတ်တပ်ရပ်စောင့်ရတာထက် မှီစရာလေးတစ်ခုမှာ မှီပြီး ကားစောင့်ရတာ ပိုအဆင်ပြေမှာပါ။ သူ အခုလို ထိုင်လိုက်တဲ့အတွက် လူ ၃ ယောက် ၄ ယောက်စာ ထိုင်ဖို့ နေရာပုတ်ကုန်ပါတယ်။ အဲဒီ ၃ ယောက်စာဟာ မတ်တပ်ရပ်နေရတဲ့ သက်ကြီးရွယ်အို ၃ ဦးအတွက် လုံလောက်တဲ့ နေရာပါ။ ဒါပေမယ့် အဲဒါကို မြင်နေရတဲ့ မရွှေချောက အရှေ့ကို နေရာရွှေ့ဖို့ မပြောနဲ့ ဖင်လေးတောင် မကြွပါဘူး။ မသိသလိုလေး ဆက်ထိုင်နေပါတယ်။ Bus ကားလာမှပဲ ရွှေဖင်တော်ကို ကြွတော်မူရှာတယ်။ နောက်မှာစောင့်နေတဲ့ လူတန်းကြီးကိုမှ အားမနာ... ဆင်မယဉ်သာ ခြေလှမ်းလေးနဲ့ တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းနေပုံလေးက ကျွန်တော့် မုဒိတာတွေကို အားဖြည့်ပေးနေသလိုလို...

သြော်... သူ့အတွက်လည်း အကျိုးယုတ်မှာလဲ မဟုတ်ပဲနဲ့ ဒီလောက်လေးတောင် မလုပ်ပေးပဲ နေနိုင်တဲ့ မသိကျိုးကျွံပြုမှုကို ကျွန်တော် စိတ်ထဲကနေ အားရပါးရ ပယ်ပယ်နယ်နယ် ကောင်းချီးပေးပါတော့တယ်။ တရုတ်မရေ... ညည်းလည်း ဒီအသက်ဒီအရွယ် ရောက်တဲ့အခါမှာ... ဒီလိုတုန်ချိချိဘ၀မှာ... Bus ကားမစီးပဲ ကိုယ်ပိုင်ကား စီးနိုင်ပါစေပေါ့။ အင်း... ဒီလိုမဟုတ်ပဲ Bus ကားပဲ စီးနေရမယ်ဆိုရင်တော့ ညည်း ဖင်ပြားကြီး မှီစရာမရှိတဲ့ ဘ၀မျိုးမှာ ၀ဋ်မလိုက်ပါစေနဲ့လို့ပဲ ပြောလိုက်ချင်ပါတယ်။

လူမှုရေးနားမလည်... အတ္တကိုယ်ကျိုးပဲ ကြည့်... မသိကျိုးကျွံပြုတတ်တဲ့ လူဆိုတာ နိုင်ငံဒေသ လူမျိုးဘာသာ ပညာအရည်အချင်း ဓနဥစ္စာနဲ့ မဆိုင်ဘူး... လူတစ်ဦးချင်းနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အသိကို ကျွန်တော့်ခေါင်းထဲ နက်နက်ရှိုင်းရှိုင်း ထပ်မံ ၀င်ရောက်စေခဲ့တဲ့ ကာရံမဲ့ နံနက်ခင်းလေး တစ်ခုပေါ့ဗျာ။

ကဲ နောက်တစ်ခေါက်...
သောက်ချိုးမပြေတဲ့ သောက်တရုတ်မ... ဗျိုင်းခြေထောက်နဲ့ ပိန်နာရိုးမ... စင်္ကာပူဖင်ပြားမ...
ပြောချင်လို့သာ ပြောတာ... သူက အတော်လေးတော့ ချောတယ်ဗျ။ အဟက်...

10 comments:

ရွှန်းမီ said...

အားရပါးရကို ဆဲတော့တာပဲ ..
ဟိုရှေ့  က အစ်မ ဟိုဘက်တိုးပေးပါ လို့ ဘယ်သူမှ ထ မအော်တာကိုလဲ ဆဲသင့်တယ် . . ။ ကျန်တဲ့သူတွေကလည်း ကိုယ်မှီစရာ ရတိုင်း မသိမသာပဲ နေကြတာ မဟုတ်လား . .။

ခင်မင်းဇော် said...

ဟားဟား ဂျူလိုင်ရဲ့ စကားလုံးတွေ မှတ်ထားမယ်။ ခေါင်းပေါင်းဖြူဖြူလေး ရရင် အဲလို ပြောနေမလား ၊ မြင်ယောင်ကြည့်နေတယ်။

Dream said...

