.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, September 3, 2008

My recent viewpoint

သမီးငယ်လေး ရွှန်းတီ (အမှန်က ရွှန်းမီ)က ဦးဦးဇူလိုင်ကို ဘယ်အချိန် ချောက်ချလိုက်မှန်း မသိအောင် တိုးတိုးတိတ်တိတ်လေး ချောက်ချထားပါတယ်။ ဒါပေမယ့် Tag ထားကြောင်းကို ကိုယ်တိုင်ကိုယ်ကျ cboxမှာ သတင်းလာမပို့လို့ Tag ထားမှန်း မသိဘူး ဖြစ်နေတယ်။ ဒီနေ့ သူ့ဘလော့ကို ရောက်မှ Tag ထားကြောင်း သတိထားမိတယ်။ ချင်းမလေးကလည်း ဒီနေ့မှ cboxမှာ Tag ကြောင်း လာအော်သွားတယ်။

ငယ်စဉ် ကလေးဘ၀ ကျောင်းတက်တုန်းကလည်း စာသင်နှစ်တွေ ကုန်ခါနီးရင် အခန်းထဲက သူငယ်ချင်းတွေနဲ့ အဲဒီလို စာလေးတွေ ရေးဖူးတာကို ပြန်သတိရမိပါတယ်။ အခုလို အိုကြီးအိုမ ဒီအသက်အရွယ် ရောက်တော့မှ တစ်ခါ ပြန်ရေးခိုင်းတော့လည်း သူငယ်ပြန်ချင်တာနဲ့ အတော်ပဲဆိုပြီး ချော်လဲရောထိုင်ရင်း လတ်တလော ခံယူချက် အမြင်လေးတွေကို အမှတ်တရအနေနဲ့ ရေးပေးလိုက်ပါမယ်။

ကိုယ့်ရဲ့နာမည် - ကိုဇူလိုင်။
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဟေ့ယောင်၊ ကျန်ဇီမင်း၊ ကော်ဂျူဒိုင်း။
ကိုယ်ဒီမှာနေတယ် - ၃၁ ဘုံထဲက လူ့ပြည်လူ့လောက။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဆက်မှာလည်း မဟုတ်တော့ ပေးမနေတော့ပါဘူး။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - အဖြူရောင်။
အ၀တ်အစားဆိုရင် - လည်ကတုံးနဲ့ ပုဆိုး။
အစားအစာဆိုရင် - ဗမာအစားအစာတွေ (တရုတ်စာ သိပ်မကြိုက်)။
ပစ္စည်းဆိုရင် - ၀ယ်မယ့်ဝယ် အကောင်းဆုံးဆိုတာပဲ ၀ယ်ချင်တယ်။

သီချင်းဆိုရင် - ရွှေလည်တိုင် (ခိုင်ထူး)၊ ဒီမိုး (ဂျေညီညီ)။
စာရေးစာဆရာ - အများကြီးပဲ။
စာအုပ် - ကျွန်တော့်ကမ္ဘာကို ပြောင်းပစ်သူများ...။
Life style – ရိုးရိုးရှင်းရှင်း ဘ၀လေးတစ်ခု။

ကိုယ့်ရဲ့ဝါသနာ - ကွက်လပ်ဖြည့်တာ...။
အလိုချင်ဆုံးလက်ဆောင် - Henry Dunant Medal ဆုတံဆိပ်ကြီး...။
ကိုယ့်ရဲ့ အချစ်ဆုံးသူက - သူလေ...။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ယုံကြည်ရတဲ့ လူသားတစ်ဦး နဲ့ ဟင်နရီဒူးနန့်...။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - သူငယ်ချင်း လူမှုကရုဏာရှင်တွေ...။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အရိပ်စစ်...။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ဒင်းတို့ပေါ့ဗျာ။
ရင်အခုန်ဆုံးအချိန် - မိတ်ဆက်ကြွားနေတဲ့ အချိန်တုန်းကပေါ့။
အကြောက်ဆုံးအချိန် - များများစားစား မရှိပေမယ့် နည်းနည်းလေးလည်း မဟုတ်ပါဘူး။
အပျော်ဆုံးအချိန် - ကြယ်ငါးကောက်နေတဲ့ အချိန်။
အမှတ်တရနေ့ - ကျွန်တော်ရဲ့ကမ္ဘာ ၀၇ ၀၇...။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - ဒီအိပ်မက်လေးကို အကောင်အထည် ဖော်ချင်တယ်။

