မသေခင် နောက်ဆုံး ၁၀ ရက်မှာ ဘာတွေလုပ်မလဲ ဆိုတာကို ရွှန်းတီပဲ Tag ထားတာပါ။ Tag ထားတာတော့ ကြာလှပါပြီ။ ကျွန်တော်က မရေးဖြစ်သေးတာပါ။ ရေးဖို့လည်း စဉ်းစားမရတာပါတယ်။ ကိုယ်မသေခင် လုပ်ချင်တဲ့ ဆန္ဒတွေကို ချရေးရမှာလား လုပ်သင့်တာတွေကို ချရေးရမှာလားပေါ့။
တချို့က လောကမှာ နေတတ်ဖို့ထက် သေတတ်ဖို့က အရေးကြီးတယ်လို့ ပြောကြပါတယ်။ သေမယ့်အချိန်မှာ စိတ်ထား မထားတတ်ရင် လားရာသုဂတိ မကောင်းနိုင်တာကြောင့် သေတတ်ဖို့ လိုတယ်လို့ ပြောကြတာပါ။ ဒီလိုပါပဲ တချို့ကတော့ လောကမှာ သေတတ်ဖို့ထက် နေတတ်ဖို့က ပိုပြီးအရေးကြီးတယ်တဲ့။ သေတာက သေပြီးသွားရင် ဘ၀က ပြီးပြီတဲ့။ ဒါပေမယ့် မသေခင်မှာ ကိုယ်ကြောင့် သူများတကာ ဒုက္ခမရောက်အောင် နေတတ်ဖို့ အရေးကြီးတယ်ဆိုပဲ။
ကဲဗျာ.... ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းပဲဗျာ။ ကျွန်တော်အဖို့ကတော့ လောကမှာ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း လိုနေပါတယ်။ ဒါကြောင့် လက်ရှိဘ၀မှာ နေတတ်ဖို့ ကြိုးစားနေသလို သေတတ်ဖို့လည်း ပြင်ဆင်နေပါတယ်။
မသေခင် ၁၀ ရက်မှာ ဘာလုပ်မလဲဆိုတော့ အတော်စဉ်းစားရ ခက်ပါတယ်။ လောလောဆယ် တစ်ကိုယ်ရေ တစ်ကာယသမား အိမ်ထောင်မရှိတဲ့ ဘ၀ဆိုတော့ စဉ်းစားထားတာတွေက နောက်ဆံတင်းစရာ သိပ်မပါပါဘူး။ ဒါ့အပြင် လုပ်ချင်တာနဲ့ လုပ်သင့်တာတွေကို အကုန် ရောပြီး ရေးထားပါတယ်။ တကယ့် လက်တွေ့ဘ၀ သေမင်းနဲ့ ရင်ဆိုင်ချိန်မှာ လတ်တလော စဉ်းစားထားတဲ့ ၁၀ ရက်အတိုင်း လုပ်နိုင်မလား ဆိုတာကိုတော့ ကျွန်တော် ကံသေကံမ ယတိပြတ် မပြောနိုင်ပါဘူး။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး တစ်ချို့အရာတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အာမ မခံနိုင်ပါဘူး။
၁၀ ရက်။
သေချာတာက လက်ရှိ အလုပ်ကနေ ထွက်မှရမယ်။ အချိန်မှီ အလုပ်မထွက်ရင် အမိန့်စာ ပြန်နေရမယ်။ "သင်သည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်တော့ပါ။" ဆိုပြီး ရုံးက တစ်ယောက် အလောင်းရှေ့မှာ လာဖတ်ရတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီလို ဖတ်ရတဲ့လူကို စာနာလို့ပါ။ အမိန့်စာ ပြန်ရတဲ့ အလုပ်က တကယ်ကို မလွယ်ဘူး ခင်ဗျ။ ကျွန်တော် အမိန့်စာ ပြန်တဲ့အလုပ်ကို တစ်ခါ လုပ်ဖူးတယ်။ အဲဒီအချိန်မှာ မျက်ရည်မကျအောင်ရယ် အသံမတုန်အောင်ရယ် မနည်းထိန်းရတာ။ "သင်သွားလို့ရာကို သွားနိုင်ပြီ"..... ဆိုတဲ့နေရာက ဇာတ်ရှိန် အမြင့်ဆုံးပဲ။
၉ ရက်။
၈ ရက်။
မြန်မာပြည်ရဲ့ မနက်ခင်း နေခြည်ထွေးထွေးကို အပြုံးပန်းတွေနဲ့ ကြိုဆိုလိုက်မယ်။ ရပ်ကွက်ထဲက ဆိုးဖော် ဆိုးဘက်တွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်အုံးမယ်။ လမ်းသွားလမ်းလာတွေကို နှုတ်ဆက်မယ်။ တချို့တွေက အစ်ကိုလို့ ခေါ်ကြမယ်။ တချို့တွေက ဦးလေးလို့ ခေါ်ကြမယ်။ တစ်ချို့တွေက ဆရာလို့ ခေါ်ကြမယ်။ သေချာတာကတော့ အဘလို့ မခေါ်ဘူး ဆိုတာပါပဲ။ နေ့လည်ပိုင်းမှာ ကျောင်းတုန်းက သူငယ်ချင်းတွေဆီကို