.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, September 25, 2008

My passion further


လောလောဆယ် အဲဒီ အုန်းသီးကြီးကို လိုချင်နေတယ်ဗျာ။ Nikon က ထုတ်တဲ့ D90 model ကြီးပေါ့။ အဲဒီလို ကင်မရာအကြောင်း ဘာမှကို မသိတာပါ။ ဒါကြောင့်လည်း ကိုမောင်လှတို့ ကိုဂျေတို့ ကိုစာပုတီးတို့ကိုပဲ ဂျီတော့ခ်မှာ တွေ့တိုင်းမေးပြီး နားပူလေ့ကျင့်ခန်းတွေ ပေးနေခဲ့တာပေါ့။ အခုတစ်ခေါက် D90 မှာ Live view ပါလို့ ကျွန်တော်လို မျက်မှန်သမားအတွက် အဆင်ပြေမယ် ထင်ပါတယ်။ ဒါမှမဟုတ်ရင် View Finder အပေါက်ထဲကို ပြူးပြဲ ချောင်းနေရမယ်လေ။ နောက်ပြီး Dust removal system လည်း ပါလာတယ်။ Movie capturing function လည်း ပါပါတယ်။ ဒါက DSLR ကင်မရာ ကမ္ဘာမှာ ပထမဦးဆုံးပါပဲ။

Nikon D90 Key Features
* 12.9 megapixel DX-format CMOS sensor (effective pixels: 12.3 million)
* 3.0-inch 920,000 pixel (VGA x 3 colors) TFT-LCD (same as D3 and D300)
* Live View with contrast-detect AF, face detection
* Image sensor cleaning (sensor shake)
* Illuminated focus points
* Movie capture at up to 1280 x 720 (720p) 24 fps with mono sound
* IS0 200-3200 range (100-6400 expanded)
* 4.5 frames per second continuous shooting
(buffer: 7 RAW, 25 JPEG fine, 100 JPEG Normal)
* Expeed image processing engine
* 3D tracking AF (11 point)
* Short startup time, viewfinder blackout and shutter lag
* Slightly improved viewfinder (96% frame coverage)
* Extensive in-camera retouching including raw development and straightening
* Improved user interface
* New optional compact GPS unit (fits on hot shoe)
* Same battery and vertical grip as D80
* Vignetting control in-camera
* 72 thumbnail and calendar view in playback


ရှေ့တစ်ပတ် တနင်္ဂနွေမှာ ဈေးသွားစုံစမ်းတာ ဈေးက အစားစားပဲ။ ခေါ်ဈေးတွေပေါ့။ တချို့က စလုံး ဒေါ်လာ ၁၈၀၀ ကျော် တောင်းပါတယ်။ တချို့က ၁၇၀၀ ကျော်တဲ့။ အနည်းဆုံး ရခဲ့တဲ့ ဈေးက ဒေါ်လာ ၁၅၅၀ ပါ။ Body တစ်ခုတည်းဈေးတော့ မဟုတ်ပါဘူး။ AF-S DX NIKKOR 18-105mm f/3.5-5.6G ED VR မှန်ဘီလူးပါ ပါပါတယ်။ VR ဆိုတာက Vibration Reduction ပါ။ လက်မငြိမ်တဲ့ လူတွေအတွက် ကောင်းပါတယ်။ ပုံတွေ မ၀ါးတော့ဘူးပေါ့။ တခြား မှန်ဘီလူးတွေကလည်း ဈေးမသေးလှပါဘူး။

ဒီကောင်ကြီး ၀ယ်ပြီးရင် နောက်က လိုက်ရမယ့်ဟာတွေက အများကြီးပဲ။ စင်္ကာပူလို စိုထိုင်းဆများတဲ့ နိုင်ငံအဖို့ Dry Box က မရှိမဖြစ်လိုမယ်။ Dry Box က စလုံး ဒေါ်လာ ၂၀၀ လောက် ပေးရမှာပါ။ Tripod တစ်ခုလည်း လိုအုံးမယ်။ Tripod တွေကလည်း ဈေးမနည်းဘူး။ ဒေါ်လာ ၅၀ ပတ်ဝန်းကျင်ကနေ ဒေါ်လာ ၃၀၀ အထိ ရှိတယ်ဗျ။ Card Reader လည်း ၀ယ်ရအုံးမယ်။ ဒါကြောင့် လူတွေက ပြောတာ လူတစ်ယောက်ကို သိပ်ပြီး ကြည့်မရရင် ဂျစ်ကား ဒါမှမဟုတ် အဲဒီလို ကင်မရာ အကောင်းစား တစ်ခုခုကို လက်ဆောင်ပေးလိုက်တဲ့။ နောက်ကလိုက်ရတဲ့ ပစ္စည်းဖိုးနဲ့တင် မွဲလိမ့်မယ်တဲ့ဗျာ။

10 comments:

khin oo may said...