အချစ်ဆိုတာ - အသက်နဲ့အမျှ ပေးဆပ်ခြင်းတစ်ခုပေါ့။
အမုန်းဆိုတာ - အချစ်ရဲ့ နံရံတစ်ဘက်ခြားလေးပါ။
အလွမ်းဆိုတာ - အတွေးပန်းချီ တစ်ခုပါပဲ။
သံယောဇဉ်ဆိုတာ - ငယ်သူမို့ မသိခဲ့ဘူးလေ။
ဘ၀ဆိုတာ - ငွေနဲ့ပဲ အချိန်မကုန်သင့်ဘူး။ တန်ဖိုးတစ်ခု ရှိသင့်တယ်။
သူငယ်ချင်းဆိုတာ - ပြသနာပေါင်း သောင်းခြောက်ထောင်
ချစ်သူဆိုတာ - မပန်ခင်မှာ မခြွေရက်ဘူးလေ။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - လူ့ဂွစာ တစ်ယောက်... ဂျစ်ပစီ တစ်ယောက်...။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်"
အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ့်အတွက်ပဲ မကြည့်ပါနဲ့။ အဲဒါဆို ဘ၀က ပျင်းစရာကြီးဗျာ။

ကဲ... အစဉ်အလာအရ ဆက်ပြီး လက်ဆင့်ကမ်း Tag ပါမယ်။
အစ်မ ခင်မင်းဇော်...
ခင်မမမျိုး...
နှင်းဆီနီနီ...
အနီရောင်နှင်းဆီအိမ်မက်...
အတွေးရပ်ဝန်းထဲက ဆုဝေ...
သံယောဇဉ်ကြီးတဲ့ အလွမ်းပြေ...
ကဗျာချစ်သူ မြေးမလေး ကြေးအိုး...
နားခိုရာ ကိုလပိစိကွေး...
ရွာသားလေး (YTU)... အချိန်ရရင် ရေးပေးတော်မူကြပါခင်ဗျာ။

16 comments:

kay said...

Be a World Changer ! Cheer!

Red's Rose Dream said...

အခုလက်ရှိအမြင်ဆိုပြီး အဟောင်းတွေချည်း
ပြောသွားတယ်။ သူ့ဘလောဂ့် အဟောင်းတွေ
ကိုကြော်ငြာချင်းတစ်မျိုးပေါ့လေ။ ဟဲဟဲ
တက်တော့လည်း ရေးရချည်သေးရဲ့ ဘယ်သူ
များတက်မလဲ စောင့်နေတာ။

နှင်းပွင့်ဖြူ said...

ဒို့များက အကောင်းမြင်ဝါဒ.. ဘာမှကျောဘူး..
ကိုဂျူလိုင်ရေးထားတာကောင်းတယ်း)
........ လူ့ဂွစာ.. ဂျစ်ပစီ ..... လူပြိုရီးးးး

JulyDream said...

လက်ရှိအမြင်က အဟောင်းတွေ မဖြစ်ရဘူးလို့ သတ်မှတ်ချက် မရှိဘူးထင်တယ်။ တချို့ အမြင်တွေက လူမှန်း သိကာစကနေ သေသည့်တိုင်အောင် ပြောင်းလဲခြင်း မရှိပါဘူး။ အဲဒီလိုပဲ ကျွန်တော် အမြင်တွေလည်း ဒီနှစ် အပိုင်းအခြားလေးမှာ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

P.Ti said...

ကိုဂျူလိုင်ရဲ့ ၀ါသနာက ကွက်လပ်ဖြည့်တာဆိုတော့ .. ကွက်လပ်ကလေးတွေ ရှာပေးမယ်နော်..း)

ခင်မင်းဇော် said...

ရေးဆိုတော့လဲ ရေးရပြန်တာပေါ့။
ကိုဝါဆိုရေ...
ရေးချက်ကတော့ လန်းတယ် ။

TKLinn said...

ကော်ကျူဒိုင်း
ငါရေးပြီးပြီ။ နောက်တစ်ခါ မtag နဲ့။ ဒါပဲ။

ရွှန်းမီ said...

တော်တော်ကို ပြည့်ပြည့်စုံစုံ ရေးပေးထားတာပဲ..
previous posts တွေကိုတောင် reference ပြန်ညွှန်းထားသေးတယ်.. ဖတ်ရတာ စုံလင်ပါ့..
ကျေးဇူးပါ ဦးဇူလိုင်ရေ..

kiim said...

ကို ဂှူလိုင်လဲအတက်ကောင်းသားပဲ...
နာမည်လေးကလှတယ်နော်..သယ်ရင်းတွေခေါ်တဲ့ နမ်ာည..ခွိခွိခွိ..