လျှောက်လည်မယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို စားမြုံပြန်ကြမယ်။ အင်းစိန် ကြို့ကုန်းက RITကျောင်းကို သွားလည်မယ်။ ညနေပိုင်းမှာတော့ လှိုင်မြစ်ကမ်းနဖူးမှာ သူငယ်ချင်းတွေနဲ့ စုထိုင်ကြမယ်။ မြစ်ထဲမှာ ကူးလူးသွားလာနေတဲ့ ငှက်သမ္ဗာန်တွေရဲ့ ဆည်းဆာအလှကို နေ၀င်တဲ့အချိန်အထိ ခံစားမယ်။ ညပိုင်းမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ပြန်ထိုင်အုံးမယ်။
၇ ရက်။
မနက်ပိုင်းမှာ UNICEFက ဆရာဦးတိုက်အောင်၊ PSI က အန်တီဂရေ့စ်၊ သုခရိပ်မြုံက ဆရာမဂျူး၊ GIPA က မနန်း၊ နာရေးကူညီမှုအသင်းက ကိုကျော်သူတို့ဆီ သွားလည်မယ်။ CSW တွေရဲ့ ဘ၀ကို ဘယ်လို မြင့်တင်နေတယ် ဆိုတာကို နားထောင်မယ်။ RISK တွေကို ဘယ်လို လျော့ချနေလဲ ဆိုတာ စပ်စုမယ်။ လမ်းပေါ် ကလေးတွေရဲ့ အနာဂတ်အတွက် ဘာတွေ လုပ်နေကြလဲဆိုတာကို မေးကြည့်မယ်။ မြန်မာပြည်အတွင်းက လူမှုရေးလုပ်ငန်းတွေအကြောင်း ဟိုဟိုဒီဒီ ပြောကြမယ်။ ကိုယ်ရဲ့ အကြံဥာဏ်တွေ အမြင်တွေကို ဖလှယ်မယ်။ ပြီးတော့ သူတို့တွေကို လေးစားကြောင်း ဂုဏ်ယူကြောင်း ပြောအုံးမယ်။
၆ ရက်။
MRCS Head Office ကို သွားမယ်။ ဥက္ကဌ ဒါမှမဟုတ် အမှုဆောင် တစ်ယောက်ယောက်နဲ့ စကားပြောကြမယ်။ ကျွန်တော် စင်္ကာပူမှာ လုပ်အားပေးခဲ့တဲ့ ကြက်ခြေနီ အတွေ့အကြုံတွေကို တင်ပြမယ်။ အခွင့်အရေးလိုချင်လို့ နေရာလိုချင်လို့ အကျိုးမျှော်ကိုးပြီး ၀င်လာတဲ့လူမျိုး မရှိရလေအောင် ကြက်ခြေနီဆိုတာ ပေးဆပ်နေတဲ့ ဖြူဖြူစင်စင် လူမှုကရုဏာအဖွဲ့အစည်းကြီး ဖြစ်နေဖို့လိုမယ်။ ကြက်ခြေနီဝတ်စုံမှာ ရာထူးတံဆိပ်တွေကြောင့် အာဏာရူးပြီး ခုံလုကိုက်ပွဲတွေ ဖြစ်နေရတာကို ထောက်ပြမယ်။ မျိုးဆက်သစ် လူငယ်တွေကို နေရာပေး တာဝန်ပေးရဲတဲ့ ကြက်ခြေနီအဖွဲ့ ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်ကြောင်း နားချမယ်။ လူမှုရေးစိတ်ဓါတ် တစ်ခုကိုပဲ အရင်းခံပြီး ကြက်ခြေနီ အဖွဲ့ဝင်တာမျိုး ဖြစ်အောင် ဖန်တီးသင့်တယ် ဆိုတဲ့ အသိတရားကို နိုးကြားလာအောင် ပြောမယ်။ သိပြီးသားတွေ ဖြစ်ပေမယ့် အမုန်းခံပြီး ပြောတဲ့လူ မရှိလို့ မေ့နေနိုင်တာကြောင့် အသိတရား ပြန်နိုးကြားအောင် ပြောမယ်။ ချစ်လို့ ပြောတာ မှတ်ပါလို့ တစ်ခါတည်း ပြောလိုက်မယ်။
၅ ရက်။
လီကွမ်ယူကြီး ပြောခဲ့တဲ့ ဒီတစ်ယောက်ပဲ ဦးနှောက်ရှိတယ် ဆိုတဲ့ လူကြီးကို တွေ့ခွင့်ရချင်မိတယ်။ သူဆိုတာက ၁၉၉၀ ပါတ်ဝန်းကျင်မှာ အရမ်းထင်ရှားခဲ့တယ်။ အားလုံးထဲမှာ အသက်အရွယ် အငယ်ဆုံး၊ ရုပ်ရည်ရူပကာ အတင့်တယ်ဆုံး၊ ၀တ်စားဆင်ယင်မှု အဆင့်အတန်း အရှိဆုံး၊ သတင်း မီဒီယာတွေမှာ အတွေ့ရ အများဆုံး။ အပြင်မှာ နှစ်ခါလောက် တွေ့ဘူးတယ်။ သူပြောတဲ့ စကားတွေ ကြားဖူးတယ်။ မိုးခါးရေတောမှာ မျောခဲ့ရတာ၊ တပည့်မကောင်း ဆရာခေါင်း ဆိုတာကို လက်တွေ့ပြသွားခဲ့တဲ့ တစ်ယောက်၊ မတွေ့ရတာ အတော်လေးကို ကြာပေါ့။ သူတာ ဆက်ရှိနေရင် ဘာတွေကို ဘယ်လိုပြောင်းလဲမှုတွေ ဆက်လုပ်မလဲ၊ ဘယ်လို ညှိုနှိုင်းမှုတွေ ပြုလုပ်မလဲ၊ ဘယ်လမ်းတွေကို ဆက်ဖောက်မလဲ ဆိုတာ သိချင်နေမိပါတယ်။ သူရင်ထဲမှာ ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ၊ သူလုပ်ခဲ့တဲ့အရာတွေ၊ ရှေ့ဆက်မယ့်အရာတွေက ဘယ်သူတွေ အတွက်လဲဆိုတာကို သူပါးစပ်နဲ့ ပြောတာကို နားထောင်ချင်မိတယ်။ တွေ့ခွင့်မရရင်တော့ ကျွန်တော် အဲဒီလို တွေ့ချင်ခဲ့ကြောင်း စာရေးပြီး သူ့ဆီကို ပို့လိုက်ပါမယ်။