အမလေး။ ကြောက် စရာကြီး အမြှောက် နဲ.ပစ် လိုက် သလား အောက်မေ.မိတယ်။

Anonymous said...

ကျနော်လည်းလိုချင်လိုက်တာ

မိုးမြင့်တိမ် said...

အရမ်းအရမ်းကို ကြိုက်ပါ၏ ။ လိုလည်းတော်တော်လိုချင်နေပါ၏ ။

ရွှန်းမီ said...

:-)
အုန်းသီးနဲ့ ရိုက်မယ့်ပုံတွေ ကြည့်ချင်လိုက်တာ..

Thinzar said...

ကိုယ့်ကို ကြည့်မရဘဲ ကင်မရာ လက်ဆောင် လာပေးတဲ့သူ ရှိရင် ကောင်းမယ်။ လိုက်ရတာက နောက်မှလေ။ အလကား အရင် ရမှာ :D

ကလူသစ် said...

ဝယ်ပြီးရင်ပြောအုန်း............ဓာတ်ပုံလာအရိုက်ခံချင်လို့ ။ ကိုယ်ပိုင်မ၀ယ်နိုင်တော့ ကိုယ်လိုချင်တဲ့ဟာကြီးနဲ့ ဓာတ်ပုံလေးတော့ အရိုက်ခံချင်သေးတယ်

ဒီရေ said...

ကောင်းပါတယ်ဗျာ... nikon ဆိုတာ ကမ္ဘာမှာ ကျော်ကြားတဲ့ brand တစ်ခုပါ... ၀ယ်ဖို့ တိုက်တွန်းပါတယ်။ canon ကို မရွေးမိဖို့ ပြောပါရစေ။ camera ကိုသာ ဦးစားပေး ထုတ်တဲ့ nikon က သင့်အတွက် ရွေးချယ်မှု အကောင်းဆုံပါ။ Len တွေ အနေနဲ့ ပဲ ဖြစ်ဖြစ် body အနေနဲ့ပဲဖြစ်ဖြစ် nikon က ကောင်းပါတယ်.. ကြော်ငြာတာမဟုတ်ပါဘူး... တကယ်ပြောတာပါ။ 3D tracking တွေလည်း ပါတယ်ဗျာ.. megapixel ကလည်း 12.3 ဆိုတော့ အို........ ပြီးရောပဲ... LCD လည်း ၃ လက်မ...ဘာပြောကောင်းမလဲ... ညီလေး...စိတ်ကူမလွဲနဲ့ chelsea ပဲအားပေး... ဟိဟိ.. :) ... အုန်သီးတော ရတော့မယ်...

JulyDream said...

ကင်မရာကို ၀ယ်ဖို့ စောင့်လိုက်ပါအုံးမယ်။ နောက် တစ်လလောက် စောင့်လိုက်ရင် ဈေးကျမယ် ထင်ပါတယ်။ ထင်ရတာပါပဲလေ။ ကင်မရာ ၀ယ်ပြီးရင် အားလုံးကို အကြောင်းကြားမယ်လေ။ အချင်းချင်းပဲ ဓါတ်ပုံရိုက်ပေး ရမှာပေါ့ဗျာ။

ဇင်ယော် said...

ဟေဟေ. ဒီအတိုင်းဆို နည်းနည်း ကြည့်မရအောင် နေရင်ကောင်းမလားမသိဘူး။ ဒီလို ကင်မရာ ရှယ်ကြီးတစ်လုံး အလကားရ နဲလား။ ဟီး နောက်ကလိုက်ရတာတွေက နောက်မှ ကြုတ်ကျက်လိမှာပေါ့။

3D Crazy said...

ဝယ်သာဝယ် ...
D90 ကတော့ ထွက်ခဲ့ဘူးသမျှ DSLR ထဲမှာ ဈေးနှုန်းနဲ့ စွမ်းရည် အကောင်းဆုံး အချိုးကျတယ်...
ဝယ်သာဝယ် ပလိုက် ...