ဟားဟား.. ကိုjuly တို့ကတော့လုပ်ပြီ။
အချိုးမပြေတဲ့တရုတ်မကိုကိုယ်တိုင်သွားမပြောရဲတဲ့သူ
ကိုjuly ဆိုတဲ့လူကိုလည်းဆဲသင့်တယ်။
အားလုံးအတွက်တော့သွားပြောပေးသင့်တယ်။:P

နော်... ဟီးဟီး..
တခါတလေတော့လည်းအလိုအချိုးမပြေ၊
အဆင်မပြေတာတွေအများကြီးပဲကြုံရတာပဲ။

JulyDream said...

ရွှန်းမီ...
မဆဲပါဘူးဗျာ။ မကျေနပ်တာကို စိတ်ထဲကနေ မြည်တမ်းတာပါဗျ။ အဟက်...

မခင်မင်းဇော်...
ခေါင်းပေါင်းဖြူလေးနဲ့ ဆိုလည်း ပြောမှာပဲ။ အင်း... ဒါပေမယ့် အလိုက်ကန်းဆိုး မသိပဲတော့ မနေလောက်ပါဘူး။ ပြန် မြင်ယောင် ကြည့်ပေးတာပါ။ အဟက်...

Dreamရေ...
ဟုတ်ပဗျာ။ သွားမပြောတဲ့ ကျုပ်ကိုပါ ဆဲကြပါတော့ဗျို့။
အဟ...

Anonymous said...

Bad boy, finally say that the lady is pretty....Thus why you are looking all the time. Right....:)

Red's Rose Dream said...

ဦးဦးဂျူလိုင်ရယ် ဒေါသထိန်းပါဦး။ ဒီလောက်ဒေါသထွက်နေတာတောင် ၀ိုင်တီယူကျောင်းထွက်ပြီပြီ အင်္ဂါအစုံကို ပေတံနဲ့တိုင် ကြည့်သလား အောက်မေ့ရတယ်။ အရပ်ရှည်တာရော။ ဖင်ပြားတာရော၊ ရုပ်ချောတာရော စုံသွားတာဘဲ။

နှင်းပွင့်ဖြူ said...

အွမ်........
သူမျာသားသမီးကို ပြောချင်ရာ ပြောပြီးတော့မှ..
သူလေးကတော့ ချောတယ်လုပ်နေတယ်
ဒီဂလိုင်ဒရမ်းတော့

JulyDream said...

စီနီယာ ရွာသားလေး...
ဘီလူးမကျွန်းသားတွေပဲဗျာ။ ဒီလောက်တော့ ဆိုးမှာပေါ့နော်။

နှင်းဆီနီ
ဒေါသမတွက်ပေါင်။ ကျုပ် ဒေါသထွက်တယ်လို့ မရေးထားမိပါဘူး။ အင်္ဂါအစုံကို တိုင်းမကြည့်ပါဘူး ဟ။ ညည်းလုပ်မှပဲ တမျိုးထင်စရာတွေ ဖြစ်ကုန်မယ်။ အဟက်။

နှင်းပွင့်ဖြူ (ခ)၀က်သိုးမလေး...
သူက ချောလို့ ချောတယ် ပြောတာပဲလေ။ မှန်တာ ပြောတာပဲ။ တချို့တလေက ရုပ်ဆိုးတဲ့ လူတွေကို စိတ်ပုတ်တယ် အကျင့်မကောင်းဘူးလို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ အဲဒီတရုတ်မလို ရုပ်ချောချောလေးတွေလည်း စိတ်ထား မလှတာ ရှိနိုင်တယ်လို့ ပြောချင်တာပါ။ ဘာပဲ ဖြစ်ဖြစ် ညည်းကို ရုပ်ဆိုးနေလို့ စိတ်ပုတ်တယ်လို့ ကျုပ်က လုံးဝ မထင်မိပေါင်။ (စတာနော် အတည်)

လင်း said...

အဲဒီလို လူမျိုးတွေ သိပ်မုန်းဘို့ ကောင်းတာပဲ။ နောက်တခါကျရင် ပွစိပွစိ မပြောနဲ့  လက်တို့ ပြီးပြောလိုက်

3D Crazy said...

စင်္ကာပူ ဖင်ပြားမတဲ့လား Holyman ရယ်။
အမြင်စူးရှပါပေ့။
ယိုးဒယားမှာတော့ အော်ရယ်ဂျင်နယ် အိုပါး လို့ခေါ်သကွဲ့...

ငါရန်ကုန်မှာ ဘတ်စ်မစီးတာ အဲဒီ သောက်ကျင့်တွေ မကြိုက်လို့ဟ။ အချိုးမပြေတာ မြင်ရင် မနေနိုင်လို့ ၀င်ပြောမိတိုင်း လူအမြင်ကပ်ခံရပေါင်းများပြီ။

မင်း တရုတ်မလေးမို့လို့ သွားမပြောတာပဲ နေမှာပါကွာ။
ငှဲငှဲ(စတာနော်... အတည်)