၎ ရက်။
နုပျိုမှုတွေကို စတေးခံလိုက်ရတဲ့ မြန်မာပြည်က အိန်ဂျယ်တစ်ပါးဆီကို စာရေးမယ်။ နိုင်ငံပိုင်သတင်းစာ ဖတ်တာများခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်စဉ်ဘ၀မှာ သူ့ကို သိထားတာက အဖေမျက်နှာ မထောက် တိုင်းပြည်ကို ကျွန်ပြုခဲ့သူကို လင်တော်ထားတဲ့ ဒေါ်လာစား ဘိုကတော် တစ်ယောက်ပေါ့။ ဒါပေမယ့် တကယ်တမ်း ပြန်လည် ဆန်းစစ်ကြည့်တော့ အဲဒီအချိန်က ကျွန်တော့်အမြင်တွေ မှားနေတယ်။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို ကြိုးစား အားထုတ်ယူရမှာပါ။ နောက်ပြီး... သူဟာ မိန်းမသားတစ်ယောက်၊ ခင်ပွန်းသည် မရှိတော့ဘူး။ သားတွေနဲ့လည်း ဝေးနေရတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။ အဲဒါကြောင့် အထူး လေးစားမိတယ် ဆိုတဲ့အကြောင်း စာရေးခဲ့ပါမယ်။ အဲဒီစာကို သူ့ဆီကို ရောက်အောင် ကြိုးစားပါမယ်။
၃ ရက်။
သွေးလှူဘဏ်ကို သွားပြီး လက်ရှိ သွေးလှူတဲ့လုပ်ငန်းတွေ လည်ပတ်နေတာကို လေ့လာပါမယ်။ ပြီးတော့ ကျွန်တော်သူငယ်ချင်းတွေ စုဖွဲ့ထားတဲ့ သွေးလှူရှင်အသင်းမှာ အဖွဲ့ဝင်တွေကို စုစည်းပြီး ရှေ့ဆက်ကြမယ့် လုပ်ငန်းစဉ်တွေကို တိုင်ပင်ဆွေးနွေးပါမယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ပါမယ်။ သွေးနဲ့ ပါတ်သတ်တဲ့ အသိပညာတွေကို ဟောပြောပါမယ်။ ရံပုံငွေ အားနည်းတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ရံပုံငွေတစ်ရပ် ထူထောင်ပေးပါမယ်။ အခြား အလှူရှင်တွေဆီက ရံပုံငွေ ရှာဖွေဖို့လည်း တင်ပြဆွေးနွေးပါမယ်။ လူငယ်တွေရဲ့ အားကို အဓိက အားထားဖို့ တိုက်တွန်းပါမယ်။
၂ ရက်။
နှစ်ရှည်လများ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ တံဆိပ်ခေါင်းတွေကို ၀ါသနာပါပြီး ရိုရိုသေသေ သိမ်းဆည်း စုဆောင်းမယ့် လူလက်ထဲ အပ်လိုက်မယ်။ စုဆောင်းခဲ့သမျှ ငွေကြေးရဲ့ တစ်ဝက်နီးပါးကို မိဘနှစ်ပါးအတွက် ထားပါမယ်။ ကျန်တစ်ဝက်ကို ဆေးကျောင်းတက်နေတဲ့ ညီအငယ်ဆုံး ဆရာဝန် ဖြစ်လာတဲ့အခါမှာ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့အတွက် ပေးလိုက်ပါမယ်။ အခမဲ့ကုသိုလ်ြဖစ် ဆေးခန်းကို ဘယ်လို ပုံစံမျိုးနဲ့ ဖွင့်လှစ်မယ်ဆိုတာကို တိုင်ပင်ကြပါမယ်။ လူနာတွေ သက်တောင့်သက်သာ ဆေးခန်း လာပြလို့ရအောင် ဆေးခန်းတစ်ခုရဲ့ လိုအပ်ချက် အားလုံးပြည့်စုံနေမယ့် ဆေးခန်းပုံစံ ဗိသုကာ ဒီဇိုင်းတစ်ခုကို ဆွဲပေးပါမယ်။
၁ ရက်။
သေတတ်ဖို့ ကြိုးစားပါပြီ။ သူများတကာလို့ လူပြန်မဖြစ်ချင်ပါဘူး။ ဖြစ်နိုင်ရင် ဒီတစ်ဘ၀နဲ့ ချုပ်ငြိမ်းချင်တယ်။