Unknown said...

တွေးစရာလေးတွေ ထည့်ရေးထားတာလေး ကောင်းတယ်ဗျာ.......

Unknown said...

ရှေ့ပိုင်းပို့စ်တွေကို အခုလိုပြန်ချိတ်ပေးထားတော့ အားလုံးကို တစုတစည်းတည်း ဖတ်ရတာပေါ့။ အရာရာကို စနစ်တကျ ပြင်ဆင်တတ်ပုံပဲ။

0707 ဆိုတဲ့အတိုင်း ပြန် Tag ထားတာလဲ ၇ ယောက် တိတိပါပဲလားဗျ။

MELODYMAUNG said...

အိုးဂေါ့ ဂျူလိုင်တို့ မားကတ်တင်းကောင်းချက်ကတော့ လန်ထွက်
ဒီတစ်ပို့စ်ထဲနဲ့တင် ပြန်လိုက်ဖတ်ရမဲ့သူ့ပို့စ်တွေက တစ်ရက်လုံးဘယ်မှမသွားပဲ မစားပဲ ထိုင်ဖတ်မှ ရမယ်ထင်ရဲ့ အဟိဟိ :)

JulyDream said...

ကိုပီတိရေ...
ကွက်လပ်တွေက ကျွန်တော်တို့ အနားတ၀ိုက်မှာတင် ရှိပါတယ်။ တကူးတက ရှာစရာ မလိုပါဘူးလေ။ ဒါကြောင့် ကွက်လပ်လေးတွေ နိုင်သလောက်လေး ဖြည့်ကြရအောင်ဗျို့။

မခင်မင်းဇော်ရေ...
ကိုဝါဆို ရေးချက်တွေက မလန်းပါဘူးဗျာ။ ပုံမှန်ပါပဲဗျ။ အရမ်း မမြှောက်ပါနဲ့ဗျို့။ တော်ကြာ အပေါ်ကနေ ပြန်ကျမလာပဲ နေအုံးမယ်။

မနှင်းဆီရေ...
ရေးပြီးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။ နောင်လည်း အဆင်ပြေရင် ပြေသလို Tag ပါအုံးမယ်။

JulyDream said...

ရွှန်းတီရေ...
ရေးမယ့်ရေး... အခုလို ရေးပေးမှ Tag တဲ့လူကို လေးစားရာ ရောက်မှာပေါ့။ ဒါကြောင့် အခုလိုလေး ပြည့်ပြည့်စုံစုံ ရေးပေးလိုက်တာပါ။ ကျုပ်က ရစ်တာ ကြောက်တတ်တယ်လေ။

ချင်းမလေးရေ...
ခွိခွိခွိ နဲ့ တကယ် တက်နေပြီလား ခင်ဗျ။

အသည်းနှလုံး ပြတိုက်ကြီးရေ...
တွေးစရာလေးတွေကို ပြန်လည် တူးဆွမိတာပါ။ လတ်တလော အကြိုက်တွေ အမြင်တွေက အရင်က အကြိုက်တွေ အမြင်တွေအတိုင်း မပြောင်းလဲပဲ တည်ရှိနေသေးတယ်။ ဘယ်အချိန်မှာ ဘယ်လို ပြောင်းလဲမလဲ ဆိုတာကတော့... မျှော်...

ကိုနေမင်းရေ...
ဒီလိုပါပဲ Tag လိုက်တာ ၇ ယောက် ဖြစ်သွားတယ်။ မေးကြည့်တော့ အချိန်ရရင် ရေးပေးမယ်ဆိုတော့လည်း Tag လိုက်တာပါ ခင်ဗျ။

မမီ...
မားကတ်တင်း မကောင်းပါဘူး ဗျာ။ မားကတ်တင်း ကောင်းရင် အရောင်းစွံတာ ကြာလှပေါ့။ အဟက်... လင့်ခ်ထားတဲ့ ပို့စ်အားလုံးကို တစ်ရက်တည်းနဲ့ အပြီး ထိုင်ဖတ်တယ် ဆိုရင်တော့ ကျေးဇူးတင်ရတော့မှာပေါ့။ ချီးမြှင့်အားပေးမှုက ပြိုင်စံရှား ဗိုလ်စွဲလောက်နိုင်တယ်လေ။

Anonymous said...

ဇူလိုင်ထဲက အကိုကြီးတို့များ အခုထက်ထိပေါလို့ကောင်းတုန်းပဲနော်... သွပ် သွပ်

Chaos said...

လက်စသတ်တော့ ငါ့အဖိုးက ဂလိုကိုး