ဘဏ်ထဲက ငွေတွေ အကုန်သွားထုတ်ရမယ်။ ဘဏ်စာရင်းတွေ ပိတ်ရမယ်။ ဘဏ်စာရင်းက မပိတ်ပဲ ထားခဲ့ရင် ဘဏ်က တစ်လကို နှစ်ဒေါ်လာ ဖြတ်နေတာနဲ့ အကြွေးတင်ပြီး သူများနိုင်ငံမှာ မြေလာခံနေရအုံးမယ်။ ပြီးရင် လေယာဉ်လက်မှတ်ဖိုး ချန်ထားပြီး မြန်မာပြည်ကို လွှဲရမယ်။ လေယာဉ်လက်မှတ် ၀ယ်ပြီး ညပိုင်းလေယာဉ်နဲ့ မြန်မာပြည်ကို ပြန်မယ်။ "ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။" ဆိုတဲ့ ဦးသန့်ရဲ့စကားအတိုင်းပေါ့။
၈ ရက်။
မြန်မာပြည်ရဲ့ မနက်ခင်း နေခြည်ထွေးထွေးကို အပြုံးပန်းတွေနဲ့ ကြိုဆိုလိုက်မယ်။ ရပ်ကွက်ထဲက ဆိုးဖော် ဆိုးဘက်တွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်အုံးမယ်။ လမ်းသွားလမ်းလာတွေကို နှုတ်ဆက်မယ်။ တချို့တွေက အစ်ကိုလို့ ခေါ်ကြမယ်။ တချို့တွေက ဦးလေးလို့ ခေါ်ကြမယ်။ တစ်ချို့တွေက ဆရာလို့ ခေါ်ကြမယ်။ သေချာတာကတော့ အဘလို့ မခေါ်ဘူး ဆိုတာပါပဲ။ နေ့လည်ပိုင်းမှာ ကျောင်းတုန်းက သူငယ်ချင်းတွေဆီကို လျှောက်လည်မယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို စားမြုံပြန်ကြမယ်။ အင်းစိန် ကြို့ကုန်းက RITကျောင်းကို သွားလည်မယ်။ ညနေပိုင်းမှာတော့ လှိုင်မြစ်ကမ်းနဖူးမှာ သူငယ်ချင်းတွေနဲ့ စုထိုင်ကြမယ်။ မြစ်ထဲမှာ ကူးလူးသွားလာနေတဲ့ ငှက်သမ္ဗာန်တွေရဲ့ ဆည်းဆာအလှကို နေ၀င်တဲ့အချိန်အထိ ခံစားမယ်။ ညပိုင်းမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ပြန်ထိုင်အုံးမယ်။
၇ ရက်။
မနက်ပိုင်းမှာ UNICEFက ဆရာဦးတိုက်အောင်၊ PSI က အန်တီဂရေ့စ်၊ သုခရိပ်မြုံက ဆရာမဂျူး၊ GIPA က မနန်း၊ နာရေးကူညီမှုအသင်းက ကိုကျော်သူတို့ဆီ သွားလည်မယ်။ CSW တွေရဲ့ ဘ၀ကို ဘယ်လို မြင့်တင်နေတယ် ဆိုတာကို နားထောင်မယ်။ RISK တွေကို ဘယ်လို လျော့ချနေလဲ ဆိုတာ စပ်စုမယ်။ လမ်းပေါ် ကလေးတွေရဲ့ အနာဂတ်အတွက် ဘာတွေ လုပ်နေကြလဲဆိုတာကို မေးကြည့်မယ်။ မြန်မာပြည်အတွင်းက လူမှုရေးလုပ်ငန်းတွေအကြောင်း ဟိုဟိုဒီဒီ ပြောကြမယ်။ ကိုယ်ရဲ့ အကြံဥာဏ်တွေ အမြင်တွေကို ဖလှယ်မယ်။ ပြီးတော့ သူတို့တွေကို လေးစားကြောင်း ဂုဏ်ယူကြောင်း ပြောအုံးမယ်။
၆ ရက်။
MRCS Head Office ကို သွားမယ်။ ဥက္ကဌ ဒါမှမဟုတ် အမှုဆောင် တစ်ယောက်ယောက်နဲ့ စကားပြောကြမယ်။ ကျွန်တော် စင်္ကာပူမှာ လုပ်အားပေးခဲ့တဲ့ ကြက်ခြေနီ အတွေ့အကြုံတွေကို တင်ပြမယ်။ အခွင့်အရေးလိုချင်လို့ နေရာလိုချင်လို့ အကျိုးမျှော်ကိုးပြီး ၀င်လာတဲ့လူမျိုး မရှိရလေအောင် ကြက်ခြေနီဆိုတာ ပေးဆပ်နေတဲ့ ဖြူဖြူစင်စင် လူမှုကရုဏာအဖွဲ့အစည်းကြီး ဖြစ်နေဖို့လိုမယ်။ ကြက်ခြေနီဝတ်စုံမှာ ရာထူးတံဆိပ်တွေကြောင့် အာဏာရူးပြီး ခုံလုကိုက်ပွဲတွေ ဖြစ်နေရတာကို ထောက်ပြမယ်။ မျိုးဆက်သစ် လူငယ်တွေကို နေရာပေး တာဝန်ပေးရဲတဲ့ ကြက်ခြေနီအဖွဲ့ ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်ကြောင်း နားချမယ်။ လူမှုရေးစိတ်ဓါတ် တစ်ခုကိုပဲ အရင်းခံပြီး ကြက်ခြေနီ အဖွဲ့ဝင်တာမျိုး ဖြစ်အောင် ဖန်တီးသင့်တယ် ဆိုတဲ့ အသိတရားကို နိုးကြားလာအောင် ပြောမယ်။ သိပြီးသားတွေ ဖြစ်ပေမယ့် အမုန်းခံပြီး ပြောတဲ့လူ မရှိလို့ မေ့နေနိုင်တာကြောင့် အသိတရား ပြန်နိုးကြားအောင် ပြောမယ်။ ချစ်လို့ ပြောတာ မှတ်ပါလို့ တစ်ခါတည်း ပြောလိုက်မယ်။
၅ ရက်။
လီကွမ်ယူကြီး ပြောခဲ့တဲ့ ဒီတစ်ယောက်ပဲ ဦးနှောက်ရှိတယ် ဆိုတဲ့ လူကြီးကို တွေ့ခွင့်ရချင်မိတယ်။ သူဆိုတာက ၁၉၉၀ ပါတ်ဝန်းကျင်မှာ အရမ်းထင်ရှားခဲ့တယ်။ အားလုံးထဲမှာ အသက်အရွယ် အငယ်ဆုံး၊ ရုပ်ရည်ရူပကာ အတင့်တယ်ဆုံး၊ ၀တ်စားဆင်ယင်မှု အဆင့်အတန်း အရှိဆုံး၊ သတင်း မီဒီယာတွေမှာ အတွေ့ရ အများဆုံး။ အပြင်မှာ နှစ်ခါလောက် တွေ့ဘူးတယ်။ သူပြောတဲ့ စကားတွေ ကြားဖူးတယ်။ မိုးခါးရေတောမှာ မျောခဲ့ရတာ၊ တပည့်မကောင်း ဆရာခေါင်း ဆိုတာကို လက်တွေ့ပြသွားခဲ့တဲ့ တစ်ယောက်၊ မတွေ့ရတာ အတော်လေးကို ကြာပေါ့။ သူတာ ဆက်ရှိနေရင် ဘာတွေကို ဘယ်လိုပြောင်းလဲမှုတွေ ဆက်လုပ်မလဲ၊ ဘယ်လို ညှိုနှိုင်းမှုတွေ ပြုလုပ်မလဲ၊ ဘယ်လမ်းတွေကို ဆက်ဖောက်မလဲ ဆိုတာ သိချင်နေမိပါတယ်။ သူရင်ထဲမှာ ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ၊ သူလုပ်ခဲ့တဲ့အရာတွေ၊ ရှေ့ဆက်မယ့်အရာတွေက ဘယ်သူတွေ အတွက်လဲဆိုတာကို သူပါးစပ်နဲ့ ပြောတာကို နားထောင်ချင်မိတယ်။ တွေ့ခွင့်မရရင်တော့ ကျွန်တော် အဲဒီလို တွေ့ချင်ခဲ့ကြောင်း စာရေးပြီး သူ့ဆီကို ပို့လိုက်ပါမယ်။
၎ ရက်။
နုပျိုမှုတွေကို စတေးခံလိုက်ရတဲ့ မြန်မာပြည်က အိန်ဂျယ်တစ်ပါးဆီကို စာရေးမယ်။ နိုင်ငံပိုင်သတင်းစာ ဖတ်တာများခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်စဉ်ဘ၀မှာ သူ့ကို သိထားတာက အဖေမျက်နှာ မထောက် တိုင်းပြည်ကို ကျွန်ပြုခဲ့သူကို လင်တော်ထားတဲ့ ဒေါ်လာစား ဘိုကတော် တစ်ယောက်ပေါ့။ ဒါပေမယ့် တကယ်တမ်း ပြန်လည် ဆန်းစစ်ကြည့်တော့ အဲဒီအချိန်က ကျွန်တော့်အမြင်တွေ မှားနေတယ်။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတဲ့ သူမရဲ့ဘ၀ကို အတော်လေး စာနာမိခဲ့ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ဘ၀ကို အထီးကျန်ဆန်ဆန် ဖြတ်သန်းခဲ့ရတဲ့ စွန့်လွှတ်မှုမျိုးက အတော်လေးကို ကြိုးစား အားထုတ်ယူရမှာပါ။ နောက်ပြီး... သူဟာ မိန်းမသားတစ်ယောက်၊ ခင်ပွန်းသည် မရှိတော့ဘူး။ သားတွေနဲ့လည်း ဝေးနေရတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။ အဲဒါကြောင့် အထူး လေးစားမိတယ် ဆိုတဲ့အကြောင်း စာရေးခဲ့ပါမယ်။ အဲဒီစာကို သူ့ဆီကို ရောက်အောင် ကြိုးစားပါမယ်။
၃ ရက်။
သွေးလှူဘဏ်ကို သွားပြီး လက်ရှိ သွေးလှူတဲ့လုပ်ငန်းတွေ လည်ပတ်နေတာကို လေ့လာပါမယ်။ ပြီးတော့ ကျွန်တော်သူငယ်ချင်းတွေ စုဖွဲ့ထားတဲ့ သွေးလှူရှင်အသင်းမှာ အဖွဲ့ဝင်တွေကို စုစည်းပြီး ရှေ့ဆက်ကြမယ့် လုပ်ငန်းစဉ်တွေကို တိုင်ပင်ဆွေးနွေးပါမယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ပါမယ်။ သွေးနဲ့ ပါတ်သတ်တဲ့ အသိပညာတွေကို ဟောပြောပါမယ်။ ရံပုံငွေ အားနည်းတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ရံပုံငွေတစ်ရပ် ထူထောင်ပေးပါမယ်။ အခြား အလှူရှင်တွေဆီက ရံပုံငွေ ရှာဖွေဖို့လည်း တင်ပြဆွေးနွေးပါမယ်။ လူငယ်တွေရဲ့ အားကို အဓိက အားထားဖို့ တိုက်တွန်းပါမယ်။
၂ ရက်။
နှစ်ရှည်လများ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ တံဆိပ်ခေါင်းတွေကို ၀ါသနာပါပြီး ရိုရိုသေသေ သိမ်းဆည်း စုဆောင်းမယ့် လူလက်ထဲ အပ်လိုက်မယ်။ စုဆောင်းခဲ့သမျှ ငွေကြေးရဲ့ တစ်ဝက်နီးပါးကို မိဘနှစ်ပါးအတွက် ထားပါမယ်။ ကျန်တစ်ဝက်ကို ဆေးကျောင်းတက်နေတဲ့ ညီအငယ်ဆုံး ဆရာဝန် ဖြစ်လာတဲ့အခါမှာ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့အတွက် ပေးလိုက်ပါမယ်။ အခမဲ့ကုသိုလ်ြဖစ် ဆေးခန်းကို ဘယ်လို ပုံစံမျိုးနဲ့ ဖွင့်လှစ်မယ်ဆိုတာကို တိုင်ပင်ကြပါမယ်။ လူနာတွေ သက်တောင့်သက်သာ ဆေးခန်း လာပြလို့ရအောင် ဆေးခန်းတစ်ခုရဲ့ လိုအပ်ချက် အားလုံးပြည့်စုံနေမယ့် ဆေးခန်းပုံစံ ဗိသုကာ ဒီဇိုင်းတစ်ခုကို ဆွဲပေးပါမယ်။
၁ ရက်။
သေတတ်ဖို့ ကြိုးစားပါပြီ။ သူများတကာလို့ လူပြန်မဖြစ်ချင်ပါဘူး။ ဖြစ်နိုင်ရင် ဒီတစ်ဘ၀နဲ့ ချုပ်ငြိမ်းချင်တယ်။
~~~~~~~~~~
စကားစပ်ရင်း Tag Game နဲ့ပါတ်သတ်ပြီး တစ်ခု ပြောချင်ပါတယ်။ ကျွန်တော့်ကို Tag ထားရင် မရေးရသေးတဲ့ စာဖြစ်ရင် ရေးဖြစ်အောင်တော့ ရေးပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Tag တဲ့လူရဲ့ ခင်မင်မှုကို လေးစားတာကြောင့်ပါ။ ကျွန်တော်က ပြန် Tag တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ ကိုယ်က သူတို့ကို အားလား မအားလား ရေးချင်သလား မမေးမိပဲ ကိုယ်ဘက်က တစ်ဖက်သတ် Tag ခဲ့တဲ့အတွက် သူတို့ကို အားနာမိရပြန်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်က ပြန် Tag တဲ့အခါ အရင်ဦးစွာ တီးခေါက်မေးမြန်းပါတယ်။ ရေးနိုင်တယ် ရေးချင်တယ် ဆိုတဲ့သူကိုမှ ကျွန်တော် Tag စာရင်းထဲကို စာရင်းသွင်း ပါတော့တယ်ခင်ဗျ။
အခု တစ်ခေါက် Tag တဲ့စာရင်းထဲမှာတော့...
ကင်မရာကြီးထမ်းထားတဲ့ မခင်မင်းဇော်...
ကူညီတဲ့လက်များမှ မနှင်းဆီနီနီ...
တူမကြီး အိုင်စီ အလွမ်းပြေ...
အလွမ်းမင်းသမီး မလင်း...
အိမ်မက်ထဲက နှင်းဆီနီနီ...
လက်ဖက်ရည်ဆိုင်က မောင်တီး...
အခု တစ်ခေါက် Tag တဲ့စာရင်းထဲမှာတော့...
ကင်မရာကြီးထမ်းထားတဲ့ မခင်မင်းဇော်...
ကူညီတဲ့လက်များမှ မနှင်းဆီနီနီ...
တူမကြီး အိုင်စီ အလွမ်းပြေ...
အလွမ်းမင်းသမီး မလင်း...
အိမ်မက်ထဲက နှင်းဆီနီနီ...
လက်ဖက်ရည်ဆိုင်က မောင်တီး...
17 comments:
ဟုတ်.. ရေးပေးတာ ကျေးဇူးပါ..
ညီမလဲ နောက်ပိုင်း ကိုဇူလိုင် ပြောသလိုပဲ မေးပြီးမှ တက်ပါတော့တယ်..
မေးခွန်းကြိုပေးတာပေါ့လေ.. ;-)
သေတတ်ဖို့ ကြိုးစားပါပြီ။ သူများတကာလို့ လူပြန်မဖြစ်ချင်ပါဘူး။ ဖြစ်နိုင်ရင် ဒီတစ်ဘ၀နဲ့ ချုပ်ငြိမ်းချင်တယ်။
သူများတွေနဲ့ မတူတဲ့ စိတ်ကုးလေးပဲ။ :)
အော် မှားလို့ သြော် ကျန်သေးတယ်လေ။ မြန်မာစာ စာလုံးပေါင်း မကျွမ်းကျင်သူများအား နောက်ဆုံးပိတ် အနီးကပ် သင်တန်းပို့ ချခဲ့ရန်
ရွှန်းတီရေ...
မေးခွန်းကြိုပေးတာ ကောင်းတာပေါ့ကွဲ့။
မိသွန်းရေ...
သူများတွေနဲ့ မတူတာတော့ အမှန်ပဲ။ လူ့ဂွစာ ဇော်ကန့်လန့် ဖြစ်နေကြပါ။
မလင်း...
နောက်ဆုံးပိတ် သင်တန်းဆိုတာမျိုး မရှိဘူးဆိုတာ မှတ်ထားပါ။ ဒါကြောင့် သင်ပေးနေတုန်း သေချာ နာခံပါ။ နောင်တ ဆိုတာ နောင်မှ တရတာပါ။ သဘောပေါက်။ ဒါပဲ။ အဟက်...
(၂)ရက် အလိုစိတ်ကူးလေးကောင်းတယ်။
ကျွန်တော်နဲ့ တော့ကွာပါ.။
တစ်ကယ်ပဲ လေးစားမိပါတယ်ဗျာ
ဒီလောက်ပဲ ပြောတတ်တော့တယ်
ဘာပြောရမှန်းမသိအောင် ဖြစ်သွားလို့ပါ ..
တက်ဂိန်းက ၄ယောက် အများဆုံးတက်လေ.. ဘယ်နဲ့ လည်း ၅ယောက်တောင် များပါ့ .. ဟင်း
(မပါမဖြစ်တာ ထဲ့ရေးဖို့ ကျန်သွားသလားလို့  ကိုယ်ပိုင် ပစည်းတွေ အတွင်းအပြင်ပစည်တွေ ဘယ်ကို လျူမတုန်း)
got nite flight to ygn?? :D
i dun think so..
၁၀ ရက်ကတော့..ကွက်တိပါပဲ။ တကယ်ဆိုရင်တော့..အပီလေးစားသွားပီ။ ( တကယ်ဖြစ်နိုင် မဖြစ်နိုင်.. ဆိုတလည်း..တွေးစရာမလိုပါဘူးလေ..တကယ်တော့)
တိုက်တိုက်ဆိုင်ဆိုင်..ဒီနေ့ပဲ..အသိတယောက်..ရေခြားမြေခြား..မိသားစု နဲ့ခွဲနေရင်..အဆုတ်ကင်ဆာနဲ့..ရုတ်တရက် ဆုံးသွားတယ်ဆိုတာ သိလိုက် ရလို့..ပိုပြီး အတွေးပွားမိပြန်တယ်။ သူကတော့..သိပုံပေါ်ပါတယ်။ မတိုင်ခင် ၆ လ လောက်ကို တရားစခန်း ၀င်သွားတယ် တဲ့။
အင်း- မောင်ဇူလိုင်လေး တယောက်..စောစောစီးစီး..ဟို အဖြူ အမဲ..စာရွက်ပါးပါး လေးတွေကို..တောင်ပို့မှန်းသိလို့- ဟူး..တော်ပါသေးရဲ့။း)
ကျွန်တော်လည်း အစ်ကို့လိုပဲ စဉ်းစားကြည့်ဖူး တယ်..။ သူသာဆက်ရှိနေအုံးမယ်ဆိုရင် ဘာတွေကိုများဆက်လုပ်မလဲလို့...။ သူလည်း အမှားမကင်းခဲ့တာ မှန်ပေမယ့်...။ အမှားအနဲဆုံးနဲ့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တာကိုတော့ ကျွန်တော်ယုံကြည်တယ်...။
အစ်ကိုရေ...တကယ်ကိုအကွက်စေ့စေ့နဲ့ထောင့်စေ့အောင်စီစဉ်သွားနိုင်တယ်နော်...By the way, တံဆိပ်ခေါင်းပေးမယ်ဆိုရင်တော့ညီမလေးကိုမမေ့နဲ့နော်အစ်ကိုကြီး.. :D ညီမလေးကောင်းကောင်းထိန်းသိမ်းပေးမယ်နော်..ဟိ(စတာနော်)
ညီအစ်ကိုများရေ...
၂ ရက်အလို စိတ်ကူးလေးက အမေကို ချစ်တတ်တဲ့ သားတွေမှာ ရှိတတ်ကြမှာပါ။ ဒါကြောင့် ကွာတယ်လို့ မထင်ရဲပါဘူး ခင်ဗျာ။ :)
မိုးသောက်ရေ...
ဘာပြောရမှန်း မသိလို့ပဲနော်။ အခုတော့ ဒီပို့စ်မှာ တစ်ခုခုတော့ ပြောခဲ့တာပဲဗျာ။ ကျေးဇူးတင်ပါတယ်။
ဆောင်းရေ..
ကိုယ်ပိုင်အတွင်းပစ္စည်းက အိမ်ပေါ်မှာ မူတည်တယ်။ အိမ်က လှူချင်ရင် လှူပါလိမ့်မယ်။ တရုတ်ထုံးစံအရ သေရင် အင်္ဂါစုံမှ ကြိုက်တာဆိုတော့ မိဘတွေ စိတ်မဆင်းရဲစေချင်ဘူး ခင်ဗျ။ ကျွန်တော့် သဘောကတော့ သေပြီးမှတော့ ပိုးထိုးလောက်ကိုက်မယ့် ဒီခန္ဓာကြီးကို လှူပစ်ခဲ့ချင်တာပေါ့ဗျာ။
Tag တာကိုတော့ လူဦးရေ မကန့်သတ်ထားပါဘူး။ ရေးချင်တယ် ရေးမယ်လို့ ပြောတဲ့လူ မှန်သမျှကို ကျွန်တော် Tag ပါတယ်ခင်ဗျ။
SZA ရေ...
ညပိုင်းလေယာဉ် မရှိတော့လည်း ညနေပိုင်း လေယာဉ်နဲ့ ပြန်မှာပေါ့ကွယ်။ ညနေပိုင်း မရှိရင်လည်း နေ့လည်ပိုင်းလောက်ပေါ့ကွယ်။
မကေရေ...
သတင်းစာတွေရဲ့ လွှမ်းမိုးမှုက အတော်လေးကို အားကောင်းပါတယ်။ အပြင်စာတွေ မဖတ်တဲ့လူအဖို့ ပြောသမျှ ယုံစေနိုင်ပါတယ် ခင်ဗျ။
အိမ်မက်မဲကြီးရေ...
ဟုတ်တယ်ဗျ။ ကျွန်တော်လည်း သူ့ကို အတော်လေး တွေ့ချင်မိတယ်။ လုပ်ခဲ့သမျှမှာ မှားတာတွေ ရှိနိုင်သလို စေတနာတွေ ထားခဲ့တာလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် သာပါတယ်ဗျာ။
မီးငယ်ရေ...
စတာနော် ဆိုလို့ ၁၀ နှစ်တောင် စုခဲ့ရတဲ့ တံဆိပ်ခေါင်းတွေကို တကယ် မပေးတော့ပါဘူးကွယ်။ အဟဲ...
ဒီလောက်တန်ဖိုးရှိတဲ့ အလုပ်တွေလုပ်မယ့်သူဆိုတော့ အလုပ်တွေဖြစ်အောင်ဆို မြန်မြန်သေပါစေ ဆုတောင်းရမလိုဖြစ်နေပြီ။ (ခင်လို့ နောက်တာပါ ... ) စိတ်ကူးတွေ တော်တော်ကောင်းပါတယ်။ ကိုဂျူလိုင်ရဲ့ “ဆေးရုံ” ကလေးကိုတော့ ၁၀ ရက်အလို မဟုတ်လည်း အကောင်အထည် ဖော်နိုင်ရင် ကောင်းမှာပဲနော်။
အစ်မရေ...
ဆေးခန်းလေးကတော့ ကျွန်တော် စောနိုင်သမျှ စောစော အကောင်အထည် ဖော်ဖို့ စိတ်ကူးရှိနေပေမယ့် ကျွန်တော် တစ်ယောက်တည်း လုပ်လို့ရတဲ့ အရာ မဟုတ်သေးပါဘူး။ ဆိုလိုတာက ကျောင်းတက်နေတဲ့ သူက ကျောင်းပြီးဖို့ လိုသေးသလို ဆမ ဆိုတဲ့ လက်မှတ်ကြီးလည်း ရအောင် နိုင်ငံတာဝန် ထမ်းရအုံးမယ်ခင်ဗျ။ တာဝန်ကလည်း ထမ်းချင်ပါတယ် ဆိုတာတောင် posting က ချက်ချင်း မကျပြန်ပါဘူး။ ဒါတွေကြောင့် ကျွန်တော်ကတော့ အချိန် စောင့်နေရအုံးမှာပါ ခင်ဗျာ။
Ko July,
I have lost two of my family members last year. During these days, I always consider about the death. If i can know my last day, I will go to a remote place and never let my family know about it. Because I know how much it hurts to other.
Anyway, I like your plan for your last 10 days. But I think it is very far from now.?. Maybe in another 100 years. I like your blog. Good luck, bro.
ကိုဝဏ္ဍရေ...
သေခြင်းတရားက ကျွန်တော်နဲ့ မစိမ်းပါဘူး။ ရှေ့လမှာတင် ကျွန်တော့်ဦးလေးအကြီးဆုံး ဆုံးသွားခဲ့တာပါ။ နောက်ပြီး ကျွန်တော် လက်ပေါ်မှာ အသက် ထွက်ခဲ့တဲ့ လူတွေလည်း ရှိသလို လူတွေရဲ့ နာရေးတွေမှာလည်း သူငယ်ချင်းတွေနဲ့အတူ ၀ိုင်းကူလုပ်ဖူးတဲ့ အတွေ့အကြုံလည်း ရှိပါတယ်။ ဒါကြောင့် သေခြင်းတရားကို ကျွန်တော် မတုန်လှုပ်သလို ကျွန်တော့် မိသားစုလည်း ခံနိုင်ရည် ရှိအောင် နည်းပေးလမ်းပြ လုပ်ထားခဲ့ပြီးပါပြီ။ ကျွန်တော့် ရေးထားတဲ့ ၁၀ ရက်ထဲမှာ တချို့ဟာတွေက နှစ် ၁၀၀ အထိ စောင့်စရာမလိုပဲ တကယ်ဖြစ်အောင် လုပ်လို့ရသလို တချို့ဟာတွေကတော့ အနည်းလေး ခဲယဉ်းပါမယ် ဆိုတာကို လက်ခံပါတယ်။ အခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
Post a Comment